Tuesday, June 28, 2016

ဘယ်လိုတာဝန်ယူနိုင်မလဲ

Aung San Oo

Byခိုင်ကြည်သစ်On Tue, 2016-06-28 06:30Issue No.No.1133 Tuesday, June 28, 2016
7 Day News
(၁)
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်တန်းတွေ ပို့ချပေးဖို့ ကျေး လက်ဒေသတွေဆီ ခရီးထွက်နေ တဲ့ ရက်ပိုင်းတွေအတွင်း သမီးဖြစ် သူကို လွမ်းတဲ့စိတ်ကို သမီးငယ် ရဲ့ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုဖိုင် လေးတွေ ဖွင့်ကြည့်ရင်း ဖြေ ဖျောက်ရပါတယ်။ ဆင်လိုလို၊ နွား လိုလို အရုပ်ကလေးတစ်ရုပ်ကို နို့စားနွားမကြီးလို သဘောထားပြီး ပုံးတစ်ပုံးနဲ့ နွားနို့ညှစ်တမ်းကစား နေတဲ့ သမီးငယ်ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရင်း သင်တန်းတွေမှာ မကြာခဏ ပြောဖြစ်လေ့ရှိတဲ့ "Attracting youth to engage in agriculture" လူငယ်မျိုးဆက် သစ်တွေကို စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွေမှာ ပိုမိုပါဝင်လာဖို့ ဆွဲဆောင်စည်းရုံးခြင်းဆိုတာကို သတိရမိပါတယ်။ တစ်ချိန်တည်း မှာ မိသားစုနဲ့ ခွဲခွာပြီး ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေ ရသူတွေအတွက် ကိုယ်ချင်းစာနာ မိပြန်ပါတယ်။

ကလေးကို ထူးချွန်အောင် ဘယ်လိုပျိုးထောင်မလဲ

မောင်(စွယ်စုံကျမ်း)

၁။ နေ့တိုင်း အနည်းဆုံး နာရီဝက်ခန့် သင့်ကလေးနဲ့ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုခုကို ဆွေးနွေး တိုင်ပင်ပါ။
၂။ ကလေး ငယ်စဉ်ကစပြီး သန့်ရှင်းရေး ကို နှစ်သက်ပါစေ။ တစ်ကိုယ်ရည် သန့်ရှင်းရေး ဂရုပြု နိုင်ပါစေ။
၃။ စိတ်ရှည်ရှည်ထားပြီး ကလေး၏ စိတ်တွင်းစကားကို နားထောင်ပေးပါ။ ထောက်ခံအားပေးသည့် ပုံစံမျိုးဖြင့် နားထောင်ပေးပါ။
၎။ ကလေးကို သတိပေးတယ်ဆိုပြီး အနာဟောင်းကို တုတ်ဖြင့်ခဏခဏ မဆွပါနှင့်၊ သတိပေးစကား ခဏခဏ ပြောမိလျင်၊ ကိုယ်ပြောချင်တာပြော၊ သူလုပ်ချင်တာလုပ် ဖြစ်သွားမည်။

Sleep paralysis ဘီလူးစီးခြင်း (၂)

Dr. Tint Swe

ဆရာ မင်္ဂလာပါ။ ကျွန်မ အသက် ၂ဝ အပျိုပါ။ ဘီလူးစီးတယ်ဆိုတာနဲ့ပတ်သက်ပြီး သိချင်လို့ပါဆရာ။ ဟိုးအရင်ကတော့ ဖြစ်ဖူးပေမယ့် မဖြစ်တာတော်တော်ကြာပြီဆရာ။ အဲ့တာမနေ့ပြန်စဖြစ်ပါတယ်။ အသက်ရှူလို့လုံးဝ မရတော့ဘဲ လုံးဝ လှုပ်လို့မရပါဘူးဆရာ။ နိုးလာတော့ အရမ်းမောပါတယ်။ ဆက်လဲအိပ်ချင်နေပါတယ်။ ဆက်အိပ်ရင်လဲ ပြန်ပြန်ဖြစ်ပါတယ်။ ဒီနေ့နေ့လည်ခနအိပ်တော့လဲ ဖြစ်ပြန်ပါတယ်ဆရာ။ တိုက်ဆိုင်တာက မနေ့ကစပြီး ကျွန်မ ဓမ္မတာ လာပါတယ်.ခုတော့ အိပ်ရမှာတောင် လန့်သလိုဖြစ်နေပါပြီ။ အဲ့လိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆရာ။

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရရှိခဲ့သည့် မိခင်များကို ကလေးမွေးဖွားပေးနိုင်ရန် အခမဲ့ကူညီပေးမည်

