Wednesday, October 29, 2014

#‎စက်ရုပ်‬


ရှေးခါတုန်းက အင်ဂျင်နီယာ ၊ စာရင်းအင်းသမား၊ ဓာတုဗေဒပညာရှင်နှင့် အစိုးရ၀န်ထမ်းတစ်ဦး စုစုပေါင်းလေးဦးက သူတို့၏စက်ရုပ်များ စွမ်းဆောင်ရည်မြင့်မားမှု၊ကို မိမိတို့နီးပါး လုပ်ကိုင်ဆောင်ရွက်နိုင်မှုများအပေါ် အောက်ပါအတိုင်း ပြိုင်ကြလေသည်။
အင်ဂျင်နီယာ။ ။ ကဲ .. အဆောက်အအုံတစ်ခု ဆောက်လုပ်ဖို့အတွက် ပုံစံရေးဆွဲပြလိုက်ပါ။

စက်ရုပ်။ ။ အင်ဂျင်နီယာ၏ စက်ရုပ်က အဆောက်အအုံဒီဇိုင်းတစ်ခုကို စက္ကန့်ပိုင်းအတွင်း ရေးဆွဲပြလိုက်သည်။
စာရင်းအင်းသမား။ ။ အဲဒီ အဆောက်အအုံရဲ့ ကုန်ကျစရိတ်ကို တွက်ပြလိုက်စမ်းပါ။
စက်ရုပ်။ ။ စာရင်းအင်းသမား၏ စက်ရုပ်က စက္ကန့်ပိုင်းအတွင်း အဆောက်အအုံတည်ဆောက်မည့် ကုန်ကျစရိတ်ကို တွက်ပြလိုက်သည်။

ဓာတုဗေဒပညာရှင်။ ။ အဲဒီအဆောက်အအုံမှာ ဆေးသုတ်မှု၊ ဘိလပ်မြေ၊ ထုံး စတာတွေ ဘယ်လိုအချိုးအစားနဲ့ ထည့်သွင်းအသုံးပြုသင့်တယ်ဆိုတာ တွက်ပြလိုက်ပါ။
စက်ရုပ်။ ။ ဓာတုဗေဒပညာရှင်၏ စက်ရုပ်က ချက်ချင်းတွက်ပြလိုက်လေသည်။
အစိုးရ၀န်ထမ်း။ ။ ကဲ ... အဲဒီအဆောက်အအုံ တစ်ခုလုံး အချိန်ဘယ်လောက်နဲ့ အပြီးဆောက်လုပ်နိုင်မလဲ တွက်ပြလိုက်ပါ။
စက်ရုပ်။ ။ ဆရာ .. နောက်နေ့မှလုပ်ပါ၊ အခု ၃နာရီခွဲပြီ၊ ကျွန်တော်တို့ အိမ်ပြန်ရအောင် ..
Credit-Nandar

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...