မိဘတို့အတွက် သားသမီးများပြုစုပျိုးထောင်နည်း (၃)
သင့်ကလေးတွေကိုခြွင်းချက်မဲ့ချစ်ပါ၊၊
စာရေးဆရာတယောက်က ပြောပြသည်မှာ အချစ်ခံရသောကလေးတယောက်သည် "အမြဲတမ်းအောင်မြင် သည်။"
မိဘတိုင်းသည် သားသမီးတို့၏ ဘ၀လမ်းခရီးကို တတ်နိုင်သမျှအကောင်းဆုံး စတင်လျှောက်လှမ်း နိုင်အောင်
ဖန်တီးပေးလိုကြသည်။ သင့်ခလေးအ တွက် သင့်ရည်မှန်းချက်များသည် အဘယ်နည်း။ ကျမတို့သည် ခလေးများအားလုံးကို
ပျော်ရွှင်စေခြင်ပါသည်။ သို့သော် ပျော်ရွင်မှုဆိုသည်မှာ အဘယ်နည်း။ သူတို့ရွေးချယ်သော
အသက်မွေးမှုလုပ်ငန်းတွင် အထွဋ်အထိပ်သို့ပို့ဆောင်ပေးမည့် တန်ဖိုးကြီးအဆင့်မြင့် ပညာရေးဖြစ်သလား။
သို့မဟုတ် သူတို့လုပ်ချင်ရာလုပ်နိုင်သည့် ကိုယ်ပိုင်လွတ်လပ်ရေးလား။
မိဘပေါင်းများစွာတို့သည် ပျော်ရွင်မှုနှင့် အောင်မြင်မှုကို တစ်ထပ်တည်းတူညီသည်ထင်၏။
မှန်လည်းမှန်ပါသည်။ သို့သော် ကျမ တို့ခလေးတွေ အနေဖြင့်မူယင်းမှာ လုံးဝအပြည့်အစုံ မှန်ကန်သည်ဟု
ပြော၍မရနိုင်ပါ။
လူအများသည် သင်အောင်မြင်သည့် အခါမှ အဖက်လုပ်ချင် ကြပါသည်။ သူငယ်ချင်းများသည်
သင်ပေးနိုင်ကျွေးနိုင်သ၍ သင့်ကို အမြဲတမ်းအချစ်ဆုံးဖြစ်ကာ သင်၏အနီးတွင် ၀ိုင်းဝိုင်းလည်
နေမည်။ ဤသည်မှာ လောကဓမ္မတာပင်ဖြစ်ပါသည်။ သင့်ခလေးများ သည် ဤအချက်ကို တဖြေးဖြေးသိလာပါလိမ့်မည်။
လူတစ်ဦးကို အများက အရေးတယူရှိသည်မှာ ချောမောသောရုပ်ရည်ကြောင့်၊ တတ်မြောက်သော ကျွမ်းကျင်မှုပညာများကြောင့်၊
ဓနအင်အားတောင့်တင်းသောကြောင့်၊ အများတကာအလိုရှိသော အရည်အ ချင်းများရှိသောကြောင့် စသည်တို့ကြောင့်
ဖြစ်မည်။ သို့သော် မိဘတို့မှာမူ ဤကဲ့သို့လားလားမျှမဟုတ်ပါ။ သားသမီးများ စွမ်းဆောင်နိုင်သည်ဖြစ်စေ၊
မစွမ်းဆောင်နိုင်သည်ဖြစ်စေ၊ ထူးချွန်သည်ဖြစ်စေ၊ မထူးချွန်သည်ဖြစ်စေ မိဘများသည် သူတို့ခလေး
များကို မင်းတို့ကိုချစ်တာချစ်တာဘဲ တခြားဘာအကြောင်းကြောင့်မှမဟုတ်ဘူး၊ သားသမီးဖြစ်လို့ချစ်တာဘဲ
ဟူ၍ပြောပြနိုင်သည်။
ကျနော်တို့သည် ပျော်ရွင်နိုင်ရန်အတွက် ယခုဖော်ပြပါ¹ခွင်းချက်မဲ့ အချစ်မျိုးကိုလိုအပ်ပါသည်။ ယင်းကိုကျနော်တို့
မည်သည့်အခါ မျှမရခဲ့လျှင် ဘ၀တလျှောက်လုံး၌ ဟိုလူ မျက်နှာချိုသွေးရ၊ သည်လူ မျက်နှာချိုသွေးရနှင့်
