Friday, September 30, 2011

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ် ၊ ဖောလစ်အက်ဆစ်အကြောင်း

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်



ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ် ။ ၀မ်းချုပ်စေတဲ့အကြောင်းအရာ အများကြီး ရှိတဲ့အ နက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ၀မ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ ။ တချို့ဆိုရင် ၀မ်းချုပ် တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းတွေအုံ ခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ရှိပါတယ် ။ ၀မ်း ချုပ်ခြင်း ကို constipation အပြင် costiveness , dyschezia , dyssynergic defaecation စသဖြင့် လည်း ခေါ်ကြပါသေးတယ် ။ ဆိုလိုတဲ့သဘောကတော့ bowel moments (အူလှုပ်ရှားခြင်း ၊ ကျင်ကြီးစွန့်ခြင်း) ဟာ ခက်ခဲနေခြင်းဖြစ်ပါတယ် ။

01.10.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, October 1, 2011 at 4:32am
 
 

မြစ်ဆုံ ဘာ့ကြောင့် ရပ်လိုက်သလဲ
သမ္မတ ဦးသိန်းစိန်ကနေ လွှတ်တော်နှစ်ရပ်ဆီကို ပေးပို့တဲ့ သဝဏ် လွှာမှာ ဖော်ပြတာကတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထု အတွင်း စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အတွက်လို့ ဒါကို ရပ်ဆိုင်းဖို့ ကြေငြာ ရတာလို့ ဆိုပါတယ်။
ဘယ်လို စိုးရိမ် ပူပန်မှုတွေလည်းဆိုတာကို ပြောရာ မှာတော့ အချက် ငါးချက်ကို ပြောထားတာ တွေ့ရပါတယ်။

NLD မှတ်ပုံတင်ခြင်းကို myanmar democracy congress ပါတီက ပြင်းထန်စွာကန့်ကွက်သွားမည်။

by အိုးဝေအောင် အိုးဘားမား on Saturday, October 1, 2011 at 11:30am
Thursday, September 29, 2011

 ဗ-က-ပ ကတော့ NLD ကို နည်းပရိယာယ် အသစ်ချမှတ်ဖို. အကြံပြုနေပြန်ပါပြီ။ ဘာလုပ်ရမှာလည်းလို.တော့ တိတိ ပပ မပြောပါ။ တိတိပပ ကိုလည်း မီဒီယာမှာ ပြောစရာမလိုပါ။ NLD က ကွန်မြူနစ်တွေကိုပြော လိုက် ရုံ ပါ ပဲ။ မြန်မာပြည် နိုင်ငံရေး မှာ ဖိုးသံချောင်း၊ ဦးဝင်းတင်နဲ. ဒေါ်အောင်ဆန်းစု ကြည်တို. အသံတွေ တူနေသရွေ.တော့ ဘယ်တော့မှ တိုင်းပြည်ငြိမ်းချမ်းမှာမဟုတ်ပါဘူး။ ၁၉၈၈ ကတည်း က ကွန်မြူနစ်တွေ ဟာ သူတို.ရဲ့မူဝါဒတွေအောင်မြင်ဖို. ဒေါ်စုကို အသုံးချခဲ့ကြတာပါ။ သူတို.ရဲ့လုပ်နည်းလုပ်ဟန်က ပထမ အဆင့်အစည်းဝေး ခန်းပြင်ပမှာ ဒေါ်စုကို နားသွင်းပါတယ်။ နားရည်ဝလောက်ပြီဆိုမှ အစည်းဝေးမှာတင်ပြ နောက်တော့ ဒေါ်စု က၀င် ရောက်ထောက်ခံဆွေးနွေးပြီး အတည်ဖြစ်ခဲ့ရတာပါ။

ချစ်ခြင်းပြိုင်ရာ ကာရန် စကားထာ

by Han Thit Nyeim on Saturday, October 1, 2011 at 10:49am
 


ဒီတစ်ခေါက် ဆွေးနွေးချင်တာက “ကာရန်စကားထာ” တွေပါ။ မြန်မာလူမျိုးတွေဟာ အရှက်အကြောက်ကြီးတဲ့ လူတွေဖြစ်ကြတာကြောင့် ချစ်ရေးကြိုက်ရေးတွေမှာ တည့်တိုးမပြောဘဲ ပရိယာယ်တွေသုံးပြီး ပြောတတ်ကြပါတယ်။ အဲဒီကနေ ဖြစ်တည်လာခဲ့တဲ့ စကားထာတွေ အများစုကလည်း အပျို၊ လူပျိုတို့ရဲ့ နှလုံးသားရေးရာတွေနဲ့ ပတ်သက်တာများပါတယ်။ အထူးသဖြင့် ကာရန်စကားထာ အများစုဟာ ချစ်မှုရေးရာဆီ ဦးတည်ပြီး အဓိပ္ပာယ် ကောက်ယူကြတာများပါတယ်။

မြစ်ဆုံစီမံကိန်းရပ်ထားမည်ဟူသော သတင်းအပေါ် တုံ့ပြန်ချက်

by Min Thant Syn on Saturday, October 1, 2011 at 3:45am
ယနေ့ သတင်းကောင်း ကြားကြားချင်း ၀မ်းသာအားရ ရေးလိုက်တာပါ။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကို မိမိတို့ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တဲ့သတင်းဟာ အမျိုးသား စည်းလုံး ညီညွတ်ရေး ရှုထောင့်က ကြည့်ရင် အတိုင်းမသိ ၀မ်းမြောက် အားတက်ဖွယ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုလိုဆုံးဖြတ်လိုက်ခြင်း ဟာ မြစ်ဆုံဆည်စီမံကိန်းကြောင့် မအိပ်နိုင် မစားနိုင်လောက်အောင် သောက ဗျာပါဒတေ...ွ ဖိစီးခံနေရတဲ့ ကချင်ပြည်သူများအပါအ၀င် ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံးက ပြည်သူလူထုအများစုကြီးရဲ့ လိုအင်ဆန္ဒနဲ့ တစ်ထပ်တည်း ကိုက်ညီနေလို့ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့်အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ



Thursday, 29 September 2011 22:49
AddThis Social Bookmark Button
ds1
အစိုးရသစ်လက်ထက်တွင်  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့ မွန်းလွဲပိုင်းက တွ့ဆုံခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြကြောင်း သ တင်းရရှိပါသည်။ တွေ့ဆုံဆွေးနွေးမှုကို စက်တင် ဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီ ၁၇မိနစ်အချိန်အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအပြီးတွင် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်မှ ကြေညာခဲ့ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

Thursday, September 29, 2011

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၃)


လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီ
(Social Contract Theory) 

          အချို့သော နိုင်ငံရေးအတွေးအခေါ် ပညာရှင်များသည် ပြည်သူလူထု အကျိုးစီးပွားကို အထူးအလေးပေး တွေးခေါ် ဖော်ထုတ်ကြသည်။ နိုင်ငံရေး အတွေးအခေါ်ပညာရှင် ရူးဆိုး (Jean Jacques Rousseau, 1712-1788) က ပြည်သူလူထု အကျိုးစီးပွားဆိုသည်ကို အထွေထွေစိတ်ဆန္ဒ (General Will) ဟူ၍ ဖော်ထုတ် တင်ပြထားသည်။ အထွေထွေ စိတ်ဆန္ဒဆိုသည်မှာ  လူ့အဖွဲ့အစည်း တရပ်လုံးအတွက်  စုပေါင်းကာ တည်ရှိသည့် ဘုံအကျိုးစီးပွားဖြစ်ပြီး ၄င်းသည် အမြဲတမ်းမှန်ကန်နေသော အရာဖြစ်ကြောင်း ရူးဆိုးက ဆိုသည်။

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၄) ၊ အပိုင်း(၁)

အာဏာ၊ လုပ်ပိုင်ခွင့်နှင့် တရားဝင်မှု (၁)

        အခန်း (၁) တွင်  ဦးစွာဖော်ပြခဲ့သည့် နိုင်ငံတော်ဟူသောစကားရပ်၏ ရှင်းလင်းလွယ်ကူသည့် အဓိပ္ပါယ် ဖွင့်ဆိုချက် အရလည်းကောင်း၊ ပြီးခဲ့သောအခန်းတွင် ထပ်မံရှင်းလင်းချက်အရလည်းကောင်း၊ အာဏာနှင့် အုပ်ချုပ်စီရင်ပိုင်ခွင့်တို့ အကြားရှိခြားနားချက်ကို ထင်ရှားစေခဲ့ပြီး ဖြစ်ပါသည်။ နိင်ငံတော်သည် ပိုင်နက်တစ်ခု အတွင်းရှိ လူတို့အပေါ် သက်ရောက်မှုရှိသော အချုပ်အခြာအာဏာကို ပြိုင်ဖက်ကင်းမဲ့စွာ ပိုင်ဆိုသည့်အပြင် ယင်းသို့ပိုင်ဆိုင်မှုကို သဘောတရားရေရာ အရဖြစ်စေ၊ အုပ်စုသဘောအရဖြစ်စေ၊ တူညီသော လူမှုရေးဦးတည် ချက် အရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ တရားဝင်ကြောင်း ထုတ်ဖော်ကြေငြာလေ့ ရှိသည်။

မြန်မာ့သမိုင်းတွင် အစားထိုးမရသော ဆုံးရှုံးနစ်နာမှု



 မြင်ကွန်းမင်းသား

မြင်ကွန်းမင်းသားသည် မင်းတုန်းမင်း အမရပူရမြို့၊ အိမ်နိမ့်စံအဖြစ်
စံတော်မူစဉ် ရွှေရေးဆောင်မိဖုရားမှ ဖွားမြင်တော်မူသော သားတော်ဖြစ်သည်။
ငယ်နာမည်မှာ မောင်မျိုးအေးဖြစ်ပြီး ပထမဆုံးရသောဘွဲ့တော်မှာ သီလ၀ ဖြစ်သည်။
မြင်ကွန်းမင်းသားသည် ပုဂံမင်းလက်ထက်ကပင် သတိုးမင်းလှကျော်စွာဘွဲ့နှင့်
မတဲးမြို့ကို စားရ၏။ ခမည်းတော် မင်းတုန်းမင်း နန်းတက်သောအခါ
သုမဟာသီရိဓမ္မရာဇာဘွဲ့နှင့် မြင်ကွန်းမြို့ကို စားရသောကြောင့်
မြင်ကွန်းမင်းသားဟု ခေါ်ဆိုကြလေသည်။

online ပေါ်မှာ


Online ပေါ်မှာ ကိုယ်ပိုင် လက်မှတ်တစ်ခု ထိုးကြည့်ရအောင်

လူတစ်ယောက်ဟာကိုယ်ပိုင်လက်မှတ်တစ်ခုကို တလေးတစားနဲ့ တန်ဖိုးထားသင့်တယ်ဆိုတာကိုကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ လက်မှတ်တွေ အများကြီးထိုးစရာ ကိစ္စတွေရှိလာတဲ့ အခါမှာ တစ်ခုချင်းစီမှာ
လက်မှတ်လိုက်ထိုးဖို့ အဆင်မပြေတော့တာမျိုးတွေ ၇ှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့လက်မှတ် တစ်ခုကို
( အပျော်သဘောနဲ့ ပဲ ဖြစ်ဖြစ် ) online ကနေ ဖန်တီးပေးထားလို့ ရပါတယ်။ လွယ်လွယ်လေးပါပဲ။ ပထမဆုံး www.mylivesignature.com ကိုဝင်ပါ။ သူ့ မှာ လက်မှတ်တစ်ခု ဖန်တီးဖို့  အပိုင်း (၃) ပိုင်းရှိပါတယ်။

“ ဧရာဝတီပျောက်လျှင် မီးဟုန်းဟုန်းတောက်မည် ”

by Wai Maw on Friday, September 30, 2011 at 9:41am
 -ဦးဖိုးသာအောင်-၃၀-စက်တင်ဘာ -၂၀၁၁
ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်မည့် စီမံကိန်းသည် ရေရော မြေရော လူတွေပါ အကြီးအကျယ်ဆုံး ဆုံးရှုံး နှစ်နာပျက်စီးကြရတော့မှာဖြစ်ပြီး မြန်မာနှင့် တိုင်းရင်းသားများ တမျိုးလုံးအတွက် ယနေ့အဓိက ကျသည့် အန္တရယ်ကြီးတရပ် ဖြစ်နေပါသည်။နိုင်ငံရေးပါးစပ်နှင့် နိုင်ငံရေးစကား ဆိုနေကြသည့် နိုင်ငံရေးအစ်ရှုးများထဲမှ အစိတ်အပိုင်းလေးတစ်ခု မဟုတ်ပါ၊

