Sunday, June 19, 2016

Which? and What?

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

 မှတ်သင့်တယ်လို့ ထင်တဲ့ သုံးစွဲပုံ တိုစိတိုစိလေးတွေကို နေ့စဉ်လိုလို ရေးတင်သွားဖို့ စိတ်ကူးမိပါတယ် ၊ တစ်နေ့နည်းနည်း ဆိုပေမယ့် စုမိသွားတဲ့အခါ တော်တော်လေးများသွားမှာပါ ၊ တစ်ခါတည်း အပြီး မှတ်မိသွားလိမ့်မယ်လို့လည်း ထင်ပါတယ် ၊ အရှည်ကြီးတွေဆို ရေးပြီးဖို့ အချိန်ကလည်း စောင့်ရဦးမယ်လေ ၊ ကျနော်ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ဝေေ၀ဆာဆာလေး ဖြစ်အောင် မြန်မြန် တင်ပေးချင်နေတာမို့လို့ တိုတိုလေးတွေကိုပဲ သွက်သွက် ရေးတင်လိုက်ရကြောင်းပါခင်ဗျာ..

.
(1) We ask which? when there is a limited choice.
ရွေးချယ်စရာက ခုရေ အကန့်အသတ်ရှိနေတဲ့အချိန်မှာ which ကိုသုံးပါတယ် ..
.
(1.1) Which size do you want – small, medium or large?
ဘယ်အရွယ်အစားကို ခင်ဗျား အလိုရှိပါသလဲ ၊ အသေး အလတ် အကြီး တွေထဲက ။
(ဒီမှာ ရွေးချယ်စရာက သုံးမျိုးဖြစ်နေတဲ့အတွက် အကန့်အသတ်ရှိနေပါတယ်)
………………………………..
(2) We ask what? When there is a wide choice.
ရွေးချယ်စရာတွေက အများကြီး ဘယ်လောက်ဆိုတာ တိတိကျကျ မသိနိုင်တဲ့အခါ မျိုးမှာ what ကိုသုံးပါတယ်
.
(2.1) What is your jacket size?
ခင်ဗျားရဲ့ အပေါ်ဝတ်အင်္ကျီ အရွယ်အစားက ဘယ်လောက်ပါလဲ
(ဆိုဒ်စုံ အများကြီး ရှိနေတာ ဖြစ်ပါတယ် ၊ ရွေးချယ်နိုင်တဲ့ အရွယ်အစားက အများကြီး ဖြစ်နေပါတယ်)
………………………………
(3) Before “of” and “one”, we can use which but not what.
Of တို့ one တို့ ရဲ့ရှေ့မှာထားပြီး တွဲသုံးတဲ့အခါမှာတော့ which ကိုပဲ သုံးပါတယ် ၊ what ကို မသုံးပါဘူး
.
(3.1) Which of the countries in Europe have you visited?
ဥရောပနိုင်ငံတွေထဲက ဘယ်နိုင်ငံကို အလည်အပတ် သွာပြီးပါပြီလဲ
.
(3.2) Look at all those stars. Which one is the nearest?
အဲဒီကြယ်တွေအားလုံးကို ကြည့်လိုက်ပါ ၊ ဘယ်တစ်ခုက အနီးဆုံးပါလဲ
………………………….
(4) When there is no noun, we use who for people, not which.
ရည်ညွှန်းဖို့ နာမ်ပုဒ် မပါတဲ့ အခါမှာတော့ which ကို မသုံးပဲ who ကိုသုံးပါတယ်
.
(4.1) Which boxer won?
ဘယ်လက်ဝှေ့သမား နိုင်သွားသလဲ
( noun ဖြစ်တဲ့ boxer ပါလို့ which ကိုသုံးပါတယ်)
.
(4.2) Who won?
ဘယ်သူနိုင်သွားသလဲ
………………..
တို့တို့တိတိ မှတ်စရာ
.
Jacket က လက်ပါတဲ့ အပေါ်ဝတ်အင်းကျီ ၊ Jerkin က လက်မပါတဲ့လက်ပြတ် (sleeveless jacket) ကို ခေါ်ပါတယ်..
……………………….
Michael Swan နဲ့ Catherine Walter တို့ ပြုစုသော How English Works စာအုပ်မှ စာမျက်နှာ 31 ကို မြန်မာမှုပြုပြီး တင်ဆက်ပါတယ် .. ဆက်ရေးပါဦးမယ်
.
မေတ္တာဖြင့်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...