သစ်ထူးလွင် သတင်းစုစည်းမှု (၉-၆)
သစ်ထူးလွင် |
- မြန်မာ-ထိုင်း အငြင်းပွား နယ်နိမိတ် ပြန်မသတ်မှတ်ရသေးမီ ဘုရားသုံးဆူဂိတ် ဖွင့်မည် မဟုတ်
- ဆီဘောက်ဆာကား ကန့်လန့်ခံနေ၍ ဂုတ်တွင်းတွင် ကားပိတ်နေ
- ပြည်သူများ၏ ယုံကြည်မှုရရှိအောင် မဆောင်ရွက်နိုင်ပါက ကျောက်တော်မြို့နယ်မှ ရခိုင်အမျိုးသားပါတီဝင်များ ပါတီဝင်အဖြစ်မှနှုတ်ထွက်မည်ဟုဆို
- ကျောက်ခုတ်တွင် လေဆင်နှာမောင်းတိုက်၍ နေအိမ် ၃၄ လုံး ပျက်စီးကာ လူ (၁)ဦး ဒဏ်ရာရ
- ဦးနှောက်မပြည့်သည့် အမျိုးသမီးအား အိမ်နီးနားချင်းမှ သားမယားအဖြစ်ပြုကျင့်
- ကောလင်းမြို့နယ်မှာ အိမ်ခြေ ၄ ထောင် ရေနစ်မြုပ်
- လူမိုက်ဆန်ဆန် ရန်လိုနေသည့် ၁၀၇ ယာဉ်လိုင်းမှ စပယ်ယာနှင့် facebook ပေါ်မှ ရိုက်ခတ်သံ
- ရန်ကုန် အများပိုင် ဘက်စ်ကားမှတ်တိုင်အချို့ ဖျက်ဆီးခံရ
- TNLA လက်နက်ကိုင်အဖွဲ့မှ ခရီးသည်မှန်လုံယာဉ်များထံမှ ခြိမ်းခြောက်ငွေတောင်းခံ
- ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် မြေလင်းဒေသတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် လူ(၂)ဦးသေဆုံး အဆောက်အဦအချို့ပျက်စီး
- ဝန်းသိုမြို့၌ ရေကြီးရေလျံမှုဖြစ်ပွား
- အရှိန်လွန်ကား ချောက်ထဲထိုးကျ ဘုန်းကြီး(၄)ပါး ပျံလွန်တော်မူပြီး (၁)ပါး (စိုးရိမ်ရ)
- သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ ကိုယ်ဝန်ရစေသည့် ဖခင်အရင်းအား အမှုဖွင့် တိုင်ကြား
- ပါကစ္စတန်တွင် သဘောမတူသူနှင့် ခိုးရာလိုက်ပြေးသည့် မိန်းခလေးကို မိခင်နှင့်အစ်ကိုက မီးရှို့သတ်
- ဘာလီကျွန်းတွင် ၆.၂ ပြင်းအားရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် မထုတ်ပြန်သေး
-
အိန္ဒိယနိုင်ငံသားပေါင်းများစွာ
သည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကုသရန် အတွက် ငါးအရှင်မျိုသည့် ကုထုံးအား ခံယူရန် စုရုံး - တကောင်းလမ်းဆုံတွင် ကုန်တင်ယာဉ်တစ်စီးတိမ်းမှောက် လူအသေ အပျောက်မရှိ
- ကသာခရိုင်၊ ၀န်းသိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ရေများဝင်ရောက်
- ထိုင်းအနှိပ်ခန်းမှာ အဖမ်းခံရသူတွေထဲ အသက်မပြည့်တဲ့ မြန်မာအမျိုးသမီးတွေ ပါဝင်
- စံချိန်မမီတဲ့ပစ္စည်းတွေ မြန်မာပြည်တွင်း ၀င်ရောက်လာမှုပြသနာ Paris မှာတင်ပြ
- မျှော်လင့်လိုက်ပါ
- Tel Aviv မြို့လယ်မှာ သေနတ်သမား ပစ်ခတ်
-
နိုင်ငံသားစိစစ်ခံရမည့်သူတွေအတွ
က် သက်သေခံကဒ်ပြား ရခိုင်ပြည်နယ်မှာ စတင်ထုတ်ပေး - ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
- ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေတွင် မော်တော်ဘုတ်နှစ်စင်းတိုက်မိ လူနှစ်ဦးသေဆုံး
Posted: 09 Jun 2016 07:04 AM PDT
ပြည်သူ့ လွှတ်တော် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)
နေပြည်တော်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
၂၀၀၇ ခုနှစ်မှစပြီး ၁၀ နှစ်ကြာ ပိတ်ထားသည့် မြန်မာ-ထိုင်း နယ်စပ်ရှိ
ဘုရား သုံးဆူ မြို့  နယ်ခြားဂိတ်ကို ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်
မရှိသေးကြောင်း၊ နိုင်ငံတကာ ဥပဒေအရ အတိအကျ တိုင်းတာ သတ်မှတ် မှု
မပြုလုပ်ရသေးသည့် ဘုရားသုံးဆူ နယ်စပ်ဒေသ အငြင်းပွား နယ်နိမိတ်ကိစ္စအား
ပြီးပြတ် အောင် မဆောင်ရွက်ရသေးသောကြောင့် ဖြစ်ကြော
|
Posted: 09 Jun 2016 05:09 AM PDT
ကျောက်မဲ ၊ ဇွန် ၉ ။
ယနေ့ (ဇွန်၉ )ညနေ ၃ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-
မူဆယ်လမ်းပေါ်ရှိ ၊ ဂုတ်တွင်းလမ်း နောင်ချိုဘက်ခြမ်း ကုလားမကွေ့ မိုင်တိုင်
၈၃/၃နှင့်၎ အကြားတွင် နောင်ချိုဘက်မှကျောက်မဲဘက်သို့ေ
|
Posted: 09 Jun 2016 04:58 AM PDT
ဇွန် ၉ / DNJ
ရခိုင်အမျိုးသားပါတီဗဟိုဌာနချု
|
Posted: 09 Jun 2016 04:56 AM PDT
June 9 , 2016
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ရန်တိုင်အုပ်စု ကျောက်ခုတ်ကျေးရွာတွင်
ယနေ့ ဇွန်လ ၉ ရက်နေ့က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့ပြီး
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင်
|
Posted: 09 Jun 2016 04:49 AM PDT
ဘားအံ ဇွန် ၉
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ တန်(၄၀၀၀)ဘိလပ်မြေစက်ရုံဝင်းတွ
|
Posted: 09 Jun 2016 04:21 AM PDT
(စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တို့မှာ မိုးဆက်တိုက်ရွာပြီး
ရေကြီးရေလျှံနေမှုကို ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်) Photo: Kawlin Development
Parahita Network (facebook)
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်တို့မှာ မနေ့ညက
မိုးဆက်တိုက်ရွာပြီး ရေကြီးလာတာကြောင့် နေအိမ် ၄ထောင်ကျော် ရေနစ်မြုပ်သလို
ဒေသခံ နှစ်ဦး သေဆုံးခဲ့ပါတယ်။
ဝန်းသိုမြို့က ၇ မိုင်တံတားကျိုးကျတာကြောင့် အမျိုးသား
|
Posted: 09 Jun 2016 03:44 AM PDT
ပြတ်ပြတ်သားသား အရေးယူဖို့ လိုပြီ
၉.၆.၂၀၁၆ နေ့ လည် ၃း၁၇ မိနစ်အချိန်တွင် ရန်ကုန်မြို့ ရတနာလမ်းမကြီးနှင့်
