Thursday, June 2, 2016

" လာ ထား ပဲ "


ယာဉ် ထိမ်း တွေ က ပြော ကြ တယ် ။ ဘယ် အ စိုး ရ တက် တက် ငါ တို့ က တော့ ငါ တို့ အ လုပ် ပဲ လုပ် မှာ ပဲ တဲ့ ။ ခင် ဗျား တို့ အ လုပ် က ဘာ လဲ ဆို တော့ မော် တော် ယာဉ် တွေ စည်း ကမ်း ဖောက် ရင် ချ လံ ဖြတ် ပြီး ဖမ်း မှာ ပဲ တဲ့ ။
ချ လံ မ ဖြတ် စေ ချင် ရင် တော့ လား ထား ပဲ တဲ့ ။
ပြည် သူ့ ရဲ တွေ က လည်း ပြော ကြ တယ် ။ ဘယ် အ စိုး ရ တက် တက် တက် ငါ တို့ က တော့ ငါ တို့ အ လုပ် ပဲ လုပ် မှာ ပဲ တဲ့ ။
ခင် ဗျား တို့ အ လုပ် က ဘာ လဲ ဆို တော့ နှစ် လုံး သုံး လုံး ၊ Karaoke အ နှိပ် ခန်း ၊ မူး ယစ် ဆေး ဝါး အ စ ရှိ တဲ့ ဥ ပ ဒေ နဲ့ မ လွတ် ကင်း တဲ့ ကိ စ္စ တွေ ကို တွေ့ လို့ က တော့ အား မ နာ တမ်း ဖမ်း မှာ ပဲ တဲ့ ။
မ ဖမ်း စေ ချင် ရင် တော့ လာ ထား ပဲ တဲ့ ။
တ ရား သူ ကြီး တွေ က လည်း ပြော ကြ တယ် ။ ဘယ် အ စိုး ရ တက် တက် ငါ တို့ က တော့ ငါ တို့ အ လုပ် ငါ တို့ လုပ် မှာ ပဲ တဲ့ ။ ခင် ဗျား တို့ အ လုပ် က ဘာ လဲ ဆို တော့ ဥ ပ ဒေ ချိုး ဖောက် တဲ့ သူ တွေ ၊ အ ချင်း ချင်း လော ဘ ကြောင့် ညှိ မ ရ နှိုင်း မ ရ လို့ အ မွေ ကိ စ္စ အ ပါ အ ဝင် တ ရား မ မှု တွေ ရုံး ရောက် လာ ရင် တော့ အ မှန် အ တိုင်း ထောင် ချ စ ရာ ရှိ ရင် အ မြင့် ဆုံး ထောင် ချ လိုက် မှာ ပဲ ၊ အ နိုင် ပေး စ ရာ ရှိ ရင် ပြတ် ပြတ် သား သား အ နိုင် ပေး လိုက် မှာ ပဲ တဲ့ ။ ဘယ် သူ့ မျက် နှာ မှ မ ကြည့် ဘူး တဲ့ ။
အ ရမ်း မ ပြတ် သား စေ ချင် ရင် တော့ လာ ထား ပဲ တဲ့ ။
............................ ပြော တယ် ။ .................. လာ ထား ပဲ တဲ့ ။
မြန် မာ နိုင် ငံ မှာ အ ခြေ ခံ လာဘ် စား တဲ့ နည်း နှစ် မျိုး ရှိ ပါ တယ် ။
ပ ထ မ တစ် နည်း က လုပ် ရ မယ့် ကိ စ္စ ကို လုပ် ပေး ရ လို့ လာဘ် တောင်း တာ ရယ် ၊ ဒု တိ ယ နည်း က မ လုပ် ရ မယ့် ကိ စ္စ ကို လုပ် ပေး လို့ လာဘ် တောင်း တာ ရယ် ပါ ။
