Wednesday, September 21, 2011

ကိုယ့်ကိုယ်ကိုယ် ကြင်နာသလား

Cloud Cuckoo Land created a doc.
တစ်နေ့က ကိုယ့်ကိုယ်ကိုယ် ကြင်နာ သလားဆိုတဲ့ ဆောင်းပါး တစ်ခု ဖတ်လိုက် ရတယ်။ ကိုယ့်ကိုယ် ကိုယ် ကြင်နာဖို့များ ဘာများ အထွေ အထူး လုပ်နေစရာ လိုသေးလို့လဲလို့ အရင်ဆုံး တွေးမိပါတယ်။ သူမေးထား တဲ့ မေးခွန်းကိုလည်း ကြည့်ဦးလေ။ ကိုယ့်မိတ်ဆွေ၊ ကိုယ့်မိသားစုတွေ အပေါ် ဆက်ဆံသလို ကိုယ့်ကိုယ် ကိုယ် ဆက်ဆံရဲ့လားတဲ့။ ဒီမေးခွန်းလေးကို စိတ်ပညာ ဆိုင်ရာ သုတေသနတစ်ခုလုပ်ဖို့ အခြေခံအနေနဲ့ သုံးတာပါ။

ကိုယ့် ကိုယ်ကိုယ် ဘယ်လောက်ကြင်နာသလဲ၊ ဘယ်လောက်ဂရုစိုက်သလဲ၊ ကိုယ့် ကိုယ်ကိုယ် ဘယ်လိုမြင်ကြသလဲ။ တကယ်တော့ သူများကို ကူညီတတ်၊ နားလည်တတ်တဲ့ လူတွေဟာ ကိုယ့် ကိုယ်ကိုယ်ကျ သိပ်မညှာတာတတ်တာ စမ်းသပ်စစ်ဆေးမှုတွေအရ တွေ့ရ တယ်တဲ့။ ပြီးတော့ အဝလွန်တာတို့၊ လေ့ကျင့်ခန်းမလုပ်တာတို့ဟာ မအောင်မြင် တာတွေ၊ အားနည်းတာ တွေပဲဖြစ်ပြီးတော့ အထင်သေးအမြင် သေး ဖြစ်နေတတ်တယ်တဲ့။ သုတေ သနက အကြံပြုတာကတော့ ကိုယ့် ကိုယ်ကိုယ် ညှာတာပါတဲ့။ ပြီးတော့ ကိုယ့်ရဲ့ အားနည်း ချက်တွေ၊ မပြည့်စုံ တာတွေကိုလည်း လက်ခံပါတဲ့။ အဲဒီ လို ကိုယ့်ကိုယ်ကိုယ်ညှာတာမယ်၊ အနားပေးမယ်၊ ကိုယ့်ရဲ့အားနည်းချက် တွေကိုလက်ခံမယ်ဆိုရင် ကျန်းမာရေး ပိုကောင်း လာမယ်တဲ့။ ကိုယ့်ကိုယ် ကိုယ် ညှာတာမှုစစ်ဆေးတဲ့အခါမှာ အမှတ်များတဲ့လူတွေဟာ စိတ်ဓာတ် ကျတာနည်းတယ်၊ သောကနည်း တယ်၊ ပိုပြီးတော့ ပျော်ရွှင်တတ်တယ်၊ အကောင်းမြင် တတ်တယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် ကြင်နာတာဟာ ကြင်နာမှုရှိတဲ့ အပေါ်မှာမူတည်ပြီး တော့ စားပုံသောက်ပုံတွေ ပြောင်းလဲ တယ်။ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင် တယ်တဲ့။

