အသိတရားဖြင့် ကိုယ်တိုင် စိုက်ပျိုးရမည့်ပန်း
သင်....
ကရင်ပြည်နယ်ကို ရောက်ဘူးပါသလား မိတ်ဆွေ။
ကရင်ပြည်နယ်မှာ ဇွဲကပင်တောင်ကြီးရယ်...ဒေါန တောင်ကြီးရယ်.... ပဲခူးရိုးမ တောင်တန်းကြီးရယ်... ထင်ထင်ရှားရှား တည်ရှိပြီး အဲဒီတောင်စဉ်တောင်တန်းကြီးေ
ကရင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ အခြားတိုင်းရင်းသားတွေရော..
တာဝန်ထမ်းဆောင်ဘူးကြသူတွေရေ
အလည်အပတ်သွားရောက် သူတွေရော... စသည်ဖြင့် အကြောင်းအမျိုးနဲ့ ရောက်ဘူးသူတိုင်း သိရှိကြပါတယ်..
အသိအမှတ်လည်း ပြုကြပါတယ်...
ဒီအလှအပေတွေ... နောက်ပြီး ဒေသခံတွေရဲ့ သဘောထား ရိုးစင်းမှုအကြောင်းတွေနဲ့ နူးညံ့အေးမြတဲ့ သဘာဝရဲ့ အငွေ့အသက်တွေ အကြောင်းကို နီးစပ်ရာကိုလည်း တဆင့်ပြန်ပြီးတော့လည်း မျှဝေကြပါတယ်။
သို့သော်...
ကရင်ပြည်နယ်ရဲ့ သဘာဝ အလှအပတွေနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးသားပွင့်လင်းပြီး နူးညံ့သိမ်မွေ့တဲ့ ရိုးရာဓလေ့စရိုက်တွေကို လွတ်လွတ်လပ်လပ် ထိတွေ့ ခံစားနိုင်တာ ခဏလေးပဲ ရှိပါသေးတယ်။
ဟိုး အရင်ကတော့ ဒီလိုမှိုင်းညို့ နေတဲ့ တောင်တန်းကြီးတွေကို သေသေချာချာကြည့်ရင်... တဖြည်းဖြည်းနဲ့ သွေးရောင်လွှမ်းသွားပါတယ်..။
မနက်ခင်းတိုင်းမှာ အုံ့ ဆိုင်းနေတဲ့ မြူတွေရဲ့ကြားထဲမှာလည်း သွေးညှီနံ့ တွေကို လှိုင်လှိုင်ရှူရှိုက်ရတတ်ပါတ
တောင်တက် တောင်ဆင်းတိုင်း... အချို့ အကွေ့တိုင်း၊ လမ်းတိုင်း၊ တောစပ်တိုင်းမှာ ခြေတွေ လက်တွေ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ မရေမတွက်နိုင်အောင် မျြုပ်နှံထားခဲ့ကြရပါတယ်...
ဘယ်သူတွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေလဲ ဆိုတာကိုတော့ မေးစရာမလိုပါဘူး...။
ဒေသခံ အပြစ်မဲ့သူတွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ...
ကရင်တပ်မတော်သားတွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့
မြန်မာ့တပ်မတော်သားတွေရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေပါပဲ။
======================
အဲဒီအချိန်က နှစ်ဘက် တပ်မတော်သားတွေဟာ တကျွီကျွီ မြည်နေတဲ့ ကျေးငှက်သာရကာလေးတွေရဲ့ အော်သံနောက်မှာ ချွတ်ကနဲ သစ်ကိုင်းခြောက်လေးတွေကို နင်းလိုက်တဲ့ အသံတွေ ကပ်ပါလာမလား...
အုံ့ ဆိုင်းနေတဲ့ မြူတွေရဲ့ ကြားထဲကနေ သွေးဆာနေတဲ့ မျက်နှာနဲ့ ရန်သူတွေ ဘွားကနဲ ပေါ်လာမလား...