စုပေါင်း လက်ထပ်၊ မီးဖွား၊ ကွာရှင်းပြတ်စဲခြင်း

by သစ္စာနီ on Thursday, September 29, 2011 at 10:03pm
 
ကိစ္စများမြောင်၊ လူတို့ဘောင်မှာ အာဝါဟ ဝိဝါဟ ကိစ္စဟာလည်း ရှေ့တန်းက ပါပါတယ်ခင်ဗျာ။ အာဒမ်နဲ့ ဧဝတို့ကတော့ ဒီလိုကိစ္စမျိုးကင်းမယ် ထင်ပါရဲ့။ အခု ဝါကျွတ်ပြီဆိုတော့ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာ အခမ်းအနားနဲ့ ပတ်သတ်လို့ ကြော်ငြာတွေ အမျိုးမျိုးကို မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ စတင်တွေ့မြင်ရစ ပြုပါပြီ။ အကုန်အကျခံနိုင်တဲ့သူ၊ အကျယ်ချဲ့နိုင်တဲ့သူတွေအတွက်ကတော့ တတ်နိုင်ရင် တတ်နိုင်သလောက် ပေါ့လေ။

အချစ်စွမ်းအား လျှို့ဝှက်ချက်


လျှို့ဝှက်ချက် ၁ ။ ။ တွေးတောခြင်း ရဲ့ စွမ်းအား
 ချစ်ခြင်း အစ အတွေးက လို့ ဆိုပါတယ်။ ကျွန်တော်တို့အတွေးတွေက ကျွန်တော်တို့ကို ဖန်တီးပါတယ်။ ချစ်စဖွယ် အတွေးတွေက ချစ်စဖွယ် အတွေ့အကြုံတွေနဲ့ ကြည်နူးဖွယ် ပေါင်းသင်းဆက်ဆံခြင်းတွေကို ဖန်တီးပေးပါတယ်။ မှန်ကန်တဲ့ အတွေးနဲ့ ချမှတ်ထားတဲ့ ခိုင်မြဲစွာယုံကြည်ချက်က ကျွန်တော်တို့ကိုယ်တိုင် နဲ့ သူတစ်ပါးအပေါ်မှာ ထားရှိတဲ့ ယုံကြည်ချက်နဲ့ အတွေးတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်ယောက်ကို ချစ်ပြီဆိုရင် သူ့ရဲ့ ဆန္ဒတွေ ၊ လိုအပ်ချက်တွေကို ပါ ထည့်စဉ်းစားဖို့ လိုပါတယ်။ နှစ်ဦး နှစ်ဘက် လက်ခံနိုင်မှုကို ထည့်သွင်းစဉ်းစားပြီးမှ လက်တွဲကြရင် မေတ္တာခရီးက ပိုမိုချောမွေ့ပါလိမ့်မယ်။

တလှမ်းပြီးတလှမ်း ရှေ့တိုးလှမ်းကြရအောင်

by Khaing Min on Friday, September 30, 2011 at 8:02am

 
Posted by admin on September 29, 2011 1 Comment

ညနေအိမ်ပြန်ရောက်ရောက်ချင်းပဲ DVB ရုပ်မြင်သံကြားအစီအစဉ်ကိုဖွင့်ကြည့်လိုက်တော့ မနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့ တဲ့သူတွေကို အစိုးရက လိုက်ဖမ်းနေကြောင်း၊ စစ်တွေမှာလည်း ရဟန်းသံဃာတချို့ကို ထိန်းသိမ်းလိုက်တယ်လို့ ကြေ ညာသွားတာတွေ့ရတယ်။ တပြိုင်တည်းမှာပဲ နေ့ခင်းကဖတ်လိုက်ရတဲ့ မဇ္ဒ္စ္ဏ္ဈိမသတင်းဌာနက သတင်းတပုဒ်ထဲမှာ KIO ပြောရေးဆိုခွင့်ရှိသူဦးလနန်က မြန်မာစစ်တပ်က အင်အား ၈၀၀ လောက်နဲ့ KIO တပ်မဟာ (၄) တို့ လေးရက်ကြာ တိုက် ပွဲဖြစ်နေကြောင်း၊ နှစ်ဘက်အကျအဆုံးများ ရှိနေကြောင်း၊ စစ်ရေးနဲ့ ဖိအားပေးပြီး နိုင်ငံရေးအရဆွေးနွေးဖို့ အကြပ်ကိုင် တာဖြစ်တာမို့ စစ်ပြေငြိမ်းရေး ဟာ မလွယ်တော့ဘူးလို့ မှတ်ချက်ချပြောဆိုတာကို ပြေးသတိရမိပါတယ်။

ငလျင်လှုပ်မည့် အလားအလာ

Earthquake Hazard of Myanmar

by Lu Cifer on Thursday, September 29, 2011 at 9:46pm
 
ယခုတစ်လော ငလျင်လှုပ်တော့မည်ဟူသော ကောလဟလများကြားရသည်။ မိတ်ဆွေသူငယ်ချင်း ဆွေမျိုးနီးစပ်များကလည်း မေးကြသဖြင့် ဤဆောင်းပါးကို ရေးလိုက်ပါသည်။     ၂၀၀၄ ဒီဇင်္ဘာလ ၂၆ ရက်က ဆူမတြား(အင်ဒိုနီးရှား)အရပ်တွင် ငလျင်ကြီးလှုပ်ပါသည်။ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး ငလျင်ဖြစ်ပါသည်။

ကမ္ဘာလည်ပါတ်မှုကိုပင် ထိခိုက်စေသော ငလျင်ဖြစ်သည်။ထိုငလျင်အရှိန်ကို ကျွန်တော်တို့ တိုင်းပြည်ကပင် ခံစားသိရသည်။ ထိုစဉ်က ကျွန်တော်သည် ရန်ကုန်နည်းပညာတက္ကသိုလ် ဆရာများဆောင် အောက်ထပ်တွင် မိတ်ဆွေဆရာများနှင့် စကားလက်ဆုံကျနေသဖြင့် ထိုငလျင်ကို အသေအချာ သိလိုက်သည်။ လူ၊ သစ်ပင်၊ အဆောက်အဦများ ၁ မိနစ်ခန့် ယိမ်းထိုး လှုပ်ရှားနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမေးမြန်းခြင်း ။ ၂၀ စက်တင်ဘာ ၂၀၁၁ ပြည်သူ့ခေတ် ဂျာနယ်မှ

by Lu Maw on Thursday, September 29, 2011 at 9:10pm
 
မေး။  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အစ်မပြောလိုက်တာတခုရှိပါတယ် ၊ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေ ရှိနေပြီဆိုတာ၊ အဲဒါဟာ အစ်မ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ ပြောဆိုတာက မြင်လာတာလား ၊ ကျွန်တော်တို့အများပြည်သူတွေပါ မြင်နေရတဲ့အနေအထားတွေ ၊ ဥပမာ - သမ္မတ မိန့်ခွန်းတို့ ၊ လွှတ်တော်ဥက္ကဠ မိန့်ခွန်းတို့ ၊ လွှတ်တော်မှာဆွေးနွေးတာတို့ ၊ စီးပွားရေး အပါအ၀င် ကဏ္ဍတွေမှာ ဆွေးနွေးတာတို့ စတာတွေအရပြောတာလား။

ဖြေ။  ဆွေးနွေးပွဲတွေ ဘာတွေထက် တကယ်ထိထိရောက်ရောက် ဖြစ်နိုင်တဲ့ လုပ်ငန်းတွေကိုပဲ အလေးထားပါတယ် ။ ဥပမာဆိုရင် အလုပ်သမား သမဂ္ဂတွေနဲ့ ပတ်သတ်တဲ့ ထွက်လာတဲ့ ဥပဒေတွေ ၊ အဲ့ဒီဟာက ကျွန်မ နားလည်သလောက်ကတော့ ILO ကတင်ပြတဲ့ အတိုင်း ဒီစည်းမျဉ်း စည်းကမ်းတွေက ကိုက်ညီတယ်လို့ နားလည်ပါတယ် ။ အဲ့ဒါဆိုလို့ရှိရင်တော့ ဒါကတော့တကယ့်တိုးတက်မှုလို့ပြောနိုင်ပါတယ်။

မိဘကျေးဇူး သိတတ်သော အံ့ဖွယ်ရဟန်းများနှင့် အတုယူဖွယ်လူသားများ.......

by Peace Ful on Thursday, September 29, 2011 at 9:18pm

ကျေးဇူးသိသောယောဆရာတော်

ဘုရားသားတော်များဖြစ်ကြသော ရဟန်းတော်များနှင့် မယ်တော်ခမည်းတော်တို့အကြား ထားရှိကြသော   မေတ္တာတရားကို လေ့လာအကဲခတ်ကြည့်မိရာ -  တိပိဋကဓရယောဆရာတော်သည် အသက် (၈၀) နီးပြီဖြစ်သော မယ်တော်ကြီးအား ယောနယ်မှ ရန်ကုန်သို့ခေါ်ထားကာ အစစအရာရာ လိုလေသေးမရှိအောင် ပြုစုလုပ်ကျွေ၏ ။ မယ်တော်ကြီးအား ကျပ်ငွေ တစ်သိန်းလှူသည့်အခါ သားရဟန်းကို ဦးအကြိမ်ကြိမ်ချလျက်ရှိသော မယ်တော်ကြီးကို ကြည့်၍ သားရဟန်း၏မျက်နှာမှာ ပီတိအဟုန်ကြောင့် ရွှင်လန်းဝင်းပလျက်ရှိနေပါသတဲ့။

ရည်မှန်းချက်ချင်းတူကြရင် ဆုံမှတ်တစ်ခုတော့ ရှိတတ်ပါတယ်။

မောင်ထွန်းလွင် (မိုးလေ၀သ)

by Save Irrawaddy on Thursday, September 29, 2011 at 11:50pm
နေပြည်တော်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဒုတိယအကြိမ်ဦးစီးကျင်းပခဲ့တဲ့ နိုင်ငံတော် စီးပွားရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ကျွန်တော်ဟာ ကျွမ်းကျင်သူပညာရှင်အဖြစ် ဒုတိယအကြိမ် ဖိတ်ကြားခံရလို့ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ပထမအကြိမ်တုံးကတော့ ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပဲ ဖြစ်ပါတယ်။ အခုဒုတိယအကြိမ်မှာတော့ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့  အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး

by Min Thant Syn on Thursday, September 29, 2011 at 2:14pm
 
၁၉၅၂ ခုနှစ် မတ်လ၃ရက်မှ ၂၁ နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန် ပြည်သူ့လွှတ်တော် ညီလာခံ ပထမအကြိမ်အစည်းအဝေးကို ကျင်းပနေစဉ်၌ မတ်လ ၁၂ ရက် နေ့တွင် ပြည်သူု့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ်တွဲဖက် ညီလာခံမှ နိုင်ငံတော် တရားရေး ၀န်ကြီးချုပ်ဟောင်း ဒေါက်တာဘဦးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြသည်။

Wednesday, September 28, 2011

သူရဿဝါနှင့် နာမည်ကြီးအဆိုတော်ဖြစ်နည်း


သူရဿဝါ တစ်ယောက် ယခုတလော ရောဂါထ နေသည်။ ၉၆ ပါး ရောဂါထဲ များအနက် တစ်ခုမှ မဟုတ်။ အဆိုတော် ဖြစ်ချင်သော ရောဂါ ဖြစ်၏။ မီဒီယာ တစ်ခုက သီချင်းဆို ပြိုင်ပွဲ အစီအစဉ် တစ်ခု တင်ဆက်ရာ နာမည်ကျော် သွားခြင်းမှ အစပြုသည်။ ထိုပြိုင်ပွဲသို့ နိုင်ငံအဝှမ်းမှ ဂီတ ဝါသနာရှင် များစွာ လာရောက် ယှဉ်ပြိုင် ကြသည်။ ဂီတ အကြောင်း လုံးစေ့ပတ်စေ့ နားလည် သူများမှ စ၍ ရေချိုးခန်းထဲ အပျင်းပြေ သီချင်းညည်း ကြသူများ အဆုံး တရုန်းရုန်း စင်ပေါ်တက်၍ တီဗီဖန်သားပြင် မှတဆင့် အစွမ်းပြကြ၏။ နိုင်ငံကျော် ဂီတ ပညာရှင်များ၊ အဆိုတော်များက မိမိ၏ အဆိုစွမ်းအင်အပေါ် ဝေဖန်သုံးသပ် ဆုံးဖြတ်မှု ပြုသည်ကို ရရှိသဖြင့် သဘောလည်း ကျကုန်၏။ အသံ ကာလာ လှတာ၊ ဘယ်သံ၊ ညာသံ၊ အသက်ခိုးရှူပုံ၊ ပစ်ခ်ျယိုင်တာ၊ အိတ်စ်ပရက်ရှင် ကောင်းတာ၊ ညံ့တာ .. ဟူသော စကားတို့ကို လူအတော် များများ သိရှိနားလည် သုံးစွဲလာကြ၏။

ပျော်ရွှင်ခြင်း ဘယ်ဆီမှာ...?

