Thursday, June 9, 2016

ယိုးဒယားက ပြည့်တန်ဆာလုပ်ငန်းအကြောင်းတစေ့တဇောင်း .. (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

Demo Wai YanFollow

ဘန်ကောက်အနိပ်ခန်း မှာ ၉၀ %က မြန်မာမလေးတွေဖြစ်နေ။
မျိုးချစ်အော်နေတဲ့အဖွဲ့ တွေ ဘာပြောချင်ကြသလဲ။
နိုင်ငံခြား NGO အဖွဲ့ က..သတင်းပေးလို့  ထိုင်းအထူးရဲ တပ်ဖွဲ့ က ဝင်ရောက်ဖမ်းဆိးတာပါ ။
တနေ့ က ကိုမင်းကိုနိင်ရဲ့ ကဗျာ…ဒုတိယအပိုဒ်မှာ.. ပရိက္ခရာဖိုးထက် မဏ္ဍပ်ဖိုးကပိုများ.. အခန်းနားမှုး မိုက်က ပိုအသံကျယ်ဆိုတာ.. ဒါမျိုးကိုပြောတာ။
အမျိုးဘာသာ.. သာသနာ အော်နေသူတွေ.. ထိုင်းက မြန်မာတွေ မတရားဖိနိပ်ပြီး ကျွန်လို အခိုင်းခံနေရတာမှာ..ကယ်ဆယ်နေတဲ့အဖွဲ့ တွေရှိပါတယ်။ ထိုအဖွဲ့ တွေကို..ဆက်သွယ်ဖူးရဲ့ လား။ ငွေကြေးထောက်ပံ့ဖူးရဲ့ လား။

ထိုအဖွဲ့ တွေဟာ.. သက်စွန့် ဆံဖျားလှုပ်ရှား နေရတယ်ဆိုတာရော.သိပါရဲ့လား။ ထိုင်းရဲတွေကိုလဲကြောက်ရ၊ လူသတ်အဖွဲ့ တွေကိုလဲ ကြောက်ရ.. ကျီးလန့် စာစား..လျီု့ ဝှက်လှုပ်ရှားနေကြရတာပါ။
ထို NGO အဖွဲ့ တွေကို. .မြန်မာပြည်က အမျိုးသမိးကြိးတဦးက.. ၁၉၉၁ ကတည်းက နှစ်စဉ် ဒေါ်လာ ၂၈၀၀၀ ရာသက်ပန်လှုဒါန်းနေတာရောသိပါရဲ့ လား။
အခုဆိုထိုပမာဏထက်ပိုများပြီး..ပိုမိုဖိအား ပေးနေပါပြီ ။
အဲဒီအမျိုးသမိးကြိး ဘယ်သူလဲ သိပါလား။ (အဲ့ဒါ အမျိုးဘာသာကို စောင့်ရှောက် ပါတယ်ဆိုတဲ့ သူတွေ ကန့်လန့်တိုက် အော်ချက်ထုတ်နေတဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာသက်ပန်နိုဘယ်ဆု အတိုးတွေထဲကနေ လုပ်ဆောင်ပေးနေတာ ရှင်းပြီလား)
၁၉၉၄ CUE magazine မှာပါလာလို့  ၁၉၉၅ နှစ်ကုန်မှာ.. ကျနော်ဘာသာပြန်ပြီး. .မြေအောက် ဆောင်းပါးဖြန့် ချီရေးလုပ်ခဲ့ပါသေးတယ် ။
မဏ္ဍပ်တိုင်တက်နေတာ လျော့။ အလုပ်နဲ့ သက်သေပြကြပါ။
ထိုမြန်မာမလေးများလည်း..ပျော်လို့ ..ယားလို့ သွားလုပ်ကိုင်နေကြတာမဟုတ်ပါ ။
ထိုမြန်မာမလေးများ မကြာမှီပြန်အပို့ ခံရပါမယ်။ ဗျူးကြည့်ပါ။ မလွှဲသာလွန်းလို့ လုပ်နေကြရတာပါ။
ကြံ့ ဖွတ်တွေခိုးတာ. .ပြည်သူတွေ လုပ်စားစရာမကျန်အောင် ခိုးလို့ ..ထိုင်းကိုထွက် ဖါခံနေကြရတာပါ။
