Sunday, June 19, 2016

"နင်းစရာ"

Thanlay Ko

အမျိုးသမီးတစ်ယောက် ယာဉ်မောင်းလိုင်စင်လာဖြေတာ သုံးခါရှိပြီ၊ မအောင်သေးဘူး။
ခုတစ်ကြိမ်နဲ့ဆို လေးကြိမ်မြောက်။
ဒီတစ်ခါတော့ အောင်ကိုအောင်ရမယ်လို့ အံခဲထားတယ်။

စာမေးပွဲစစ်တဲ့သူ မေးတဲ့မေးခွန်းက အရင်အခါတွေနဲ့ အတူတူပဲ၊
ဒါပဲပြန်မေးတာ... ...
"အမကြီးက ကားကို တစ်နာရီမိုင် ၁၀၀ နူန်းနဲ့ မောင်းလာတယ် ဆိုပါတော့၊ လမ်းတစ်ဖက်က တောင်နံရံ၊ လမ်းတစ်ဖက်က ချောက်ကြီး၊ လမ်းပေါ်မှာက အဖိုးကြီးတစ်ယောက် လဲနေတယ်၊
ကလေးလေးတစ်ယောက်က သူ့ခွေးလေး လမ်းပေါ်လျှောက်ပြေးနေလို့ လိုက်ဖမ်းနေတယ်၊ အဲ့ဒါဆို အမကြီး ဘာကို နင်းမလဲ ဖြေပါ"
"ရှင်တို့က မလွန်လွန်းဘူးလား"
"ဘာလို့လဲဗျ"
"ကျမ ပထမဆုံးအခေါက်တုံးက ခွေးလေးကို တက်နင်းမယ်လို့ဖြေတော့ စာမေးပွဲကျတယ်"
"အင်းလေ... မှားတာကိုး"
"ဒုတိယတစ်ခေါက်ကျတော့ အဖိုးကြီးကိုနင်းမယ်လို့ဖြေတော့ ကျတာပဲ"
"ဒါလဲ မှားတာကိုး"
"တတိယတစ်ခေါက်မှာ ကလေးလေးကိုနင်းမယ်လို့ ဖြေတော့လဲ ကျတာပဲလေ"
"အေးလေ..."
"ဒါဆို ဖြေကြည့်ပါအုံး၊ ရှင်ဆိုရင်ရော ဘာကိုနင်းမလဲ လို့"
"ဘရိတ်..."
"ငင်..."
.
.
သန်၎ကို - ရမ်းဘာသာပြန်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...