The Ladies News Journal

မတော်တဆ မှားယွင်းမှုကြောင့် ကိုယ်ဝန်ရရှိခဲ့သည့် မိန်းကလေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရရှိ ခဲ့သည့် မိန်းကလေးများ ကလေးမွေးဖွားနိုင်ရန်အတွက် အခမဲ့ကူညီ ပေးသွားမည်ဖြစ်ကြောင်း For Mommy-မာမီကွတ် (ကလေးငယ်များအတွက် အစားအစာချက်ပြုတ်နည်း Facebook Page) တည်ထောင်သူ ဒေါ်ငြိမ်းမဟော်ထံမှ သိရှိရသည်။
“ပတ်ဝန်းကျင်း အသိုင်းအဝိုင်းတချို့ရှိတယ်။ မတော်တဆ ကိုယ်ဝန်ရှိတာတွေ ရှိတယ်။ အခက်အခဲတွေ ရှိတယ်။ အဲ့အချိန် အရမ်းမျက်နှာငယ်ရတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၆)

သစ်ထူးလွင်



Monday, June 27, 2016

ဟာသစုစည်းမှု (၂၇-၆)

Zaw Min Latt


‪#‎မူးရင်‬ မရမ်းနဲ့ ~
ယုန်တစ်ကောင်တောထဲတွင် လမ်းလျှောက်လာသည် ။ မြက်ခင်းပေါ်တွင် အရက်ပုလင်းတစ်လုံးကို တွေ့သည် နှင့် ယုန်သောက်လိုက်သည် ။ သို့သော် အရက်က ပြင်းလွန်းသောကြောင့် ယုန် နေရာမှာပင် မူးလဲ ကာ အိပ်ပျော်သွားလေသည် ။
ထိုနေရာသို့ မြေခွေးမတစ်ကောင်ရောက်လာသည် ။ ယုန်နှင့်အရက်ပုလင်းကို တွေ့ သောအခါ
"အတော်ပဲ ဟင်းစားကလည်း အဆင်သင့် သောက်စရာ ယမကာကလည်း အသင့် "
အရက်ကို သောက်လိုက်သည် မြေခွေးမ မူးလဲ သွားသည် ။

#‎Levis‬ Jeansဘောင်းဘီအကြောင်းတစေ့တစောင်း...

Tun Lin Thein 


လူကြိုက်များတာ ကြယ်သီးတပ် ၅၀၁ ပဲ ဖြစ်မယ်ထင်ပါတယ်...။ ၅၀၁ ခြင်းတူပြီး ဘာလို့ ကွဲတာလဲလဲ...ဘာကွာတာလဲဆိုတာရဲ့ အဖြေလဲဖြစ်မှာပါ..။ နောက် CUT မတူတာနဲ့ ငါ့ဟာက အစစ် မင်းဟာက အတုဆိုပြီး ငြင်းခုံကြတာလဲပြေလည်မယ်ထင်ပါတယ်...။ဟုတ်ကဲ့ ၅၀၁ က အတုအများကြီးထွက်ပါတယ်...။ ဖြစ်သလိုထုတ်တဲ့ အတုနဲ့ အစစ်နီးပါး အတုထိရှိပါတယ်...။၅၀၁ ဖြစ်ပြီး ကြယ်သီးနဲ့မဟုတ်ပဲဇစ်နဲ့ ဖြစ်နေတဲ့ အတုကတော့ လုံးဝရုပ်ဆိုးတဲ့ အတုပေါ့ဗျာ...။ အစစ်ဘောင်းဘီတွေမှာ ထုတ်တဲ့ ခုနှစ်နဲ့လ ပါပါတယ်..။ နောက် ကြယ်သီးအနောက်ဖက်မှာနံပါတ်ပါပြီး အဲ့နံပါတ်ကလဲတံဆိပ်မှာပြန်ပါပါတယ်...။ တထည်ချင်းစီမှာ နံပါတ်ပါပါတယ်...။

မက္ခရာတိုင်းပြည်၊လက်မရွံ့လူမိုက်များနှင့် အသည်းငယ်တတ်သောကျွန်ုပ် (မင်းဒင်)



(တစ်)
“ဒေါက်”
“ဒေါက်၊ဒေါက်”
“ဒေါက်ဒေါက်ဒေါက်”
ကျယ်လောင်သောတံခါးခေါက်သံသည်ကျွန်ုပ်အားလိပ်ပြာလွင့်
မတတ်ခြောက်ခြားသွားစေ၏။
“ဣတိပိ”“ဣတိပိ”“ဣတိပိ”
ဘုရားမှတပါးအားကိုးရာမမြင်လေသဖြင့်ဂုဏ်တော်ကိုးပါးကို၊
အလန့်တကြားရွတ်ဆိုမိသော်ငြား၊ကြောက်စိတ်ကြောင့် “ဣတိပိ” ချည်းသာအပ်ကြောင်းထပ်နေ၏။ရှေ့ ဆက်၍မရွတ်နိုင်တော့။ ရွတ်သည်ဆို သော်ငြား၊ ကိုယ့်နား ကိုယ်ကြားရုံမျှသာဖြစ်၏။
အသံ ကျယ်ကျယ်မထွက်ရဲချေ။

