Wednesday, September 21, 2011

ဝန်ထမ်းလေးမျိုးနှင့် လစာလေးမျိုး

Cloud Cuckoo Land created a doc.
ဒီတစ်ပတ် ရုံးထဲကဝန်ထမ်းတွေကို အမျိုးအစား ခွဲထားတာလေး ပြောပြချင်ပါတယ်။ သူတို့တွေရဲ့ အမူအကျင့်တွေ၊ စရိုက်တွေနဲ့ သူတို့တွေရဲ့ လစာငွေတွေအကြောင်း နှီးနွယ်ဆက်စပ်တာတွေကို ဖော်ပြပေးသွားပါမယ်။

ပြဿနာဖြေရှင်းသူ
ကောင်းကျိုး။ ။ရှားပါးတဲ့လူ အမျိုးအစား ဖြစ်တယ်။ အလုပ်ကို စိတ်ဖိစီးမှု ဘယ်လောက် ဖြစ်နေပါစေ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်တဲ့ လူအမျိုးအစားလည်း ဖြစ်တယ်။ ဒီအမျိုးအစား အတော်များများ ဟာ သာမန်အားဖြင့် ရောင့်ရဲတင်းတိမ် နိုင်စွမ်းလည်း ရှိကြတယ်။

ဆိုးကျိုး။ ။သူတို့ဟာ ဆုံးဖြတ်ချက် အချမြန်လွန်း၊ များလွန်းတဲ့ သူတွေလည်း ဖြစ်တယ်။ တခြားတစ်ဖက်က ပြောဖို့ အခွင့်မရသေးခင်မှာပဲ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ချလိုက်ကြတယ်။ တစ်ခါတလေမှာ ပျင်းရိတဲ့သူ အဖြစ်နဲ့လည်း နေတတ်ကြသေးတယ်။
... လမ်းညွှန်ချက်။ ။ ပြဿနာဖြေရှင်းတဲ့ သူတွေဟာ သူတို့ရဲ့အတွေးအခေါ်ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အမြဲတမ်း နှီးနှောဖလှယ် တိုင်ပင် သင့်ပါတယ်။

လက်ခံသူ
ကောင်းကျိုး။ ။ သူတို့ဟာ သံတမန်တွေလို နေထိုင်ပြုမူ တတ်ကြပြီး အသေးစိတ်လည်း ဆောင်ရွက်လုပ်ကိုင် တတ်ကြတယ်။ လူတော်တော်များများဟာ ဒီအမျိုးအစားတွေ ဖြစ်ကြတယ်။
ဆိုးကျိုး။ ။ အဆိုးမြင်သမားမဖြစ်စေဖို့ ဂရုပြုရပါမယ်။ သူတို့ရဲ့စိတ်ခံစားချက်တွေကို ထိန်းသိမ်းထားတာကို ဖျောက်ပေးပါ။ အုံ့ပုန်းလို မလုပ်ပါနဲ့။
လမ်းညွှန်ချက်။ ။ သူတို့တွေဟာ စိတ်ခံစားချက်ကို ထွက်ပေါက်ပေးဖို့ လိုအပ်ပါတယ်။ အနည်းဆုံး ကိုယ့်စိတ်ထဲက မကျေနပ်ချက်တွေ၊ ခံစားချက်တွေကို ထွက်ပေါက်ပေးတဲ့ အနေနဲ့ စာရွက်ပေါ် ချရေးသင့်ပါတယ်။