သံသုမာလမ်း မီးပွိုင့်ဒေါင့် တစ်နေရာတွင် အနောက်ပိုင်းခရိုင် ၁၀၇
ယာဉ်လိုင်းမှ စပယ်ယာတစ်ဦး စတီးပိုက်လုံးကိုင်၍ ဆဲဆိုကာ လူမိုက်ဆန်ဆန်
ရန်လိုနေသည်ကို တွေ့ခဲ့ရပါသည်။
လူမှု့ကွန်ယက် စာမျက်နှာများပေါ်၌ မော်တော်ယာဉ်မောင်းအချို့နှင့်
စပါယ်ယာတစ်ချို့ တို့  ခရီးသည်များ အပေါ်၌ ၎င်း လမ်းသွားလမ်းလာ ပြည်
|
Posted: 09 Jun 2016 03:29 AM PDT
9-6-2016
YBPC ၏အသုံးပြုလျှက်ရှိသော(Both)များ
|
Posted: 09 Jun 2016 03:20 AM PDT
ဇွန်-၉၊
၂၀၁၆
ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာ
လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၇/၂)နှင့်
(၂၃၇/၃)ကြားတွင် သေနတ် ကိုယ်စီကိုင်ထားသော TNLA/PSLF ပလောင်တပ်သား အင်အား
၅၀ ဦးခန့်သည် မူဆယ်မြို့မှဆင်းလာသော ခရီးသည်များတင်ဆောင်လာသည့်
မှန်လုံယာဉ် ၃ စီးအား တစ်စီးလျှင် (၁)သိန်းကျပ်စီ ခြိမ်းခြောက်၍
ငွေကောက်ခံသွားကြောင်း သိရှိရသည်။
ယင်းသတင်းကြောင့် လားရှိုြး
|
Posted: 09 Jun 2016 03:03 AM PDT
ကသာ ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင် မိုးသည်း ထန်စွာ
ရွာသွန်းမှု ကြောင့် ဇွန်လ(၉)ရက်နေ့က ပင်လည်ဘူးမြို့နယ် မြေလင်းဒေသရှိ
ခံစားချောင်းရေ လျှံမှုဖြစ်ပွားခဲ့ပြီး လူ(၂)ဦး သေဆုံးကာ ပျက်စီးမှု အချို့
ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေလင်းဒေသရှိ ချောင်းရေလျှံပြီး ရေကြီးမှု ဖြစ်စဉ်ကြောင့်
လူနေအိမ်(၁) အိမ်၊ ဈေးဆိုင်ခန်းများ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ
မုဒ်ဦးနှင့်ေ
|
Posted: 09 Jun 2016 02:59 AM PDT
ဝန်းသို ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်း
ခဲ့ခြင်းကြောင့် ဇွန် ၉ ရက် နံနက် ၃ နာရီက ရေကြီးရေလျံမှုများ
ဖြစ်ပေါ်ခဲ့သည်။
ရေကြီးရေလျံမှုများကြောင့် ဆီဆုံကုန်း၊ ကျမိုင်းကုန်း၊ ပုဇွန်တောင်၊
အရှေ့ဈေး၊ ဥယျာဉ်တော်၊ ကြိုးကြာ ကွင်းစသည့်မြို့ ပေါ်ရပ်ကွက်များနှင့်
မန်ကျည်းကုန်း၊ မြိုင်ဇေယျာ၊ဇီးဖြူပင်၊ ဂွေ့ကြီး၊ လက်ပံကြီးတော၊ အုတ်ဖို၊
သရက်အိုက်၊ရှမ်းစု၊ ခြေယားကုန်း၊
|
Posted: 09 Jun 2016 03:03 AM PDT
၂၀၁၆ခုနှစ် ဇွန်လ(၈)ရက်နေ့ ညနေပိုင်း၌ ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို
့နှင့် နမ့်ဆန်မြို့ အစပ် ပန်လုံမှလေလုသို့ မောင်းနှင်သွားသော ယာဉ်အမှတ်
၁ခ/၁၅၁၅ သည် အရှိန်မထိန်းနိုင်ပဲ ပေ(၂၀၀)ခန့်နက်သည့်ချောက်ထဲသို့