မြန်မာနိုင်ငံသမိုင်းသစ် ၏ လမ်းဆုံလမ်းခွသို့ရောက်ရှိခြင်း

2011+ publishing

တရုတ်-မြန်မာ ၃.ဝ

တကယ်လို့များ နိုင်ငံရေးဝါသနာပါတဲ့သူ တယောက်ယောက်ကို ဒီနေ့တရုတ်ပြည်အပေါ် ဘယ်လိုမြင်သလဲ မေးကြည့်ရင် စီးပွားရေးအရနိုင်ငံတော်ကဦးဆောင်တဲ့ အရင်းရှင်စံနစ် (State Capitalism) ဖြစ်ပြီး နိုင်ငံရေးအရ လူထု အပေါ် ဖိနှိပ်ချုပ်ချယ်မှု နဲ့ အစိုးရအရာရှိတွေရဲ့ ခြစား မှုတွေနဲ့ ပြည့်နေတဲ့ နိုင်ငံပါလို့ ပြန်ကြားရဖို့ရှိနေပါတယ်။ ဒါပေ မယ့် ဒီအနေအထားကို ကြာကြာ ထိန်းထားလို့မရနိုင်ဘူး ဆိုတာကို တရုတ်ခေါင်းဆောင်တွေက သိနေတယ်။ တရုတ် နိုင်ငံရေး သိပ္ပံပညာရှင်တွေကလည်း လေ့လာထောက်ပြနေကြတယ်။

စစ်သူကြီး သတိုးမဟာဗန္ဓုလ (၁၇၈၀ – ၁၈၂၅)

သိန်း မြင့်

မဟာဗန္ဓုလသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော စစ်သူကြီး ဖြစ်သည်။ ရွာငယ်လေးတွင် မထင်မရှားေ သာ အမျိုးအနွယ်မှ ဖွားမြင်ခဲ့သော်လည်း ရဲစွမ်းသတ္တိရှိ၍ စစ်ရေးစစ်ရာတွင် ထူးချွန်သောကြောင့် စစ်သူ ကြီးဖြစ်လာသူ ဖြစ်သည်။ ဘွဲ့အမည် အပြည့်အစုံမှာ စစ်သူကြီး သတိုးဓမ္မမဟာဗန္ဓုလ ဖြစ်သည်။
သတိုးဘွဲ့ သည် မင်းညီမင်းသားတို့သာ ခံယူရရှိသည့် ဘွဲ့ဖြစ်သည်။ စစ်သူကြီးဘွဲ့သည် အိမ်ရှေ့မင်းသားတို့သာ ရရှိသော ဘွဲ့ဖြစ်သည်။ အရည်အချင်း အထူးပြည့်စုံလှသဖြင့် ထိုဘွဲ့များ ပေးအပ်ခံရခြင်း ဖြစ်သည်။

မေချစ်သဲ

Thanlay Ko

"သမီးလေး"
"ချင်... ပေပေ"

"ဖေဖေနဲ့မေမေ ဘယ်သူ့ကို ပိုချစ်"
"တူတူပဲ"
"ညည်းအမေကို ပိုချစ်တာမလား မညာနဲ့"
"တူတူပဲဆို"
"အာ့ဆိုမေးမယ်၊ ဖေဖေက မေမြို့သွားလည်မယ် မေမေက ရန်ကုန်သွားလည်မယ်၊ သမီး ဘယ်ကို လိုက်မလဲ"

စကားများတဲ့ အကျင့်ကို ဘယ်လို ထိန်းချုပ်မလဲ

Today Myanmar

ပြောရမှာက အရှည်ကြီး၊ ဘယ်သူမှလည်း ဒီအကြောင်းကို မမေးဘူးဆိုရင် မပြောပါနဲ့။
၁ - စကားများတဲ့ အကျင့်ကို အရင်မဖျောက်ခင် ကိုယ့်အကြောင်း အကြာကြီးပြောတာမျိုးကို အရင် ရှောင်သင့်ပါတယ်။ ပြောမယ်ဆိုလည်း ဟာသ ပါအောင် ပြောသင့်ပါတယ်။
၂ - စကားများများ ပြောတော့မယ်ဆိုရင် တစ်ဖက်လူကို မေးခွန်းမေးတာမျိုး၊ တစ်ခုခုသိချင်လို့ ပြောတဲ့ပုံစံမျိုး ဖြစ်သင့်ပါတယ်။
၃ - ကိုယ့်ကိုယ်ကိုယ် စကားပြောတဲ့အခါ ဘယ်လိုခံစားရလဲ စဉ်းစားကြည့်ပါ။

