Monday, June 27, 2016

အပြစ်တင်ခြင်းထက် အရေးကြီးသော အရာများ

 ကျွန်တော့်အမေက ဟင်းချက်အရမ်းကောင်းတယ်ဗျ။ အမြဲတမ်းလည်းပဲ စားလို့ကောင်းမယ့် ဖွယ်ဖွယ်ရာရာလေးတွေ ချက်လေ့ရှိတယ်။ တစ်ညနေမှာတော့ အမေဟင်းချက်တာ အရမ်းတူးနေတယ်ဗျာ။ မသိမသာလေး တူးနေတာမဟုတ်ဘူး။မြင်ရုံနဲ့တင် တူးနေမှန်း သိရလောက်အောင်ကို တူးနေတာ။ တူးနံ့တွေလည်း ထွက်လို့ပေါ့။

.
ကျွန်တော်လည်း ညနေစာ ထမင်းဝိုင်းမှာ အဖေဘာပြောမလဲဆိုတာ စိုးရိမ်ရင်းပေါ့။ ဒါပေမယ့် အဖေက ကျွန်တော် ထင်ထားသလို မဟုတ်ဘူးဗျ။ အဖေဟာ တူးမှန်းသိရက်ကြီးနဲ့ ဟင်းတွေကို ခါတိုင်းလိုပဲ မြိန်ရေရှက်ရေ စားလိုက်တယ်။ စားနေရင်းနဲ့မှ "မိန်းမရေ.. မင်း ဒီနေ့အဆင်ပြေရဲ့လားကွာ.. တစ်ခုခုဖြစ်ရင်လည်း ငါ့ကိုပြောဦးနော်" အဲ့လိုအစချီပြီး အမေ့ကို ကြင်ကြင်နာနာ စကားတွေပြောရင်း ညနေစာထမင်းဝိုင်းလေး ပြီးသွားရောပေါ့။
.
ပြီးတော့မှ ကျွန်တော့် အဖေ့ကို မေးမိတယ်။ "ဘာလို့ ဒီလောက်တူးနေတဲ့ ဟင်းတွေကို မြိန်ရေရှက်ရေ စားနေတာတုန်း" ပေါ့။ ဒီတော့မှ အဖေက ပြုံးပြီး "မင်း အမေမှာလည်း စိတ်ညစ်စရာတွေ ရှိမှာပေါ့ကွာ။ သူ့မိသားစုနဲ့ ပတ်သက်တာတွေ၊ မင်းတို့ ပညာရေးနဲ့ ပတ်သက်တာတွေနဲ့။ ဒီတော့ အတွေးတွေလွန်ပြီး အမှားလုပ်မိနိုင်တာပေါ့"။
.
"အဖေ့အနေနဲ့ကတော့ သူလုပ်မိတဲ့ အမှားသေးသေးလေးကို လက်ညှိုးထိုးပြီး ပြောဖို့ထက်ကို သူဖြစ်နေတဲ့အရာတွေကို အာရုံစိုက်ဖို့က ပိုအရေးကြီးတယ်လို့ ထင်တာပဲလေ"။ အဖေ့ရဲ့စကားအဆုံးမှာ ကျွန်တော်တစ်ခု သိလိုက်တယ်။
.
ကျွန်တော်တို့တွေဟာ အရေးကြီးတဲ့အရာတွေထက်ကို အမှားတွေကိုပိုပြီး အာရုံစိုက်မိတတ်ကြတယ်။ ဘာလို့မှားတာလဲ ဆိုတဲ့ အကြောင်းအရာထက်စာရင် အမှားလုပ်ရင် အပြစ်ရှိတယ်ဆိုတဲ့ အတွေးကို ပိုတွေးမိတတ်ကြတယ်။ အဲဒီ့နေ့ ညနေခင်းထမင်းဝိုင်းလေးဟာ ကျွန်တော့်အတွက် တွေးစရာတစ်ခု၊ အသိတစ်ခု ရဖြစ်ခဲ့ပါတယ်။
___________
ရွှေညာမောင် (Focus Youth)
- ဘာသာပြန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...