ထိုးကျခဲ့ရာ ဘုန်းကြီး(၄)ပါးပျံလွန် တော်မူပြီး (၁)ပါးမှာ သီပေါဆေးရုံသို့
(စိုးရိမ်ရ)ဒဏ်ရာများဖြင့်ဆေးဝါ
|
Posted: 09 Jun 2016 02:27 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် အသက် ၆၀
ကျော် ဖခင်ရင်းဖြစ်သူသည် ၁၆ နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ပြီး
ကိုယ်ဝန်ဆောင် မီးဖွားခဲ့ရသည့်အတွက် ဇီးကုန်းရွာရှိ ရဲစခန်းတွင် ဇွန်လ ၇
ရက်နေ့က သမီးဖြစ်သူ ကိုယ်တိုင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
"ဖခင်အရင်းက သမီးဖြစ်သူကို သားမယား ပြုကျင့်ခဲ့တာပါ။ မိခင်ကွယ်လွန်ပြီး
ကလေးမလေး အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်လောက် အရောက်က
|
Posted: 09 Jun 2016 02:27 AM PDT
အစ္စလာမ်မာဘတ်၊ ဇွန်-၉
ပါကစ္စတန်မိန်းမငယ်တစ်ဦးကို မိသားစု၏ ဆန္ဒနှင့်ဆန့်ကျင်ပြီး
အမျိုးသားတစ်ဦးကို လက်ထပ်လိုက်သည့်အတွက် မိခင်ဖြစ်သူနှင့် အစ်ကိုတို့က
မီးရှို့သတ်ဖြတ်လိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဇီးနတ် ရာဖစ် (၁၈နှစ်)မှာ ခိုးရာလိုက်ပြေးသွားခဲ့သော်လည်း
စေ့စပ်၍ရလိမ့်မည်ဟူသော အထင်ဖြင့် လာဟိုးရှိ မိသားစုနေအိမ်သို့
ပြန်လာခဲ့သည်ဟု ပန်ဂျပ်ရဲအရာရှိ နဘီးလာ ဂါဇန်ဖာက ပြောကြားခဲ့သည်။
သို့ရာတွင်
|
Posted: 09 Jun 2016 02:13 AM PDT
ဘာလီကျွန်း မြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)
ဂျကာတာ၊ ဇွန် ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ခရီးသွားဧည့်သည် အပန်းဖြေကြသည့်
ဘာလီကျွန်း၌ ဇွန်လ ၉ ရက်က ပြင်းအား ၆.၂ ရစ်ခ်ျတာ စကေးရှိ
ငလျင်လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်ကိုမူ ထုတ်ပြန်ထားခြင်း
မရှိသေးကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်းက ပြောသည်။
ယင်း ငလျင်မှာ ဒေသစံတော်ချိန် နံနက် ၁၁း၁၃ နာရီအချိန်တွင် ကလန်းကွန်းမြို့၏
|
Posted: 09 Jun 2016 02:10 AM PDT
ငါးအရှင်မျိုသည့် ကုထုံး ခံယူနေသည့် အိန္ဒိယနိုင်ငံသား တစ်ဦးအားတွေ့ရစဉ်
(ဆင်ဟွာ)
အိန္ဒိယ၊ ဇွန် ၉ ရက် (ဆင်ဟွာ)
ပန်းနာ၊ ရင်ကျပ်နှင့် အခြား အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ
ခံစားနေရသည့် အိန္ဒိယနိုင်ငံသား ၃၀၀,၀၀၀ ခန့်သည် ငါးအရှင်မျိုသည့် ကုထုံးအား
ခံယူရန် အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ် Hyderabad မြို့ရှိ
ရင်ပြင်သို့ ဇွန်လ ၈ ရက်က စုရုံးရောက်ရှိလာခဲ့ကြောင်း ပြည်တွင်း
မီဒီယာများက
|