ဘယ်သူက မြန်မာတွေကို..ကန်ထုတ်နေတာလဲ..၊ ဘယ်သူက ကယ်ဆယ်ရေးအတွက် ငွေ ရာသက်ပန် ထောက်နေတာပါလဲ။
ထိုးဒယားက အနိပ်ခန်း ၊ ကာရာအိုကေအခန်း၊ ဗြောင်ပြည့်တန်ဆာခန်းတွေဟာ.. ယိုးဒယား ဗိုလ်ချုပ်တွေ ၊ ရဲဗိုလ်ချုပ်တွေ အဆင့်လောက်မှ ဖွင့်ခွင့်ရှိတာပါ။ သာမန်လူလား.. ဧရာမကွန်ယက်ကြိးပါ။ အခုမှပေါ်လာတာမဟုတ်ပါ ။ ဒုတိယကမ္ဘာစစ်အပြီး.. ဗိယက်နမ်စစ်ပွဲမှာ ပိုမိုကြီးထွားလာတာပါ။
ကျနော် ၁၉၈၁ ခုနစ် ၆လ- လယ်ပိုင်းက..ကော့ကရိတ်မှာ ဆေးခန်းဖွင့်ဖို့  စနည်းနာရင်း. .ကော့ကရိတ်ကိုသွားလည်ပါတယ်။ တည်းတာက မြို့ နယ်ကောင်စီဥက္ကဌ (ကရင် လူမျိုး) အိမ်။ သူ့ အိမ်အနီးက လူငယ်တဦးနဲ့ ရင်းနှီးရာက.. သူက..တော်လှန်ရေးအဖွဲ့ရဲ့  နိင်ငံရေးမှုးတဦးနဲ့  ဆက်သွယ်ပေးတယ်။
(၆ -လပိုင်းမှ သွားရတာက.. မျက်မှန်တင်ဦး..အဖမ်းခံရပြီးစ..ထောက်လှမ်းကွန်ယက် အားနည်းနေချိန်ကို ရွေးရတာပါ ) ကျနော်က..ထိုခေတ်က..မ.ဆ.လ ခေတ် ကလွန်ကဲ သတင်းတွေကို.. အသံလွှင့်ချင်လို့ ဆွေးနွေးလိုက်တယ် ။ သူက မဲဆောက်ကို..ယာဉ်လမ်းပွင့်လျင်..လာခဲ့ရန်။ ဆက်သွယ်ရမည့် လူကို..ပေးတယ်။ ကားတန်းရှိတော့ လိုက်သွားတယ်။ သူ့ လူက မဲဆောက်က။
သူက..ကျနော့်အတွက် အန္တရာယ်ရှိလို့ ..ညဖက်.. နိုက်ကလပ်အမည်ခံ..ပြည့်တန်ဆာခန်းမှာဘဲ ချိန်းတယ်။ ထောက်လှမ်းတွေကများလွန်း။ ထိုခေတ်က BBC VOA ဘဲရှိတယ်။ အသံလွှင့်ချက်ကို..စစ်တပ်က အသံဖျက်နေတော့..ဘာမှ မသဲကွဲ ။ ကျနော်က….စနေ နင့် တနင်္ဂနွေ ..၂.ရက်ဘဲလွှင့်မယ်။ လွှင့်မှာက..မြန်မာ့အသံ လှိုင်းကို နစ်ဖက်ခွ..လွှင့်မယ်။ ဖျက်ချင်ဖျက်။ ညနေ ၈.၀၀ နာရီ မြန်မာ့အသံ သတင်းလွှင့်ချိန်မှာ..၁၅ မိနစ်ဘဲလွှင့်မယ် ။ သူတို့ က..သူတို့ တပ်ထဲဘဲ..ဝင်ဖို့။ ဆရာဝန်ဆိုတော့.အလွန်လိုချင်တယ်။
ကျနော်က ရေဒီယိုပါလုပ်ခွင့်ရလျင်..ဝင်မယ်။ ၄ - ရက်မြောက်နေ့ ချိန်းထားတယ် ။
ဒါပေမည့်..မြဝတီက ကျနော်တည်းသည့်အိမ်က အိမ်ရှင်က..ဆရာမဲဆောက်မှာ တွေ့ နေသူတွေက အမဲရောင်လူတွေနော်..သတိပေးလာလို့ ..၄ - ကြိမ်မြောက်တွေ့ မှာကိုဖျက်လိုက်ရတယ်။ ဆက်တွေ့ လျင် ကျနော်အဆွဲခံရတော့မယ် ။ သူတို့ နဲ့  တွေ့ တဲ့ တညနေမှာ.. ဆိုင်ရဲ့ နောက်ဖေးချောင်းလေးထဲမှာ..မိန်းခလေးတွေ ကို်ယ်လုံးတီး ရေချိုးနေကြရတယ်။ ရေက ညစ်ပတ်နေတဲ့ရေနော်။