သူလား ကိုယ်လား

သိန်း မြင့်

တစ်ခါက လင်မယားနှစ်ယောက်ရှိသတဲ့။အသက်အရွယ်ကြီးလာပြီဖြစ်တဲ့အတွက် ယောက်ျားဖြစ်သူက သူ့မိန်းမ နားမကောင်းတော့ဘူးလို့ သံသယဖြစ်မိသတဲ့။သူပြောလိုက်တဲ့စကားတွေကို မကြားသလိုလို ပြန်မပြောသလိုလိုဖြစ်နေတဲ့အတွက် မိသားစုဆရာဝန်နဲ့တိုင်ပင်ကြည့်ရတာပေါ့။
ဆရာဝန်ကတော့ အကြံတစ်ခုပေးပါတယ်။ခင်ဗျားမိန်းမရဲ့ အကြားအာရုံကို စမ်းသပ်ြုကည့်ပါပေါ့။ပထမ ပေ ၄၀ လောက်အကွာကနေ ပုံမှန်ပြောနေကျလေသံနဲ့ တစ်ခုခုလှမ်းမေးလိုက်ပါ။

“ သိုင်းသမား နှင့် အတွင်းအား ”

Min Ko Naing

ကျနော်တို့ ငယ်စဉ် ပြေးလွှားရင်း ချော်လဲရင် ပတ်ဝန်းကျင်ကို
လှည့်ကြည့်မိတာသတိရမိကြပါသလား။
ကျနော်ကတော့ အခုထိလည်းကလေးတွေကို သတိထား
ကြည့်မိပါတယ်။ အဓိကကတော့ ငိုရကောင်းမလား၊ မငိုရ
ကောင်းမလား ဘာလုပ်ရမှန်းမသိလို့ပါပဲ။

အပြစ်တင်ခြင်းထက် အရေးကြီးသော အရာများ

 ကျွန်တော့်အမေက ဟင်းချက်အရမ်းကောင်းတယ်ဗျ။ အမြဲတမ်းလည်းပဲ စားလို့ကောင်းမယ့် ဖွယ်ဖွယ်ရာရာလေးတွေ ချက်လေ့ရှိတယ်။ တစ်ညနေမှာတော့ အမေဟင်းချက်တာ အရမ်းတူးနေတယ်ဗျာ။ မသိမသာလေး တူးနေတာမဟုတ်ဘူး။မြင်ရုံနဲ့တင် တူးနေမှန်း သိရလောက်အောင်ကို တူးနေတာ။ တူးနံ့တွေလည်း ထွက်လို့ပေါ့။

သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "

Than Htike

ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၆)

သစ်ထူးလွင်



Sunday, June 19, 2016

"နင်းစရာ"

Thanlay Ko

အမျိုးသမီးတစ်ယောက် ယာဉ်မောင်းလိုင်စင်လာဖြေတာ သုံးခါရှိပြီ၊ မအောင်သေးဘူး။
ခုတစ်ကြိမ်နဲ့ဆို လေးကြိမ်မြောက်။
ဒီတစ်ခါတော့ အောင်ကိုအောင်ရမယ်လို့ အံခဲထားတယ်။

စာမေးပွဲစစ်တဲ့သူ မေးတဲ့မေးခွန်းက အရင်အခါတွေနဲ့ အတူတူပဲ၊
ဒါပဲပြန်မေးတာ... ...
"အမကြီးက ကားကို တစ်နာရီမိုင် ၁၀၀ နူန်းနဲ့ မောင်းလာတယ် ဆိုပါတော့၊ လမ်းတစ်ဖက်က တောင်နံရံ၊ လမ်းတစ်ဖက်က ချောက်ကြီး၊ လမ်းပေါ်မှာက အဖိုးကြီးတစ်ယောက် လဲနေတယ်၊

အိပ်စက်ခြင်း ဆိုင်ရာ အလွဲ ယုံကြည်ချက် (၈) ချက်

Today Myanmar

အိပ်စက်ခြင်းနဲ့ ပတ်သက်ပြီး အလွဲယုံကြည် ထားတာ များကို သိရခြင်းဖြင့် အမှန်ကို သိရှိကာ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ အကူအညီရ နိုင်သည်။
အလွဲ ၁ ။
တစ်ညလုံး မနိုးတမ်းအိပ်မှ အိပ်ရေးဝသည်။
အမှန် ၁ ။
ဘယ်သူမှ တစ်ညလုံး မနိုးစတမ်း တစ်လျှောက်တည်း မအိပ်။ တစ်ညလုံး မနိုးစတမ်း နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်ပါသည် ဆိုသူများသည်ပင် တကယ်တမ်းမှာ တစ်ညကို အခါ (၃၀) လောက် နိုးကြသည်။

ကြိုးမဟုတ်တဲ့ကြိုး

 တစ်ခါကရွာတစ်ရွာရဲ့အစွန်အဖျားမှာနေတဲ့ ဆင်းရဲတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ တောထဲကထင်းခြောက်တွေကိုကောက်ပြီး ခပ်လှမ်းလှမ်းက ဈေးတစ်ခုမှာရောင်းချခြင်းနဲ့အသက်မွေးဝမ်းကျောင်းပြုပါတယ်။
သူ့မှာ တော်တော်အသုံးဝင်တဲ့ ထင်းသယ် မြည်းကလေးတစ်ကောင်လဲ ရှိတယ်။ ထင်းကောက်သမားဟာ သူကောက်လို့ရသမျှထင်းခြောက်တွေကို ဒီမြည်းကလေးပေါ်တင် ဈေးအထိသွားပြီး ရောင်းချရလေ့ရှိတယ်။
တနေ့ကျ ထင်းခြောက်များများရဖို့ တောနက်ထဲအထိသွားကောက်ရာကနေ လမ်းပျောက်ပါတော့တယ်။