Posted: 08 Jun 2016 09:21 PM PDT
တကောင်း၊ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် တကောင်းမြို့
အဝင်လမ်းဆုံတွင် ဇွန်လ ၈ ရက်၊ နံနက် ၈ နာရီ အချိန်က မန္တလေးမှကသာ ဘက်သို့
လူသုံးကုန်ပစ္စည်းများတင်မောင်းန
|
Posted: 08 Jun 2016 07:32 PM PDT
ကောလင်းမြို့ ၂၀၁၆ မှာ ပထမဆုံး ရေကြီးမှုမြင်ကွင်း။ ဓါတ်ပုံ - Sai Wunna
ကောလင်းမြို့ ၂၀၁၆ မှာ ပထမဆုံး ရေကြီးမှုမြင်ကွင်း။ ဓါတ်ပုံ - Sai Wunna
ကောလင်းမြို့ ၂၀၁၆ မှာ ပထမဆုံး ရေကြီးမှုမြင်ကွင်း။ ဓါတ်ပုံ - Sai Wunna
ကသာ၊ ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ၀န်းသိုမြို့နယ်တွင် မိုးသည်းထန်စွာ
ရွာသွန်းခဲ့မှုကြောင့် ဇွန်လ(၉) ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က
ဝန်းသိုမြို့ပေါ်ရှိ လူနေရပ်ကွက် အ
|
Posted: 08 Jun 2016 07:05 PM PDT
Nataree အနှိပ်ခန်း ထိုင်းရဲဝင်စီးစဉ် (Photo Credit: CJ)
ထိုင်းနိုင်ငံ ဘန်ကောက်ပိုင် ဟွေ့ခွမ်မြို့နယ်ထဲမှာ လူကုန်ကူးခံရပြီး
ပြည်တန်ဆာရုံမှာ ရောင်းစားခံရတဲ့ မိန်းကလေးတွေကို ထိုင်းလူကုန်ကူးမှု
တိုက်ဖျက်ရေး ရဲတွေက ၀င်ရောက် စီးနင်းဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ့
မိန်းကလေးတွေ အပါအ၀င် မိန်းကလေး ၁၂၀ ကျော်ထဲမှာ အများစုဟာ
မြန်မာမိန်းကလေးတွေ ဖြစ်နေကြပါတယ်။ သူတို့ထဲကတချို့ဟာ
ရောင်းစားခံနေရကြောင်းကို အပြင်မှာ
|
Posted: 08 Jun 2016 07:02 PM PDT
မြန်မာနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံတွေက ဝင်ရောက်လာနေတဲ့ ပစ္စည်း
အတော်များများဟာ စံချိန်မမှီဘဲ ဖြစ်နေပြီး အန္တရာယ်ဖြစ်စေတဲ့ ပစ္စည်းတွေပါ
ဝင်ရောက်နေမို့ ဒါကို ဝိုင်းဝန်းအဖြေရှာကြဖို့ ICC WCF
ကမ္ဘာ့ကုန်သည်ကြီးများအသင်း အဖွဲ့ချုပ်ရဲ့ နိုင်ငံတကာ ပစ္စည်းအတုလုပ်မှု
ဆန့်ကျင်ရေး ၁၈ ကြိမ်မြောက် အစည်းဝေးမှာ မြန်မာနိုင်ငံဘက်က တင်ပြခဲ့ပါတယ်။
အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
ပြ
|
Posted: 08 Jun 2016 06:34 PM PDT
ဒီနေ့မနက် စိတ်ထဲအထိခိုက်ဆုံး သတင်းဓာတ်ပုံကတော့ ဒေါ်အောင်ဆန်းစုကြည်
ရမည်းသင်း အမျိုးသမီး အမှတ် (၁) ရဲသင်တန်းကျောင်းကို
သွားရောက်လေ့လာတဲ့ပုံတွေပဲဗျ။ အိပ်ဆောင်တွေကလည်း သစ်သား တန်းလျား၊
ဝန်ထမ်းအိမ်တွေကလည်း ယိုင်တိုင်တိုင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်
အခြေမခိုင်တဲ့ လှေကား ကနေဆင်းဖို့ အားယူနေတဲ့ပုံဟာ စိတ်အထိခိုက်ဆုံး
ဖြစ်ခဲ့ရပါတယ်။