ညအိပ်ချိန်တွေမှာလည်း စစ်ဦးဘီလူး ၀င်ရောက်စီးနင်း တိုက်ခိုက် သတ်ဖြတ်သွားမလား...။
တသွင်စီးဆင်နေတဲ့ ချောင်းလေးတွေနဲ့ စမ်းချောင်းလေးတွေထဲမှာ ရဲတောက်နေတဲ့ သွေးတွေများ စီးဆင်း လာမလား....။
လှမ်းနေတဲ့ ခြေလှမ်းတိုင်းရဲ့ အောက်ကနေ `` ဂျိမ်း´´ ဆိုတဲ့ အသံနဲ့ အတူ ကိုယ့်ရဲ့ ခြေထောက်တွေနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ကစဥ့်ကလျား ပေါက်ကွဲလွင့်စင်ထွက်သွားမလ
တောစပ်လေးတွေ လမ်းကွေ့လေးတွေကြားကနေ တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ၀ိုင်းပြီး ပစ်ခတ်ကြမလား။
စီးနေတဲ့ ကားပေါ်ကို အမြောက်ဆံ ဗုံးဆံတွေ`` ဂျိမ်း´´ ကနဲကျရောက်လာပြီး ချက်ချင်းပဲ သေဆုံးသွားရမလား...။
မွှေးပျံ့ တဲ့ တောပန်းလေးတွေရဲ့ ရနံ့တွေ ကြားထဲမှာ ယမ်းနံတွေများ ရောယှက်လာမလား...။
တောထဲမှာ တလူလူ ထနေတဲ့ မီးခိုးငွေ့လေးတွေဟာ...တောင
ကျေးလက်ခြံစည်းရိုးလေးတွေက ဥယျာဉ်ခြံလား.. ရန်သူ့ စခန်းလား...
ဒီနေ့ ထမင်းစားရပါ့မလား...
မနက်ဖြန်ရဲ့ အလင်းရောင်ကို ကြည့်ရှုခွင့်ရပါ့မလား။
ဇနီး သားသမီးများနဲ့ ဆုံခွင့် ရှိသေးရဲ့လား။ စကားသံလေးတွေကို ကြားနိုင်ပါ့ဦးမလား... အပြုံးလေးတွေကို မြင်တွေ့ခွင့်ရှိသေးရဲ့လား.
မိဘတွေကိုရော ကန်တော့ခွင့် ပြုစုခွင့် ကျန်သေးရဲ့လား ဆိုတဲ့ ဝေခွဲမရနိုင်သော အားငယ်စိတ်တွေ သံသယတွေ... မယုံကြည်မှုတွေ မျှော်လင့်ချက် ပျက်သုဉ်းမှုတွေနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းနေထိုင်ခဲ့ကြရပါတယ်
===================
ဒီလိုပါပဲ ဒေသခံ ပြည်သူတွေ အနေနဲ့လည်း...
ကျောင်းတက်နေတဲ့ ကလေးတွေ ဒီနေ့ အန္တရာယ် ကင်းပါ့မလား... ကျောင်းပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်လာမလား။ ဒီတိုက်ပွဲက လွင့်စင်လာတဲ့ ကျည်တွေများ ကလေးတွေကို လာရောက် ထိမှန်မလား။
ကျောင်းပေါ်ကို လက်နက်ကြီးတွေ ကျရောက် ပေါက်ကွဲမလား။
ကလေးတွေကိုများ ဖမ်းဆီးခေါ်ဆောင်သွားမလား.. ဖမ်းဆီးသတ်ပစ်ကြမလား...။
- တစ်ခါ တောင်ယာတဲ သွားတဲ့ ခင်ပွန်း ဇနီး သားသမီးတွေ နှမ မောင်ဘွားတွေ အသက်အန္တရာယ်ကင်းရဲ့လား။
အချိန်တန်ရင် ရောက်လာပါ့မလား...
ရောက်မလာခဲ့ရင်လည်း မိုင်းများနင်းသွားပြီလား..
