Thursday, June 9, 2016

"မြွေ နဲ့ အိမ်သာ"


သို၎ကန်.
.
ယိုးဒယားကလူ အိမ်သာတက်ရင်း ကွေးကျိကို မြွေကိုက်ခံရတဲ့သတင်း ဖတ်ပြီးကတည်းက ခုဆို ကိုယ့်မှာ အိမ်သာတက်တိုင်း ဖင်မလုံတော့ဘူး ဖြစ်နေတယ်။
ကိုယ်ကလည်း အိမ်သာတက်ရင် ကြာတတ်တဲ့လူ။
အိမ်သာထဲ တစ်ယောက်တည်း စကားပြောဖော်ကလည်း မရှိဆိုတော့ ဖုန်းလေးယူသွားပြီး ပွတ်တယ်။
ပြသနာက အိမ်က WIFI လေ
အိမ်သာရှေ့ထိ မိတယ်။

အိမ်သာထဲဝင်လိုက်ရင် လိုင်းပျောက်ကရောပဲ
အိမ်သာတံခါးလေး ဖွင့်ထားရင် လိုင်းနည်းနည်းမိတယ်။
ဆိုတော့...
နေ့ခင်းဖက် အိမ်မှာလူမရှိရင် အိမ်သာတံခါးဖွင့်ပြီးထိုင်တယ်၊
ညဖက်ကျတော့ အိမ်မှာလူရှိနေလည်း အိမ်သာမီးပိတ်ပြီး တံခါးဖွင့်ထိုင်တယ်။
လိုင်းမိအောင်လို့လေ။
ခုတော့...
ယိုးဒယားမြွေသတင်း ကြားပြီးကတည်းက မီးမပိတ်ရဲတော့ဘူး။
မထိုင်ခင် အိမ်သာအိုးထဲ သေချာကြည့်တယ်၊
ရေအရင်ဆွဲချတယ်။
စိတ်ချရမှ ထိုင်တယ်။
ကိုယ်က ယောက်ျားလေးဆိုတော့ ဂရုစိုက်မှ တန်ကာကျမယ်။
မိန်းကလေးတွေက အိမ်သာတက်ရင်း မြွေပေါက်ခံရရင်တောင် မသကာ တင်ပါးပေါ့။
ယောက်ျားလေးကျတော့ မတူဘူး။
တပန်းရှုံးတယ်။
ဟိုအကောင်ရှည်က အိမ်သာအိုးထဲကနေ လှမ်းပေါက်ရင် သူနဲ့အနီးဆုံးဟာကို ပေါက်မှာလေ
ဘယ်ဟာအနီးဆုံးဖြစ်နေမလဲ စဉ်းစားကြည့်။
ပြီးတော့...
သူနဲ့ပုံစံတူတဲ့ဟာကို ပေါက်ရမှာဆိုတော့ အကြံတူရန်သူမှတ်ပြီး အညိုးနဲ့ မလွတ်တမ်းခဲထားရင် သွားပြီ။
မြွေပေါက်ခံရလို့များ ငယ်ငယ်က ကြက်ခြေနီသင်တန်းတက်တုန်း သင်ခဲ့ရတဲ့နည်းနဲ့ သွားကုလို့ ရမှာမဟုတ်ဘူး။
ကြက်ခြေနီနည်းက ဒီလိုလေ... ...
မြွေကိုက်ခံရတဲ့ ဒဏ်ရာအထက် လက်လေးလုံးခန့်မှာ ကြိုးစည်းပါတဲ့။
အဲ့မှာ ခက်တာပေါ့
ကိုယ့်ရှိစုမဲ့စုက ဘယ်မှာလာပြီး လက်လေးလုံး ရှိမတုံး။
မရှိ ရှိတဲ့နေရာ ချည်ကွာ ဆိုပြန်ရင်လည်း မြွေကိုက်ခံရလို့ နာတာက နည်းနည်းရယ်၊ ကြိုးချည်တဲ့ဒဏ်နဲ့ လည်ပင်းအစ်ပီးတေမှာ။
မြွေပေါက်တဲ့ အစွယ်နေရာကို ဘလိတ်ဓားနဲ့ ကြက်ခြေခတ်ခွဲရမယ်... တဲ့။
အမလေး... စဉ်းစားကြည့်ယုံနဲ့ ကြက်သီးထတယ်။
မြွေကိုက်ရာ ခွဲရင်းနဲ့များ လက်လွန်သွားလို့ကတော့ သို၎ကန် ဘဝကနေ သိုထက်ထက်ကန် ဖြစ်သွားမယ်။