သူတို့ရဲကျောင်းကို ဝန်ကြီးအဆင့်တောင် တစ်ကြိမ်မှ မလာဘူးဆိုတာလည်း
|
Posted: 08 Jun 2016 06:16 PM PDT
Tel Aviv ပစ်ခတ်မှု ကို လုံခြုံရေး တုံ့ပြန်
အစ္စရေးနိုင်ငံ Tel Aviv မြို့ ရဲ့ လူစည်ကား တဲ့ ဆာရိုးနား ဈေးရုံကြီး အနီး
မှာ မနေ့ က ဇွန်လ ဂ ရက်နေ့ ဒေသစံတော်ချိန် ည ကိုးနာရီခွဲ ခန့် မှာ
သေနတ်သမား နှစ်ဦး ရုတ်တရက် ရောက်လာပြီး သေနတ် နဲ့ ပစ်ခတ်မှု ပြုပါတယ်။
အခင်းဖြစ်ပွားတဲ့ နေရာ ဟာ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန အပြင် အရေးပါ တဲ့
စစ်ဌာနချုပ် အနီးလည်း ဖြစ်ပါတယ်။
ပစ်ခတ်မှု သတင်း ကြားကြားချင်း မှာ ပဲ ဆေးဝန်ထ
|
Posted: 08 Jun 2016 06:13 PM PDT
(Photo Credit: MOI Webportal Myanmar)
မြန်မာနိုင်ငံသား ဟုတ် မဟုတ် စိစစ် အတည်ပြု သွားနိုင်ဖို့အတွက်
ရခိုင်ပြည်နယ်တွင်းက မူဆလင်တွေကို နိုင်ငံသား စိစစ်ခံရမည့်သူ၏ အစိမ်းရောင်
သက်သေခံကဒ်ပြားတွေ (National Verification Card - NVC) ထုတ်ပေးနေတာမှာ
အဲဒီကဒ်ပြားပေါ် လူမျိုးနဲ့ ကိုးကွယ်ရာ ဘာသာ အမျိုးအမည်ကို
ဖြည့်စွက်ဖော်ပြစရာ မလိုတာကြောင့် ရခိုင်ဒေသခံ မူဆလင်တွေ အရင်ကထက်ပိုပြီး
သက်သေခံကဒ်ပြားတွေ ထုတ်ယူနေကြတ
|
Posted: 08 Jun 2016 06:08 PM PDT
ကောလင်း ဇွန် ၉
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၌ ဇွန်လ ၉ ရက်က မိုးသည်း ထန်စွာ
ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်ပေါ်လျက်ရှိသည်။
ရေကြီးရေလျှံမှုများကြောင့် ကျော်ဇေယျာ၊ မြောက်အင်း၊ စက်ရုံလယ်ပြင်၊
ဈေးရုံဗိုလ်တဲ၊ မြို့မမြို့ကုန်းရပ်ကွက်များရှိ အိမ်များ၊ ကျောင်းများ၊
ဆေးရုံနှင့် ရဲစခန်းဝန်းအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိသည်။
ယခုရေကြီးရေလျှံမှုသည် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက ဖြစ်ပေါ်
|
Posted: 08 Jun 2016 05:33 PM PDT
ဗန်ကောက် ဇွန် ၈
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခက်ကမ်းခြေတွင်
မော်တော်ဘုတ်နှစ်စင်းတိုက်မိခဲ့ ရာ လိုက်ပါစီးနင်းသူ နှစ်ဦးသေဆုံးပြီး ၂၆
ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ယနေ့ဆင်ဟွာ သတင်းတစ်ရပ်အရသိရသည်။
ဇွန် ၈ ရက် မွန်းလွဲ ၂ နာရီခန့်က အဆိုပါမော်တော်ဘုတ်နှစ်စင်းသည်
ဖူးခက်ကမ်းခြေမှ သည်မူကိုခ်ျဖီဖီကျွန်းဆီသို့ ဦးတည်မောင်းနှင်ခဲ့ကြရာ
ရာသီဥတုဆိုးရွားမှုကြောင့် အချင်းချင်းတိုက်မိခဲ့ခြင်းဖြစ်
|
0 comments:
Post a Comment