တစ်နေရာနဲ့ တစ်နေရာ ခရီးသွားနေတဲ့ မိသားစုဝင်တွေ အသိအကျွမ်းတွေ အန္တရာယ်ကင်းရဲ့လား...
လိုရာခရီးကို ချောချော မွေ့မွေ့ ရောက်ရဲ့လား...
မိုင်းကွဲတယ်ဆိုရင်လည်း အပြေးအလွှား... အဖမ်းခံရတယ်ဆိုရင်လည်း ရသလောက် ပြာယာခတ်စုံစမ်း.. ဖမ်းသွားတယ်ဆိုရင်လည်း ဘာဖြစ်နေမှန်းမသိ မျက်ရည်နဲ့ မျက်ခွက် သောကတွေနဲ့ ရှင်သန်နေထိုင်ခဲ့ကြရပါတယ်။
=======================
ဟိုးအရင်က ကရင်ပြည်နယ်ရဲ့ မြေပြင်တစ်ခုလုံးဟာ အသားစတွေ အရိုးတွေနဲ့ ပြန့်ကျဲနေခဲ့တယ်လို့ တင်စားရမှာပါ။
ဟိုးအရင်က ကရင်ပြည်နယ်ရဲ့ ချောင်းတွေဟာ မျက်ရည်တွေနဲ့ စီးဆင်းနေခဲ့ပါတယ်။
ဟိုးအရင်က ကရင်ပြည်နယ်မှာ ရွာတဲ့ မိုးတွေဟာ သွေးစိမ်းရှင်ရှင်နဲ့ ရွာချတဲ့ မိုးတွေ ဖြစ်ပါတယ်။
ဟိုးအရင်က ကရင်ပြည်နယ်မှာ ဝေတဲ့ နှင်းတွေ မြူခိုးတွေဟာ တကယ်တမ်းမှာတော့ ယမ်းခိုးတွေ ဖြစ်ပါတယ်။
ဟိုးအရင်က ကရင်ပြည်နယ်ရဲ့ တောင်တန်းတွေဟာ... သောကတောင်တန်းတွေ ဖြစ်ပါတယ်။
ဟိုးအရင်က ကရင်ပြည်နယ်ရဲ့ တောအုပ်တွေဟာ သံသယ တောအုပ်တွေ ဖြစ်ပါတယ်။
ဟိုးအရင်က ကရင်ပြည်နယ်ရဲ့ ကွင်းပြင်တိုင်းဟာ လူသတ်ကွင်းတွေ ဖြစ်ပါတယ်...။
ဟိုးအရင်က ကရင်ပြည်နယ်ရဲ့ တောပန်းတိုင်းဟာ သေဆုံး၊ ကျဆုံးသူတွေအတွက် အမှတ်တရ လွမ်းသူပန်းခိုင်လေးတွေ ဖြစ်ပါတယ်...။
=================
ကရင်ပြည်နယ်မှာ တစ်သက်လုံး ကားမစီးဘူးပဲနဲ့ သေဆုံးသွားရသူတွေ ရှိပါတယ်။
ကျောင်းမနေဘူးတဲ့ မိသားစုတွေ ရှိပါတယ်။
မြို့ပြကို မရောက်ဘူးတဲ့ ဒေသခံ ၃ ပုံ ၁ ပုံ လောက်ရှိပါတယ်။
ကရင်ပြည်နယ်ရဲ့ ကျေးလက်ဒေသတွေမှာ ရောဂါကြောင့် သေဆုံးသူတွေရဲ့ တစ်ဝက်ကျော်ဟာ ဆေးဝါးကုသခွင့် မရလို့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်ရဲ့ ကျေးလက်ဒေသတွေမှာ တောင်ယာလုပ်ကိုင်စားသောက်နေ
ဒေသခံတွေဟာ အသက်မွေးဝမ်းကြောင်းကို ကောင်းစွာ မလုပ်နိုင်ပဲ နှစ်ဘက်တပ်များရဲ့ အထမ်းသမားများ ဖြစ်ခဲ့ရပါတယ်။ ဆန္ဒမပါပဲ တပ်ဖွဲ့ဝင်များအဖြစ်လည်း သွပ်သွင်းခံခဲ့ပါတယ်။
ကရင်ပြည်နယ် ကျေးလက်ဒေသမှာ ရှိတဲ့ အိမ်ထောင်ရှင် အမျိုးသမီးများရဲ့ တ၀က်ခန့်ဟာ မုဆိုးမများ ဖြစ်ပါတယ်...။