ပ ထ မ နည်း ဖြစ် တဲ့ လုပ် ရ မယ့် ကိ စ္စ ကို လုပ် ပေး လို့ လာဘ် တောင်း တယ် ဆို တာ က နိုင် ငံ တော် က သူ့ ကို ဒါ လုပ် ရ မယ် ဆို ပြီး လ ခ ပေး ကာ ဝန် ထမ်း အ ဖြစ် ခန့် ထား တယ် ။ ဒါ ကို အဲ့ ဒီ ဝန် ထမ်း က သူ လုပ် ရ မယ့် အ လုပ် ကို လုပ် ပေး ပြီး လာဘ် တောင်း တာ မျိုး ပါ ။ မ ပေး ရင် မ လုပ် ပေး ဘူး ဆို တာ မျိုး ။
တစ် ခါ က မြေ စာ ရင်း ရုံး မှာ မြေ စာ ရင်း သွား သွင်း တော့ စာ ရင်း သွင်း ပေး တဲ့ စာ ရေး က စာ ရင်း စာ အုပ် ထဲ ကို ကိုယ့် အ မည် မှတ် ပုံ တင် အ စ ရှိ တဲ့ လို အပ် တဲ့ အ ချက် အ လက် တွေ ရေး သွင်း ပေး တယ် ။ ပြီး တော့ ပိုက် ဆံ တောင်း တယ် ။
ဒါ နဲ့ ဘာ လို့ ပိုက် ဆံ တောင်း တာ ပါ လဲ လို့ မေး ကြည့် တော့ သူ စာ ရင်း သွင်း ပေး ရ လို့ ရန် ပုံ ငွေ ပါ တဲ့ ။
တစ် ကယ် တော့ သူ့ ကို နိုင် ငံ တော် က လ စာ ပေး ထား ပြီး အဲ့ ဒီ အ လုပ် ကို လုပ် ဖို့ ခန့် ထား တာ ဖြစ် ပါ တယ် ။ သူ က နိုင် ငံ တော် က ပေး တဲ့ တ နည်း အား ဖြင့် ပြည် သူ့ ဘ ဏ္ဏာ က ပေး တဲ့ လ စာ ကို ယူ ပြီး သူ လုပ် ရ မယ့် အ လုပ် ကို လုပ် ပေး ပြီး ပြည် သူ ထံ က နောက် ထပ် လာဘ် ငွေ တောင်း ခံ နေ ပါ သေး တယ် ။
သ ဘော က တော့ လုပ် ရ မယ့် ကိ စ္စ ကို လုပ် ပြီး လာဘ် စား တဲ့ သူ ဖြစ် ပါ တယ် ။ မ ပေး ရင် မ လုပ် တော့ ဘူး ။ အ ကြောင်း အ မျိုး မျိုး ပြ တတ် ကြ ပါ တော့ တယ် ။ အ ချိန် ဆွဲ ပါ တယ် ။
ဒု တိ ယ အ မျိုး အ စား က တော့ မ လုပ် ရ မယ့် ကိ စ္စ ကို လုပ် ပြီး လာဘ် ယူ တဲ့ သူ ဖြစ် ပါ တယ် ။
နိုင် ငံ တော် က နေ ဘယ် လို ကိ စ္စ ကို ဘယ် လို အ ရေး ယူ ၊ ဘယ် လို ကိ စ္စ ကို ဘယ် လို ဆောင် ရွက် ဆို ပြီး ဥ ပ ဒေ တွေ ချ မှတ် ပေး ထား ကြ ပါ တယ် ။
အဲ့ ဒီ ဥ ပ ဒေ တွေ ထဲ မှာ ခွင့် မ ပြု ထား တဲ့ အ ရေး ယူ ရ မယ့် ကိ စ္စ တွေ ကို တာ ဝန် ယူ ရ တဲ့ သူ တွေ က မ သိ ချင် ဟန် ဆောင် ပြီး အ ရေး မ ယူ ကြ ပဲ လာဘ် တောင်း ခံ တာ တွေ လုပ် ကြ တာ မျို ပါ ။
ဥ ပ ဒေ တွေ ကို ချိုး ဖောက် လို့ ဖမ်း ဆီး ခံ ရ တော့ မယ့် သူ တွေ ၊ ပ စ္စည်း တွေ ကို မ ဖမ်း ဆီး ကြ တော့ ပဲ လာဘ် လာ ဘ ယူ ပြီး လွှတ် ပေး လိုက် ကြ တာ မျိုး ပါ ။