ဆိုတော...
အကောင်းဆုံး မြွေအန္တရာယ်ကင်းစင်ရေးနည်း စဉ်းစားမိတယ်။
အင်းအင်းပါချင်ရင် အိမ်သာထဲထိ မသွားနဲ့၊
ကိုယ့်အခန်းထဲတင် သတင်းစာခင်းပြီးပါ။
ကိစ္စပြီးတာနဲ့ အထုပ်ကိုသေချာထုပ်၊
ရန်ကုန်မှာဆို နောက်ဖေးလမ်းကြားထဲပစ်ချလိုက်။
စလုံးကလူတွေကတော့ မီးဖိုချောင်ထဲက အမှိုက်ပစ်ပေါက်ကနေ ပစ်ချလိုက်ယုံပဲ။
ရှုးပေါက်ချင်ရင်လည်း လွယ်တယ်။
ရေသန့်ပုလင်းလွတ်တွေ ရှာထား။
ပုလင်းထဲ ပေါက်ချ။
အဲ...
ပုလင်းထဲ ရှုးပေါက်ထည့်တဲ့ ကိစ္စကျတော့ ယောက်ျားလေးတွေက တပန်းသာသွားပြီ။
မိန်းကလေးတွေကျတော့ နည်းနည်းခက်တယ်၊ ကျွမ်းကျင်မှုလိုတယ်။
မဟုတ်ရင်... မင်းသမီးအမေကြီး ရှုးပေါက်သလိုဖြစ်မှာ စိုးရတယ်။
ဟီ ဟိ...
ပြောပြအုံးမယ် မင်းသမီးအမေ ရှုးပေါက်တဲ့အကြောင်းကို။
တရက်...
မင်းသမီးလေးက ဇာတ်ကဖို့ ခရီးထွက်သွားတော့ အိမ်မှာ သူ့အမေကြီးတစ်ယောက်တည်း ကျန်ခဲ့တယ်တဲ့။
ညဘက်ရောက်တော့ လေကြီးမိုးကြီးတွေကျရောတဲ့။
အရေးထဲကျမှ ရှုးက ပေါက်ချင်လာရောတဲ့။
ခက်တာက အိမ်သာက အိမ်အပြင်ဘက် ခြံဝင်း နောက်ဖက်မှာတဲ့။
ကြောက်ကလည်း ကြောက်တတ်တဲ့သူဆိုတော့ ရှုးသွားမပေါက်ဘဲ အောင့်ထားသတဲ့။
ဘယ်လိုမှ မအောင့်နိုင်တဲ့အဆုံး အခန်းထဲမှာတွေ့တဲ့ ပုလင်းလွတ်ထဲ ပေါက်ချဖို့ ကြိုးစားသတဲ့။
သိတဲ့အတိုင်း... မိန်းမသားဘဝ ပုလင်းထဲ ရှုးပေါက်ထည့်ဖို့ ဘယ်လွယ်မှာတုံး။
မရမကနဲ့ အတင်းကြိုးစားနေတုံး.... "ဒိန်း"ကနဲ အပြင်မှာ မိုးကြိုးပစ်ချသံကြားလိုက်တော့... လန့်ပြီးပေါက်ချလိုက်တာ ပုလင်းထဲ ရှုးရှုးမဝင်ဘဲ၊ ရှုးရှုးထဲ ပုလင်းဝင်သွားပါလေရောတဲ့။
အေးတာပဲ
အလကားနောက်တာပါဗျာ
မန္တလေးက လူရွှင်တော်တွေ ပျက်လုံးထုတ်တဲ့ဟာကို ပြန်ပြောပြတာပါ။
ကိုယ်က ငယ်သေးတော့ ဘာပြောမှန်း သိပ်မသိပါဘူး။
.
.
ဒါပါပဲ
Site ထဲ မိုးတွေ သည်းသည်းမည်းမည်းရွာနေတော့ ဘာအလုပ်မှ မရှိလို့ ပေါက်ကရရေးလိုက်တာပါ။
သည်းခံပြီး ဖတ်ကြပေါ့။
.
.
သို၎ကန် - ပေါက်ကရ၄၀
https://www.facebook.com/tholaykan

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...