[mrsorcerer:11180] အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ
သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊
တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့
အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့
ဝါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။
သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက
- ကိုယ့်ကိုယ်ကို သိပါ
- ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ
- ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ
့နည်းလမ်းတွေကို သိပါ
- ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ
ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး
ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။
စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့်
ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။
- ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ
- ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ
- အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ
- အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ
(Reading/Writing/Listening/ Speaking)
- ဘယ်လောက်ကြာကြာလေ့လာမှာလဲ
- အချိန်ဘယ်လောက်ပေးနိုင်သလဲ
- ငွေဘယ်လောက် အကုန်ခံနိုင်သလဲ
- စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား
လမ်းဆုံးအောင်လျှောက်
အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး
ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။
တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။
တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့
အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း
ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့
ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့  အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး
ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆
လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။
ကိုယ်တိုင်လုပ်နိုင်တာတွေ
- အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချ ယ်ပါ)
- အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ
- တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ
- နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ
- အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ
- အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊
သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ
- နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ
၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။
- တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး)
အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ြ ဖစ်အောင် လုပ်ပါ
- အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ်
တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ
အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို
ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း
လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။
မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။
- ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်
- ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်
- အ၀တ်အစားဝယ်မယ်
- အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်
ဘယ်လိုလေ့လာရမလဲ
လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက်
အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။
ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက
- ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား
- အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား
- ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့
ရှင်းပြတာကို ပိုကြိုက် သလား
- နားထောင်ရုံသက်သက်ကိုကြိုက်သလား ၊ အပြန်အလှန် မေးရတာကိုကြိုက်သလား
အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊
စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက်
ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။
ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆို သူတွေက
- နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို
နားထောင်နေတာ ဟုတ်ရဲ့လား
- အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး
အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား
- သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား
အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။
ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။
သတိပြုသင့်တာတွေက
၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။
တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။
၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး
ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။
၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။
အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို
စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ်လာရင် အဆင်ပြေပြီ။
နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။
အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကို နားထောင်လိုက်တာလည်း အလုပ်ဖြစ်တယ်။
တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။
၎။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ
ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။
နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက်
ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း
အေးသွားတတ်တယ်။
၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4
သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။
၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့ လာပါ။ ဖတ်၊ ရေး၊ ပြော၊ နားထောင်၊ ဂရမ်မာ
တစ်လှည့်စီပြောင်းပါ။
၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော်
တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ
ပိုပြီးအကျိုးရှိတယ်။
၈။ ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို
ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတန်း၊
အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။
၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့
ဝန်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။
သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ
သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။
၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ
လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ
အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိ တယ်။ ကျယ်ကျယ်အော်ရင်
ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။
ပြောကြည့်ပါ ထူးခြားသွားပါလိမ့်မယ်။
၁၁။ စိတ်ရှည် ဇွဲသန် သီးခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ
ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့
အချိန်အတိုင်းအတာတစ်ခုတော့လို တယ်။ လူဆိုတာ ကွန်ပျူတာမဟုတ်တော့
သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။
၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။
များများဆက် များများတက် တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး
အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများ နိုင်ငံက
ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လည်း ရေးရင်းနဲ့
လက်တက်သွားလိမ့်မယ်။
၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ
အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ
တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံ နဲ့ ကမ္ဘာ့အပြင်ကို
ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။
နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သီးခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို
အထပ်ထပ်ရွတ်ပါ။
Pratice ... Pratice … Practice!
Read more: အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ - Myanmar Network
http://www.myanmar-network. net/forum/topic/show?id= 3423487%3ATopic%3A410621&xgs= 1&xg_source=msg_share_topic# ixzz1YyEURfHi
တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့
အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့
ဝါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။
သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက
- ကိုယ့်ကိုယ်ကို သိပါ
- ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ
- ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ
- ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ
ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး
ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။
စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့်
ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။
- ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ
- ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ
- အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ
- အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ
(Reading/Writing/Listening/
- ဘယ်လောက်ကြာကြာလေ့လာမှာလဲ
- အချိန်ဘယ်လောက်ပေးနိုင်သလဲ
- ငွေဘယ်လောက် အကုန်ခံနိုင်သလဲ
- စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား
လမ်းဆုံးအောင်လျှောက်
အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး
ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။
တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။
တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့
အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း
ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့
ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို
ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆
လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။
ကိုယ်တိုင်လုပ်နိုင်တာတွေ
- အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချ
- အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ
- တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ
- နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ
- အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိ
- အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊
သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ
- နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ
၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။
- တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး)
အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ြ
- အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ်
တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ
အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖိ
ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း
လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။
မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။
- ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်
- ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်
- အ၀တ်အစားဝယ်မယ်
- အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်
ဘယ်လိုလေ့လာရမလဲ
လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက်
အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။
ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက
- ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား
- အများနဲ့ထိုင်ကြည့်ရတာကြိုက်သလာ
- ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့
ရှင်းပြတာကို ပိုကြိုက် သလား
- နားထောင်ရုံသက်သက်ကိုကြိုက်သလား
အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊
စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက်
ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။
ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆို
- နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို
နားထောင်နေတာ ဟုတ်ရဲ့လား
- အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး
အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား
- သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား
အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။
ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။
သတိပြုသင့်တာတွေက
၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။
တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။
၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး
ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။
၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။
အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို
စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ်လာရင် အဆင်ပြေပြီ။
နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။
အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကိ
တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။
၎။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ
ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။
နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက်
ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း
အေးသွားတတ်တယ်။
၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4
သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။
၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့
တစ်လှည့်စီပြောင်းပါ။
၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော်
တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ
ပိုပြီးအကျိုးရှိတယ်။
၈။ ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို
ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတန်း၊
အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။
၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့
ဝန်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။
သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ
သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။
၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ
လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ
အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိ
ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။
ပြောကြည့်ပါ ထူးခြားသွားပါလိမ့်မယ်။
၁၁။ စိတ်ရှည် ဇွဲသန် သီးခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ
ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့
အချိန်အတိုင်းအတာတစ်ခုတော့လို
သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။
၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။
များများဆက် များများတက် တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး
အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများ နိုင်ငံက
ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လည်း ရေးရင်းနဲ့
လက်တက်သွားလိမ့်မယ်။
၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ
အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ
တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံ
ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။
နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သီးခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို
အထပ်ထပ်ရွတ်ပါ။
Pratice ... Pratice … Practice!
Read more: အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ - Myanmar Network
http://www.myanmar-network.
0 comments:
Post a Comment