Wednesday, September 21, 2011

အနားပြိင်တြိဂံ

Cloud Cuckoo Land created a doc.
မိဘဆရာ ပူးပေါင်း ကလေးပညာရေးကောင်း"လို့ ဆိုထားပါတယ်။ မိဘရယ်၊ ဆရာရယ်ပူး ပေါင်းရင် ကလေးတွေရဲ့ ပညာရေး ကောင်းမွန်တယ်ဆိုတဲ့ သဘောပါ။ ဒီသဘောထားနဲ့ ကျွန်တော်တို့ရဲ့ ကျောင်းတွေမှာ မိဘဆရာအသင်း ဖွဲ့စည်းပြီး ကလေးတွေ ပညာကောင်းမွန်ရေး အတွက် ဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့ကြောင့် ကျောင်းတွေရဲ့ ပညာရေး အမှတ်သင်္ကေတကို မိဘကျောင်းသား ကိုယ်စားပြုတဲ့ သုံးနာညီတြိဂံ တစ်ခုနဲပဲ အမှတ်အသားပြုခြင်း ဖြစ်ပါတယ်။ (တချို့က အဲဒီတြိဂံကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ အဖြစ် သတ်မှတ်ကြပါတယ်။)
ကလေးတစ်ယောက် ပညာရေးကောင်းဖို့ အတွက် မိဘနဲ့ ဆရာ ဘယ်လိုပူးပေါင်းကြမလဲ။ ဒါဟာ မိဘရော၊ ဆရာရော အလေးအနက် စဉ်းစားရမယ့် အပိုင်းပါ။ ပထမဆုံး ဆရာတွေဘက်ကို အရင်ကြည့်ရအောင်။ ဆရာတွေမှာ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဝန်ထမ်း စည်းကမ်းတွေ ရှိသလို လူမှုနယ်ပယ်မှာ လူ့အဖွဲ့အစည်းက လက်ခံထားတဲ့ ဆရာ့ကျင့်ဝတ်တွေလည်း ရှိပါတယ်။ ဝန်ထမ်း စည်းကမ်းကို လိုက်နာရုံနဲ့ ဆရာကောင်း မဖြစ်သလို ဆရာ့ကျင့်ဝတ်တွေကလည်း ရှိနေပါတယ်။ ဆရာ့ကျင့်ဝတ်တွေကို လိုက်နာနေရုံနဲ့လည်း ဝန်ထမ်းကောင်း မဖြစ်ပါဘူး။ဒါကြောင့် ဆရာတစ်ယောက်ဟာ ဝန်ထမ်း စည်းကမ်းကိုလည်း ရိုသေ၊ ဆရာ့ကျင့်ဝတ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာက ဆရာတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

ဆရာတစ်ယောက်ဟာ ကျောင်းကို မှန်မှန်လာတယ်။ အ တန်းလည်း မပျက်ဘူး။ သင်ကြားပေးရမယ့် အပိုင်းတွေကိုလည်း တာဝန်ကျေအောင် အကုန် အစင် သင်ကြားပေးတယ်။ နောက်ပြီး ဆရာတစ်ဦး ဆောင်ရွက်ရမယ့် ဒိုင်ယာယီ။ (က)စာရင်းသင်နည်း မှတ်စု၊ အခန်းဆုံး စစ်ဆေးမှု စတဲ့ ဆောင်ရွက်စရာ မှန်သမျှ တာဝန်ကျေအောင် ဆောင်ရွက်ထားတယ်။ ဒါပေမယ့် အဲဒီဆရာဟာ သူသင်တဲ့ ကလေးမိဘတွေနဲ့ တစ်ခါမှ ကူးလူး ဆက်ဆံမှု မရှိဘူး။ ကျောင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာလည်း ပါဝင်မှု မရှိဘူး။ ကလေးတွေကိုလည်း စိတ်ဝင်စားမှု မရှိဘူးဆိုရင် ဒီဆရာဟာ ဋ္ဌာနက သတ်မှတ်တဲ့ တာဝန်တွေ ကျေပွန်တဲ့ ဝန်ထမ်းကောင်းဖြစ်ပေမယ့် ဆရာကောင်း တစ်ယောက်လို့ မဆိုနိုင်ပါဘူး။ လူမှုအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ "အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ"ဆိုတဲ့ ကျင့်ဝတ်နဲ့အညီ ဆရာတစ်ယောက်ဟာ ဘယ်လိုပဲ အသင်အပြကောင်းပြီး တပည့်တွေ မိဘတွေရဲ့လေးစားမှု၊ ယုံ ကြည်မှုတွေ ရနေပါစေ ဆရာတစ်ယောက် လိုက်နာရမယ့် နိုင်ငံတော်က ချမှတ်ထားတဲ့ ဆောင်ရွက်ရမယ့် အလုပ်တွေ ပျက်ကွက်ခဲ့ရင်လည်း ဒီဆရာဟာ နိုင်ငံဝန်ထမ်းကောင်း တစ်ယောက် မဟုတ်ပါဘူး။ ဆရာကောင်းဆိုတာ နိုင်ငံဝန်ထမ်းကောင်းလည်းဖြစ်ဖိ
ု့ လိုသလို ဆရာကျင့်ဝတ်နဲ့လည်း ညီဖို့ လိုပါတယ်။