သူတပါးကကိုယ့်ကိုချစ်အောင် အမြဲတစေ ရုန်းကန်နေရမည်သာ ဖြစ်သည်။ မတော်မဆ အမှားအယွင်းပြုမိသည့်အခါ
ကျနော်တို့ကို မချစ်တော၊့ လက်မခံတော့မည်စိုးရိမ်၍
အလဲထိုးခံရသကဲ့သို့ဖြစ်သေးသည်။ ငွေကြေး၊ ဂုဏ်ရှိန်၊ သြဇာ၊ အာဏာ၊ အရည်အချင်းနှင့် အောင်မြင်ကျော်ကြားမှုများ
ရှိနိုင် သော်လည်း အကယ်၍ သူတပါးက သင့်ကိုချစ်သည်။ ¹ချွင်းချက်မဲ့လက္ခံသည်ဟု မခံစားရလျှင်
သင်ကျေနပ်မည်မဟုတ်သည့်အပြင် မည်သည့်အခါမျှလည်း ပျော်ရွင်မည်မဟုတ်ပါ။ ¹ချွင်းချက်မဲ့မေတ္တာသည်
ကမBာဦးအစမှနေ၍ အလိုအလျောက်ဖြစ်ပေါ်လာသော အရာတခု ဖြစ်ပါသည်။ မိသားစုများအတွက် သူတို့၏ခလေးများကို
¹ခွင်းချက်မဲ့ချစ်ရန် များစွာမခဲယဉ်းပါ။ တကယ်တမ်းမှာ ထိုမေတ္တာမျိုးသည် ရင်မှအလိုအလျောက်
ပေါက်ဖွားလာခြင်းဖြစ်၏။ သင့်တို့၏ ခလေးဘ၀တလျှောက်တွင် ¹ချွင်းချက်မဲ့မေတ္တာသည် သူတို့အတွက်
ခွန်အား ဖြစ်ပါသည်။
တကယ့် အဖြစ်မှန်တခုကို ကျမတင်ပြပါမည်။ တခါက စခန်းတစ်ခုအတွင်းရှိ
မိဘများအတွက် ကျမကသားသမီးòပစု ပျိုးထောင် နည်းသင်တန်းပေးနေသောအချိန်၌ အခိျု့သောမိဘများသည်
သူတို့ခလေးများကို ဆုံးမပုံ အကြောင်း ပြောပြပါသည်။ ထိုအထဲမှာ အဖေတယောက်က “ကျနော်ဟာ
ကျနော့် ခလေးတွေကို သိပ်ချစ်တယ်။ သို့သော် ညနေချိန်မှာ သူတို့ကျောင်းက ယူလာသည့် အိမ်စာများပြရသောအခါ
ကျနော်စိတ်မရှည်ဘူး။ သင်တန်းတက်ပြီးသော တညနေမှာ ခလေးအိမ်စာ လုပ်တော့မည့်အချိန်၌ ကျနော်သားလေးဘေးနားသွားထိုင်ပြီး
သူ့ကိုအိမ်စာပြရန် သူ့အိပ်ကိုဖွင့်ခိုင်းပြီးစာအုပ်များ ထုတ်ခိုင်းပါတယ်။ သားလေးစာအုပ်
ထုတ်သောအခါ သူ့အိတ်ထဲမှ သရေကွင်းများထွက်လာသည့်အတွက် ဒါဘာလဲလို့ ကျနော်မေးလိုက်တယ်။
သူက သရေကွင်းပါ ဖေဖေလို့ဖြေပါတယ်။ ဒါနဲ့ မင်းစာတတ်မလားလို့ ကျနော်မေးလိုက်ပြန်တယ်။
သားက ဟင်အင်းလို့ဖြေတယ်။ ခါတိုင်းဆို ကျနော် တွေ့တာနဲ့ သူ့သရေကွင်းတွေကိုပစ်လိုက်တယ်။
သည်တခါကျနော် မလွှတ်ပဲတောင်းပြီး သားဒီကစားစရာတွေကို ဖေဖေသိမ်းထား ပေးမယ်။ မင်းစာဖတ်တဲ့အချိန်မှာ
မကစားရဘူး စာကိုကောင်းကောင်ဖတ်၊ ဖေဖေမင်းကို ကောင်းကောင်းပြပေးမယ်။ ကျနော့်သား က ကျနော့်မျက်နှာကို
အံအားသင့်တဲ့မျက်လုံးနှင့် ကျနော့်ကိုမော့ကြည့်တယ်။ ဒီမှာသား သားလေးကိုဖေဖေ သိပ်ချစ်တယ်။
ဒါ ကြောင့်သားကို ဖေဖေမရိုက်တော့ဘူး။ သားမရတဲ့အိမ်စာတွေ ဖေဖေပြပေးမယ်ဟုတ်လား။ သားက