ကရင်ပြည်နယ်မှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့
ကရင်ပြည်နယ် စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြရတဲ့ နှစ်ဘက် စစ်သည်တွေရဲ့ သားသမီးတော်တော်များများဟာလ
အသက်ရှင်လျှက်ရှိတဲ့ ကရင်ပြည်နယ် နှစ်ဘက် စစ်ပြန်ကြီးများဟာလည်း ခြေပြတ် လက်ပြတ်များ ဖြစ်နေကြပါတယ်။
ထိုနည်းတူစွာ မိမိနိုင်ငံ မိမိအရပ်ဒေသကို စွန့်ခွါပြီး ထိုင်းနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခက်ခဲ ပင်ပန်းစွာ ရှင်သန်နေရတဲ့ မိသားစုများ အပြစ်မဲ့ကလေးငယ်ပေါင်းများစ
=====================
ကရင်ပြည်နယ်ရဲ့ တိုက်ပွဲတွေ စစ်ဆင်ရေးတွေကြောင့် လူမျိုးရေး မုန်းတီးမှု နာကျည်းမှုတွေလည်း ကျောက်ဖြစ်ရုပ်ကြွင်းများလု
ဆုံတွေ့ခဲ့ကြတိုင်းမှာလည်း တစ်ဦးနဲ့ တစ်ဦး သံသယတွေနဲ့ ကြည့်မြင်ခဲ့ကြရပါတယ်။
အခါအခွင့်ကြုံသမျှ လက်စားချေခဲ့ကြပါတယ်။
တစ်သက်လုံး လုပ်သမျှကိုလည်း အပြစ်ရှာ အားနည်းချက်ရှာခြင်းတွေကို အလိုအလျောက်လုပ်ဆောင်ခဲ့ကြရ
=====================
အခုတော့ ဒီအဖြစ်ဆိုးတွေ အနိဌာရုံတွေကို နှစ်ဘက်လူကြီးများက ပေါင်းစပ်ညှိနှိုင်းခြင်းဖြင
ကရင်ပြည်နယ်ရဲ့ သဘာဝအလှတရားတွေ... ရိုးစင်းတဲ့ လူမှုဘ၀နေထိုင်မှုစနစ်တွေကို ပြန်လည်တည်ဆောက်ခဲ့ကြရာမှာ ရင်းနှီးမှုတန်ဘိုးကတော့ အလွန်ပဲ မြင့်မားခဲ့ရပါတယ်။
နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့တဲ့ သမိုင်း....
ကိုယ်ပိုင်ယုံကြည်မှု....
နာကျည်းမှု.... အမုန်းတရား... လက်စားချေလိုမှု... ဂုဏ်သိက္ခာ စတာတွေကို စွန့်လွှတ်ရင်း အကောင်းဆုံးတွေအတွက် သင်ပုန်းချေရင်း စဉ်းစားဆုံးဖြတ်ခဲ့ကြရတာ ဖြစ်ပါတယ်။
ယှဉ်ပြိုင် တိုက်ခိုက်ခြင်းနဲ့ ငြိမ်းချမ်းခြင်းရဲ့ ကြားမှာ ထူထဲ သိပ်သည်း ကျစ်ချစ်လွန်းတဲ့ အလွှာတစ်ချပ်ကို နှလုံးသားနဲ့ ရင်းပြီး ရဲရဲဝံ့ဝံ့ ချိုးဖောက် ခဲ့ကြရတာ ဖြစ်ပါတယ်။
မိမိနိုင်ငံ... မိမိလူမျိုးနဲ့ ရင်သွေးတို့ရဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်။
ပြုံး ပြ နှုတ်ဆက်ခြင်း လက်ဆွဲနှုတ်ဆက်ခြင်းများ ဆောင်ရွက်နိုင်ခဲ့တာ များစွာ မကြာမြင့်သေးပါဘူး...
