Tuesday, October 28, 2014

နွားနို့တစ်ခွက်ဖြင့် ကုသသည်


အိမ်တွေကို လိုက်တံခါးခေါက်လို့ ဟင်းသီးဟင်းရွက်ရောင်းရတဲ့ ၁၀ နှစ်သားအရွယ် ကလေးငယ်လေး တစ်ဦးရှိပါတယ်။ မိဘဆင်းရဲတာကြောင့် သူ ကျောင်းတက်ဖို့ အတွက်ကို အရွယ်နဲ့ မလိုက်အောင် အလုပ်လုပ်ပြီး ငွေရှာရပါတယ်။ နေပူကြဲကြဲ ထဲ သွားရင်း တစ်အိမ်ရှေ့ရောက်တော့ အောင့်မထားနိုင်တဲ့ အဆုံး ရေတစ်ခွက် တောင်းသောက် ပါတော့တယ်။
သူ့လိုပဲ ရွယ်တူ အမျိုးသမီး ငယ်လေး ဖြစ်ပြီး ရေတင်မကပဲ ဗိုက်ဆာနေတဲ့ ပုံစံလည်း ပေါက် တာကြောင့် ရေအစား နွားနိုးကို ခွက်အပြည့်ထည့်လို့ တိုက်ပါတယ်။
နွားနို့ကို သောက်ပြီး ဗိုက်ပြည့်သွားတဲ့ ကလေးငယ်က ဒီအတွက် ဘယ်လောက်ပေးရမလဲလို့ မေးပါတယ်။ ဒါနဲ့ ကလေးမလေးက ငွေပေးစရာမလိုကြောင်း စေတနာနဲ့တိုက်ခြင်း ဖြစ်ကြောင်း တစ်ပါးသူက စေတနာဖြင့်ကူညီတာကို ပေးဖြင့်တန်ဖိုး မဖြတ်ရဘူးလို့ မေမေက ပြောထားကြောင့် ခပ်တည်တည်နဲ့ ဆရာမကြီး ဂိုက်နဲ့ ပြော လိုက်ပါသေးတယ်။ ဒါနဲ့ ဟင်းရွက်ရောင်းတဲ့ ကလေးဟာ ဝမ်းသာသွားပြီး နှုတ်ဆက်ထွက်သွားပါတယ်။
နောက်နှစ် ၂၀ ကြာတဲ့အခါ ..
အမျိုးသမီး တစ်ဦးဟာ ရှားပါး ကင်ဆာရောဂါဝေဒနာကြောင့် ဆေးကုသမှု ခံယူနေရပါတယ်။ ဒါကြောင့် မြို့ငယ်လေးကနေ မြို့ကြီးကို တက်လာပြီး ဆေးရုံကြီး တစ်ခုမှာ ဆေးကုသမှုခံယူခြင်း ဖြစ်ပါတယ်။ အမျိုးသမီးဟာ မဆင်းရဲပေမယ့် ခွဲစိတ်ကုသဖို့ ငွေလုံလောက်သူလည်း မဟုတ်ပါဘူး။ တာဝန်ကျ ဒေါက်တာ ဟာ သူမကို တွေ့ရှိပြီး ဒေါက်တာဟာ အမျိုးသမီးကို မြင်တာနဲ့ အရင်က သိခဲ့ဖူးသူ ဖြစ်ကြောင်း ချက်ချင်းသိပါတယ်။ ခွဲစိတ်ကုသမှုကို ပြီးဆုံးအောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါနဲ့ ကုန်ကျစရိတ်အတွက် ရှိသမျှစည်းစိမ်အကုန် ရောင်းဖို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီး လက်ထဲကို သူနာပြုက စာတစ်စောင်လာပေးပါတယ်။ စာထဲမှာ ရေထားတာကတော့ .
"စေတနာဖြင့် တိုက်ခဲ့သော နွားနို့ တစ်ခွက်အတွက် စေတနာဖြင့် ခွဲစိတ်ကုသပေးပါသည်"
သင်ခန်းစာ -
စေတနာ ဟူသည်ကား ကောင်းသည် ဖြစ်ဖြစ် ဆိုးသည် ဖြစ်ဖြစ် စောင့်ဆိုင်းစရာ မလိုပဲ တစ်နည်း မဟုတ် တစ်နည်း ပြန်လည် တန်ပြန် သက်ရောက်သည်။
.
Ref: inspiratestory
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
‪#‎aungkham_yyl‬
‪#‎article_yyl‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...