ဟာသစုစည်းမှု (၁၅-၆)
Zaw Min Latt
" #ခု မှ ပဲ ဆ န္ဒ ပြည့် တယ်.. "
မိမိနှင့် အသက်ရွယ်တူ အဖိုးကြီး တစ်ဦးအား ထိုးကြိတ်မှုဖြင့် အသက် ၇၀ အရွယ်

အဖိုးကြီး တစ်ဦးကို ရုံးတင် စစ်ဆေးသည် ။ တရားသူကြီးက မေးသည် ။
" ဒီလောက် အသက်ကြီးမှ လူကြားမကောင်း သူ ကြားမကောင်း အရွယ်တူ အဖိုးကြီးကို
ထိုးကြိတ်သတဲ့.. ၊ ဘာဖြစ်လို့  ဒီလို လုပ်ရတာလဲ.. "
" သူ့ ကို ထိုးချင်နေတာ ကြာပြီ...၊ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကတည်းကပဲ..၊
ဒါပေမဲ့
ဆန္ဒ မပြည့်ခဲ့ဘူး..။ အမြဲတမ်း အတားအဆီး တစ်ခုခု ရှိနေခဲ့တယ်..၊ သူက ထောင်ထဲ
ရောက်လိုက် .. ကျနော်က ထောင်ထဲ ရောက်လိုက်နဲ့ .. "
Credit- Tun Aye
" ငွေ ရ တု "(စတာပါ စတာပါ အတည်ပါ.....စိစိစိ)
မန်းလေးရှိ ကုမ္ပဏီတစ်ခု၏ မန်နေဂျာသည် ၀န်ထမ်းအားလုံးကို စုရုံးစေကာ
အောက်ပါအတိုင်း ပြောသည် ။

" လာမဲ့ ရက်အနည်းငယ်အတွင်းမှာ ကျနော်တို့  ကုမ္ပဏီဟာ ၂၅ နှစ် ပြည့်တော့
မယ်..၊ ဒီ နှစ်ပတ်လည်နေ့ ကို ကျနော်တို့  ထိုက်ထိုက်တန်တန် ကျင်းပရမှာဖြစ်
တယ်..၊ ဒါကြောင့် ဘယ်လို ကျင်းပရင် ကောင်းမလဲ ဆိုတာနဲ့  ပတ်သက်ပြီး အ
ကြံဉာဏ် ပေးကြစေချင်တယ်..။ ဒါပေမဲ့ ဒီ ငွေရတုပွဲဟာ ပိုက်ဆံ အကုန်အကျ
များလို့  မဖြစ်ဘူး...။ ဒါပေမဲ့ တစ်နိုင်ငံလုံးက ကုမ္ပဏီ အကြောင်းကို ပြောစမှတ်
ဖြစ်ရမယ်..။ ၀န်ထမ်းအားလုံးကလည်း ကျေနပ်အားရ ဖြစ်စေရမယ်..။ ကိုင်း....
အကြံဉာဏ်များ ပေးကြပါ......"
အချိန် အနည်းငယ် အကြာတွင် အခန်းထောင့် တစ်နေရာမှ ၀န်ထမ်း တစ်ဦး နေရာ
မှ ထသည် ။
" ကျနော့်ဆီမှာ အကြံဉာဏ် တစ်ခု ပေါ်လာပါတယ်.... "
" ပြော ပါ "
" မန်းမြန်မာ (၂၅)ပေါ်ကနေ မန်နေဂျာကြီး ခုန်ချလိုက်ပါ ။ ဒီအတွက်မြန်မာ တစ်နိုင်ငံလုံးကလည်း ခုန်ချ
တဲ့ အကြောင်းနဲ့  ကျနော်တို့  ကုမ္ပဏီ အကြောင်းကို ပြောကြမှာ သေချာတယ်.။ အဲ
ဝန်ထမ်းတွေရဲ့  ကျေနပ်အားရမှုကတော့ ဘယ်လိုမှ မဖော်ပြတတ်အောင်ပါပဲ "
ကိုးကား= ကိုထွန်းအေး......

0 comments:
Post a Comment