ပ ထ မ လာဘ် ယူ တဲ့ အ မျိုး အ စား နဲ့ ဒု တိ ယ လာဘ် ယူ တဲ့ အ မျိုး အ စား နှစ် ခု မှာ ပ ထ မ လာဘ် ယူ တဲ့ သူ က တော့ နိမ့် ပါ တယ် ။ သူ က သူ လုပ် ရ မယ့် ကိ စ္စ ကို ရိုး ရိုး သား သား မ လုပ် ပဲ လာဘ် ယူ ပြီး မှ လုပ် တာ ဖြစ် လို့ အ ခြောင် သ မား ဖြစ် ပါ တယ် ။ များ များ စား စား တောင်း ခံ လို့ မ ရ ပေ မယ့် နေ ရာ ဒေ သ အ ပေါ် မူ တည် ပြီး ပ မာ ဏ ကြီး သွား တတ် ပါ တယ် ။
ဥ ပ မာ စည် ပင် က ဂ ရံ အ မည် ဖောက် တာ မျိုး ဆို အ နေ အ ထား ပေါ် မူ တည် ပြီး သိန်း ထောင် သောင်း ချီ တန် သွား ကြ တယ် ။ အိ န္ဒိ ယ ပြန် သွား တဲ့ ကု လား သူ ဌေး ရဲ့ မြေ ကွက် ကို အ မည် ဖောက် ယူ တဲ့ အ သိ တစ် ယောက် အ ဆင့် ဆင့် ငါး ရာ တစ် ထောင် နှစ် ထောင် နဲ့ ပြီး လာ တာ နောက် ဆုံး စာ ပွဲ မှာ ကိုး ထောင် ပေး ရ တယ် လို့ ပြော တယ် ။ သိန်း နော် ။
ဒု တိ ယ လာဘ် ယူ တဲ့ သူ က တော့ Risk ခေါ် တာ ဝန် ယူ ပြီး အ လျော် အ စား လုပ် တာ ဆို တော့ အ ခန့် မ သင့် ရင် လာဘ် ယူ တဲ့ သူ ပါ တ ရား ခံ ဖြစ် သွား နိုင် ပါ တယ် ။ သူ က တော့ အ ခြောင် သ မား လို့ ပြော လို့ တော့ မ ရ ဘူး ပေါ့ ။ အ ရင်း အ နှီး ရှိ ပါ တယ် ။ သူ့ အ ရင်း အ နှီး က သူ့ ဘ ဝ ပေါ့ ။
ဒါ အ လယ် အ လတ် ဝန် ထမ်း တွေ ရဲ့ လာဘ် စား နည်း နှစ် မျိုး ပေါ့ ။
ဒါ တင် မ က တိုင်း ပြည် ပျက် အောင် ဒု က္ခ ပေး ကြ တဲ့ ပ ထ မ တန်း စား အ ထက် ဝန် ထမ်း တွေ ရဲ့ တ တိ ယ လာဘ် စား နည်း လဲ ပဲ ရှိ သေး တယ် ။
အ ထက် က ဝန် ထမ်း တွေ လာဘ် စား နည်း က တော့
ပါ မစ် လုပ် ပိုင် ခွင့် ကို နီး စပ် ရာ ခ ရို နီ တွေ ၊ မိ သား စု ဝင် တွေ ၊ လက် ဝါး ရိုက် ထား တဲ့ သူ တွေ ကို ချ ပေး ပြီး ပေါင်း စား ကြ တဲ့ ကိ စ္စ တွေ ပါ ပဲ ။ တစ် ခု တစ် ခု ကို ဒေါ် လာ သန်း ပေါင်း များ စွာ လာဘ် စား ကြ တယ် ။
နီး စပ် ရာ ဥ ပ မာ တစ် ခု ပြော ပြ ပါ့ မယ် ။
( ....... ) လမ်း ဖောက် ဖို့ JICA က ချ ပေး မှာ တစ် မိုင် ကို သိန်း တစ် သောင်း နှစ် ထောင် နှုန်း နဲ့ ချ ပေး မယ် တဲ့ ။ ဒါ ပေ မဲ့ ပါ မစ် ရ အောင် လုပ် ပေး မယ့် သူ ကို တစ် မိုင် ကျပ် သိန်း သုံး ထောင် ပေး ရ မယ် တဲ ။ စု စု ပေါင်း ၁၃ မိုင် ကျော် ရှိ တော့ သူ တို့ ကို သိန်း ပေါင်း လေး သောင်း လောက် ပေး ရ မယ် ပြော တယ် ။