အားတက်သရော မျက်နှာနှင့် ဟုတ်ကဲ့ဖေဖေလို့ ပြောတယ်။ ထိုညမှာကျနော့်သား စိတ်ပါလက်ပါ စာဖတ်တာ
၁၁-နာရီထိ မအိပ်သေးဘဲ ဆရာမပေးသော လင်္ကာတပုဒ်ကို သူအလွတ်ရသွားပါတယ်။ ခါတိုင်းကျနော် သူ့ကိုအိမ်စာပြရင်
ခဏလေးဘဲ ခလေးကငိုပြီး စာမဖတ်ချင်တော့ဘူး။ ကျနော်လည်း ဒေါသထွက်ပြီး ဆူပူရိုက်ပစ်တာ ခလေးတခါမှ
စာမရဘူး။ ကျနော်သင်တန်းတက်ပြီး နောက်ပိုင်း စမ်းကြည့်တယ်။ ခလေးကို ချစ်ခြင်းမေတ္တာနှင့်
စာပြပေးသောအခါ သူတို့လည်းအားတက်ပြီး စိတ်ပျော်ရွင်တာကို မြင်တွေ့ရတယ်။” ထိုအတွေ့ အကြုံမှပင် သုံးသပ်ချက်ချ၍ ရနိုင်ပါသည်။
သင့်ခလေးကို ပေးနိုင်သောအကြီးမားဆုံးသော လက်ဆောင်မွန်သည် ¹ခွင်းချက်မဲ့ မေတ္တာပင် ဖြစ်သည်။
သင့်ခလေးကို စိတ်ချမ်းသာစေရန်မှာ သင်ကသူတို့ကို¹ခွင်းချက်မဲ့ချစ်ကြောင်း သူတို့နားလည် အောင်လုပ်ရန်ပင်ဖြစ်ပါ
သည်။ ဤကိစ္စအတွက် ပြောရုံနှင့်မလုံလောက်ပါ အလုပ်နှင့်သက်သေပြမှ အဆပေါင်းများစွာ ခိုင်မာသည်။
သင်သူတို့ကိုချစ်သည် မှာ မူလစိတ်မှဖြစ်ကြောင်းနှင့် သူတို့ကိုချစ်ခြင်းသည် မည်သူနှင့်မျှမဆိုင်ကြောင်း
သင့်၏ခလေးများသည် အမြဲတစေစိတ်ချနေချင် သည်။ ခလေးတို့ကို သင်ချစ်သောအချစ်နှင့် သူတို့အတွက်
သင်၏မျှော်မှန်းချက်များကို မည်သည့်အခါမျှ ရောထွေးမထားပါနှင့်။ ခလေးတို့ကို¹ခွင်းချက်မဲ့ချစ်ကြောင်း သက်သေထူခြင်းအားဖြင့်
သူတို့မလွဲမသွေကြုံတွေ့ရမည့် ကျရှုံးမှုနှင့် စိတ်ပျက်အားငယ်မှုတို့ကို ကျော်လွှားရန် မိမိကိုယ်ကို
ယုံကြည်အားကိုးစိတ် ရှိစေသည်။ ခလေးတို့ကို သူတို့၏òပမူဆောင်ရွက်မှုအပေါ် အခြေမခံဘဲသူတို့ကို
အရင်းအတိုင်းသာ ချစ်ပါ။ ဤအချက်ကိုသူတို့ သေသေချာချာနားလည်ပါစေ။ သူတို့အောင်မြင်၍သာ
သူတို့ကိုချစ်သည်ဟု သင့်ကိုမည်သည့်အခါမျှ အထင်မလွဲအောင် သေသေ ချာချာဂရုစိုက်ပါ။
စည်းကမ်းချထားပါ။
စည်းကမ်းသည် မိဘကရင်သွေးòပစုထောင်ရေးအတွက်
မရှိမဖြစ်လိုအပ်သော လက်နက်ကိရိယာတန်ဆာ ပလာဖြစ် သည်။ များအားသောအားဖြင့် လူတွေသည်စည်းကမ်းနှင့်
အပြစ်ဒဏ်ကို ယနေ့တိုင် အတူတူပင်ဖြစ်သည်ဟု အရိုးစွဲမှတ်ယူကြ သည်။ ဆရာမတယောက်က ပြောပြသည်။
“ကျမတို့အိမ်မှာ သားသမီးတွေ အတွက် စည်းကမ်းကောင်းတွေ ချမှတ်ထားတယ်။ ကျမယောင်္ကျားဆို