ခဏလေးပဲ ရှိပါသေးတယ်...
ငြိမ်းချမ်းရေး ပန်းပင်လေးကို စိုက်ဖို့ နှစ်ဘက်လူကြီးတွေ ဦးဆောင်ပြီး မျိုးစေ့ရှာခဲ့ရတာ... မြေပြင်ခဲ့ရတာ...
တူးဆွခဲ့ရတာ...
အစေ့ချ စိုက်ပျိုးခဲ့ရတာ..
မျိုးစေ့လေးကို ပိုးပွါးများ ထိုးဖောက်မစားနိုင်ဖို့ စောင့်ရှောက်ခဲ့ရတာ...
ရာသီဥတုရဲ့ ချေမွတိုက်ဖျက်ခြင်း မခံရအောင် ကာကွယ်ခဲ့ရတာ...
မြေကြီးထဲက ပြူထွက်လာတဲ့ အပင်ပေါက်လေးကို ကျေးငှက်တွေ ထိုးဆိပ် မသွားအောင်ကာကွယ်ခဲ့ရတာ...
သက်တမ်းအလိုက် ဆေးဝါးများတိုက်ကျွေးရင်း ပေါင်းသင်ရင်း ရွက်ဟောင်းချွေရင်း ၀ါးခြံလေးခတ်ပေးရင်း ပန်းကလေးပွင့်လာချိန်ကို ယုံကြည်မှု ပီတိများနဲ့ စောင့်စားနေခဲ့ရတာဟာလည်း ပြောမပြနိုင်လောက်အောင် ပင်ပန်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီကြားထဲမှာမှ ဒီငြိမ်းချမ်းရေးပန်းကို စိုက်ဖို့ ကျွန်တော်တို့ အကြံပေးခဲ့တာ...
ကျွန်တော်တို့ ကြားဝင်ဆောင်ရွက်ပေးခဲ့ရတာ.
ကျွန်တော်တို့ စိုက်ခဲ့တာ...
ကျွန်တော်တို့ မျိုးစေ့ရှာပေးခဲ့ရတာ...
ဒါ ကျွန်တော်တို့ခြံ ဗျဆိုပြီး မောင်ပိုင်စီးချင်သူတွေ ဒုနဲ့ဒေး ပေါ်ပေါက်ခဲ့သလို... မနာလို မရှုစိမ့်စွာ ငြိမ်းချမ်းရေး ပန်းပင်လေးကို ပိုးသတ်ဆေး လောင်းဖို့ ကြံစည်နေသူတွေလည်း ခိုးကြောင်ခိုးဝှက် အခြေအနေကြည့်ရင်း အသင့်စောင့်စားနေခဲ့ပါတယ်။
နောက်တစ်ခါ ဒီပန်းလေး ပွင့်လာရင် မင်းတို့ အောက်ခြေအဖွဲ့တွေ ကြည့်ခွင့်တောင်ရမှာ မဟုတ်ဘူး... အပေါ်ကလူကြီးတွေပဲ ခူးယူသွားကြမှာ သူတို့သားသမီးတွေကိုပဲ ပန်ခိုင်းမှာ... ပင်ပမ်းတော့ မင်းတို့ပဲ ပင်ပမ်းရတာ... အဲဒီတော့ လက်မခံနဲ့ ဆွဲနှုတ်ပစ်လိုက် ဆိုသူတွေလည်း ရှိနေကြပါတယ်...။
သူတစ်ပွင့် ကိုယ်တစ်ပွင့်ရရင်တော့ ဆက်လုပ်ပေါ့ကွာ... တန်းတူညီမျှလုပ်ရမှာပေါ့ မယုတ်မလွန် သမာသမတ်ကျစွာ သွေးထိုးရန်တိုက်ပေးနေတဲ့ သူတွေလည်း အသင့်ရှိနေကြပါတယ်။
တကယ်တော့ အစစ်အမှန်ငြိမ်းချမ်းရေးကို
=================
ပြောချင်တာလေးတွေလည်း တော်တော် များသွားပြီဗျာ...
