Thursday, September 22, 2011

စိုးရိမ်သောက

Cloud Cuckoo Land created a doc.
စိုးရိမ်သောကဆိုတာ လူသားတွေရဲ့ သဘာဝမှာ ပုံမှန်ရှိနေတဲ့ အစိတ်အပိုင်း တစ်ခုပါ။ ဒါပေမယ့် အဲဒီစိုးရိမ်သောကဟာ တာရှည်ခဲ့မယ် ဆိုရင်တော့ ဆုံးရှုံးသွားနိုင်တာ နှစ်ခုရှိပါတယ်။ အဲဒါက အချိန်နဲ့ စိတ်လှုပ်ရှားမှု စွမ်းအင်တို့ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်  ပြောရရင် အနာဂတ်ကို ကြိုတင်စိုးရိမ်ပူပန်ခြင်းလို့ သတ်မှတ်နိုင်ပြီး ဖြစ်မလာသေးတာတွေ အတွက် စိုးရိမ်ပူပန်နေတာပါ။ တစ်ချို့ကျတော့ ကာလရှည်ကြာစွာ စိုးရိမ်ပူပန်တတ်တာက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ စိတ်လှုပ်ရှား လွယ်တာကလည်း စိုးရိမ်သောကရဲ့ လွယ်ကူတဲ့ အစိတ်အပိုင်းပါပဲ။ အဲဒါကို စိန်ခေါ်ပြီး ရပ်တန့်ပစ်ရပါမယ်။ စိုးရိမ်သောကဖြစ်မှု အချိန် အတိုင်းအတာ  နည်းသွားအောင်  ကျိုးပမ်းကြရမှာ ဖြစ်ပါတယ်။
လူအတော်များများ စိုးရိမ်သောက ဖြစ်နေရတာက တကယ်ဖြစ်မလာသေးတဲ့ အရာတွေ ဘယ်တော့ကို ဖြစ်လာမယ်မှန်း မသိတဲ့ အရာတွေ ဘယ်တော့မှ ဖြစ်မလာတဲ့ အရာတွေအတွက် စိုးရိမ်သောက ရောက်နေကြပါတယ်။ စိုးရိမ်ပူပန်ခဲ့ပြီး တကယ် ဖြစ်မလာခဲ့တာ ဘယ်နှကြိမ် ရှိပြီလဲ ပြန်လည် စဉ်းစားကြည့်ပါ။ အကြောင်းအမျိုးမျိုးကို တွေးပြီး စိုးရိမ်သောက ရောက်နေတတ်ကြပါတယ်။

တခါတရံမှာ ရလဒ်ကို သိချင်စိတ် ပြင်းပြနေမိတတ်ပါတယ်။ အဲဒီ စိုးရိမ်သောက ကို အကောင်းမြင်ပြီတော့ အချိန်မတိုင်ခင် စိုးရိမ်သောက မဖြစ်သင့်ပါဘူး။ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းပြီး ကောင်းမွန်တဲ့ ရလဒ်ကို စောင့်စားသင့်ပါတယ်။ ကြောက်ရွံ့မှုကြောင့်လည်း စိုးရိမ်သောက ရောက်ရတတ်ပါတယ်။  ကြောက်ရွံ့ခြင်းကို ကြည့်ရှု့ပြီး တိုက်ရိုက် ရင်ဆိုင်ကြည့်ပါ။ ကျန်းမာရေး ဖြစ်စေ စီးပွားရေး ဖြစ်စေ လူမှုရေး ဖြစ်စေ ဖြစ်လာမယ့် စိုးရိမ်သောကကို ရင်ဆိုင်ပြီး တုန့်ပြန်နိုင်ပါတယ်။ ကြောက်ရွံ့စိတ်နှင့် ပူပန်မှုကို နေရာပြောင်းရွှေ့ခြင်း စိုးရိမ်းသောကကို ရှောင်လွဲလို့ မရပါဘူး။ စိုးရိမ်သောက ဆိုတာ အကျပ်အတည်း တစ်ခုကနေ စီးဆင်းလာတဲ့ စိတ်လှုပ်ရှားမှု တစ်ခုဖြစ်ပြီး ပြသနာတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်တဲ့ အကြောင်းအရာအတွက် စိုးရိမ်သောက မဖြစ်ပါနဲ့ ကိုယ်လုပ်နိုင်တဲ့ အကြောင်းကိစ္စအတွက်လည်း အချိန်ကုန် လူပမ်းခံပြီး စိုးရိမ်သောက မဖြစ်ပါနဲ့ ။ စိုးရိမ်သောက ကြာရှည်ခြင်းဟာ ခွန်အားကုန်စေပါတယ်။

စိတ်ပူပန်နေတဲ့ အတွက် ကျပ်တည်းမှု ကျန်းမာရေးထိခိုက်မှုအပြင် ဘာမှ မရနိုင်ပါဘူး။ စိုးရိမ်သောကကို လျှော့နည်းစေမည့် နည်းလမ်းအချို့ကတော့  မိမိ စိတ်ပါ ၀င်စားတဲ့ လေ့ကျင့်ခန်း စိတ်ဝင်စားတဲ့ လှုပ်ရှားမှု တစ်ခုခု ဆောင်ရွက်ကြည့်လိုက်ပါ။ အများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် ပရဟိတ လုပ်ငန်း တစ်ခုခုကို ပြုလုပ်ကြည့်ပါ။ တစ်စုံတစ်ယောက်နဲ့ စကားပြောဆိုပြီး ကိုယ့်ရဲ့ ခံစားချက်တွေကို ဖော်ပြလိုက်ပါ။ ရင်ဖွင့် ကြည့်လိုက်ပါ။ ရယ်မောခြင်း ကိုယ့်ရဲ့ စိုးရိမ်သောကတွေကို ရယ်စရာအဖြစ် မြင်အောင် ကြည့်ပြီး ဟာသ လုပ်နိုင်မယ်ဆိုရင် လုပ်ပါ။ အနားယူဖို့ ကြိုးစားကြည့်ပါ။ ခန္ဓာကိုယ်ကို ငြိမ်သက်အောင် လေ့ကျင့်ပြီး ကိုယ့်ရဲ့စိတ်ကို လွပ်လွပ်လပ်လပ် ပေါ့ပေါ့ပါးပါး ဖြစ်အောင် ထားပါ။ တွေးတော ဆင်ခြင်ပါ။ အနာဂတ်ကို ကြိုတင်ကုစားလို့ မရပါဘူး။ အကောင်းဆုံးနည်းကတော့ စိတ်ကို တည်ငြိမ်အောင် သတိလေး ထားကြည့်ပါ။ တရားရှု့ မှတ်ကြည့်ပါ။

posted by unknown

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...