“ကားမောင်းတတ်ပါက ကုသိုလ်(၂)မျိုးရ”

Young Buddhist Association

 ယခုခေတ်အခါသည် ရှေးခေတ်အခါကထက်
မော်တော်ကားများဖြင့် ခရီးသွားလာကြသူများပို၍
များလာကြပေသည်။ အမျိုးသမီးများပင်
မော်တော်ကားများ မောင်း၍ သွားလာနေကြရပေသည်။
မော်တော်ကားမောင်းသူတို့သည် မောင်းတတ်ပါက
ကုသိုလ်အမြဲရကြပေသည်။

မော်တော်ကားကို ဘီးလိမ့်အောင် မောင်းတတ်ရုံမျှဖြင့်
ကုသိုလ်များရနိုင်သည် ဟူ၍ ဆိုလိုသည် မဟုတ်ပေ။

(၁၅) မိနစ် တရားထိုင်နည်း

Bahuthuta News

အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊
အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။
ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။

Which? and What?

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

 မှတ်သင့်တယ်လို့ ထင်တဲ့ သုံးစွဲပုံ တိုစိတိုစိလေးတွေကို နေ့စဉ်လိုလို ရေးတင်သွားဖို့ စိတ်ကူးမိပါတယ် ၊ တစ်နေ့နည်းနည်း ဆိုပေမယ့် စုမိသွားတဲ့အခါ တော်တော်လေးများသွားမှာပါ ၊ တစ်ခါတည်း အပြီး မှတ်မိသွားလိမ့်မယ်လို့လည်း ထင်ပါတယ် ၊ အရှည်ကြီးတွေဆို ရေးပြီးဖို့ အချိန်ကလည်း စောင့်ရဦးမယ်လေ ၊ ကျနော်ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ဝေေ၀ဆာဆာလေး ဖြစ်အောင် မြန်မြန် တင်ပေးချင်နေတာမို့လို့ တိုတိုလေးတွေကိုပဲ သွက်သွက် ရေးတင်လိုက်ရကြောင်းပါခင်ဗျာ..

အရှေ့ကိုလျှောက်ပါလို့ အီသီယိုးပီးယားကိုတဲ့ မျှော်လိုက်ရင် မင်းဒင်

မင်း ဒင်

(၁)
ပြီးခဲ့တဲ့တပတ်က ဗီဇာသက်တမ်းတိုးဖို့ ကိစ္စနဲ့ ကျုပ်ဖူးခက်ကနေ ဘန်ကောက်ကို ရောက်တယ်ဗျ။ ထိုင်းမှာအနေကြာပြီး ထိုင်းပါးဝနေပြီမို့ ဗီဇာကိစ္စကို ထုံးစံအတိုင်း ထိုင်းပွဲစားလက်ထဲ အပ်လိုက်တော့ နက်ဖြန်နေ့လယ် လာယူပါတဲ့။ လွယ်လိုက်တဲ့ဖြစ်ခြင်း။ ဒီတော့ ဘန်ကောက်မှာ တစ်ညအိပ်စောင့်ပြီး နောက်နေ့ညနေ ဖူးခက်ကိုပြန်ရုံပဲပေါ့။
ဖူးခက်ကနေ ဘန်ကောက်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဖူးနေကျမို့ ဟိုဟိုဒီဒီ လျှောက်မသွားချင်တော့တာနဲ့ ဟိုတယ်ခန်းထဲမှာပဲ တယ်လီဖုန်းပွတ်ရင်း အချိန်ဖြုန်းပြီး အိပ်ယာဝင်လိုက်တာ.. အိပ်ခန်းတံခါးကို တဒုန်းဒုန်းထုသံကြောင့် ကျုပ်လန့်နိုးသွားတယ်ဗျ။

ဟေမာနေ၀င်း ၏ CD တေး ၂၂၇ ပုဒ် စုစည်းမှု

Khin Haw with Richard Hla.