အိုသွေးနဲ့ အေသွေးအမျိုးစား လူနှစ်ဦးရဲ့မီတာ(၅ဝဝဝ)အပြေးပြိုင်ပွဲမှာ
ပညာရှင်တချို့က စစ်တမ်းကောက်ယူခဲ့ကြတယ်။ စစ်တမ်းအရ လမ်းတစ်ဝက်မှာ အိုသွေးသမားက
“ကောင်းလိုက်တာ.. မီတာ(၃ဝဝဝ)တောင် ငါပြေးခဲ့ပြီ” လို့ ပြောတယ်။ အေသွေးသမားက
“ဟင်း.. မီတာ(၂ဝဝဝ)တောင် လိုသေးတယ်” လို့ ပြောခဲ့တယ်။
တကယ်တော့ အကောင်းဖက်ကို တွေးတောခြင်း (Positive thinking) ကို တဖြေးဖြေး
မွေးမြူလို့ရနိုင်ပါတယ်။

မသိမသာ စိတ်ရွှင်စရာ...

 

အောက်ပါ အချက် ၂၀ ဟာ ကျွန်တော်တို့ သတိမထားမိတဲ့အချိန်မှာ စိတ်ပျော်ရွှင်မှုကို ကိုယ်က မသိလိုက်ပဲ ခံစားမိစေပါတယ်။ စာဖတ်သူနဲ့  ခံစားမှု တိုက်ဆိုင်နေတဲ့ အချက်တွေလဲ ပါမယ်လို့ ယူဆပါတယ်။ အဲဒီ အချက် ၂၀ ကတော့...

၁။အချိန်အကြာကြီး စောင့်စားပြီး မီးပွိုင့် မီးစိမ်းပြောင်းသွားတဲ့အခါ...
၂။McDonald မှာ တန်းစီစရာ မလိုတဲ့အခါ....
၃။ပိုက်ဆံကောက်ရတဲ့အခါ...
၎။အနံ့မွှေးမွှေးလေး ရတဲ့အခါ...

ခေါင်းဆောင်

By Rozoner King · Last edited 10 hours ago · 



[By Ernesto Kee Ling]

ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။ ခေါင်းဆောင်များ ကို လေးမျိုး လေးစား ခွဲခြား နိုင်သည်။
(၁) ဉာဏ်ပညာ ရှိပြီး ပျင်းသော ခေါင်းဆောင်
(၂) ဉာဏ်ပညာလည်း မရှိ ပျင်းလည်း ပျင်းသော ခေါင်းဆောင်
(၃) ဉာဏ်ပညာ ရှိပြီး လုံ့လရှိသော ခေါင်းဆောင်
(၄) ဉာဏ်ပညာ ရှိသော်လည်း လုံ့လ မရှိသော ခေါင်းဆောင်

Emoဆိုတာ ဘာလဲ??"

ကျောင်းမှာတွေ့နေရတဲ့ အီမိုစတိုင်ဆံပင်ပုံစံ နဲ့ တီရှပ်အကျပ်လေးတွေကို ဂျင်းဘောင်းဘီအကျပ်တွေနဲ့တွဲဖက် ၀တ်ဆင်တက်သူ၊ converse ဖိနပ်တွေဝတ်ပြီး အနက်ရောင်လို အရောင်ရင့်ရင့်တွေကို ပုံမှန်ဝတ်တက်သူ၊မိန်းကလေးဆိုရင် မျက်လုံးကို အိုင်းလိုင်နာအနက်ရောင်အထူကြီးခြယ်သူတက်သူတွေ၊ ဆူးလိုအချွန်ပါတဲ့ ခါးပတ်တွေဝတ်တက်သူတွေ၊သို့မဟုတ် ကြိုးချိန်းတွေ နားကွင်းတွေအထူးအဆန်းဘာတွေဝတ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးကွဂိုက်နဲ့ ရှင်းရှင်းပြောရရင် အများအမြင်မှာ ပုံစံကွဲထူးခြားသူတွေကို အီမိုလို့ပဲခေါ်ဖြစ်ကြပါတယ်။ Goth နဲ့ခပ်ဆင်ဆင်ဖြစ်ပေမဲ့ Gothလောက်ထိတော့ မပြင်းထန်ပြန်ပါဘူး။

နိုင်ငံတော်သီချင်း ဖြစ်ပေါ်လာမှု သမိုင်းမှတ်တမ်း

by Sai Maungmaung on Thursday, September 29, 2011 at 11:14am
 
မြန်မာတို့ နှစ်ပေါင်းတစ်ရာကျော် ဗြိတိသျှအုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်သောနေ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းကို ပြန်ရသောနေ့ ဇန်န၀ါရီ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့သည် ၂၀၁၀ တွင်(၆၂)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
ထိုနေ့ထိုရက်တွင် အလံတော်တိုင်ထိပ်ဆီသို့ ငွားငွားစွင့်စွင့်၊ တလူလူလွင့်တက်လာသော နိုင်ငံတော်အလံနှင့်အတူ "ကမ္ဘာမကြေ" သီချင်းသံကို အများပြည်သူတို့ ကြည်နူးဆွတ်ပျံ့ စိတ်လှုပ်ရှားဖွယ် ကြားရမှာဖြစ်ပါသည်။ "ကမ္ဘာမကြေ" သီချင်းသည် လွတ်လပ်ရေးဂုဏ်ပြုတေးသီချင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုံ့ဆော်ပေးသည့် အမျိုးသားသီချင်း စသည် ဖြစ်သကဲ့သို့ နိုင်ငံတော်ကိုဂုဏ်ပြုသော "နိုင်ငံတော်သီချင်း" လည်း ဖြစ်ပါသည်။

အင်တာနက် စွဲလေ အထီးကျန်ဝေဒနာ ပိုခံရလေ

(ဗဟုသုတအနေနဲ့ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်)

အင်တာနက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်များဖြစ်သည့် ဖေ့စ်ဘွတ်တို့၊ တွစ်တာတို့ တွင်ကျယ်လာသည်နှင့်အမျှ လူငယ်တွေ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များမှာ အချိန်ကုန်တာလည်း ပိုများလာနေသည်။
လူမှုကွန်ရက်ဝက်ဘ်ဆိုက်များသုံးပြီး အွန်လိုင်း သူငယ်ချင်းများနဲ့ အချိန်ကုန်သော လူငယ်ထု
အရေအတွက်က တဟုန်ထိုးတက်လာနေသည်။ ထိုလူငယ်များသည် အွန်လိုင်းတွင် သူငယ်ချင်း ပေါင်းများစွာ ရှာဖွေရင်း၊ အွန်လိုင်းက သူငယ်ချင်းများနဲ့ အချိန်ကုန်ရင်း လက်တွေ့လောက
သူငယ်ချင်းများနဲ့ အဆက်ပြတ်လာနေသည်။ အွန်လိုင်းက သူငယ်ချင်းများနဲ့ အဆက်အသွယ်မပြတ်
ရှိနေသည့်တိုင် လက်တွေ့လောက သူငယ်ချင်းများနှင့်မူ လူချင်းတွေ့ဖြစ်သည့်အချိန်က နည်းသထက်နည်းလာခြင်း၏ အကျိုးဆက်အဖြစ် ယနေ့ခေတ် အွန်လိုင်းအစွဲလွန် လူငယ်များ သည် အထီးကျန်ဝေဒနာကို ပိုခံစားလာနေရကြောင်း သိရသည်။

အသုပ်ကြိုက်သူများအတွက်

Thiri Yadanar Soe
 ရှမ်းသုပ်(ခ)ရခိုင်သင်္ဘောသီးသုပ်
ဒီနေ့ပိတ်ရက်ကို မန်ကျည်းသီးစိမ်းလေး ရှိတာနဲ့ သင်္ဘောသီးသုပ် သုပ်စားလိုက်ပါတယ်နော်။ အယ်......... မန်ကျည်သီးစိမ်းကြီးနဲ့ ဘာဆိုင်လို့တုံးမေးနေအုံးမယ်။ မိုးကောင်းမှာတော့ ရခိုင်သင်္ဘောသီးသုပ်ကို သံပရာသီးအစား မန်ကျည်းသီးစိမ်းလေးနဲ့ သုပ်စားပါတယ်။ မန်ကျည်းသီးပေါ်တဲ့ အချိန်ရာသီမဟုတ်ရင်တော့ သံပရာသီးက အစားထိုးပေါ့။ ပြီးတော့လေ ရခိုင်သင်္ဘောသီးသုပ်ကို ရှမ်းသုပ်လို့လဲ မိုးကောင်းမှာခေါ်တယ်။ ရခိုင်သုပ်လို့ပြောရင် ချဉ် ငံ စစ် ဖြစ်မယ်ဆိုတာ မျက်စိတည်း ကွင်းခနဲ ကွက်ခနဲ တစ်ခါတည်း တမ်းပြီးမြင်သွားတာပေါ့လေ။ တတ်နိုင်ဘူး ရှမ်းသုပ်ရဲ့ ချဉ်ပုံ၊ စပ်ပုံကိုတော့ သေသေချာချာပြောထားရတယ်။ အမယ်လေး ဖတ်နေရင်း သွားရည်တွေတောင်ကျလာပြီဖြစ်နေတော့မယ်။ ဟိဟိ။

ဒီပုံလေးကို .. ကလေးအမေသာ မြင်မိလို့ကတော့...


ကမ္ဘောဒီးယားနိင်ငံမှ ကလေးငယ်တစ်ဦး နွားပေါက်ကလေးကဲ့ သို့  နွားမ၏နို့ အားစို့ ရင်း ပျော်မွေ့ လျက်ရှိ.........

 

ကမ္ဘောဒီယားနိုင်ငံက ကလေးငယ် (တစ်နှစ်နဲ့ ရှစ်လသား) သူ့အမေက..ယိုးဒယားမှာ အလုပ်သွားလုပ်တော့...
ကလေး ခမျာ... နို့ ဆာတိုင်း...နွားမကြီး တစ်ကောင်ရဲ့  နို့ ကို သူ့ အမေနို့ ..လိုသဘောထားပီး စို့ နေရရှာတာပေါ့ ဗျာ...။
ကျွန်တော် ဒီ ပုံ လေးပါတဲ့  သတင်းလေးကို..ဓါတ်ပုံပါတဲ့  ရက်စွဲ လေးက.. မြ၀တီ သတင်းစာမှာ.. ဖတ်လိုက်ရတာပါ..။

စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ

လွမ်းနေသူ
(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။
 
ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။
ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။
ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။
ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။
ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။

ခေတ်ကြီးပြောင်းခဲ့သော်....

"ဟုတ်ကဲ့ အဖိုး...ကြွပါရှင်။ Retirement Visa နဲ့လာတာလားရှင်။"
Immigration မှအရာရှိမလေးက ရိုရိုသေသေဖြင့်မေးသည်။ အဖိုးကြီးက ဝှီးချဲပေါ်မှနေ၍ ခေါင်းငြိမ့်ပြသည်။
"အင်္ဂလန်မှကြိုဆိုပါတယ်။ အေးချမ်းပျော်ရွှင်စွာဖြင့် အနားယူနိုင်ပါစေ" ဟု ထိုအရာရှိမလေးက ဆုတောင်းပေးလိုက်သည်။ လေဆိပ်တစ်ခုလုံးရှိ အခြားအမျိုးသမီးများကလည်း ထိုအဖိုးအိုကို လူကြားထဲမှာ နတ်သားသဖွယ် အထူးအဆန်းဝိုင်းကြည့်နေကြသည်။ ဝိုင်းကြည့်ကြသည်မှာ အထူးအဆန်းမဟုတ်..။ ထိုကဲ့သို့ ယောက်ျားတစ်ယောက်လာသည်က အထူးအဆန်းဖြစ်သည်။ ပို၍ထူးဆန်းသည်မှာ အပြီးအပိုင်နေမည့်သူ ဖြစ်ခြင်းပင်ဖြစ်သည်။ အင်္ဂလန်တွင် အမြဲတမ်းအခြေစိုက်နေထိုင်သူယောက်ျားဦးရေမှာ ဆယ်ဂဏန်းမျှသာရှိသဖြင့် တစ်မြို့လျှင် တစ်ဦးပင် မရှိချေ။

Tuesday, September 27, 2011

[mrsorcerer:11239] ဖတ်မိဖတ်ရာလေးများ

  1. Flash Songs သီချင်းများကို ဒေါင်းလော့လုပ်၍ VCD/DVD ခွေကူးမယ်

  2. ကိုယ်ဖတ်နေတဲ. Website စာမျက်နှာကို PDF file အဖြစ်သိမ်းမယ်...