သားသမီးဆုံးမရာမှာ တော်တော်စည်းကမ်းကြီးတယ်။ စည်းကမ်းဖောက်ရင် ပေးတဲ့အပြစ်ခံရမည်။ တနေ့မှာ
သမီးကြီးကပိုက်ဆံ၄၀-စုလို့ရတယ်။ အဲဒီပိုက်ဆံ၄၀ ပျောက်သွား၍ ဘယ်သူယူသလဲမေးတော့ ဘယ်သူမှမယူကြောင်း
သားတွေ ကပြောကြတယ်။ ကျမတို့အိမ်မှာ မိသားစု ၅-ယောက်ရှိတယ်။ သမီးတစ်ယောက်၊ သားနှစ်ယောက်
ဖြစ်တယ်။ ထို့ကြောင့် ကျမကသားငယ်ပဲဖြစ်မယ် လို့ ထင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ သားငယ်ကအစား
ကြီးတယ်။ သားငယ်ကျောင်းသွားချိန်တွင် အိမ်နားကဆိုင်လေးကို ကျမသားငယ်မုန့်လာဝယ်စားသေးလားဟု
သွားမေးလိုက်တယ်။ ဆိုင်ရှင်က သူနှင့်သူအဖော်လာဝယ်စား ကြောင်း၊ တခြားဆိုင်တွင်လည်း ကွမ်းယာဝယ်စားသေးကြောင်း
ပြောပါတယ်။ သြော် ကိစ္စမရှိဘူးဆိုပြီး ပြန်လာခဲ့တယ်။ စိတ်ထဲ မှာတော့ သူခိုးမိပြီသားငယ်ဘဲ၊
သူအမပိုက်ဆံယူတာ သူပဲဖြစ်ရမယ်။ နောက်ထပ် ပိုက်ဆံမယူအောင်၊ သူများမစ္စည်းမခိုးတတ် အောင်
သားလေးကိုကောင်းကောင်း ဆုံးမရမည်။ ကျမလည်း အိမ်ရောက်တော့ သူအဖေကိုပြောပြတယ်။ ဒါနဲ့
ညနေကျောင်း ဆင်းမည့်အချိန် သားလေးအိမ်ပြန်လာဖို့ စောင့်နေတာပေါ့။ ကျောင်းဆင်းချိန်နီးပြီ။
သားလေးပြန်လာခါနီးနေပြီ။ သူအဖေက တ တောင်လောက်ရှိတဲ့သံချောင်းကို မီးထဲမှာဖုတ်ထားတယ်။
သားလေးက ဘာမှမသိရှာပဲ အိမ်ပေါ်တက်လာတယ်။ ကျမကသား လေးကိုလှမ်းခေါ်လိုက်တော့ သားလေးလာတယ်။
သားငယ်မင်းအမပိုက်ဆံ မင်းယူတယ်မဟုတ်လား။ မယူပါဘူး အမေရယ်။ ဒါဆို သားနဲအတူမုန့်ဝယ်စားတဲ့အဖော်
ခေါ်ပြီးသက်သေပြပေးရမလားမေးတော့မှ ဟုတ်တယ်မေမေ သားမမပိုက်ဆံယူပါတယ် လို့ဖြေ တယ်။ အဲဒီအချိန်မှာ သူ့အဖေက မီးဖိုဆောင်ထဲမှထွက်လာပြီး
ယူတဲ့လက်ဘယ်မှာလဲဆိုတော့ သားလေးလည်းဘာမှမသိရှာပဲ လက်ကိုပြလိုက်တယ်။ သူ့အဖေက လက်ထဲမှာ
ဖွက်ယူလာတဲ့ မီးဖုတ်ထားတဲ့သံချောင်းနဲ့ သားလေးလက်ကို တို့လိုက်တယ်။ သံကနီရဲပြီးပူနေတဲ့အတွက်
ကလေးကရုန်းတာကြောင့် လက်တဖက်ထဲသာမကဘဲ တခြားနေရာတွေလည်းထိပြီး ထိမိတဲ့နေရာ အကုန်လုံး
လောင်သွားတယ်။ သူအဖေက မင်းနောက်တခါ သူများပစ္စည်းယူဦးမလားမေးတော့ မယူတော့ပါဖေဖေလို့
ငိုငိုယိုယိုနဲ ဖြေပါတယ်။ သားလေးလည်း သံပူလောင်တဲ့လက်ကအနာဖြစ်ပြီး တလလုံးလုံး စာရေးလို
့မရတော့ဘူး” ဟူ၍ သူမကပြောပြ သည်။
ပြစ်ဒဏ်ပေးရာ၌ ပြစ်မှုနှင့် ပြစ်ဒဏ်မှာ ခလေးငယ်နှင့် ဆီလျော်ရန်လိုအပ်သည်။