အဲ့ ဒီ လမ်း ဘယ် လို ဖောက် ဖြစ် သွား လဲ တော့ မ သိ ဘူး ။ အ ခု လမ်း တော့ ပြီး သွား ပါ ပြီ ။ အ စိုး ရ ရဲ့ ဇီး သီး ဗန်း တွေ ထဲ က တစ် ခု ပေါ့ ။
လက် ရှိ အ စိုး ရ က တော့ လာဘ် ပေး လာဘ် ယူ တွေ ကို ကိုယ် တိုင် ဦး ဆောင် ပြီး တင်း တင်း ကျပ် ကျပ် ဆောင် ရွက် နေ တော့ ဒီ လို ကိ စ္စ တွေ ပ ပျောက် သွား ပါ လိမ့် မယ် လို့ ထင် တာ ပါ ပဲ ။
ဒါ ပေ မဲ့ လာဘ် ပေး ချင် နေ တဲ့ သူ တွေ က လည်း ရှိ နေ ကြ သေး သ လို လို ချင် နေ ကြ တဲ့ သူ တွေ က လည်း ရှိ ကြ ပါ သေး တယ် ။ တစ် ချို့ တွေ အ ပြော အ ရ တော့ သိပ် မ ထူး ခြား သေး ပါ ဘူး လို့ တော့ ပြော သံ ကြား နေ ရ ပါ သေး တယ် ။
စ နစ် တ ကျ ထောင့် စုံ အောင် မ ဆောင် ရွက် နိုင် ခဲ့ ရင် တော့ လာ ထား ပဲ က ပို ဆိုး လာ နိုင် ပါ တယ် ။ လာဘ် ရ စ ရာ မ ရှိ တော့ ဘူး ဆို ရင် အ လုပ် လုပ် ကြ တဲ့ နေ ရာ မှာ ခြား နား လာ နိုင် ပါ တယ် ။ ဝဋ် ကြေ တန်း ကြေ တွေ ၊ စေ တ နာ မ ပါ တာ တွေ ၊ ပ ညာ ပြ တာ ၊ ညစ် တာ တွေ ၊ အ ချိန် ဆွဲ တာ တွေ လည်း ရှိ လာ နိုင် ပါ တယ် ။
အ ရင် ဦး ဆုံး ဝန် ထမ်း တွေ ကို ဝန် ထမ်း ဖြစ် နေ ရ တာ ကို ဂုဏ် ယူ ဝမ်း မြောက် ကျေ နပ် နေ စေ နိုင် အောင် ဆောင် ရွက် ပေး ထား နိုင် ရ ပါ မယ် ။ ဝန် ထမ်း တွေ လာဘ် စား စ ရာ မ လို ပဲ ပြည့် စုံ နေ အောင် လည်း ဆောင် ရွက် ပေး ထား နိုင် ရ မှာ ဖြစ် ပြီး လာဘ် ယူ တာ ရှက် စ ရာ လို့ အ တွေး ဝင် တဲ့ အ ထိ ပ ညာ ပေး ဆောင် ရွက် နိုင် ရ ပါ လိမ့် မယ် ။
အဲ့ လို လို အပ် ချက် တွေ ကို အ လျှင် မှီ အောင် မ ဆောင် ရွက် ပေး နိုင် သေး ရင် တော့ လာ ထား ပဲ က ပ ပျောက် အုံး မှာ မ ဟုတ် ပါ ဘူး ။
လက် ရှိ အ စိုး ရ လက် ထက် မှာ လာ ထား ပဲ တွေ အ မှန် တ ကယ် ပ ပျောက် နိုင် ကြ မယ် လို့ တော့ မျှော် လင့် မိ ပါ တယ် ။
မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၆ ၊ ၅ ၊ ၂၀၁၆
မိုး တင့် ဆွေ
၂၉ ၊ ၅ ၊ ၂၀၁၆
တ န င်္ဂ နွေ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...