ပြီးမှ ရေချိုးခန်းမှာ ရေအသန့် နဲ့  ရေ..၅- ၈ ခွက်လောက်လောင်းကြရတာ။ မြန်မာပြည်က တိုင်းရင်းသူလေးတွေ။ မတရားခိုင်းစားပြီး..ရေတောင် မသထာတာနော်။ ကျနော် အဲဒီကထည်းက ရင်နာနေတာ ။ ယိုးဒယားက အဲဒီလောက်အထိ လွန်တာ။ တခါ မနက်စာဆိုလျင်..စားတော်ပဲပြုတ်လေး.. လက်တဆုတ်စာနင့် ကြက်သွန်လှိးထားတာလေး။ ညနေစာကို..ဆိုင်လာတဲ့ ဧည့်သည်ကိုမှီစားကြရတဲ့ဘဝ။ ကြေးကျတော့လဲ..ပေးသလောက်သာယူကြရတာ။ ကျနော်တို့ လူမျိုးတွေအပေါ် လွန်လွန်ကဲကဲ..လူလည် လုပ်နေကြတာ.. ဘယ်အမျိုးချစ်က..ဆောင်းပါနဲ့ ဖွင့်ချကြပါသလဲ။
ငွေကြေးထောက်ပံ့ဖိုစဉ်းစားခဲ့ဖူးလဲ။ .ထောက်ပံ့ချင်သပဆို..ခင်ဗျားတို့ ..ဖြုန်းနေတဲ့ တနေ့ ကွမ်းဖိုး..၁၀၀၀ ကျပ်လျော့စားပါဦး။ ဒိုင်လျို..သုံးနေတဲ့ အသုံးတွေလျော့ပါဦး ။ မသိဘူးထင်မနေပါနဲ့။ အလှူထက် အခန်းနားမှုး မိုက် ကပိုကောင်း နေတဲ့ခေတ် ရပ်တော့။
ကျနော်ရေစီးအားလျပ်စစ် အရင်စလိုစချင်နေတာ..ရတဲ့ အမြတ်နဲ့ ..ထိုင်းက မြန်မာ ၄-သန်းကျော်ကို..၂ - နစ်ကနေ - ၄ နစ်အတွင်းအကုန်ပြန်ခေါ်နိုင်တယ်။ သမ္မတဦးထင်ကျော်ကိုလဲ…ထိုင်း ၊ မလေးရှားက မြန်မာတွေ ဘယ်တော့လောက် ပြန်ခေါ်နိုင်မယ်..ပြန်ခေါ်ဖို့  ဘယ်လိုစီမံချက်ရေးဆွဲထားပါတယ် မေးပေးကြပါဦး။ ကျနော်ကတော့ …အမြန်ဆုံး..ပြန်ခေါ်နိုင်တယ်ဗျာ ။ ဒါကိုတော့..ရဲရဲကြိး အာမခံပေးရဲတယ်။ သူတို့ ဘဝတွေ ကိုယ်ချင်းစာကြည့်ကြပါ ဗျာ။
ကိုယ့်မြန်မာတွေပါဘဲ။ ထိုင်းက မြန်မာဘုရင်ကို ဘယ်လိုခုတ်လို့ ပြေးရတာကို.. သမိုင်းသင်ရီုးမှာ.. ဂုဏ်ယူဝင့်ကြွားတာကို… ထိုင်းမှာ စာသင်နေရတဲ့ မြန်မာကလေးငယ်တွေ ခေါင်းငုံ့ ခံနေကြရတာပါ။ အခု.. အမရပူရမှာ ပြင်ဆင်နေသည့် ထိုင်းဘုရင် အရိုးဂူသာ.. ထိုင်းဘုရင်ရဲ့ .. အရိုးစစ်မှန်လျင်.. ထိုင်းဘုရင်အဖမ်းခံရ.. စစ်သုံ့ ပန်းဖြစ်ရတာကို.. သူတို့ သမိုင်းမှာ ထည့်ရမည့်အရေး..အတော်လေးခေါင်းခဲနေကြရပါပြီ ။ နိုင်ငံတော် သမ္မတဦးထင်ကျော် ကို မေးမြန်းခွင့်ရှိကြသူများ..ထိုင်းက မြန်မာကျွန်တွေနင့်..မြန်မာမလေးများ ပြန်လည်
ကယ်ဆယ်ရေး.. မေးပေးကြပါဦးဗျာ။
အားလုံးကို လေးစားလျှက်
လှိုင်မြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...