Tuesday, June 28, 2016

ဘယ်လိုတာဝန်ယူနိုင်မလဲ

Aung San Oo

Byခိုင်ကြည်သစ်On Tue, 2016-06-28 06:30Issue No.No.1133 Tuesday, June 28, 2016
7 Day News
(၁)
စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်တန်းတွေ ပို့ချပေးဖို့ ကျေး လက်ဒေသတွေဆီ ခရီးထွက်နေ တဲ့ ရက်ပိုင်းတွေအတွင်း သမီးဖြစ် သူကို လွမ်းတဲ့စိတ်ကို သမီးငယ် ရဲ့ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုဖိုင် လေးတွေ ဖွင့်ကြည့်ရင်း ဖြေ ဖျောက်ရပါတယ်။ ဆင်လိုလို၊ နွား လိုလို အရုပ်ကလေးတစ်ရုပ်ကို နို့စားနွားမကြီးလို သဘောထားပြီး ပုံးတစ်ပုံးနဲ့ နွားနို့ညှစ်တမ်းကစား နေတဲ့ သမီးငယ်ရဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရင်း သင်တန်းတွေမှာ မကြာခဏ ပြောဖြစ်လေ့ရှိတဲ့ "Attracting youth to engage in agriculture" လူငယ်မျိုးဆက် သစ်တွေကို စိုက်ပျိုးမွေးမြူရေး ကဏ္ဍတွေမှာ ပိုမိုပါဝင်လာဖို့ ဆွဲဆောင်စည်းရုံးခြင်းဆိုတာကို သတိရမိပါတယ်။ တစ်ချိန်တည်း မှာ မိသားစုနဲ့ ခွဲခွာပြီး ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်နေ ရသူတွေအတွက် ကိုယ်ချင်းစာနာ မိပြန်ပါတယ်။
(၂)
ကမ္ဘာ့လူဦးရေဟာ ပြီးခဲ့တဲ့ ၂၀၁၆ မတ်လမှာ သန်းပေါင်း ခုနစ်ထောင့်လေးရာ (၇ဒသမ ၄ ဘီလီယံ)ရှိတယ်လို့ တွက်ချက်ခဲ့ ကြပြီး လာမယ့် ၂၁၀၀ ပြည့်နှစ် မှာ သန်းပေါင်းတစ်သောင်းတစ် ထောင့်နှစ်ရာ (၁၁ ဒသမ ၂ ဘီလီ ယံ)ရှိလာမယ်လို့ ခန့်မှန်းတွက် ချက်ထားပါတယ်။ လာမယ့် ဆယ်စုနှစ်တွေမှာ တိုးပွားလာ မယ့် လူဦးရေကို လုံလောက်တဲ့ အာဟာရထောက်ပံ့မှု ပေးနိုင်ဖို့ အတွက် ဘာလုပ်ရမလဲဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးကို ခေါင်း ခြောက်စေတဲ့ မေးခွန်းပဲဖြစ်ပါ တယ်။
ကမ္ဘာ့လူဦးရေ တိုးတက်လာ မှုနဲ့ တစ်ဆက်တည်းမှာ တစ်ဦး ချင်းအသုံးပြုတဲ့ စားသောက်ကုန် ပမာဏ မြင့်မားလာနေပါတယ်။ ဘရာဇီးနိုင်ငံနဲ့ တရုတ်နိုင်ငံကိုဖယ်ပြီး ကျန်တဲ့ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသားစားသုံးမှုနှုန်းဟာ ၂၀၃၀ မှာလူတစ်ဦးကို တစ်နှစ် ၂၆ ကီလိုဂရမ် စားသုံးနိုင်ပြီး ၂၀၅၀ မှာတော့၃၂ ကီလိုဂရမ်အထိ မြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုစားသုံးမှုတိုးတက်လာခြင်းနဲ့ လူဦးရေ တိုးပွားလာခြင်းတွေကြောင့် ထုတ်လုပ်မှုကလည်း မြင့်မားဖို့ လိုအပ်လာပါတယ်။ ၁၉၉၉- ၂၀၀၁ မှာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အသားတန်ချိန်ပေါင်း ၂၂၉ သန်း ထုတ်လုပ်ခဲ့ပြီး ၂၀၅၀ မှာတော့နှစ်ဆတိုးပြီး ၄၆၅ သန်းအထိ ထုတ်လုပ်လာရမယ်လို့ခန့်မှန်းတွက်ချက်ထားပါတယ်။ ဒီလိုပဲနို့ထုတ်လုပ်မှုမှာလည်း တန်ချိန် သန်းပေါင်း ၅၈၀ ထုတ်လုပ်ရာကနေ တန်ချိန်သန်းပေါင်း ၁,၀၄၃ အထိ ထုတ်လုပ်ဖို့လိုအပ်လာမှာဖြစ်ပါတယ်။ သုတေသနပြု လေ့လာမှုတွေအရ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ တစ်နှစ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၈၃ ဘီလီယံဖိုး တိုးမြှင့်ထုတ်လုပ်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ ဆိုလိုတာကတော့ ကမ္ဘာကြီးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ဖို့ လိုအပ်လာနေပြီး စိုက်ပျိုးမွေးမြူရေး အခြေခံစီးပွားရေးဟာ အကျိုးစီးပွားဖြစ်ထွန်းဖို့ အလားအလာ ကောင်းတွေ (Potential)ရှိတယ် ဆိုတာပါပဲ။
(၃)
မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ပြန်လည်လေ့လာကြည့်ရင် စိုက် ပျိုးမွေးမြူရေးကဏ္ဍရဲ့ ထုတ်လုပ် မှုဟာ GDP ရဲ့ ၃၇ ဒသမ ၈ ရာ ခိုင်နှုန်းရှိပြီး လုပ်သားအင်အားရဲ့ ၇၀ ရာခိုင်နှုန်းကို အလုပ်အကိုင် ပေးထားတဲ့ အနေအထားရှိပါ တယ်။ ဒါ့အပြင် ပြည်ပပို့ကုန်က ရရှိတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၂၅-၃၀ ရာခိုင်နှုန်းကိုလည်း စိုက်ပျိုး မွေးမြူရေး ထွက်ကုန်တွေကနေ ရရှိနေတာဖြစ်တယ်လို့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကြီး (FAO)က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မြစ်ဝကျွန်းပေါ်ဒေသ အပူပိုင်းမိုးနည်းရပ်ဝန်း၊ ကမ်းရိုးတန်း ဒေသ၊ ကုန်းမြေမြင့်ဒေသ စသည်ဖြင့် မတူညီတဲ့ ပထဝီအနေအထားတွေရှိသလို မတူညီတဲ့ရာသီဥတု တွေကိုလည်း သဘာဝတရားက ပေးစွမ်းထားတာကြောင့် သီးနှံမျိုးစုံအောင် စိုက်ပျိုးထုတ်လုပ် နိုင်တဲ့ အခြေအနေတွေရှိနေပါ တယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ကို ဝယ်ယူစားသုံးမယ့် ဈေးကွက်တွေက နိုင်ငံပတ်ချာလည်မှာကို မနည်းလှပါဘူး။ တခြားနိုင်ငံတွေ ကို မေ့ထားပြီး တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်ခုတည်းရဲ့ စုစုပေါင်းလူဦးရေဟာ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၃၆ ဒသမ ၇ ရာခိုင်နှုန်း ရှိပါတယ်။
ဒီအချက်အလက်တွေကို အခြေခံစဉ်းစားမယ်ဆိုရင် မြန်မာ နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေး အခြေခံစီးပွားရေး လုပ်ငန်းနဲ့ အောင်မြင်ကြီးပွားအောင် ဆောင်ရွက်နိုင်မယ့် အားသာချက်တွေ၊ အခွင့်အလမ်းတွေ အများကြီးရှိနေပါတယ်။
(၄)
သို့သော်လည်းပဲ တစ်ဖက် မှာ စိုက်ပျိုးမွေးမြူရေး အခြေပြု စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးလာ ဖို့ အတားအဆီးတွေ၊ အခက်အခဲ တွေ အများကြီးရှိနေတုန်းပါ။ မျှတပြီး ခိုင်မာမှုရှိတဲ့ မြေယာမူဝါဒတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံသူတွေရဲ့ ဈေး ကွက် လက်ဝါးကြီးအုပ်မှုတွေကို ထိန်းကျောင်းတည့်မတ်မယ့် ဈေးကွက်မူဝါဒတွေ မချမှတ်နိုင် သေးတာ၊ စိုက်ပျိုးမွေးမြူရေး နည်း စနစ်တွေ တိုးတက်ကောင်းမွန် လာဖို့ ပညာပေးလုပ်ငန်းတွေ ထိ ထိရောက်ရောက် မဆောင်ရွက် နိုင်သေးတာ၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေကို ပြည်ပတင်ပို့ နိုင်ဖို့အထိ လုံလောက်တဲ့ အစား အသောက် ဘေးကင်းလုံခြုံမှု မြှင့် တင်ရေးအစီအမံတွေ၊ စည်းကမ်း နည်းလမ်းတွေ မချမှတ်နိုင်သေး တာ၊ ရာသီဥတုပြောင်းလဲမှုနဲ့ လိုက်လျောညီထွေရှိမယ့် စိုက်ပျိုး မွေးမြူရေးနည်းစနစ်နဲ့ မူဝါဒတွေ မရှိသေးတာတွေဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေပါပဲ။
စိုက်ပျိုးမွေးမြူရေးသမား စစ်စစ်တွေဟာ သူတို့ရဲ့ လုပ်ငန်း တွေကနေ ထိုင်သင့်လုံလောက် တဲ့ အမြတ်အစွန်းမရရှိကြပါဘူး။ ဒါကြောင့်ပဲ ကျေးလက်က လူငယ်တွေဟာ မိမိတို့ ချစ်မြတ်နိုးရာ မိသားစုနဲ့ မွေးရပ်မြေကို စွန့်ခွာပြီး မြို့ပြကြီးတွေနဲ့ အိမ်နီးချင်းနိုင်ငံ တွေမှာ အလုပ်သမား အဖြစ် သွားရောက်လုပ်ကိုင်ကြပါတော့ တယ်။ အကျိုးဆက်က ကျေး လက်မှာ လူငယ်တွေရှားပါးလာ ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း တွေကို လုပ်ကိုင်မယ့်သူတွေ လျော့နည်းလာပါတယ်။ တကယ် လို့သာ ကျေးလက်တွေမှာ အခြေ စိုက်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ် ငန်းတွေ ဖွံ့ဖြိုးလာခဲ့မယ်ဆိုရင် အလုပ်အကိုင်တွေကို ပြည်တွင်း မှာပဲ ဖန်တီးနိုင်မယ်ဆိုရင် ပြည်ပ မှာ အလုပ်သမားအဖြစ် သွား ရောက်လုပ်ကိုင်စရာ အကြောင်း မရှိပါဘူး။
(၅)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားများ အရေးနဲ့ပတ်သက်ပြီး ‘‘ဒီကို ရောက်နေတဲ့ ကျွန်မတို့ပြည်သူ တွေအတွက် မြန်မာနိုင်ငံမှာ တာ ဝန်ရှိတယ်ဆိုတာ အသိအမှတ်ပြု ပါတယ်။ ကျွန်မတို့နိုင်ငံသားတွေ လုပ်ကိုင်ကြတာတွေအတွက် ကျွန်မတို့ တာဝန်မရှိဘူးလို့ ဘယ် တော့မှ ပြောမှာမဟုတ်ပါဘူး။ ကျွန်မတို့ သူတို့ကို ဘယ်တော့မှ မစွန့်လွှတ်ပါဘူး။ သူတို့ကို ဘယ် တော့မှ လျစ်လျူရှုမှာ မဟုတ်ပါ ဘူး။ သူတို့ဟာ ကျွန်မတို့ တာဝန် ပါ။ အဲဒါကို ကျွန်မတို့ တာဝန်ယူ ရတာ ဂုဏ်ယူပါတယ်’’လို့ဆိုပါ တယ်။
အခြေတည်ပြီးသား စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေကိုသာ မြှင့်တင်အားပေးနိုင်မယ်ဆိုရင် ပြည်ပရောက် မြန်မာအလုပ်သမားတွေ ကိုယ့်နိုင်ငံကို ပြန်လာပြီး နိုင်ငံသစ်ထူထောင်ရေးမှာ ပါဝင် လာနိုင်စေဖို့ တခြားလုပ်ငန်းတွေထက်ပိုပြီး အလားအလာ ကောင်းတွေ ရှိနေပါတယ်။ သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာလုပ်သား အင်အားကို ပြည်တွင်းကို အလျင်မြန်ဆုံးနဲ့ အလွယ်ကူဆုံးပြန်လည်စီးဆင်းစေနိုင်ဖို့ သူတို့ကိုတာဝန်ယူနိုင်ဖို့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အားပေးကူညီမယ့် နိုင်ငံတော်ရဲ့မူဝါဒဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အပံ့တွေ အလျင်အမြန် လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...