Full Credit to Dr. Richard Hla for his Contribution of all Tracks.
၁။ ကမ ၻာအေဝး
https://soundcloud.com/khinthida…/kabar-ahway-haymar-nay-win
၂။ ကံကောင်းလို့
https://soundcloud.com/khinthidakhin/haymar-nay-win-060
၃။ ကိုကိုချစ်ဝဲလည်
https://soundcloud.com/khinthidakhin/haymar-nay-win-157
၎။ ကိုကိုဒဏ်ပေးပြီ

တန်ဖိုး

ထူးထူးဆန်းဆန်း စွယ်စုံကျမ်း

ကောင်မလေး iPad ဝယ်လာတာကိုတွေ့တော့ အဖေက လှမ်းမေးလိုက်တယ်။ "သမီး ဆိုင်ကနေ ဒီ iPad ကို ဝယ်ပြီးပြီးချင်း ဘာတွေလုပ်ခဲ့လဲ။"
သူမ - "screen မပွန်းအောင် စတေကာ ကပ်ပြီးတော့ အဖုံးလှလှလေး ဝယ်ခဲ့တယ် ဖေဖေ"
အဖေ - "ဟင်.. ဆိုင်က အတင်း ထိုးရောင်းလိုက်တာများလား သမီးရယ်။"
သူမ - "မဟုတ်ပါဘူး။"

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၆)

သစ်ထူးလွင်



Wednesday, June 15, 2016

ကျွန်တော့်ကို အမေသတ်ခဲ့တယ်

ပြောချင်လွန်းလို့

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ကတော့ ကျွန်တော့်အမေရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ကွဲကြေသွားတဲ့နေ့ပါပဲ ။
ကျွန်တော် ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မမှီခဲ့ဘူး ။ ( ဂုဏ်ထူး ၄ ခုပဲပါတာဆိုတော့ အမှတ်ကို ခန့်မှန်းတွက်ဆလို့ ရသွားပြီ ) အမေ ငိုပါတယ် ။ တော်တော်နာနာကျင်ကျင်ငိုပါတယ် ။ အကြာကြီးပဲ ။ ပြီးတော့ `` ငါက နင့်ကို ဆရာဝန်ဖြစ်စေချင်လွန်းလို့ တစ်သက်လုံးကုန်းရုန်းပြီး ပိုက်ဆံရှာခဲ့တာ ။ ငါ မစားရက်မသုံးရက် စုဆောင်းပြီး နင့်ကို ကျောင်းထားပေးခဲ့တာ , အခုတော့ နင်က ငါ့ကို ကောင်းကောင်းကြီး ကျေးဇူးဆပ်လိုက်ပြီပေါ့ ... ဟုတ်လား "

ဟာသစုစည်းမှု (၁၅-၆)

Zaw Min Latt

" ‪#‎ခု‬ မှ ပဲ ဆ န္ဒ ပြည့် တယ်.. "
မိမိနှင့် အသက်ရွယ်တူ အဖိုးကြီး တစ်ဦးအား ထိုးကြိတ်မှုဖြင့် အသက် ၇၀ အရွယ်
အဖိုးကြီး တစ်ဦးကို ရုံးတင် စစ်ဆေးသည် ။ တရားသူကြီးက မေးသည် ။
" ဒီလောက် အသက်ကြီးမှ လူကြားမကောင်း သူ ကြားမကောင်း အရွယ်တူ အဖိုးကြီးကို
ထိုးကြိတ်သတဲ့.. ၊ ဘာဖြစ်လို့  ဒီလို လုပ်ရတာလဲ.. "
" သူ့ ကို ထိုးချင်နေတာ ကြာပြီ...၊ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကတည်းကပဲ..၊

English Speaking _ Business Expression (8)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

…………………………………..
71. When will the meeting be held?
ဘယ်အချိန်မှာ အစည်းအဝေး ကျင်းပမှာလဲ
회의가 언제 개최됩니까?
.
72. The meeting is scheduled for tomorrow.
မနက်ဖန်မှာ အစည်းအဝေးလုပ်ဖို့ အစီအစဉ်ဆွဲထားပါတယ်
회의는 내일로 여정되어 있습니다.

အမြင့်မြတ်ဆုံးနှင့် အယုတ်ညံ့ဆုံး

မေတ္တာရှင် ရွှေပြည်သာ

ကိုယ်တိုင် မကျူးလွန် သူတစ်ပါးကိုလည်း တားမြစ်
@@@@@@@@@@@@@@@@@@@
ဆင်းသူမရှိသော်လည်း နေပြည်တော်ကို “ပ” စားပေးချင်သော စိတ်ကြောင့် ရန်ကုန်-မန္တလေး၊ အစုန်-အဆန် ရထားများသည် နေပြည်တော်ဘူတာသို့ အချိန်ကောင်းတွင် ဆိုက်ပေးရသည်။ အရေးမပါပါ၊ ဆင်းသူ၊ တတ်သူ တစ်ယောက်နှစ်ယောက်သာရှိသော အကျိုးမရှိသော နေပြည်တော်ဘူတာတွင် ခပ်ကြာကြာရပ်ပေးရသောကြောင့် အရေးပါသောဆင်းသူ တက်သူ ပေါများသော၊ အကျိုးရှိသော မန္တလေးဘူတာတွင် ဒုစရိုက်သမားတို့အကြိုက် ညသန်းခေါင်ကျမှ ဆိုက်နိုင်တော့သည်။

သင့်မှာ အားငယ်စရာရှိနေလား?