ဆရာဆိုတာ "စာကိုလည်း သင်၊ လူကိုလည်းပြင်"ဆိုတဲ့ ဆောင်ပုဒ်အရ လူကိုပြင်ဖို့ ဆိုရင် ဆရာတစ်ဦး တစ်ယောက်တည်းနဲ့ မရတော့ပါဘူး။ မိဘတွေ ပါဝင်လာအောင် စည်းရုံးပြောဆိုနိုင်ဖို့ လိုအပ်ပါတယ်။ မိဘတွေရဲ့ ယုံကြည်မှု၊ ကိုးစားမှုကို ရမှ ကလေးတစ်ယောက်ကို လိုအပ်သလို ပြုပြင် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်သဘောကို မိဘကမသိ၊ သိအောင်လည်း ဆောင်ရွက်မထားဘူး ဆိုရင် ကောင်းမွန်တဲ့ အပြုအမူတွေ၊အလေ့အကျင့်ကောင်းတွေ ဘယ်လိုပဲ ကလေးတွေကို သင်ကြားပါစေ၊ အိမ်ရောက်ရင် အဲဒီ အလေ့အကျင့်တွေ ပျက်သွားနိုင်ပါတယ်။ ကြားဖူးခဲ့ အဖြစ်လေး တစ်ခုကိုပြောပြပါ့မယ်။ ကလေးတစ်ယောက်ကို ကမ္ဘာကြီးလုံး တယ်လို့ ကျောင်းကနေ သင်ပေးလိုက်တယ်။ အိမ်ရောက်တော့ ကလေးက ကမ္ဘာကြီးက လုံးတဲ့ အကြောင်း စာကျက်တယ်။ မိဘ ဖြစ်သူက ကမ္ဘာကြီးက မလုံးဘူး၊ အပြားကြီးလို့ ဆိုပြီးပြန်ပြင်ပေးလိုက် တယ်။ ကျောင်းရောက်တော့ ဆရာက ကမ္ဘာကြီးက ပြားတာ မဟုတ်ဘူး၊ လုံးတာလို့ သင်ပေးလိုက် ပြန်တယ်။ နောက်တစ်ခါ အိမ်ပြန် ရောက်တော့ ကမ္ဘာကြီးက လုံးတာ မဟုတ်၊ ပြားတာလို့ပြန်ပြင်ပေး လိုက်ပြန်ပါတဲ့။ နောက်ဆုံးတော့ ကလေးက ကျောင်းနဲ့ အိမ်ကြား စိတ်မရှည်တော့တာနဲ့"ကမ္ဘာကြီး သည် ကျောင်း၌ လုံး၍ အိမ်၌ပြား ပါသည်"လို့ ဆိုလိုက်ရသတဲ့။ ဒါ ဟာ ဆရာနဲ့ မိဘကြိုတင် မပူးပေါင်း မိတဲ့ သာဓကပါ။ ယနေ့ကျွန်တော် တို့ပတ်ဝန်းကျင်မှာ အဲဒီလို အခြေအနေတွေအများကြီး ရှိပါတယ်။

