Thursday, June 2, 2016

English Speaking – Job Expressions (17)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
·
.
1. Why are you late?
ခင်ဗျား ဘာလို့နောက်ကျတာပါလဲ
.
2. Do you have a reason for being late?
နောက်ကျနေတဲ့အတွက် ခင်ဗျားမှာ အကြောင်းပြချက် ရှိပါသလား


.
3. Sorry I'm late. Traffic was unusually bad today.
ဝမ်းနည်းပါတယ် ကျနော်နောက်ကျသွားပါတယ် ၊ ဒီကနေ့ မီးပွိုင့်တွေက ထုံးစံအတိုင်း မဟုတ်ပဲ ဆိုးနေခဲ့ပါတယ် ။ (မီးပွိုင့်မှာ ပုံမှန်ထက်ကြာနေခဲ့လို့ပါ)
.
4. I apologize for being late. I had to drop off my wife at work. It took longer than I thought.
နောက်ကျနေတဲ့အတွက် တောင်းပန်ပါတယ် ၊ ကျနော့်မိန်းမကို သူ့အလုပ်မှာ ပို့ပေးနေခဲ့ရလို့ပါ ၊ အဲဒါက ကျနော်ထင်ထားခဲ့တာထက် အချိန်ပိုပြီးယူ သွားခဲ့ပါတယ် ။
.
5. I had a dentist appointment this morning and it was longer than I expected.
ကျနော့်မှာ သွားဆရာဝန်နဲ့ ချိန်းဆိုထားတာ တစ်ခုရှိခဲ့ပါတယ် ပြီးတော့ အဲဒါက ကျနော်ထင်ထားခဲ့တာထက် ပိုကြာသွားခဲ့ပါတယ် ။
.
6. I'm sorry for being late. I got stuck in every light this morning.
နောက်ကျနေတဲ့အတွက် ၀မ်းနည်းပါတယ် ၊ ဒီမနက် မီးပွိုင့်တိုင်းမှာ ကျနော် ပိတ်မိနေခဲ့ပါတယ်
.
7. You have been late three times in the last two weeks. Is this going to be a continual problem?
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာ ခင်ဗျား သုံးကြိမ်နောက်ကျ ပြီးပြီ ၊ ဒီဟာက ဆက်ဖြစ်နေမယ့် ပြဿနာတစ်ခု ဖြစ်လာမလား (ဒီလိုပဲ မကြာခဏ နောက်ကျနေမှာလား)
( Continuous နဲ့ Continual ကွာခြားချက်မှာ .. Continuous က ကြားမှာ အချိန်မခြားပဲ ဆက်တိုက်ဖြစ်တာ ၊ Continual ကလည်း ဆက်တိုက်ဖြစ်တာ ပေမယ့်လို့ ကြားမှာ အချိန် ခြား..ခြားပြီးမှ ဖြစ်တာ ၊ အခုဒီမှာ သူက နေတိုင်းနောက်ကျတာ မဟုတ်ပဲ ရက်ခြားပြီး နောက်ကျတဲ့ သဘောဖြစ်တယ် ၊ ဒါကြောင့် Continual ကိုသုံးတာ ဖြစ်ပါတယ် ၊ နောက်တစ်ခုကတော့ continual ဟာ စိတ်ညစ်ညူးစရာ သဘောကိုလည်း ဆောင်တယ် ၊ ကောင်းတဲ့ နေရာတွေမှာ သိပ်မသုံးပါဘူး )
.
8. You had better start managing your morning time better.
ခင်ဗျားရဲ့ မနက်ခင်း အချိန်တွေကို ပိုကောင်းအောင် စတင် စီစဉ်သင့်တယ် (မနက် ရုံးစောစောရောက်အောင် အစီအစဉ် စလုပ်ပါ )
.
9. I expect you to be at your desk at eight o'clock. Do you have a problem with this?
ကျနော် ခင်ဗျားကို (၈) နာရီမှာ ခင်ဗျားရဲ့စားပွဲမှာ ရှိနေဖို့ မျှော်လင့်ပါတယ် ၊ အဲဒီအတွက် ပြဿနာရှိပါသလား ( ၈ နာရီမှာ စားပွဲကိုရောက်နေစေချင်တယ်)
.
10. I am sorry. It won't happen again.
ကျနော် ၀မ်းနည်းပါတယ် ၊ အဲဒါ ထပ်ဖြစ်တော့မှာ မဟုတ်ပါဘူး
.
11. I am very sorry. I will not be late again.
ကျနော် အလွန် ၀မ်းနည်းပါတယ် ၊ ကျနော် ထပ်ပြီး နောက်ကျမှာ မဟုတ်ပါဘူး
……………………………..
ကဲ မကြာမကြာလည်း နောက်ကျ မနေကြနဲ့ဦးနော် ၊ တစ်ခါတလေ ကိစ္စရှိလို့ နောက်ကျတယ်ဆိုလျှင်လည်း ဒါလေးတွေ နမူနာယူပြီး ပြောကြပေါ့နော..
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...