  3. Flash Songs လေးတွေကိုယ်တိုင်လုပ်ကြရအောင်

  4. Facebook နဲ့ Mail နာမည်ကို လုပ်ချင်တယ်ဆိုရင်

  5. မိမိပုံကို စာလုံးတွေနဲ့ အလှဆင်ချင်လား ( ဝက်ဆိုဒ်မိတ်ဆက် )

  6. Facebook မှာ Subscribe လုပ်တယ်ဆိုတာ

  7. မည်သည့် Website တွင်မဆို Website မှာ ရှိတဲ့ ဓါတ်ပုံတွေ အားလုံးကို အလိုလျှောက် လည်စေနိုင်တဲ့ JavaScript Code ( 6.6.11 )

  8. Gmail ကိုဘယ်သူဝင်သုံးနေလည်းသိချင်ရင်

ငွေပုံပေးကာ ကျေးဇူးဆပ်ရုံနှင့် လုံလောက်ပြီလား

ဦးဦးမှော်ဆ့ရာ မေးလ်ဂရုမှ ကူးယူဖေါ်ပြပါသည်။
                 လူတိုင်းလူတိုင်း အခွင့်သာလျှင် မိဘကျေးဇူးကို ဆပ်ချင်ကြသည်ချည်းပင်၊
တချို့ က “ မိဘကျေးဇူးဆပ်တာပဲ ငွေပေးဆပ်လိုက်ရင်ပြီးတာပဲ” ဟု ထင်နေတတ်ကြ၏။
မိဘကျေးဇူးကို ငွေကြေးနှင့်တန်ဖိုးဖြတ်ကာ ဆပ်နေလိုက်ကြသည်မှာ- မိန်းမကလည်းသူ့ 
မိဘဆီကို တစ်လတစ်ခါပို့ လိုက်၊ ယောက်ျားကလည်း အားကျမခံပို့ လိုက်၊ သည်လိုနှင့်
ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ကြိုးစားကာ အများအမြင်မှာတော့ သားကောင်း သမီးအ
လိမ္မာပြီးတွေပေါ့။

အရက်စတင်ဖြစ်ပေါ်လာပုံနှင့် ၎င်း၏ဆိုးကျိုးများ


အရက်သည် သောက်ပြီးသော် လူကိုယ်ခန္ဓာအတွင်းရှိ သွေးများပိုမို လည်ပတ်ကာမူးယစ်စေ၏။ ဘိန်းမှာခရစ်နှစ် ၁၈၀၀ မတိုင်မီကပေါ်ပေါက်လာခဲ့သော်လည်းအရက်မှာ ခုနှစ်ရေတွက်၍ မရလောက်အောင် အလွန်ရှေးကျသည့် ကာလကတည်းက ပေါ်ပေါက်လာခဲ့သည်ဟု သမိုင်းသုတေသီ တို့ကဆိုပါသည်..။ အရက်၏ မူးယစ်ခြင်းသည်မာန်ယစ်ခြင်း၊ မာန်မူခြင်း၊ မာန်တက်ခြင်းဖြစ်သည်။

တစ်မိန့်တစ်အာဏာ တော်ပါပြီ တန်ပါပြီ

ပြောချင်လွန်းလို့ / မောင်ဝံသ

ပြည်သူ့ခေတ်ဂျာနယ် (၆၂) ၂၉ စက်တင်ဘာ၂၀၁၁မှာ ဖော်ပြတဲ့ဆောင်းပါးဖြစ်ပါတယ်။

သည်ရက်ပိုင်းတွေအတွင်း စိတ်ဝင်စားစရာသတင်းတွေထဲမှာ နှစ် ၄၀ နှစ် ၃၀ သက်တမ်းရှိ ကားအိုကားဟောင်းတွေကို လာရောက်အပ်နှံရင် နိုင်ငံခြားက ဒေါ်လာ ၃၅၀၀ တန် ကား တင်သွင်းခွင့်ပေးမယ်ဆိုတဲ့ သတင်းဟာ အတော် ဂယက်ရိုက်ခဲ့တာ တွေ့ရတယ်ဗျ။
    ကားဟောင်းတွေကို ကညန စစ်ဆေးခံပြီး ဆက်လက် အသုံးပြုချင်ရင်လည်း အသုံးပြုခွင့်ပေးမယ် ဆိုတဲ့ ရွေးချယ်ခွင့်ပေးထား တာကလည်း အတော်သဘောကျဖို့ကောင်းတယ်ဗျာ။

လက်ဝါးကြီးအုပ် နိုင်ငံရေးစနစ်


By ဦးအောင်ခင် & မညိုညိုလွင် VOA  

  စက်တင်ဘာ (၁၅) ရက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဒီမိုကရေစီစနစ်ကောင်းကြောင်းတွေကို ပြောဆိုကြပါတယ်။ ဒီဖြစ်ရပ်မျိုးကို မကြုံစဘူး လွတ်လွတ်လပ်လပ် သတင်းယူနိုင်ကြတာ တွေ့ရပါတယ်။ စစ်အစိုးရ တည်ထောင်တဲ့ ပြည်ခိုင်ဖြိုး (ခေါ်) ကြံ့ဖွံ့ပါတီ ပြည်သူ့ဆက်ဆံရေး မျက်နှာပန်းလှနေပုံကို လွှတ်တော်မှာ တွေ့နိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် (၈၀) ရာခိုင်နှုန်း နီးပါးရှိတဲ့ ကြံ့ဖွံ့ပါတီဟာ အဆုံးအဖြတ်ပေးနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။

ပြည်သူက ဒဏ်ခတ်လိမ့်မယ်

by cherrymyodaw on Wednesday, September 28, 2011 at 6:42am
 
လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်းစားလာခဲ့တယ်။ စကားဝိုင်းတွေမှာလည်း ဒီမိုကရေစီ၊ စာအုပ်တွေ၊ စာစောင်တွေထဲမှာလည်း ဒီမိုကရေစီ ဖြစ်နေကြတော့တယ်။

နှစ်ကိုယ်ကြားပဲပြောရ

ဒီမိုကရေစီဆိုတဲ့စကားကို နှစ် ပေါင်း ၅၀ လုံးလုံး ဘယ်သူမှကျယ်ကျယ် မပြောရဲကြဘူး။ တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြားပဲ ပြောကြရတယ်။ အစိုးရကိုယ်တိုင်က ရွေးကောက်ပွဲ တွေလုပ်ပေးတော့မယ်၊ ဒီမိုကရေစီ အစိုးရမျိုးကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်တဲ့အချိန်ကစပြီး ဒီမိုကရေစီဆိုတဲ့စကားကို သွေးတိုးစမ်း ပြောလာကြတယ်။

ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် လွယ်ကူစွာဖြေရှင်းနည်း

by Moenge Aung on Wednesday, September 28, 2011 at 11:08am
 
သူငယ်ချင်းတွေသိသင့်တယ်ထင်လိုပါ

မေမေ့ရဲ့ အကြင်နာ

 
သင့်အမေရဲ့ ၀မ်းကြာတိုက်မှာ ရှိစဉ်က သင်ပေးခဲ့တဲ့ နာကျင်မှုတွေကို သူမ ခံစားခဲ့ရတယ်။ သင်က သူမကို ကျေးဇူးဆပ်တယ်... တစ်နေကုန်သူမကို ကန်ကျောက်ရင်းနဲ့ပေါ့....

သင် ၁ နှစ် အရွယ်မှာ အမေက သင့်ကို ပထမဆုံး မွေးနေ့ပွဲ ကျင်းပပေးတယ်။ သင်က ကျေးဇူးဆပ်တယ်... တစ်နေ့လုံး အော်ဟစ် ငိုကြွေးရင်းနဲ့ပေါ့။

သင် ၂ နှစ် အရွယ်ရောက်တော့ အမေက သင့်ကို စကားပြော စသင်ပေးတယ်။ သင်က ကျေးဇူးဆပ်တယ်.... မေ...မေ လို့ မြည်တမ်းရင်းနဲ့ပေါ့။

အောင်ဆန်းအက်တလီစာချုပ်နဲ့  ဒေါ်စု-သိန်းစိန် ဆွေးနွေးပွဲခြားနားချက်

by Moethee Zun on Wednesday, September 28, 2011 at 4:49am

နေ့သစ်- 
ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်အစိုးရတို့ တွေ့ဆုံပြီးတဲ့ နောက်ဆက်တွဲအခြေအနေတွေကို ကျနော်တို့ ဆွေးနွေးခြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  သိန်းစိန် အစိုးရဆွေးနွေးနေရတဲ့အခြေအနေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျအစိုးရဆွေးနွေးနေရတဲ့အခြေအနေနဲ့ တူတယ်တဲ့။ ဟိုတုန်းက သခင်ဗစိန်တို့  ကွန်မြူနစ်ပါတီက သဘောထားတင်းမာတဲ့သူတွေက လက်မခံခဲ့ကြသလို မဖြစ်မိစေနဲ့လို့ အကြံပြု ထောက်ပြတဲ့သူတွေလည်း ပေါ်လာတယ်။ ဆွေးနွေးနေကြတယ်။ ဟိုတုန်းကအခြေအနေနဲ့ ဒီနေ အခြေအနေ တူတာရှိသလား ။ ဒါနဲ့ ပတ်သက်လို့ ကိုမိုးသီးဘယ်လိုမြင်ပါသလဲ။

ရှာပါးသော မြန်မာ့ဓာတ်ပုံများ


လွမ်းနေသူ

သယ်ရင်းတို.ရေ ...တင်ပေးလိုက်ပါပြီ။ ကျေနပ်မယ်လို ထင်ပါတယ် အမှန်က ဒီပုံတွေကို ချောကလက်မြို.တော်မှာအရင်တင်မလိုပါ။
ဒါပေမဲ့ ခုတလော ချောကလက်မြိုတော်ထဲ ၀င်လို.မရဖြစ်နေလို. ဒီမှာပဲတင်ပေးခဲတာပါ..အားပေးတဲ့သယ်ရင်းများကို ကျေးဇူးတင်ပါတယ်။မည်သူမဆို ကူးယူနိုင်ပါတယ်။

Monday, September 26, 2011

[mrsorcerer:11180] အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ

သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊
တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့
အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့
ဝါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။

လူ့ဘ၀သမိုင်း


ကမ္ဘာဦးအစတုန်းက ဘုရားသခင်က ပထမဆုံးတစ်ရက်မှာ ခွေးကို ဖန်ဆင်းခဲ့ပါတယ်။ ဘုရားသခင်က ပြောတယ် "သင် အိမ်တံခါးဝမှာ ထိုင်ပြီး လမ်းမှာ ဖြတ်လျှောက်သွားတဲ့လူမှန်သမျှ လိုက်ဟောင်ရမယ်...သင့်ကို ဘ၀သက်တမ်း အနှစ် ၂၀ ပေးမယ်" လို့ပြောတော့ ခွေးက "ဟောင်ရတာ အနှစ် ၂၀ ကြီးများတောင် ဆိုတော့ မဖြစ်ဘူး။  ၁၀နှစ်ကို ကျွန်ုပ်ကိုပေးပြီး သင်က ကျန်တဲ့ ၁၀ နှစ် ပြန်ယူပါ " လို့ပြောသတဲ့။ ဒါနဲ့ ဘုရားသခင်က သဘောတူလိုက်တယ်။

Sunday, September 25, 2011

အကျိုးပြု ဘက်တီးရီးယားများနှင့် ကျန်းမာရေး


လူ့ခန္ဓာကိုယ်ရဲ့ အစာခြေလမ်းကြောင်းမှာ ဘက်တီးရီးယား အမျိုးပေါင်း ၄၀၀ ကျော်အောင် ရှိပါတယ်။ ဒီဘက်တီးရီးယားတွေထဲက အများစုဟာ အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပြီး လူတွေရဲ့ ကျန်းမာရေး အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကူညီနေကြပါတယ်။
အောက်ပါတို့ဟာ အကျိုးပြု ဘက်တီးရီးယားတွေရဲ့ အကျိုးကျေးဇူးပြုတဲ့ လုပ်ဆောင်ချက်တွေနဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို ဖြည့်စွက်သောက်သုံးသင့်တဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။
- အကျိုးပြု ဘက်တီးရီးယားတွေဟာ လူ့ခန္ဓာကိုယ်က ချေဖျက်ဖို့ ခက်ခဲတဲ့ အပင်မှရတဲ့ ကစီဓာတ်နဲ့ တခြားအစာတွေကို ချေဖျက်ရာမှာ ကူညီပေးပါတယ်။ ဒါကြောင့် အစာတွေကို စွမ်းအင်အဖြစ် ပိုမို ပြောင်းလဲနိုင်ဖို့ ခန္ဓာကိုယ်ကို ကူညီပေးပါတယ်။

ချမ်းသာခြင်းရဲ့ အမြင်...


ပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။
တစ်နေ့တော့ မြို့ပေါ်က ချမ်းသာတဲ့ လူကြီးတစ်ယောက်က သူ့သားကို ရွာထဲကို အလည်ခေါ်လာခဲ့တယ်။ သူက သူ့သားကို ကျေးလက်ဒေသက လူတွေ ဘယ်လောက်ဆင်းရဲလဲဆိုတာမြင်စေချင်လို့ပါ။
သူတို့ သားအဖနှစ်ယောက်ဟာ တစ်ရက်နဲ့ တစ်ညလုံးလုံး သဘောအလွန်ကောင်းတဲ့ လယ်သမားကြီးတစ်ဦးရဲ့ အိမ်မှာတည်းခိုခဲ့ကြတယ်။

မြန်မာ့အပြောင်းအလဲနှင့်ပတ်သက်သော သတင်းများ

မီးပြတိုက်
  1. မြန်မာ့အပြောင်းအလဲအပေါ် သံသယမရှိကြဖို့ ICG တိုက်တွန်း ၊
  2.  မြန်မာအစိုးရကိုထောက်ခံရန် ICG တိုက်တွန်း  ၊
  3.  မြန်မာပြည်ပြောင်းလဲနေပြီဟု အမေရိကန်ဝန်ကြီးပြော  ၊
  4.  အမျိုးသား ပြန်လည်စည်းလုံးရေးနှင့် ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် နည်းလမ်းသုံးခုနှင့် ဆောင်ရွက်နေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းပဲ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်လျက်ရှိ ဟု ဦးကျော်ဆန်း ပြောကြား ၊

Saturday, September 24, 2011

အမေရိကန် ဆရာဝန် ကြီး Dr Gordon Seagrave

Dr Gordon Seagrave

တို့ ပြည်ထောင်စု လူထု ရေ   ကို ရေး လိုက် ပြီး တော့.. အဲဒီ စာအုပ် ၂ အုပ်က နေ.. ပွားလာ တဲ့.. အတွေး တွေကို..အရေး ဖြစ်အောင် လုပ်ချင် နေ မိ သေး သည် ။ တခြား ဗာရီဟ တွေ ကလည်း များ နေ တော့.. မစ နိုင် ဘူး..။ အထူးသဖြင့်.. ဒေါက်တာ စီးဂရောဗ် နဲ့ ပတ်သတ် ပြီး.. ပို့စ်လေး တခု စုစည်း ပေး ချင် နေ ခဲ့ သည်။  တိုက်ဆိုင် ချင် တော့.. ခုတလော..အင်တာနက် မှာ ပျံ့နှံ့ နေ တဲ့..ဗမာပြည် နဲ့ ပတ်သတ် တဲ့..CIA Archives မှတ်တမ်း ရုပ်ရှင် ဖိုင် တခု မှာ လည်း.. အဲဒီ ဆရာဝန် ကြီး နဲ့..အင်တာဗျူး တာလေး..၅ မိနစ် စာလောက် ပါ တာလေးကို.. ကြည့် လိုက် ရ ပြန်..။ (အဲဒီ ဖိုင် ထဲ မှာ ပါတဲ့ ..ဒေါက်တာ ကျော်သက် ရဲ့..စာသင်ခန်း မြင်ကွင်း ကတော့..ဟိုး အစောပိုင်း တည်းက.. အတော် ပျံ့နှံ့ ပြီး သားပါ။ )

လေ့လာစရာ စာအုပ်လေးများ

ကျနော့်မှာရှိတဲ့ မှတ်တမ်းစာအုပ်လေးများကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) မှ မူပိုင်စာအုပ်များပါ။ အထောက်အကူပြုနိုင်မယ်ထင်လို့ အခုလို တင်လိုက်တာပါ။။။။။။

နိုင်ငံရေးပညာ သင်ကြားရေးနှင့် လေ့ကျင့်ကွင်း

by Maung Wuntha on Saturday, September 24, 2011 at 9:35pm
ပြည်သူ့ခေတ်ဂျာနယ် 21 09 11 မှာ ဖော်ပြပြီးတဲ့ ဆောင်းပါးပါ။

မောင်ဝံသ

ခုတလော ညပိုင်းတွေမှာ ရုပ်သံက လွှင့်ပေးတဲ့ လွှတ်တော်အစည်းအဝေး သတင်းတွေ စောင့်ကြည့် နားထောင် ဖြစ်တယ်ဗျာ။ စိတ်ဝင်စားတဲ့ ဆွေးနွေး ချက်တွေဆိုရင် နောက်နေ့ သတင်းစာမှာ ထပ်ဖတ်ရ သေးတယ်ဗျ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် စတုတ္ထ မဏ္ဍိုင်လို့ ခံယူထား လေတော့ သည်အလုပ်တွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်နေရတာပဲဗျ။   အခုဆိုရင် အစီအစဉ် အတိုင်း  ကျင်းပလာနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ မြန်မာပြည်သူတွေ စိတ်ဝင်စား နိုင်လောက် တဲ့ အမေးအဖြေတွေ အစည်းအဝေး တစ်ခုထက် တစ်ခု ပိုပိုပြီး ပါလာနေတာသတိထားမိတယ်ဗျာ။

ငွေစက္ကူ ကိုင်တွယ်မှုဓလေ့ သတိပြုစရာ

by Moenge Aung on Saturday, September 24, 2011 at 8:37pm


Popular News Originally posted 14/08/2011 10:03AM

ယခုအခါ အများသူတကာ ဈေးဆိုင်များတွင် ပြန်အမ်းငွေ အသစ်များ ကြိုးကြား ပါလာကြသည်။  ဝမ်းသာစရာ ကောင်းလှသည်။ သို့ရာတွင် အလွန်ပင် သုံးမရအောင်ပင် ဟောင်းနွမ်းနေသော အကြွေများကိုလည်း တွေ့မြင်နေရသေးသည်။ အသစ် ငွေစက္ကူချပ် ကလေးများကို စနစ်တကျ ရိုရိုသေသေ ကိုင်တွယ် အသုံးပြုပါမှသာလျှင် အသစ်အတိုင်း တာရှည် အသုံးပြုရမည် ဖြစ်ပါသည်။ ငွေစက္ကူကို ချပ်ပြားအလိုက် မခေါက်ချိုးဘဲ အိတ်ထဲတွင် ထည့်ထားခြင်း သို့မဟုတ် ထည့်စရာ ခွက်ထဲတွင် စနစ်တကျ ထည့်ထားခြင်းဖြင့် ငွေစက္ကူ အသစ်ကဲ့သို့ ရှိနေကြမည် ဖြစ်သည်။ ကျွန်တော် နေ့စဉ် စီးနေကျ ဘတ်စ်ကားပေါ်တွင် ယာဉ်နောက်လိုက် အများစုမှာ ငွေအကြွေ အသစ်များကို ခေါက်ချိုးပြီး ကိုင်ထားတတ်ကြသည်။

ဖခင်တစ်ဦး၏ မေတ္တာ

 မိဘတို့၏မေတ္တာကား အလွန်ကြီးမားလှသည်။ မည်သည့်အရာနှင့်မျှ နိုင်းယှဉ်၍ မရနိုင်ပါ။ စာဖွဲ့၍လည်း ကုန်နိုင်မည်မထင်ပါ။ မိခင်၏မေတ္တာ ကြီးမားပုံကို အဖြစ်အပျက်ပေါင်းစုံ. သာဓကမျိုးစုံနှင့် ဖော်ပြခဲ့ကြသည်မှာ ရင်နင့်စရာ. ကရုဏာသက်စရာ. မှတ်ယူစရာများလှပါသည်။ မိခင်၏ကျေးဇူးမှာ မည်သို့မျှဆက်၍ မကုန်နိုင်ပါ။ ယခုကျွန်ုပ် ဖော်ပြလိုသည်မှာ ဟင်္သာတမြို့နယ်. ပဲကြီးကျွန်းကျေးရွာတွင် ဖြစ်သွားသော ဖခင်တစ်ယောက်၏ အဖြစ်အပျက် ဖြစ်ပါသည်။

စကားပြောသော မျက်ရည်ပေါက်များ နှင့် မုသား မျက်နာထားများ

by Aye Yay on Saturday, September 24, 2011 at 1:55am



ရယ်ချင်သော အခါ ရင်ချင်လျှက်နှင့် မရယ်ဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

ငိုချင်သော အခါ ငိုချင်လျှက်နှင့် မငိုဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

ပြုံးချင်သော အခါ ပြုံးချင်လျှက်နှင့် မပြုံဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

ပြောချင်သော အခါ ပြောချင်လျှက်နှင့် မပြောဝံ့ပဲ တွန့် ကြောက်တွေးပူ နေခဲ့ဘူး၏

အနုတ်လက္ခဏာဆောင်သော သုည

by ရင်နင့်အောင် on Saturday, September 24, 2011 at 2:15pm
 
ကျွန်တော်သည် သုညတစ်လုံးဖြစ်ပါသည်။ စားချိန်တန် မစားဘဲ ကစားမက်နေသောကြောင့် ပိန်ကပ်ကပ်ဖြစ်နေသော သုညတစ်လုံးဖြစ်ပါသည်။ သို့မဟုတ် ကိုယ့်ဘ၀ကိုယ်ပင် မနိုင်မနင်းဖြင့် ကမ္ဘာကြီးကို ပိန့်ရှုံ့သွားအောင် ကန်ချင်နေသော ကျောနံပါတ် သုညနှင့် ဘောလုံးသမားတစ်ယောက်လည်း ဖြစ်နေနိုင်ပါသည်။ အမှန်တကယ်ကတော့ ဘာကိုမှ မသိသေး။ အောက်စီဂျင်ကို ခပ်တည်တည်ဖြင့် ရှူလိုက်ပြီး လူသားအားလုံးကို လေလည်ကာ လေးစားလိုက်ပါသည်။ အကြောင်းကြောင်းကြောင့် သင့်ဆီသို့ အမည်မသိသူက ပို့လိုက်သော သုညတစ်လုံး ရောက်လာပါက လက်ခံလိုက်ပါ။ မင်္ဂလာပါ လောကကြီး။

မိဘတို့အတွက် သားသမီးများပြုစုပျိုးထောင်နည်း (၃)



သင့်ကလေးတွေကိုခြွင်းချက်မဲ့ချစ်ပါ၊၊

စာရေးဆရာတယောက်က ပြောပြသည်မှာ အချစ်ခံရသောကလေးတယောက်သည် "အမြဲတမ်းအောင်မြင် သည်။" မိဘတိုင်းသည် သားသမီးတို့၏ ဘ၀လမ်းခရီးကို တတ်နိုင်သမျှအကောင်းဆုံး စတင်လျှောက်လှမ်း နိုင်အောင် ဖန်တီးပေးလိုကြသည်။ သင့်ခလေးအ တွက် သင့်ရည်မှန်းချက်များသည် အဘယ်နည်း။ ကျမတို့သည် ခလေးများအားလုံးကို ပျော်ရွှင်စေခြင်ပါသည်။ သို့သော် ပျော်ရွင်မှုဆိုသည်မှာ အဘယ်နည်း။ သူတို့ရွေးချယ်သော အသက်မွေးမှုလုပ်ငန်းတွင် အထွဋ်အထိပ်သို့ပို့ဆောင်ပေးမည့် တန်ဖိုးကြီးအဆင့်မြင့် ပညာရေးဖြစ်သလား။ သို့မဟုတ် သူတို့လုပ်ချင်ရာလုပ်နိုင်သည့် ကိုယ်ပိုင်လွတ်လပ်ရေးလား။

Friday, September 23, 2011

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၂)

ပြည်သူလူထု အကျိုးစီးပွား
(Public Interest)

ပြည်သူများအတွက် အုပ်ချုပ်သောအစိုးရဟူသော လမ်းညွှန်သဘောတရားသည် အစိုးရအဖွဲ့တွင် ပါဝင်သော ပုဂ္ဂိုလ်များ၏ အကျိုးစီးပွား(Interest) ထက်အအုပ်ချုပ်ခံ ပြည်သူလူထု၏ အကျိုးစီးပွားကို အဓိကထား၍ အုပ်ချုပ်ရေးချမှတ်ရမည်ဟူသော အဓိပ္ပါယ်ကိုရစေသည်။ ၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်းမခံရမီ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် “ပြည်သူလူထုဟာ အစိုးရနေစေချင်သလို နေဖို့မဟုတ်ဘူး၊ အစိုးရများက သာ ပြည်သူလူထုနေစေချင်သလို နေဖို့ဖြစ်တယ်” ဟုထည့်သွင်းပြောကြား ခဲ့သည်။ ထိုမိန့်ခွန်း၏ ဆိုလိုရင်း အဓိပ္ပါယ်သည် သမ္မတ အီဗရာဟမ်လင်ကွန်း၏ ပြည်သူများအတွက် အုပ်ချုပ်သော အစိုးရဆိုသည့် လမ်းညွှန် သဘောတရား၏ အဓိပ္ပါယ်နှင့် အတူတူပင်ဖြစ်သည်။ 

အသက်သတ်လွတ် စားသူများအတွက် အကြံပြုချက်

Rozoner King created a doc.
[By Sin Myanmar Guy ]