နည်းစနစ်ကျကျအတွေးအခေါ်


အဘိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေ လမ်းလျှောက်နေတဲ့ တစ်နေ့မှာပေါ့။ အဘိုးအိုဟာ မြစ်ကမ်းနဖူးပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ လူငယ်တစ်ယောက်နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။
အဘိုးအိုက မေးလိုက်တယ်။

“ ကလေး.. မင်းဘာဖြစ်နေတာလည်းကွ.. ဟေ… မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဘိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဘိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။

ရာဇဝင်ထဲက ဂန္ဓာဝင်များ ( ၃ ) • မြတ်လေး •

Music Crazy Te Te Tar Tar

ငယ်စဉ်က မြတ်လေး၏ ‘ရေပွက်ပမာ’ ‘မလိခချစ်သူ’ ၊ ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’ ၊ ‘မြခြူသံ’၊ ‘ရွှေလက်ဖြင့်ခေါ်လည်းမလာ’၊ ‘ရင်ထဲမှာရွာသောမိုး’ ၊ စသည့်ရုပ်ရှင်ဇာတ်ကားများကို ကြည့်ဖူးသည်။ ထိုအချိန်မှစ၍ မြတ်လေး၏ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာပင့်ကာနှင့် ကဗျာဆန်ဆန် စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့သည်။ ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟုခေါ်ကြသည်။ ကျနော့်အထင် သူပါဝင်သောကားတိုင်း၌ အပြောကို လိုအပ်သည်ထက် ‘ကဲ’ လေ့ရှိသည်။

ကျွန်ုပ်၊ချစ်လှစွာသောတပည့်ကျော်များနှင့် အမိမြေကိုကယ်တင်ခြင်း စစ်ဆင်ရေး (မင်းဒင်)

မင်း ဒင်

(တစ်)
“အင်း….၊ခုနေများလူစွမ်းကောင်းသုံးယောက်လောက်၊
မတော်တဆရှာတွေ့ခဲ့ရင်၊ငါနဲ့ပါဆိုလေးယောက်ပေါ့”
ရပ်ရှစ်ခွင်လုံးအုံ့မှိုင်းညိုမှောင်နေသည့်မိုးကြီးစွေသောနေ့တနေ့
တွင်ဖြစ်လေသည်။ယိုးဒယားပြည်အမ်မခန်အရပ်ရှိကျွန်ုပ်၏နေအိမ်
ဝရံတာမှကြည့်လတ်သော်..၊

Breech Presentation ကလေးအနေအထား တင်ပါးဆုံပြုခြင်း

Tint Swe

မေးခွန်းတခု = ကျွန်မ တစ်ဦးကလေးက ခြေကဖွားဆိုတော့ ခက်တယ်ဆရာ
ကိုယ်ဝန်ဆောင်မေးခွန်းတွေမှာ အမှားကြီးနှစ်ခုကို အတော်များများတွေ့ရတယ်။ (ကလေး) လို့ရေးရမှာကို (ခလေး) လို့ မှားရေးကြတာနဲ့ (သားဦး) လို့ရေးရမှာကို (တစ်ဦး) နဲ့ (သက်ဦး) လို့ လွဲရေးကြတာတွေဖြစ်တယ်။
ပုံမှန်ကိုယ်ဝန်မှာ ကလေးခေါင်းဟာ အောက်စိုက်နေပါတယ်။။ တင်ပါးဆုံကအောက်ဖက်မှာရှိနေတာကို Breech Position ခေါ်တယ်။ ၃-၄% သောကိုယ်ဝန်တွေမှာ တင်ပါးဆုံပြုနေတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၆)

သစ်ထူးလွင်



Thursday, June 9, 2016

"မြွေ နဲ့ အိမ်သာ"


သို၎ကန်.
.
ယိုးဒယားကလူ အိမ်သာတက်ရင်း ကွေးကျိကို မြွေကိုက်ခံရတဲ့သတင်း ဖတ်ပြီးကတည်းက ခုဆို ကိုယ့်မှာ အိမ်သာတက်တိုင်း ဖင်မလုံတော့ဘူး ဖြစ်နေတယ်။
ကိုယ်ကလည်း အိမ်သာတက်ရင် ကြာတတ်တဲ့လူ။
အိမ်သာထဲ တစ်ယောက်တည်း စကားပြောဖော်ကလည်း မရှိဆိုတော့ ဖုန်းလေးယူသွားပြီး ပွတ်တယ်။
ပြသနာက အိမ်က WIFI လေ
အိမ်သာရှေ့ထိ မိတယ်။