မိဘတွေ အပိုင်းကိုကြည့်မယ်ဆိုရင် မေးကြည့်ချင်ပါတယ်။ တစ်နှစ်မှာ ကိုယ့်ကလေး ပညာသင်နေတဲ့ ကျောင်းကို ဘယ်နှစ်ခေါက်ရောက် ပါသလဲ။ ကိုယ့်ကလေးကို ပညာ သင်ပေးနေတဲ့ ဆရာ၊ ဆရာမတွေက ဘယ်သူဘယ်ဝါတွေဖြစ်လို့ ဘယ်လို သဘောထားတွေ ရှိကြ တယ်ဆိုတာရော စုံစမ်းကြည့်ဖူး ပါသလား။ ကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေက ကိုယ့်ရဲ့ကလေးကို ဘယ်လိုသင်ခန်းစာတွေနဲ့ အပြုအမူေ...ကာင်းတွေ၊ စာရိတ္တကောင်းတွေ ရရှိအောင် ဘယ်လိုလေ့ကျင့် သင်ကြားပေးနေတယ် ဆိုတာရော သိပါသလားလို့ မေးရင် ပိုဝေးသွားလိမ့်မယ် ထင်ပါတယ်။
တကယ်တော့ မိဘတစ်ယောက်ဟာ ကိုယ့်သားသမီးကို ပညာရေးကောင်းပြီး လိမ္မာရေး ခြားရှိတဲ့ ကလေးတစ်ယောက်ဖြစ် စေချင်တယ်ဆိုရင် ကိုယ့်ကလေး ပညာသင်နေတဲ့ ကျောင်းကို မ ကြာခဏ သွားပေးရမှာဖြစ်သလို သင်ကြားတဲ့ ဆရာ၊ ဆရာမတွေနဲ့ လည်း အမြဲမပြတ်ဆွေးနွေး တိုင်ပင်ရမှာဖြစ်ပါတယ်။ ဆရာမတွေ အားလပ်တဲ့ အချိန်မျိုးမှာပါ။ ဒါမှ ကိုယ့်ကလေးရဲ့ အခြေအနေ၊ ဆရာ၊ ဆရာမတွေရဲ့ သဘောထား လေ့ကျင့်သင်ကြားပေးနေတဲ့ သင်ခန်းစာရဲ့အကြောင်း သိရှိနားလည်ပြီး အိမ်မှာလည်းဆက်လက် လေ့ကျင့်ကြီးကြပ်ပေးနိုင်မှာဖြစ် ပါတယ်။ နောက်ပြီး ဆရာ၊ဆရာ မတွေရဲ့သင်ကြားရေးလုပ်ငန်း တွေမှာ ဘာတွေလိုအပ်နေသလဲ၊ လုပ်အားလား၊အတတ်ပညာလား ဒါမှမဟုတ် ငွေကြေးနဲ့ အခြားအရာတွေမှာ ဘာတွေ လိုအပ်နေသလဲဆိုတာ သိအောင်ဆောင်ရွက်ရပါမယ်။
 