ဒီပို့စ်တွင် ကျွန်မ အရင်တင်ခဲ့သည့် အာဟာရနှင့်ပတ်သက်သည့် ပို့စ်အဟောင်းများထဲမှ လိုအပ်သော အချက် အလက် များကို ပြန်လည် ရွေးထုတ် ကောက်နှုတ်ပြီး အသက်သတ်လွတ် စားသူများအတွက် စားသုံးရန် လိုအပ်သော အစား အစာများနှင့် ပေါင်းစပ်ကာ သီးသန့်အကြံပြု ဖေါ်ပြထားပါသည်။

လူအပါအ၀င် လူအပါအ၀င် သက်ရှိများ၏ ခန္ဓာကိုယ် သည် နေ့စဉ် မြင်တွေ့ နေရသော သက်မဲ့ ရုပ်ဝထ္ထု ပစ္စည်းများကဲ့ သို့ပင် ဓါတုဗေဒ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် ဖွဲ့စည်း ထား ပါသည်။ ထို ဓါတ်ပေါင်း များကို နေ့စဉ် စားသုံး နေသော အစားအသောက်နှင့် ရှူရှိုက်သော လေမှတဆင့် ခန္ဓာကိုယ်မှ လက်ခံရရှိပါသည်။

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၃) ၊ အပိုင်း(၃)

နိုင်ငံတော်နှင့် လူမှုအဖွဲ့အစည်း
          ဤအခန်းကို နိဂုံးမချုပ်မီ နိုင်ငံတော်နှင့် (နိုင်ငံတော်အပါအ၀င်ဖြစ်သော) လူမှုအဖွဲ့အစည်းတို့ အကြားရှိ ဆက်နွယ်မှုကို ဆွေးနွေးလိုပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း နိုင်ငံတော်ကို ပဓာနထား၍ အာရုံစိုက်သည့် “နိုင်ငံရေး” သည် စင်စစ်အားဖြင့် လူအချင်းချင်းအကြား၌ တည်ရှိသည့် ဆက်ဆံရေး ပုံဏ္ဍာန်များစွာတို့အနက် တစ်ခုမျှသာ ဖြစ်ပါသည်။ နိုင်ငံတော်နှင့် ၄င်း၏လုပ်ငန်းဆောင်တာများမှာ နိုင်ငံတော်က အုပ်ချုပ်နေသော လူ့အသိုက်အ၀န်းတစ်ရပ်လုံး၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။

တကယ်ဆိုးပြီဆိုရင် မိန်းမမီးယပ်ထက် ဆိုးတဲ့ ယောက်ျားဒူလာရောဂါ


ဂေါက် (သို့) ဒူလာရောဂါ ဆိုတာ ဘာလဲ

ဂေါက် (သို့) ဒူလာရောဂါ ဆိုတာ အဆစ်အမြစ်ရောင်ရောဂါ တွေထဲက တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေ ပိုအဖြစ်များပါတယ်။ ခန္စာကိုယ်က အဆစ်တစ်ခုခု ရုတ်တရက် ပူလောင်သလို နာကျင်လာခြင်း၊ တောင့်တင်းလာခြင်း၊ ယောင်ရမ်းလာခြင်းတွေနဲ့ အစပျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခြေမအဆစ်မှာ စဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ လက် အပါအ၀င် တစ်ကိုယ်လုံးက အဆစ်တွေမှာလည်း ခံစားရနိုင်ပါတယ်။

စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ

by Pann Chuu Chuu on Saturday, September 24, 2011 at 9:20am



(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။ ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။

ဘာကြောင့်များ ချစ်လဲ

တစ်နေ့တော့ ချစ်သူနှစ်ဦး စကားပြောနေတုန်းမှာ
ကောင်မလေးက သူ့ချစ်သူကောင်လေးကို မေးတယ်...။

ကောင်မလေး ။ " ဘာကြောင့် ကျွန်မကို ကြိုက်တာလဲ ၊ ဘာကြောင့် ကျွန်မကို
ချစ်တာလဲ "ဟင် ..... ?
ကောင်လေး ။ " ငါ့မှာ ပြောစရာ အကြောင်းပြချက်မရှိဘူး ... ဒါပေမယ့် မင်းကို
ငါ တကယ်ကြိုက်တယ်၊ချစ်တယ် "

“အက်ဆေး”

 
by Sein Khat Soe on Saturday, September 24, 2011 at 12:38pm

“လူဆိုတာ အက်ဆေးရေးတတ်ရမယ်။”တဲ့………………………
ငယ်ငယ်က ဇီဇဝါပန်းနံ့သင်းနေတဲ့ အတန်းပိုင်ဆရာမလေးကသင်ပေးခဲ့တယ်။
ခုတော့ ကိုယ့်ရှေ့မှာ တွေ့သမျှ ကြယ်ငါးတွေရေထဲပြန်ပြန်ပစ်ချရင်း
ကိုယ်တိုင်ကို ကုန်းပေါ်မှာလေနစ်ရင်း ဆန့်ငင်ဆန့်ငင်ဖြစ်……။

စင်ဒရဲလားက စခဲ့တဲ့ ဖိနပ်

by သစ္စာနီ on Saturday, September 24, 2011 at 10:43am

ကမ္ဘာမှာ လူသိအများဆုံး ဖိနပ်ဟာ စင်ဒရဲလားရဲ့ ဖန်ဖိနပ်ကလေးလို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ ကလေးဘဝကတည်းက  ဒီပုံပြင်ကလေးနဲ့ ရင်းနှီးခဲ့ကြတယ်။ မင်းသားက သူ့အတွက် သတို့သမီးလောင်း ရွေးချယ်ရာမှာ ဒီကျန်ခဲ့တဲ့ ဖိနပ်လေးတစ်ဖက်နဲ့ တော် မတော် ကြည့်ပြီး ဆုံးဖြတ်တာကလည်း တကယ့်ကို စိတ်ဝင်စားစရာ ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့ အထက်တန်း ကျောင်းသားဘဝမှာ ဆိုဗီယက်ဝန်ကြီးချုပ် ကရူးရှက်က ကုလသမဂ္ဂညီလာခံမှာ သူ့ရှူးဖိနပ်ကို ချွတ်ပြီး စားပွဲကိုခေါက် စကားပြောတယ်ဆိုတာ ကြားရတော့ လူငယ်ပီပီ သဘောကျခဲ့တာပါပဲ။ (အမှန်တော့ နိုင်ငံတကာအဆင့် ခေါင်းဆောင် တစ်ယောက် အနေနဲ့ဆို မယဉ်းကျေးတဲ့ အပြုအမူမို့ ရှုတ်ချထိုက်ပါတယ်)။

အသစ်တွေ့ ရှိရသော တွဲဖက်မစားသင့်သော အစားအစာ (၂) မျိုး

Rozoner King created a doc.

[By Sein Lan Myay ]

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့  မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ လူသတ်မှုလို့ ထင်တဲ့အတွက် ရဲတွေက အပြင်းအထန် စစ်ဆေးမှုတွေလုပ်ပါတော့တယ်။ သူမရဲ့ ရုပ်အလောင်းကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic (အာဆင်းနစ်လို့ ခေါ်တဲ့ စိန်ဖြူ)အဆိပ်သင့်လို့  သေဆုံးရကြောင်း အဖြေထွက်လာပါတယ်။ အဲဒီ အာဆင်းနစ် အဆိပ် ဟာ ဘယ်က လာပါသလဲ ။ ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခဆရာဝန်ကြီးတစ်ဦးကိုလည်း ဒီပြဿနာ ကိုအဖြေရှာဖို့  ဖိတ်ခေါ်ခဲ့ပါတယ်။

Best Song


နားထောင်ချင်တဲ့ သီချင်းခေါင်းစဉ်လေးမှာ ကလစ်နှိပ်လိုက်နော်။

နိုဝင်ဘာမိုး တောင်းပန်တယ် ပြန်ဆုံနိုင်ဦးမလား အသေချာဆုံး မင်းမရှိတဲ့  Valentine ရာနှုန်းပြည့် နင်ရှိမှပြည့်စုံမယ် မင်းတယောက်ကိုပဲ အမုန်းလက်ဆောင် ငါ့ဘက်ကမှားတာပါ Rain Story ~~မိုး~~ ~~My Love~~ ၀န်ခံပါတယ် အဝေးကပဲချစ်မဲ့ သူ LADY SEXY ကင်ဆာ အရင်လို အထီးကျန် အလွမ်းမြို့ သူ မွန်းတယ်(ဟဲလေး-သင်္ကြန်) တင်းတယ်(အေသင်ချိုဆွေ-သင်္ကြန်) (အမှတ်တရ-သင်္ကြန်)


ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ

he Moon Princess ရဲ့ စာမျက်နှာ အပိုင်းအစများ

တကယ်တော့.. The Moon Princess ကို ဖတ်နေ တဲ့ အချိန်မှာ..သမိုင်း တွေ.. နိုင်ငံရေး တွေ ထက်.. အမျိုးသမီး တယောက်..ဒါမှမဟုတ်.. ရှမ်း မင်းသမီးတပါး ရဲ့ လူသားဆန်ဆန် ဘ၀ တခု ကို သာ.. ဖမ်းဆုတ် မိ ခဲ့ တာပါ။ စာရေးသူ စ၀်စန္ဒာ ကိုယ်တိုင် ကလည်း ၀န်ခံ ရေးသား ထား ပါတယ်။ သူ့ဖခင် စော်ဘွားကြီး စ၀်ရွှေသိုက် ရဲ့.. မပြေ ခဲ့ တဲ့..သမိုင်း ကြွေး အချက်အလက် တွေ အတွက်.. စာအုပ် တအုပ် ပြုစု ဖို့ လို့ ရည်ရွယ် ခဲ့ ပေမဲ့.. တကယ့် တကယ် မှာ..စာရွက် စာတမ်း အထောက်အထား တွေ အကုန် မရ နိုင် တော့ တာ..မိသားစု တကွဲ တပြား ဖြစ် ခဲ့ တာတွေ ကြောင့်.. နောက်ဆုံး တော့..သူ မှတ်မိ သိမြင် ကြုံတွေ့ ခဲ့ ရ သလောက် နဲ့ .. ကိုယ်ရေး အတ္တုပတ္တိ တအုပ် သာ ဖြစ် သွား ခဲ့ ပါ တယ် တဲ့။ ဒါပေမဲ့ လည်း.. စာဖတ်သူ ကျမ အတွက် တော့.. ညောင်ရွှေ ဟော်နန်း ရဲ့ တောင်ဆောင် တော် ပြတင်း တံခါး တချပ် က နေ.. မြင်လိုက် ရ တဲ့.. သမိုင်း မြင်ကွင်း တခုဆိုလည်း .. မမှားနိုင်ပါ ဘူး။

Thursday, September 22, 2011

ဘ၀ဆိုတာ

Cloud Cuckoo Land created a doc.
တစ်ခါတုန်းက  လူတစ်ယောက်သည် ဂျူးဘုန်းတော်ကြီးထံ သွား၍ မကျေမနပ်နှင့် လျှောက်ထားသည်။

“အရှင်ဘုရား၊ ဘ၀ဆိုတာ ဒုက္ခကြီး ပါဘဲလား၊ တပည့်တော်တို့ မိသားစု ၉ယောက်ဟာ အခန်းကလေး တစ်ခန်းထဲမှာ ကျဉ်းကျဉ်း ကျပ်ကျပ်နဲ့ နေနေရပါတယ်၊ ဘယ်လို လုပ်ရမလဲ ဘုရား”

“ဒါဆိုရင် မင်းတို့မွေးထားတဲ့ ဆိတ်ကို အခန်းထဲမှာ အတူတူ ထားလိုက်ပေါ့”
...
မိန့်ကြားချက်ကို မယုံသင်္ကာ ဖြစ်နေသော ထိုသူအား ဘုန်းတော်ကြီးက ထပ်မံ၍ တိုက်တွန်း ပြန်သည်။

“ငါပြောတဲ့ အတိုင်းလုပ်ပြီး တစ်ပတ်ကြာတော့ ပြန်လာခဲ့ပါ”