ယုံကြည်သူ
ကောင်းကျိုး။ ။သူတို့တွေဟာ သူတို့ဘဝကို ကျေနပ်နှစ်သိမ့်နေလေ့ ရှိကြတယ်။ တင်းတိမ်နေလေ့ ရှိကြတယ်။ ဖင်မြဲတဲ့သူတွေလည်း ဖြစ်ကြတယ်။
ဆိုးကျိုး။ ။ သူတို့အတွက် တခြားသူတွေရဲ့ စိတ်ခံစားချက်တွေဟာ သူတို့အပေါ် အနှောင့်အယှက် ဖြစ်မလာသရွေ့ အိုကေနေမှာပါ။ ဘေးပတ်ဝန်းကျင်ရဲ့ ပယောဂဟာ ကိုယ့်အပေါ် ရိုက်ခတ်လာပြီ ဆိုရင်တော့ သူတို့ဟာ မနေတတ်၊ မထိုင်တတ်ကြတော့ပါဘူး။ အရမ်းကိုလည်း သတိကြီးတဲ့ သူများပဲ ဖြစ်ပါတယ်။
လမ်းညွှန်ချက်။ ။ လုပ်ငန်းခွင်အတွင်း အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတွေးအမြင်ခြင်း ဖလှယ်ပေးပါ။
ဗျာပါသမား

ကောင်းကျိုး။ ။စိတ်လှုပ်ရှားလွယ်တယ်။ မျက်ရည်ကျလွယ်တယ်။ စိတ်ထိခိုက် ခံစားလွယ်တဲ့ ပိုင်ရှင်များပဲ ဖြစ်ပါတယ်။
ဆိုးကျိုး။ ။ အစိုးရိမ်တတ်ဆုံး၊ ပူပင်သောက အများဆုံး ဝန်ထမ်းအမျိုးအစားပဲ ဖြစ်ပါတယ်။ နောက်ပြီး စကားများများ ပြောတတ်တဲ့ လူစားတွေလည်း ဖြစ်ပါတယ်။ တစ်ခုခုမှားသွားရင်လည်း တခြားသူတွေအပေါ် ပြစ်တင်ပုံချ တတ်ကြတယ်။
လမ်းညွှန်ချက်။ ။ ပျော်ပျော်နေပါ။ ယောဂလေ့ကျင့်ခန်းတို့ လုပ်ပေးသင့်ပါတယ်။ တခြား ပြေးလွှားလှုပ်ရှားရတဲ့ အားကစားတစ်ခုခုကို လိုက်စားသင့်ပါတယ်။

လစာငွေ နှိုင်းယှဉ်ချက်
ဒီဝန်ထမ်း အမျိုးအစားလေးမျိုးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ လေ့လာတွေ့ရှိချက် အရ ပြဿနာ ဖြေရှင်းသူတွေဟာ လစာငွေ အမြင့်ဆုံး ရရှိထားကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ များသောအားဖြင့် ကုမ္ပဏီပိုင်ရှင်တွေ၊ စီအီးအိုတွေ ဖြစ်နေတာ များပါတယ်။ လက်ခံသူတွေဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၆၅၆၇၄ ရရှိကြပါတယ်။ ယုံကြည်သူတွေကျတော့ ၆၂၇၃၈ ရရှိကြတယ်။ ဗျာပါသမားတွေကတော့ ၅၉၂၅၃ ရတာကို တွေ့ရှိကြပါတယ်။

ဝန်ထမ်းကောင်းရဲ့ အရည်အသွေး
လစာကောင်းဖို့ အတွက် ဝန်ထမ်းရဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းဖို့လည်း လိုအပ်ပါတယ်။ ဝန်ထမ်းကောင်း တစ်ယောက် ဖြစ်လာတာနဲ့အမျှ လစာကောင်းဖို့ ဆိုတာကလည်း မဝေးတော့ဘူး ဖြစ်ပါတယ်။ ဝန်ထမ်းကောင်း တစ်ယောက် ဖြစ်ဖို့အတွက် တာဝန်ယူနိုင်စွမ်း ရှိရပါမယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ကိုင် တတ်ရပါမယ်။ အပြုသဘောမြင်တဲ့ စိတ်ထား ရှိရပါမယ်။ အလုပ်လုပ်ချင်စိတ်၊ ကြိုးစားချင်စိတ် ရှိရပါမယ်။ ခိုင်းမှလုပ်တာမျိုး မဖြစ်ရပါ။ အချိန်နဲ့ကိုက် လုပ်ဆောင် တတ်ရပါမယ်။ ဝန်ထမ်းတိုင်း လစာကောင်းကြပါစေလို့ ရည်သန်လျက်…

posted by မေနဒီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...