ပြီးရင် ကိုယ်တတ်နိုင်တဲ့ အပိုင်းက ကူညီပံ့ပိုးရမှာ မိဘတွေ ရဲ့ တာဝန်ပါ။ ဘက်စုံပညာကို လေ့ကျင့်ပေးနေတဲ့ ဆရာတွေဆိုပေမယ့်လည်း ဆရာတစ်ယောက် မှာ ဘက်စုံပညာ မတတ်နိုင်ပါဘူး။ ဒါကြောင့်ဘောလုံးကန်နည်း တတ်တဲ့ မိဘက ကျောင်းက ဘောလုံးအသင်းမှာ နည်းပြအဖြစ် ဝင်ကူပေး တာ၊ဇာထိုးပန်း ထိုးတတ်တဲ့မိဘက ကျောင်းက အိမ်တွင်းမှုအခန်းမှာ ကျောင်းသူမလေးတွေကို ဇာထိုး ပန်းထိုးဝင်ကူ သင်ပေးတာ၊ အဆို အက၊ အတီးတတ်တဲ့ သူက ဝါသနာပါတဲ့ ကလေးတွေကို တစ်ဖက် တစ်လမ်းက ဝိုင်းကူသင်ပေးတာ စတဲ့ နည်းပညာပိုင်းတွေ ကူညီဖို့ လိုသလို ကျောင်းမှာ ရှိနေတဲ့ ချုံ ပုတ်၊ အမှိုက်ပုံ၊ ရေအိုင်တွေ သန့် ရှင်းရေးလုပ်တဲ့ အခါမှာလည်း လို အပ်တဲ့ လုပ်အားတွေ ကူညီပေးနိုင် ရပါမယ်။ ဒါ့ပြင် အိမ်သာအဆောက်အဦးနဲ့ ပရိဘောဂတွေလို အပ်နေရင်လည်း ကိုယ်က မတတ်နိုင်ရင်တောင်မှ တတ်နိုင်တဲ့ မိတ်ဆွေအပေါင်းအသင်း အလှူရှင် တွေ ရှာကြံပေးခြင်းဖြင့် ကူညီလို့ရပါတယ်။ ဒီလိုသာ မိဘတွေ တာဝန်သိသိနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကလေးတွေရဲ့ ပညာရေး မိဘတွေ စိတ်အေးရမှာသေ ချာပါတယ်။
ကျောင်းသားတွေရဲ့အပိုင်း ကတော့ သိပ်ပြီးပြောဖို့ လိုမယ်မထင်ဘူး။ မိဘနဲ့ ဆရာအချိုးညီညီ ပူးပေါင်းလိုက်ရင် ကျောင်းသားတွေမှာ မကောင်းမှုပြုလုပ်စရာ နေရာကျဉ်းသွားလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် ဆရာနဲ့ မိဘ ပူးပေါင်းမိဖို့က အဓိကပါပဲ။

"မိဘဆရာ ပူးပေါင်း ကလေး ပညာကောင်း"ဆိုတဲ့ ဆောင်ပုဒ် အောက်မှာ ကျွန်တော်တို့ကျောင်း တွေ ဘယ်လောက်အထိ ပူးပေါင်း ဆောင်ရွက်ဖြစ်နေကြတယ် ဆိုတာ သိရအောင် ဆရာမိဘကျောင်း သားတွေနဲ့ အမှတ်မထင် စကားစမြည်ပြောကြည့်မိပါတယ်။ ဆရာ တွေပြောတက "မိဘတွေက သူတို့ ကလေးတွေကို ထူးချွန်ထက် မြက်တဲ့ ပညာတတ်ကြီးတွေသာ ဖြစ်စေချင်တာ ကျောင်းကိုတော့ ဘာမှမကူညီချင်ဘူး အစစအရာရာကို ကျွန်တော်တို့ပဲဖြစ်သလို ရုန်းနေရတယ်"တဲ့။ မိဘတွေက ဘာပြောသလဲဆိုတော့ "ကိုယ့် ကလေးစာမေးပွဲအောင်ဖို့ စိတ်မပူရပေမယ့် လကုန်ရင် ကျူရှင်လခပေးနိုင်ဖို့ တော်တော်လေးကြိုး စားရတယ်"ဆိုပဲ။ ကျောင်းသား တွေကတော့ "အိမ်ကတစ်မျိုး၊ ကျောင်းကတစ်မျိုး၊ ကျူရှင်က တစ်မျိုးနဲ့ စိတ်သာညစ်တော့တာ ပါပဲ"တဲ့။ တြိဂံတစ်ခုရဲ့ အနားသတ် မျဉ်းတွေဆီက ထွက်လာတဲ့ စကားသံတွေပါ။ ဒီပုံအတိုင်းသာဆက် သွားမယ်ဆိုရင် ကျွန်တော်တို့ တည်ဆောက်ထားတဲ့တြိဂံလေး ဟာ သုံးနားညီ တြိဂံမဖြစ်ဘဲ အနာပြိုင်တြိဂံတစ်ခုဖြစ်နေမှာ အသေအချာပါပဲ။ ကျွန်တော်တို့ လိုချင်တာ သုံးနားညီတြိဂံပါ။ ကျွန် တော်တို့ တည်ဆောက်ရမှာကလည်း သုံးနားညီတြိဂံ တစ်ခုဖြစ် ပါတယ်။

posted by ထိုက်မောင်(မန္တ္တလေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...