ဟာသစုစည်းမှု (၂၇-၆)
Zaw Min Latt
#မူးရင် မရမ်းနဲ့ ~
ယုန်တစ်ကောင်တောထဲတွင် လမ်းလျှောက်လာသည် ။ မြက်ခင်းပေါ်တွင် အရက်ပုလင်းတစ်လုံးကို တွေ့သည် နှင့် ယုန်သောက်လိုက်သည် ။ သို့သော် အရက်က ပြင်းလွန်းသောကြောင့် ယုန် နေရာမှာပင် မူးလဲ ကာ အိပ်ပျော်သွားလေသည် ။

ထိုနေရာသို့ မြေခွေးမတစ်ကောင်ရောက်လာသည် ။ ယုန်နှင့်အရက်ပုလင်းကို တွေ့ သောအခါ
"အတော်ပဲ ဟင်းစားကလည်း အဆင်သင့် သောက်စရာ ယမကာကလည်း အသင့် "
အရက်ကို သောက်လိုက်သည် မြေခွေးမ မူးလဲ သွားသည် ။
ထို့ နောက် မြေခွေးထီးတစ်ကောင် ရောက်လာသည် ။ ယုန် မြေခွေးမနှင့် အရက်ပုလင်းတို့ကို တွေ့သောအခါ " နိပ်ဟ ဟင်းစားလည်း ရှိတယ် ။ ယမကာလည်း ရှိတယ် ။ ပြီးတော့ မြာလေးကလည်း ရှိသေးတယ်"အရက်သောက်လိုက်သည် ။
မြေခွေးမူးလဲကာ အိပ်ပျော်သွားသည် ။
မကြာမီ ယုန် ပြန်နိုးလာသည် ။ ဘေးတွင်လဲနေသော မြေခွေးထီးနှင့် မြေခွေးမကို တွေ့သောအခါ .....
" ဟာ -- ငါ မူးပြီး ရမ်းလိုက်တာ မဆိုင်တဲ့ သူတွေတောင် တော်တော်ထိကုန်ပါပကောလား"
(မောင်ကောင်းထိုက် - ဟာသပဒေသာ )
Zaw Min Latt
#ဒီလိုဆိုရင်.........
တစ်ခါက .....ရန်ကုန်မြို့တွင်း ဘတ်စ် ကား တစီးပေါ်တွင် လူ တစ်ယောက်သည် သူ့လို ပင် မတ်တပ်ရပ် စီးလာသော အခြားသူတယောက်ကိုမေး၏။
ပထမလူ။ ။ခင်ဗျားက အရာရှိ တစ်ယောက်လားဟင်။

ဒုတိယလူ။ ။မဟုတ်ပါဖူး။
ပထမလူ။ ။ဒါဆိုစစ် ဘက်ကလား။ဒါမှမဟုတ် အရာရှိ အရာခံတွေရော အမျိုးထဲမှာ ရှိသလား။
ဒုတိယလူ။ ။စစ်ဘက်ကလည်းမဟုတ်ပါဖူး..နောက်ပီး....အမျိုးလဲစစ်ဘက်မှာမရှိပါဖူး။
ပထမလူ။ ။ဒါဆို ရဲ ဘက်ကလား။
ဒုတိယလူ။ ။မဟုတ်ဖူး ။
ပထမလူ။ ။ရဲတပ်ဖွဲ့ထဲ မှာရော အမျိုးရှိလား ။
ဒုတိယလူ။ ။မရှိဖူး ။
ပထမလူ။ ။အစိုးရထဲမှာရောအမျိုးရှိလား ။
ဒုတိယလူ။ ။မရှိဖူး ။
ထိုအခါ ပထမလူ ပြောလိုက်တာက..........
" ဒါဆိုရင်ဗျာ .......ကျုပ်ခြေထောက်ကို တက်နင်းထားတဲ့ ခင်ဗျားခြေထောက်ကြီးကိုဖယ်ပေးစမ်းပါဗျာ..."...တဲ့
Credit- မိုးမင်းသား

0 comments:
Post a Comment