နောက်ဆုံး တစ်ချက်သတိပေးချင်တာက ကရင်ပြည်နယ်မှာ ယမ်းခိုးတွေ ဝေနေချိန်မှာ မီဒီယာသမားတွေ... လူ့အခွင့်အရေးသမားတွေ... နိုင်ငံရေးသမားတွေ... စောင့်ကြည့်လေ့လာရေးအဖွဲ့တေ
အစိုးရကို အပြင်းအထန်ပြန်လည်တိုက်ခိုက
အခု ပြောင်းလဲလာတဲ့ အချိန်မှာလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတာ... ကြေငြာချက်ထုတ်တာ... ပူးပေါင်းဆောင်ရွက်တာတွေကို
ကရင်ပြည်နယ်ကို အလည်အပတ်သဘောကလွဲပြီး နေထိုင်ဘူးခြင်းမရှိ... ကရင်ပြည်နယ်ရဲ့ အရသာကို ခံစားဘူးခြင်းမရှိသူတွေက ငြိမ်းချမ်းရေးဆွေးနွေးနေတာ
တကယ်ပါဝင်ပတ်သက်ခဲ့သူတွေကတေ
အခု ကရင်ပြည်နယ်ရဲ့ ဒေါနတောင်တန်းကြီး ဇွဲကပင်တောင်ကြီးကို သင်တို့ ငေးမောကြည့်ရှုရင်း လတ်ဆတ်ရှင်းသန့်တဲ့ လေနုအေးလေးတွေကို ကိုယ်တိုင်ရှူရှိုက်နိုင်ပါ
ကျေးငှက်သာရကာလေးတွေရဲ့ အော်မြည်သံလေးတွေကိုလည်း အရသာခံရင်း နားဆင်နိုင်ပါပြီ...
မြူခိုးတွေ နှင်းတွေကြားမှာလည်း ဂျာကင်အင်္ကျီ အိပ်နှစ်ဘက်ထဲကို လက်ထည့်ရင်း အေးအေးလူလူ လမ်းလျှောက်နိုင်ပါပြီ....
တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းလေးတွေထဲမှာလည်း
ရိုးရာဓလေ့စရိုက်တွေမှာလည်း
တောပန်းလေးများကို ခူးဆွတ်ရင်းလည်း ဘုရားမှာ ပူဇော်ရင်း..
ချစ်သူကို ပန်ပေးရင်း ချမ်းမြေ့ခြင်းတွေကို ခံစားနိုင်ပါပြီ....
ကျောင်းဆင်းချိန်တွေမှာလည်း
လသာညတွေမှာလည်း လရောင်လေးကို ခံစားရင်း မိသားစုနဲ့ တွတ်တီးတွတ်တာ ပြောဆိုနိုင်ပါပြီ..
အချိန်ရတဲ့အခါ မျိုးဆက်သစ်တွေကိုလည်း ကြမ်းတမ်းလှတဲ့ အနိဌာရုံတွေအကြောင်းကို ပြောပြနိုင်ပါပြီ....
စမ်းချောင်းလေးတွေရဲ့ ရယ်သံတွေ... တောင်တန်းကြီးတွေရဲ့ မနက်ခင်း နှုတ်ဆက်သံတွေ... တောတောင်များရဲ့ သီချင်းဆိုသံလေးတွေကို ဆက်လက်ထိန်းသိမ်းကြရင်း... ငြိမ်းချမ်းရေး ပန်းလေး ငွားငွားစွင့်စွင့်ပွင့်လန်
ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းပါစေဗျာ.....
(ကွန်ဆူးမား)(၂၆-၁၀-၂၀၁၄)
0 comments:
Post a Comment