ဟိုတုန်းက ပြောကြတာ တွေရှိတယ်လေ။ စိတ် ဓာတ်ခွန်အားနဲ့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းချတာတွေဟာ ကျန်းမာရေး ပိုကောင်းစေနိုင်တယ်လို့ ဆိုထားကြ တယ်။ အဲဒီအကြံဥာဏ် တွေနဲ့အခု ဆန့်ကျင်မှုမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် ညှာတာလို့ဆိုရာမှာ ကိုယ့်ကိုယ်ကိုယ အလိုလိုက်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတာမျိုးကို မဆိုလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ မညှာတာ ကြသလဲဆိုတဲ့ မေးခွန်းကို သုတေသီ တွေက အခုလိုဖြေပါတယ်။ ကိုယ့် ကိုယ်ကိုယ် ညှာတာမှု အလွန်နည်းတဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်မိမှာ ကြောက်လွန်းလို့ ဖြစ်ကြောင်း တက္ကဆပ်တက္ကသိုလ် ပါမောက္ခတစ်ယောက်ကပြောပါတယ်။ အများအားဖြင့်လူတွေက ကိုယ့်ကိုယ် ကိုယ် ဝေဖန်မှုရှိရမယ်ဆိုတာကို သဘောကျကြတယ်။ ဒါပေမဲ့ ကိုယ့် ကိုယ်ကိုယ် နှိပ်စက်ရမယ် မညှာတာ ရဘူးလို့တော့ မဆိုပါဘူး။ ကိုယ့်ကိုယ် ကိုယ် မညှာတာတာနဲ့၊ ဝေဖန်တာနဲ့ကို လွဲနေကြတယ်။

ဥပမာဆိုကြပါစို့ ကလေး တစ်ယောက်က ကျောင်းတက်ဖို့ ကြိုးစားနေတယ်၊ သရေစာတွေ အလွန်အကျွံစားတယ်ဆိုရင် မိဘတွေ တော်တော်များများက ကလေးကို ကူညီကြမယ်၊ သင်ပေးကြမယ်၊ အာဟာရဖြစ်မယ့် အစားအသောက် တွေ စားခိုင်းမယ်၊ ကလေးကြိုက်တဲ့ အာဟာရရှိတဲ့ အစားအသောက်တွေ ကို ကျွေးမယ်။ ဒါပေမဲ့ အရွယ်ရောက်နေတဲ့ လူတွေအနေနဲ့ အလုပ်မှာ၊ ရုံးမှာ နေရတဲ့အခါ အစာစားတဲ့အခါ၊ ကိုယ် အလေးချိန်တိုးပြီး အဝလွန်လာတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပြီးတော့ စိတ်ပျက်လက်ပျက်ဖြစ်တယ်၊ အဆိုး မြင်တယ်။ အဲဒီအခါကျတော့ ပြုပြင် ပြောင်းလဲချင်စိတ် ပိုပြီးတော့ နည်း သွားစေတယ်လို့ သုတေသီတွေက မြင်ကြတယ်။ စိတ်ပညာရှင်တွေကတော့ ကိုယ့် ကိုယ်ကိုယ် ကြင်နာတာဟာ လုပ်ချင် ကိုင်ချင်စိတ်ရှိအောင် အထောက် အကူအဖြစ်တယ်လို့ဆိုတယ်။ ကလေး တွေကို ရေခဲမုန့် အလွန်အကျွံမစား ခိုင်းတာ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို ကြင်နာလို့၊ ဂရုစိုက်လို့ မဟုတ်ဘူးလား။