စိုးရိမ်သောက

Cloud Cuckoo Land created a doc.
စိုးရိမ်သောကဆိုတာ လူသားတွေရဲ့ သဘာဝမှာ ပုံမှန်ရှိနေတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဒါပေမယ့် အဲဒီစိုးရိမ်သောကဟာ တာရှည်ခဲ့မယ် ဆိုရင်တော့ ဆုံးရှုံးသွားနိုင်တာ နှစ်ခုရှိပါတယ်။ အဲဒါက အချိန်နဲ့ စိတ်လှုပ်ရှားမှု စွမ်းအင်တို့ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်  ပြောရရင် အနာဂတ်ကို ကြိုတင်စိုးရိမ်ပူပန်ခြင်းလို့ သတ်မှတ်နိုင်ပြီး ဖြစ်မလာသေးတာတွေ အတွက် စိုးရိမ်ပူပန်နေတာပါ။ တစ်ချို့ကျတော့ ကာလရှည်ကြာစွာ စိုးရိမ်ပူပန်တတ်တာက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ စိတ်လှုပ်ရှား လွယ်တာကလည်း စိုးရိမ်သောကရဲ့ လွယ်ကူတဲ့ အစိတ်အပိုင်းပါပဲ။ အဲဒါကို စိန်ခေါ်ပြီး ရပ်တန့်ပစ်ရပါမယ်။ စိုးရိမ်သောကဖြစ်မှု အချိန် အတိုင်းအတာ  နည်းသွားအောင်  ကျိုးပမ်းကြရမှာ ဖြစ်ပါတယ်။

အဖော်ကောင်း မိတ်ဆွေကောင်း လိုချင်လျှင်

Cloud Cuckoo Land created a doc.
ပျော်စရာ ရှိတဲ့အချိန်မှာ အဖော်မရှားပေမယ့် စိတ်ညစ်စရာရှိတဲ့ အခါမှာ အဖော်ရှားပါတယ်။ အခုခေတ်မှာ လူတွေ များပေမယ့် အဖော်ကောင်းကတော့ တော်တော်ကို ရှားပါးတယ်။ ကိုယ့်စိတ်ထဲမှာ ရှိနေတာကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး စိတ်ထဲ ရှိတဲ့ အတိုင်း ပြောပြလို့ ရတဲ့သူ ပြောရင် အချိန်ပေးပြီး နားထောင်ပေးမယ့်သူ ကူညီခံစားပေးမဲ့သူ ကိုယ်ချင်းစာပြီး ကူညီဖေးမမဲ့သူ တော်တော်လေးကို ရှားပါတယ်။ တကယ်လို့များ သင့်မှာ အဲဒီလို အဖော်ကောင်း တစ်ယောက်လောက် ရှိထားတယ်ဆိုရင်တော့ သင့်ကိုယ်သင် ကံကောင်းတဲ့သူလို့ မှတ်ယူ ထားလိုက်ပါ။ တကယ်လို့ မရှိသေး ဘူးဆိုရင် သင့်အတွက် အဖော်ကောင်း မိတ်ဆွေကောင်း မလိုအပ်ဘူးလား။

မြေမြိုမှာ မကြောက်တော့ဘူး..အမေငိုမှာပဲ ကြောက်တယ်



[By Young Tiger]

... ၀န်ခံချက်

ကျွန်တော် ဒီခေါင်းစဉ်နဲ့ ပိုစ့်ရေးမလို့လုပ်နေတာ လွန်ခဲ့တဲ့ ရက်ပေါင်း၇၀ ၀န်းကျင်လောက်ကတည်းကပါ။ ဒါပေမဲ့ အကြောင်းအမျိုးအမျိုး ကြောင့် မရေးဖြစ်ခဲ့ဘူး။နောက် ရမ်းသမ်းပြီး ဖြီးဖျန်းရေးလို့ မရတဲ့သမိုင်း တစ်ခု ဖြစ်နေတာကြောင့်လည်း ရေးဖို့ လက်တွန့်နေခဲ့မိတယ်။ အဲဒီဒေသမှာ ပေါက်ဖွားကျင်လည်သူ မဟုတ်တာ ကြာင့်လည်း ပါပါတယ်။လက်တွေ့မဟုတ်ပဲ စာတွေ့ရေးရမဲ့အခါ ကျတော့ အမှားပါလာ နိုင်လို့ အွန်လိုင်းမှာ ဘလော့တကာလှည့်ပြီး  မွှေနှောက်ရှာဖွေရင်း လိုအပ်တာတွေ စုစည်းနေမိတယ်။ ပြည့်စုံပြီ ရယ်လို့မဟုတ်ပေမဲ့ ရေးဖို့ စိတ်ဆန္ဒရှိနေတဲ့အချိန်မှာပဲ ဆရာမရွှေစင်ဦးရဲ့ အားပေးအားမြှောက်ပြုမှုကြောင့် ကျွန်တော် ဒီနေ့ ရေး မိပါပြီ။ဒီထဲမှာပါတဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှာလည်းကောင်း၊ မြန်မာ့ စွယ်စုံကျမ်း အတွဲ(၁၅)မှ လည်းကောင်း၊(ဆရာ)တိုက်စိုး-ဧရာဝတီမှလည်းကောင်း ရှာဖွေရယူပါသည်။

စွယ်စုံရအနုပညာရှင် ထပ်ဆင့်အကယ်ဒမီ မြတ်လေး-

by Ko Myoe on Friday, September 23, 2011 at 11:59am



ကျနော်ငယ်စဉ်က မြတ်လေး၏ ‘ရေပွက်ပမာ’ ‘မလိခချစ်သူ’ ၊ ‘ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း’ ၊ ‘မြခြူသံ’၊ ‘ရွှေလက်ဖြင့်ခေါ်လည်းမလာ’၊ ‘ရင်ထဲမှာရွာသောမိုး’ ၊ စသည့်ရုပ်ရှင်ဇာတ်ကားများကို ကြည့်ဖူးသည်။ ထိုအချိန်မှစ၍ မြတ်လေး၏ ဖနောင့်ကလေးကြွကာ၊ မျက်ခုံးကြီး တဖက် ပင့်ကာပင့်ကာနှင့် ကဗျာဆန်ဆန် စကားရှည်ကြီးတွေပြောသော သူ့အမူအယာကို နှစ်ခြိုက်သွားခဲ့သည်။ ထိုခေတ်က သူ့အမူ အယာကို ‘မြတ်လေးစတိုင်’ ဟုခေါ်ကြသည်။ ကျနော့်အထင် သူပါဝင်သောကားတိုင်း၌ အပြောကို လိုအပ်သည်ထက် ‘ကဲ’ လေ့ရှိသည်။

ထဘီ ခါးတောင်းကျိုက်ပြီး ခေါင်မိုး တက်ဖာနေရသော အမျိုးသမီး ကျောင်းဆရာမများ


မြန်မာနိုင်ငံ အနှံ့အပြားတွင် အမျိုးသမီးကျောင်းဆရာမ ဦးရေ အဆမတန် များပြားနေပြီး အမျိုးသားများမှ ကျောင်းဆရာအလုပ်ကို ငြင်းဆန်နေချိန်တွင် ကမ္ဘာ့နိုင်ငံများ၏ ပညာရေး စနစ်တွင်လည်း ပြဿနာတက်နေပါသည်။

လူမှုစီးပွား မပြေလည်သည့် အလုပ်အနေဖြင့်လည်းကောင်း၊ ဂုဏ်သိက္ခာအရ ကျဆင်းနေသည့် အလုပ်အနေဖြင့် လည်းကောင်း မြန်မာ့ပညာရေးတွင် အမျိုးသား ကျောင်းဆရာ ရှားပါးမှု ပြဿနာကို ဆယ်စုနှစ်များစွာ ရင်ဆိုင်နေရပြီးလည်း ဖြစ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို လေ့လာသင့်ကြပါပြီ။

ကျောင်းဆရာငယ်များမှာလည်း လက်ဖက်ရည်ဆိုင်တွင် လူသိရှင်ကြား “ကျနော် ကျောင်းဆရာ လုပ်ပါတယ်” ဟု ထုတ်ဖော် ပြောဆိုရန် ရှက်ရွံ့ ၀န်လေးကြကြောင်း မောက္ခက သတင်းရရှိထားသည်။

“လက်ခံမှု”


  • [By Sein Lan Myay]

    မောင်လေးတစ်ယောက်က မြန်မာပြည်ကနေ စာအုပ်လှမ်းမှာလို့ မနေ့ကသွားဝယ်ဖြစ်ပါတယ်။ စာအုပ် title လေးက “Happiness in Hard Times” တဲ့ ။ စာအုပ်လေးကိုတွေ့တော့ ကြိုက်လို့ သူ့အတွက်ဝယ်ရင်းနဲ့ ကိုယ့်အတွက်ပါ ဝယ်မလို့ပဲ။ ဒါပေမဲ့ $ 23 နဲ့ ၂အုပ်ဆိုရင်ဒေါ်လာ (၅ဝ) နီးပါး သွားကျမယ် ။ အဲ့ဒီတော့ သူ့အတွက် (၁)အုပ်ပဲ အရင်ဝယ်လာပြီး လူကြုံနဲ့ထည့်မပေးခင် ဖတ်နိုင်သမျှ ဖတ်လိုက်ပါဦးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဖတ်မိတဲ့ ပထမစာမျက်နှာ (Acceptance) “လက်ခံမှု” ဆိုတဲ့စာပိုဒ်လေးဟာ လွန်စွာ အကျိုးရှိလှပါတယ် ။
      နည်းနည်းမျှဝေပါရစေ ။ 

ပြည်ရေးပြည်ရာ အလယ်တန်းများအတွက်[ ဦးသန့် ]

by The River Club on Friday, September 23, 2011 at 1:19am


ပြည်ရေးပြည်ရာ မူလတန်းကျောင်းအတွက် ပြဌာန်းချက် (အဆက် )

သတ္တမတန်း (တစ်ဆယ့်နှစ်နှစ် အထက်ကလေးများ) အတွက် ပြည်သူပြည်သားများ၏ တာဝန်ဝတ္တရားများတွင် ပါဝင်သော မိမိနိုင်ငံကို ချစ်ခင်စုံမက်ရခြင်း သင်ခန်းစာ နမူနာတစ်ခုကို ပြဆိုပေအံ့။
ဆရာသည် ကျောင်းသားတစ်ဦးကို ခေါ်၍ ၎င်း၏အိမ်သားများနှင့် သူစိမ်းများကို မည်သူ့အားပို၍ ချစ်ခင်ကြောင်း မေးရမည်။ မိမိ၏မြို့သားနှင့် အခြားမြို့သားများကိုလည်း အထက်ပါ နည်းအတိုင်း မေးရမည်။ ၎င်းနောက် မိမိတို့၏ မြန်မာနိုင်ငံသားများနှင့် အခြားနိုင်ငံသားများကို နှိုင်းယှဉ်၍ မေးရမည်။ ဤတွင် ကမ္ဘာပေါ်၌ ကွဲပြားလျက်ရှိသော “အမျိုးသားရေး” (Nationalism) နှင့် “ကမ္ဘာရေး” (Internationalism) ဟူသော အယူဝါဒနှစ်မျိုးကို အကျိုးအပြစ် ရှင်းလင်းပြောပြရမည်။

ကြောက်မပြဘဲ..ထောက်ပြကြပါစို့..။


by Aung Lat on Thursday, September 22, 2011 at 6:11pm
  • September 20, 2011 ရက် ၊ 1:30pm တွင် kyagee13 ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

           လက်ရှိကမ္ဘာနိုင်ငံ အသီးသီးမှာ  ယေဘုယျ နိုင်ငံ အုပ်ချုပ်ရေး မူဝါဒ စနစ် (၃)မျိုးရှိပါသည်.....။ ၎င်းစနစ်(၃) မျိုးမှာ........

၁။Democracy-(ဒီမိုကရေစီ) ဒီမိုကရေစီစနစ်။

၂။Communist-(ကွန်မြူနစ်) ကွန်မြူနစ်စနစ်။

၃။Socialist- (ဆိုရှယ်လစ်ဝါဒီ) ဆိုရှယ်လစ်စနစ်။

    မူဝါဒ တစ်ခုချင်းစီ၏  အကျဉ်းသဘော အဖွင့်မှာ......

[mrsorcerer:10932] ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း


daw aung san su kyi ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် အစိုးရအဖွဲ့သစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လအတွင်းတွေ့ဆုံခဲ့ခြင်းက မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အရေးပါသည့် ပုံရိပ်တစ်ခုအဖြစ် ရှိခဲ့သလို ပြည်သူများအကြား အမျိုးသား ရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်ရောင်ခြည်လည်း ပေါ်ထွက်ခဲ့ရသည်။ နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမှုများကို အားရကျေနပ်ကြောင်းနှင့် နှစ်ဖက်ဆွေးနွေးမှုများက အချိန်ကန့်သတ်မထားသော်လည်း မြန်ဆန်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်မှာ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်မှ ရက်ပေါင်း ၃၀၀ ကျော်ရှိပြီ ဖြစ်သည်။ ထိုကာလအတွင်း ၎င်း၏ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီတစ်ရပ်အဖြစ် လှုပ်ရှားမှုများ ပိုမို အားကောင်းလာသည့်အပြင် သားဖြစ်သူနှင့်အတူ ရန်ကုန်ပြင်ပ မိသားစု အပန်းဖြေခရီးစဉ်အဖြစ် ပုဂံသို့ ရွေးချယ်သွားရောက်ခဲ့သည်။ ပထမဆုံး စည်းရုံးရေး ခရီးစဉ်ကိုလည်း ပဲခူးမြို့သို့ ရွေးချယ်သွားရောက်ခဲ့သည်။

မိဘတို့အတွက် သားသမီးများပြုစုပျိုးထောင်နည်း (၂)



အထမြောက်အောင်မြင်နည်း၊

ယခင်ကပြုမိသောအမှားများအတွက် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနှင့်တော့၊ အတိတ်ကိုပြုပြင်၍ မရသော်လည်း အနာဂတ်သည် သင့်လက်ထဲတွင်ရှိသည်၊၊
မိဘတဦးအနေဖြင့် မည်သည့်ရည်မှန်းချက်ရှိကြောင်း ဆုံးဖြတ်ထားပါ။
မိဘတို့ ၏လုပ်ငန်းသရုပ်ဖော်ချက်ကို ကိုယ့်ဘာသာခပ်တိုတိုရေးပါ၊
အနီးမှာရှိနေပါ။
သင်သတိမထားမိမှီ အိမ်ကြီးဟောင်းလောင်းဖြစ်လိမ့်မည်၊၊

အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ

by Kaung Myat Min on Thursday, September 22, 2011 at 4:44pm
 
"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။   ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"
(ဒေါ်အောင်ဆန်းစုကြည်)

ယောက်ျား မိန်းမ တွေးရယ်စရာ

 
အလွမ်း အဆွေးတွေ၊ ခံစားချက် ဘ၀ အပိုင်းအစတွေ ရေးတာများတဲ့ ကျွန်တော့်ကို စာဖတ်သူတွေက ဟာသတွေ ရေးဖို့ တောင်းဆိုလာပါတယ်။ ကျွန်တော်လဲ ဒါနဲ့ ဒီစာကို ရွေးချယ် ဘာသာပြန်ဖြစ်ပါတယ်။ ရယ်စရာသက်သက်မဟုတ်ပဲ အတွေးအမြင်လေးတွေ ပါနေတဲ့အတွက် ရွေးချယ်လိုက်ပါတယ်။  တွေးပြီး ရယ်မောရင်းနဲ့  အတွေးအမြင်တွေရနိုင်ကြပါစေ။

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၁)

 နိုင်ငံတော်ဆိုသည်မှာ

        ပြီးခဲ့သောအခန်း၌ နိုင်ငံရေးနှင့်ပတ်သက်၍ အရစ္စတိုတယ်နှင့် မာခီယာဗယ်လီတို့၏ ရှုမြင်သုံးသပ်ချက် နှစ်ရပ်အကြား တည်ရှိသော ၀ိရောဓိအကြောင်းကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံရေးဟူသည် အရာများစွာတို့ လွန်ထိုး ယှက်နွယ်လျက်ရှိပြီး အဓိပ္ပါယ်အမျိုးမျိုးထွက်နိုင်သော သဘောတရားဖြစ်ပါသည်။ ဤအခန်းတွင် “နိုင်ငံရေး” ကဲ့သို့ အလားတူခက်ခဲသော သဘောတရား တစ်ရပ်ဖြစ်သည့် “နိုင်ငံတော်” နှင့် ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုသို့မဟုတ် အဓိပ္ပါယ် ဖွင့်ဆိုချက်တစ်ခုကို ကြိုးပမ်းဖော်ထုတ်သွားမည် ဖြစ်ပါသည်။ ဤတွင် “နို်င်ငံရေး” ၏ အဓိကအာရုံစူးစိုက် ရာသည် “နိုင်ငံတော်” ဖြစ်သည်ဆိုခြင်းကို ကျွန်ု့ပ်တို့ အဆိုင်းမတွ ပြောဆိုနိုင်ပါသည်။

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၃) ၊ အပိုင်း(၂)

ပြိုင်ဖက်ကင်းမဲ့သော အချုပ်အခြာအာဏာ
          နိုင်ငံတော်၏ အဓိပ္ပါယ်သတ်မှတ်ချက်ကို ပထမပိုင်းတွင် ဖော်ပြထားသကဲ့သို့ (အင်အားချနဲ့၍ အရည်အ ချင်းမပြည့်မီသည့်နိုင်ငံမဟုတ်ဘဲ) စနစ်ကျနမှန်ကန်သည့် နိုင်ငံတော်တစ်ရပ်သည် သတ်မှတ် ထားသော ပိုင်နက်တစ်ခုတွင် နေထိုင်ကြသော လူတို့အပေါ်၌ သက်ရောက်မှုရှိသည့် ပြိုင်ဖက်မဲ့သော အချုပ်အခြာအာဏာ ကိုပိုင်ဆိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ နိုင်ငံတော်ကိုယ်၌က တုနှိုင်းမဲ့စွာ စွမ်းပကား ကြီးနေ၍ မဟုတ်ပါ။ နိုင်ငံတော် အာဏာတွင် တရားဥပဒေကြောင်းအရ လည်းကောင်း၊ သဘာဝအရလည်းကောင်း ကန့်သတ်ချက်များရှိပါသည်။

စတိဂျော့မရှိတဲ့ ကမ္ဘာ (ဆောင်းပါး)

Rozoner King created a doc.
[By Nyan Lin ]

လာကဓာတ်ခန်းသာဂိ၊ စက်တင်ဘာ ၂၂၊ ၂၀၁၁
ကွန်ပျူတာလောကရဲ့ ဘုရားတဆူ၊ ဂူတလုံးဖြစ်တဲ့ တီထွင်ဖန်တီးရှင် အက်ပဲကွန်ပျူတာရဲ့ ဘခင်ကြီး စတိဂျော့က ပန်ကရိယပ်ကင်ဆာကြောင့် ကုမ္မဏီက အနားယူတော့မယ်လို့ လွန်ခဲ့တဲ့ စက်တင်ဘာ ပထမပတ်က ကြေညာလိုက်တယ်။ ဈေးကွက်ထဲက ပရိသတ်ကြီးဟာ အုပ်အော်သောင်းနင်းနဲ့ ကမ္ဘာပျက်မတတ်ဖြစ်သွားတယ်။ သူသေမှာကို စိုးရိမ်ပူပန်တာမဟုတ်ဘူး။ သူတို့တွေရဲ့ အက်ပဲကွန်ပျူတာ တွေ၊ အိုင်ဖုန်း၊ အိုင်ပက်၊ အိုင်လိုက်ဖ်တွေနဲ့ ထူထောင်ထားတဲ့ နေ့စဉ် လူမှု နည်းပညာဘ၀ကြီး အမှောင် တိုက်ဖုံးတော့မှာကို ပူလို့ လူးလှိမ့်နေကြတာဖြစ်တယ်။ သူမရှိတော့ရင် အက်ပဲကုမ္မဏီကြီးဟာ အနာဂတ် လူမှုနည်းပညာဘ၀တွေကို ဦးဆောင်နိုင်တော့မှာ မဟုတ်ဘူး။ သူတို့တွေရဲ့ တအိုင်အိုင်ဖြစ်နေတဲ့ ဘ၀တွေ နိဋ္ဌိတံတော့မယ်လို့ စိုးရိမ်ကြတာဖြစ်တယ်။

စစ်မှန်သည့် အပြောင်းအလဲများ ရှိလာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

by The Irrawaddy (Burmese Version) on Thursday, September 22, 2011 at 2:29pm
ရန်ပိုင် Thursday, 22 September 2011 14:22

မြန်မာနိုင်ငံ၌ မကြာမီ ကာလအတွင်း စစ်မှန်သည့် အပြောင်းအလဲများဖြစ်မည့် လက္ခဏာများ တွေ့မြင်နေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

 

Clinton Global Initiative သို့ မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Sophia Sofia Chan / Facebook)အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသည့် Clinton Global Initiative (CGI) ၏ ၇ ကြိမ်မြောက် ညီလာခံသို့ ဗီဒီယိုကွန်ဖရင့်မှတဆင့် ယမန်နေ့က တိုက်ရိုက် ပြောဆိုခြင်းဖြစ်သည်။

လတ်တလော

Cloud Cuckoo Land created a doc.
- မြန်မာစကားဗျ အတော်တော့ နားလည်ရခက်တယ်။ “လတ်တလော” တဲ့ အဓိပ္ပါယ် ဖွင့်ပေးကြည့်။ စာတွေကို အဖြေမပါဘဲ ရေးနေမိတာ အကျင့်တစ်ခု။ ရှုထောင့် အမျိုးမျိုးကနေ ဝေဖန်ကြည့်။ နားလည်ပေးကြည့်မယ်။
- အိပ်လို့ မပျော်ဝူး။ အိပ်ဖို့လည်း မကြိုးစားဝူး။ အိပ်မပျော်ခြင်းရဲ့ အကြောင်းက ခိုင်လုံသလို အချိန်တွေကို အိပ်ခြင်းနဲ့ ကုန်ဆုံးရမှာကိုလည်း နှမြောတတ်တယ်။ ညရဲ့ တေးသံ တစ်စ ပျံလွင့်ဖို့ အကြောင်းဖန်လာတယ်..

အသံမဲ့ ချစ်ခြင်းမေတ္တာ

[By Nine Nine Sanay @ နိုင်းနိုင်းစနေ]

“အကြော်စုံရမယ်.... အကြော်စုံ ပူပူလေးရမယ်....”

တောမြို့လေးတစ်မြို့၏ လမ်းကြိုလမ်းကြားထဲတွင် စက်ဘီးတစ်စီးတွန်းပြီး အကြော်လှည့်ရောင်းနေသော အဘိုးအိုတစ်ဦးကို နေ့တိုင်းလိုလို တွေ့ရတတ်သည်။ ဓာတ်ခဲထည့်ထားသော အပေါစား စပီကာမှ ချိုသာသောအသံသည် ရပ်ကွက်တိုင်းကို ပျံ့လွှင့်သွားသည်။ ထိုအသံမှာ ကျွန်မ၏အသံဖြစ်သည်။ ပိန်လှီနေသောခန္ဓာကိုယ်နှင့် စက်ဘီးကို အားစိုက်တွန်းရင်း နေရာလပ်မကျန်အောင် အကြော် လှည့်ရောင်းနေသော ဆွံ့အနားမကြား အဘိုးအိုမှာ ကျွန်မ၏ဖခင်ဖြစ်သည်။

Wednesday, September 21, 2011

သင့်ရဲ့ ကျန်းမာရေးအပေါ် ထိခိုက်မှုရှိတဲ့နေရာ (၉)ခု

by Peace Ful on Wednesday, September 21, 2011 at 7:27pm
သင့်ရဲ့ နေရာဒေသနဲ့ ဆိုင်တဲ့ အမူအကျင့် တစ်ခုချင်းစီဟာ သင့်ရဲ့ကျန်းမာရေးအပေါ် ရောင်ပြန်ဟပ် သက်ရောက်မှုရှိတာ အသေအချာ မှန်ကန်ပါတယ်။ ဘာမှ အန္တရာယ် မရှိလောက်ပါဘူးလို့ ထင်ရတဲ့ အမူအကျင့် အသေးအဖွဲလေး တွေကနေ ကြီးမားတဲ့ ကျန်းမာရေး ပြဿနာတွေ တစ်ခါတစ်လေ ကြုံကြရတတ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး သုတေသီများ လေ့လာ စုစည်း ဖော်ပြထားတဲ့ ကျန်းမာရေးကို ထိခိုက်မှန်း မသိ ထိခိုက်စေသော အမူအကျင့် (၉) ချက်ကို မက်ဖန် ပရိသတ်များ ဆင်ခြင်ဖွယ်ရာ ဖော်ပြပေးလိုက်ပါတယ်။

စပ်စုစိန်များနဲ့ ဆက်ဆံခြင်း

Cloud Cuckoo Land created a doc.
လူတွေဘာကြောင့် စပ်စုသလဲဆိုရင် အကြောင်း သုံးမျိုးကြောင့် စပ်စုတယ်လို့ ယေဘုယျ ကောက်ချက်ချ ရပါလိမ့်မယ်။ မနာလိုလို့၊ စိတ်ဝင်စားလို့၊ လုပ်စရာမရှိပျင်းလို့ ဖြစ်ပါတယ်။  နောက်ပြီး စပ်စုတဲ့သူတွေဟာ သူတို့မေးတဲ့ မေးခွန်းဟာ စပ်စုရာများ ကျနေသလားဆိုတာကို သူတို့ကိုယ်တိုင် မသိရှိကြပါဘူး။ လူတိုင်းမှာ သူတို့ကိုယ်တိုင် ဘောင်ခတ်ထားတဲ့၊ စည်းတားထားတဲ့ Privacy စည်းလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ဒီလိုမတူတဲ့ အနေအထားကို တစ်ဖက်သူအနေနဲ့ မသိရှိဘဲ မေးမြန်းရာမှ တစ်ဖက်သူအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပေါ်လာတာ ဖြစ်ပါတယ်။
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...