ရာဇဝင်ထဲက ဂန္ဓာဝင်များ ( ၁ ) • ရွှေဘ •

Music Crazy Te Te Tar Tar

မင်းသားကြီး “ရွှေဘ” ဆိုရင် ဒီခေတ်လူငယ်တွေ ကြားဘူးတဲ့သူ သိပ်မရှိလောက်တော့ဘူး။
ကျွန်တော်တို့ ငယ်ငယ်ကတော့ “ရွှေဘ” ဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ သိပ်ရေပန်းစားခဲ့တဲ့ အက်ရှင် မင်းသားကြီးပေါ့ဗျာ။ အထိုးအကြိတ် ၊ အသတ်အပုတ် ၊ ဆိုင်ကယ်စီး ၊ ဒိုင်ဗင်ပစ် ၊ အကြမ်းအရမ်းအစုံအလင်ကို လူစားမထိုးဘဲ ကိုယ်တိုင် သက်စွန့်ဆန်ဖျား ရိုက်ကူးခဲ့တဲ့ မင်းသားကြီးပေါ့ဗျာ။
ရုပ်ကလည်း နှာတံပေါ်ပေါ် ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း ၊

အမျိုးသမီးတွေ ဘာကြောင့် အချစ်ကို စိတ်ကုန်သွားတာလဲ ...


အမျိုးသမီးတွေ ဘာကြောင့် အချစ်ကို စိတ်ကုန်သွားတာလဲ ... Love ထိလွယ် ၊ ရှလွယ် ၊ ခံစားလွယ်တတ်တဲ့ သူမတို့ဟာ အချစ်ကိုလည်း ဘ၀တစ်ခုရဲ့ အရှင်သခင်အလား ကိုးကွယ်တတ်ကြပါတယ်။ ချစ်မိတဲ့အခါ အများကြီးလည်းချစ်သလို အများကြီးလည်း မျှော်လင့်တတ်ကြပါတယ်။ ဒီလိုမျှော်လင့်ချက် ကြီးကြီးထားမိတဲ့အတွက် ရသမျှနဲ့ မရောင်ရဲနိုင်ဘဲ မျှော်လင့်ထားတာနဲ့ လွဲတဲ့အခါမျိုးတွေမှာဆို အချစ်ကို တဖြည်းဖြည်း စိတ်ကုန်လာပြီး နောက်ဆုံးမှာတော့ စွန့်ခွာသွားမိကြပါလိမ့်မယ်။

ယိုးဒယားက ပြည့်တန်ဆာလုပ်ငန်းအကြောင်းတစေ့တဇောင်း .. (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Demo Wai YanFollow

ဘန်ကောက်အနိပ်ခန်း မှာ ၉၀ %က မြန်မာမလေးတွေဖြစ်နေ။
မျိုးချစ်အော်နေတဲ့အဖွဲ့ တွေ ဘာပြောချင်ကြသလဲ။
နိုင်ငံခြား NGO အဖွဲ့ က..သတင်းပေးလို့  ထိုင်းအထူးရဲ တပ်ဖွဲ့ က ဝင်ရောက်ဖမ်းဆိးတာပါ ။
တနေ့ က ကိုမင်းကိုနိင်ရဲ့ ကဗျာ…ဒုတိယအပိုဒ်မှာ.. ပရိက္ခရာဖိုးထက် မဏ္ဍပ်ဖိုးကပိုများ.. အခန်းနားမှုး မိုက်က ပိုအသံကျယ်ဆိုတာ.. ဒါမျိုးကိုပြောတာ။
အမျိုးဘာသာ.. သာသနာ အော်နေသူတွေ.. ထိုင်းက မြန်မာတွေ မတရားဖိနိပ်ပြီး ကျွန်လို အခိုင်းခံနေရတာမှာ..ကယ်ဆယ်နေတဲ့အဖွဲ့ တွေရှိပါတယ်။ ထိုအဖွဲ့ တွေကို..ဆက်သွယ်ဖူးရဲ့ လား။ ငွေကြေးထောက်ပံ့ဖူးရဲ့ လား။

English Speaking - Business Expressions (3)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

(21) I’m not free until 6.
ကျနော်က ၆ နာရီ မတိုင်မီ အထိ မအားပါဘူး
6 시 이후에나 시간니 납니다.
.
(22) Is one o’ clock okay for you?
၁ နာရီထိုး မှာဆို ခင်ဗျားအတွက် အဆင်ပြေမလား
1시는 괜찮은가요?
.
(23) I am sorry but I can’t.
စိတ်မကောင်းပါဘူးဗျာ ၊ ကျနော် မရပါဘူး ( ချိန်းဆိုချက်ပေးလို့ )
미안하지만 안되겠어요.

ဒုတိယအကြိမ် တင်ပေးလိုက်တယ်

Maung Tun Wai

င်္Facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။
ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်သူငယ်ချင်းတို့အကောင့် တွေဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့  ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူး။
တချို့သူငယ်ချင်းတွေဆို Like မရတာတို့...Security Code တောင်းပြီး FB သုံးမရတော့တာတွေရယ်..Account Hack ခံရတာတွေမကြုံရအောင် ကိုယ့်ရဲ့ Facebook Setting ထဲဝင်ပြီးလုံခြုံရေးစနစ်တွေတိုးမြင့်ထားလို့ရတယ်...

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၆)

သစ်ထူးလွင်


စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...