ကိုယ့်ကိုယ်ကိုယ် ကြင်နာမှုရှိရင် ကိုယ့်ကို ဒုက္ခပေးတဲ့ ဟာတွေကိုမလုပ်ဘဲ ကိုယ့်ကို အထောက်အကူဖြစ်စေ တဲ့ဟာမျိုးပဲ လုပ်မှာပေါ့။ အခုဆိုရင် ကိုယ့်ကိုယ် ကိုယ် ဘယ်လောက်ကြင်နာသလဲ ဆိုတာ တိုင်းတာတဲ့ နည်းလမ်းတွေ တောင် ပေါ်နေပါပြီ။ နယ်ပယ် ၂၆ ခုခွဲပြီးတော့ သူတို့ကိုယ်သူတို့ ဘယ် လောက် ကြင်နာကြသလဲ၊ လောကဓံ ဆိုတာ လူတွေရဲ့ဘဝမှာ ကြုံတွေ့ရ တတ်ကြောင်း ဘယ်လောက်သဘော ပေါက်လဲဆိုတာ ဆုံးဖြတ်ဖို့ကျင့်သုံးကြ တယ်။ ကိုယ့်ရဲ့အားနည်းချက်တွေ၊ မပြည့်စုံတာတွေနဲ့ပတ်သက်လို့ ကျွန် တော် သဘောမကျဘူး၊ ကျွန်တော် စိတ်တိုင်းမကျဘူးလို့ပြောလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် မကြင်နာဘူး လို့ အဓိပ္ပာယ်ရောက်နေတယ်။ ကျွန်တော့် မှာ အားနည်းချက်တွေတော့ရှိပါရဲ့၊ ဒါပေမဲ့ ဒီအားနည်းချက်တွေ ကလည်း လူတော်တော်များများမှာ ရှိနေတာပဲ လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ် လို့ ပြောရင်တော့ ဒါဟာ ကိုယ့်ကိုယ် ကိုယ်ညှာတာရာရောက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ညှာတာမှုနိမ့် တဲ့သူတွေဟာ ညှာတာ မှုမြင့်လာအောင် လေ့ကျင့်ခန်းတစ်ချို့လုပ်သင့်တယ်လို့ ပါရဂူတွေက အကြံပြုကြတယ်။

... ကိုယ့် ကိုယ်ကိုယ် ထောက်ခံအားပေးတဲ့ စာမျိုးရေးတာမျိုးပေါ့။ ကိုယ်ဂရုစိုက် တဲ့ မိတ်ဆွေတစ်ယောက်ကို အားပေး တဲ့စာရေးသလိုမျိုး ကိုယ့်ကိုယ်ကိုယ် စာရေးဖို့ကောင်း တယ်လို့တောင် ဆို တယ်။ ကိုယ့်ရဲ့အကောင်းဆုံးအရည် သွေးတွေဟာဘာလဲ၊ ကိုယ့်ရဲ့အညံ့ဆုံး အရည်အသွေးတွေဟာဘာလဲ ချရေး ကြည့်။ ဘယ်သူမှ စင်းလုံးချောမဟုတ် ဘူး။ ကိုယ့်ကိုယ် ကိုယ် နေသာထိုင်သာ ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားပါလို့ အကြံပြုကြတယ်။ ဝိပဿနာပွားများတာကိုလည်း လေ့ကျင့်ခန်းတစ်ခုအနေနဲ့ အကြံပြု ကြတယ်။ ကိုယ့်ကိုယ် ကိုယ် ကြင်နာ တော့မယ်ဆိုတဲ့ စကားမျိုး ဂါထာရွတ် သလို အဖန်ဖန်တလဲလဲရွတ်တာဟာ လည်း ကိုယ့်ကိုယ်ကိုယ် ကြင်နာမှု မြင့်မားစေနိုင်တယ်လို့ ယူဆကြတယ်။
ဒီသဘောကို ပညာရှင်များစွာက ထောက်ခံထားတာတွေ့ရတယ်။ ကိုယ့် ကိုယ်ကိုယ် ကြင်နာမှု နည်းနည်းလေး တိုးလို့ရှိရင် စားပုံသောက်ပုံတွေ ပြောင်းသွားသတဲ့။ တက္ကသိုလ်က အမျိုးသမီး ၈၄ ယောက်ကိုအစာမြည်း စမ်း လေ့ကျင့်ခန်းကို လုပ်ကြည့်ပါ လားလို့ ဖိတ်ခေါ်တယ်။ အစတုန်းက အမျိုးသမီးတွေက ဒိုးနတ်ကိုစားကြ တယ်။ ပြီးတော့ အစား အသောက်နဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် ကြင်နာမှုရှိသင့်တဲ့အကြောင်း သင်ခန်း စာတစ်ခုပေးတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးတော့ မမောင်းနဲ့နော်လို့လည်း နည်းပြဆရာ ကပြော ထားတယ်။ အဲဒီ အခါမှာ လေ့လာနေတဲ့ ကျောင်းသူ တွေအကုန်လုံးက ဒိုးနတ်ကို စားကြ တယ်။ ဒိုးနတ်စားလို့ နေသာထိုင်သာ မရှိစရာအကြောင်း မရှိဘူးလို့ မြင်ကြ တယ်။