ပြစ်ဒဏ်ပေးသင့်၊ မပေးသင့် စဉ်းစားရုံသာမက သင်ပြစ်ဒဏ်ပေးမှုကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်ကို
စဉ်းစားပါ။ စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်။ အပြစ်မပေးမီ ခဏစဉ်းစား ပါ။ သင့်ခလေးတွေကို
အပြစ်ပေးပြီးသည့်အခါတိုင်း သူတို့အပေါ်သင်တို့က ချစ်ကြောင်းနှင့် ယုံကြည်စိတ် ချကြောင်းကိုပြောပြပါ။
သင်သည် ခလေးအတွက်စည်းကမ်းကောင်းများ သတ်မှတ်ထားသည့်နည်းတူ သင်ကိုယ်တိုင်လည်း စည်းကမ်းရှိပါစေ။
စည်းကမ်း သည်လွတ်လပ်မှု၏ ရန်သူမဟုတ်ပါ မိတ်ဆွေဖြစ်ပါသည်။ ကျမဆရာမကလည်း ကျမကို “စည်းကမ်း
သည် လူ၏တန်ဖိုးဖြစ်၏” ဆုံးမသွန်သင်ခဲ့ ပါသည်။ သို့သော် စည်းကမ်းတင်းလွန်းလျှင်လည်း
မကောင်းပါ။ တော်ရုံ သင့်ရုံသာ ဖြစ်သင့်ပါသည်။
ခလေးကို အဘယ့်ကြောင့်စည်းကမ်းရှိအောင်
ပျိုးထောင်ရပါသနည်း။ စည်းကမ်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ မေးခွန်၏အဖြေမှာ စည်းကမ်းအားလုံး၏
ရည်ရွယ်ချက်သည် ခလေးကမိမိကိုယ်ကို အလေးအမြတ်ထားရှိရန်ပင် ဖြစ်သည်။ စည်း ကမ်းကောင်းလျှင်
သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိသူအဖြစ်ဖွံ့òဖိးလာမည် ဖြစ်သည်။ အမှန်တကယ်မှာ စည်းကမ်းနှင့်
ပြစ်ဒဏ်ပေး ခြင်းသည် လုံးဝတူညီသည်မဟုတ်ပါ။ စည်းကမ်းသတ်မှတ်ခြင်းသည် အပြစ်ဒဏ်ပေးခြင်းထက်
များစွာပိုပါသည်။
စည်ကမ်းကို နားလည်မှန်ကန်စွာသုံးတတ်ရန်
လိုအပ်ပါသည်။ ၎င်းကိုအလွဲသုံးစားပြုခြင်း သို့မဟုတ် ဟုတ်သောစည်း ကမ်းသည် ကြောက်ဖို့ကောင်းသည်။
ထို့အပြင် လုံးဝမရှိသောစည်းကမ်းသည် ထိုနည်းတူပင်ဖြစ်သည်။ သင့်ကလေးများအတွက် စည်းကမ်းချမှတ်ပေးပါ။
၃-နှစ်အောက်ကတည်းကစ၍ စည်းကမ်းချမှတ်ပေးရပါမည်။ အချိန်ရှိခိုက်လုံးလစိုက်ပါ။ ခလေးကို
ငယ်စဉ် ကတည်းမှစ၍ စည်းကမ်းမလုပ်ပဲအချိန်ဆွဲနေလျှင် စည်းကမ်းလုပ်ရန် ခဲယဉ်းမည်။ သင်သည်
၎-နှစ်အရွယ်ခလေးကို မအုပ်ထိန်း နိုင်လျှင် ၁၄-နှစ်အရွယ်ခလေးကို မည်သည့်အခါမျှအုပ်ထိန်းနိုင်တော့မည်
မဟုတ်ပေ။ ပြစ်မှုနှင့်ထိုက်တန်သော ပြစ်မှုကိုပေးပါ။ သင်ဒေါသဖြစ်နေသောအချိန်တွင် ခလေးကိုအပြစ်မပေးပါနှင့်
“ဒေါသရှေ့ထားမှားတတ်သည်” ဆိုသော ရှေးလူကြီးများစကားပုံရှိသည်။
0 comments:
Post a Comment