Thursday, June 2, 2016

ပလပ်များအကြောင်း သိကောင်းစရာ

 
ယနေ့ခေတ်လမ်းပေါ်မှာ မောင်းနှင်သွားလာနေတဲ့ ကားတွေအတော်များများမှာ ပလပ်တွေကို အသုံးပြုထားပါတယ်။ သင့်ကားရဲ့ ပလပ်တွေကို သင့်တော်တဲ့အချိန်မှာ လဲလှယ်တပ်ဆင်တတ်ဖို့က ကားကို ကောင်းကောင်းအသုံးပြုနိုင်ဖို့အတွက် အရေးပါတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ကားတွေမှာ သုံးတဲ့ ပလပ်တွေဟာ တန်ဖိုးသက်သာပြီး ကိုယ်တိုင်ပြောင်းလဲတပ်ဆင်ဖို့လည်း လွယ်ကူပါတယ်။

ပလပ်ဆိုတာ ဘာလဲ ?
ကားအင်ဂျင်မှာ တပ်ဆင်ထားတဲ့ ပလပ်တွေဟာ အင်ဂျင်အတွင်းမှာ လောင်စာဆီပေါက်ကွဲမှုဖြစ်စေတဲ့ ကိရိယာတစ်ခုပဲဖြစ်ပါတယ်။ ပလပ်တွေကို ဆိုင်လင်ဒါပုံစံ ပလပ်ခွက်တွေထဲကို ဦးစိုက်တပ်ဆင်ထားပြီး ပလပ်ခေါင်းတွေက လောင်စာဆီပေါက်ကွဲခန်း (Combustion Chamber)ထဲကို ထွက်နေပါတယ်။ ဒီပလပ်တွေကနေ မီးပွင့်စေပြီး လောင်စာဆီကိုလောင်ကျွမ်းပေါက်ကွဲစေကာ အင်ဂျင်ကိုလည်ပတ်နေစေတာ ဖြစ်ပါတယ်။
ဘယ်လိုအလုပ်လုပ်တာလဲ ?
ပလပ်တစ်ခုဟာ သင့်ကားရဲ့ ignition coil ကနေ စွမ်းအင်ကိုယူပြီး combustion chamber အတွင်းက လေပေါက်အတွင်းမှာ မီးတောက်ပေးတာဖြစ်ပါတယ်။ ဒီလိုမီးတောက်သွားစေတဲ့အတွက် ဆိုင်လင်ဒါတစ်ခုချင်းစီအတွင်းမှာ ရှိနေတဲ့ လောင်စာဆီနဲ့လေကိုလောင်ကျွမ်းပေါက်ကွဲသွားစေကာ အင်ဂျင်ကို လှုပ်ရှားလည်ပတ်စေပါတယ်။
ဘယ်လိုပြုလုပ်ထားတာလဲ ?
ပလပ်တစ်ခုကို အီလက်ထရုတ်(Electrodes) တွေ၊ Resistor တွေ၊ နဲ့ပြုလုပ်ထားပြီး ကြွေရည်စိမ်လျှပ်ကာအတွင်းမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။
ဘာကြောင့် ပျက်စီးတတ်သလဲ ?
အီလက်ထရုတ်များ ယိုယွင်းခြင်း၊ ညစ်ပတ်ခြင်း၊ Resistor လောင်ကျွမ်းသွားခြင်း တို့ကြောင့် ပျက်စီးတတ်ပါတယ်။
ပျက်စီးသွားတဲ့လက္ခဏာတွေက ဘာတွေလဲ ?
အင်ဂျင်သတိပေးအချက်ပြမီးလင်းလာခြင်း၊ မီးမကူးသည့်အတွက် စက်နှိုးမရခြင်း၊ အင်ဂျင်လည်ပတ်မှု တုံ့ဆိုင်းခြင်း၊ အလွယ်တကူစက်မနိုးခြင်း တို့ပဲဖြစ်ပါတယ်။
ပလပ်ပျက်စီးခြင်းကြောင့် ဘာတွေဖြစ်နိုင်သလဲ ?
လောင်စာဆီစားနှုန်းများခြင်း၊ အင်ဂျင်အဆွဲအရုန်းမကောင်းခြင်း၊ ဆိုင်လင်ဒါများပျက်စီးခြင်း၊ အင်ဂျင်ပျက်စီးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
CarCheck

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...