နောက်ချိုချဉ်တွေကို စား မလားလို့ ပြောကြည့်တယ်။ အစ ကတည်းက အစားအသောက် ဆင်ခြင်တဲ့ သူတွေ၊ အစားရှောင်တာ ကောင်းတယ်လို့ယူဆတဲ့ သူတွေ ကတော့ သိပ်မစားကြဘူး။ တခြား လူတွေကတော့ ပိုစားကြတယ်။ အဲဒီသုတေသနက ဘာသိရသလဲ ဆိုတော့ ဒိုးနတ်စားတာ မကောင်း ဘူးလို့ မြင်တဲ့သူတွေက စိတ်အလို လိုက်ပြီးတော့ စားကြတာ။ ကိုယ့်ကိုယ် ကိုယ် စားခွင့်ပြုထားတဲ့ အမျိုးသမီး တွေက ချိုချဉ်ကို မစားကြဘူး။ အစား အသောက်ဆင်ခြင်တဲ့အခါမှာ ကိုယ် အလေးချိန် လျှော့ချင်တဲ့အခါမှာ ကိုယ့်ကိုယ် ကိုယ် ကြင်နာမှုရှိဖို့ အရေးကြီးတယ်လို့ ဟားဗဟ်ဆေး ပညာတက္ကသိုလ်က ကျမ်းပြုဆရာ တစ်ယောက်ကပြောပါတယ်။ အများ အားဖြင့်ကတော့ အစားအသောက် ဆင်ခြင်တယ် ဆိုတဲ့အခါမှာ ကိုယ့် ကိုယ်ကိုယ် စည်းကမ်းတင်းကျပ်တာ၊ ဥပေက္ခာပြုတာ၊ အငတ်နေတာတွေ ပါတတ်ကြတယ်။
တကယ်တော့ ဒီလောက၊ ဒီနယ်ပယ်ဟာ အသစ်အဆန်းဖြစ်ပါ သေးတယ်။ ကိုယ့်ကိုယ်ကိုယ် ကြင်နာ မှုရှိရင် သောကနည်းစေနိုင်တယ်၊ ပိုပြီးတော့ ပျော်ရွှင်စေနိုင်တယ်ဆိုတဲ့ အကြောင်းကို လေ့လာနေခြင်းပဲဖြစ် ပါတယ်။ တစ်သက်လုံးက လုပ်လာတာ တွေကို ပြန်ပြင်ဖို့ဆိုတာ ခက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြင်နာမှုရှိဖို့ဆိုတာ က သေသေချာချာ ပြင်ပြင်ဆင်ဆင် လုပ်ယူရမယ့်ကိစ္စပဲဖြစ်ပါတယ်။ ဒီအကြောင်းကို စာဖတ်တဲ့သူတွေက ဝိုင်းဝန်းပြီးတော့ ဆွေးနွေးကြတာတွေ့ ရတယ်။ ဆွေးနွေးချက်ပေါင်း ၁၇၀ ကျော်လောက် အထိရှိတာကိုတွေ့ ရပြီးတော့ အများအားဖြင့်ကတော့ ဒီအကြောင်း ထောက်ခံကြတာကို တွေ့ရတယ်။

ခင်မောင်ညို(ဘောဂဗေဒ)
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...