Thursday, September 29, 2011

မိဘကျေးဇူး သိတတ်သော အံ့ဖွယ်ရဟန်းများနှင့် အတုယူဖွယ်လူသားများ.......

by Peace Ful on Thursday, September 29, 2011 at 9:18pm

ကျေးဇူးသိသောယောဆရာတော်

ဘုရားသားတော်များဖြစ်ကြသော ရဟန်းတော်များနှင့် မယ်တော်ခမည်းတော်တို့အကြား ထားရှိကြသော   မေတ္တာတရားကို လေ့လာအကဲခတ်ကြည့်မိရာ -  တိပိဋကဓရယောဆရာတော်သည် အသက် (၈၀) နီးပြီဖြစ်သော မယ်တော်ကြီးအား ယောနယ်မှ ရန်ကုန်သို့ခေါ်ထားကာ အစစအရာရာ လိုလေသေးမရှိအောင် ပြုစုလုပ်ကျွေ၏ ။ မယ်တော်ကြီးအား ကျပ်ငွေ တစ်သိန်းလှူသည့်အခါ သားရဟန်းကို ဦးအကြိမ်ကြိမ်ချလျက်ရှိသော မယ်တော်ကြီးကို ကြည့်၍ သားရဟန်း၏မျက်နှာမှာ ပီတိအဟုန်ကြောင့် ရွှင်လန်းဝင်းပလျက်ရှိနေပါသတဲ့။


ကျေးဇူးတော်ဆပ် မင်းကွန်းအရှင်မြတ်

တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားသည်လည်း မိခင်ကြီးအား ဂရုတစိုက်ပြုစုလုပ်ကျွေးတော်မူခဲ့၏။ မယ်တော်ကြီးအား ဓမ္မနာဒတိုက်သို့ ခေါ်ထားပြီး စိတ်ချမ်းသာအောင်ပြုစု၏။ မယ်တော်ကြီးနေထိုင်ရန် အိမ်တစ်လုံးတောက်လုပ်ပေးတော်မူခဲ့၏။
“ မြင်းခြံပြန်ချင်တယ် ” ဆိုတော့လည်း မတားမြစ်။ “ အမေစိတ်ချမ်းသာရင်ပြီးရော ” ဆိုပြီး ဆရာတော်ကိုယ်တိုင် လိုက်ပို့ ပေးခဲ့၏။ အဝေးကနေ လိုအပ်တာမှန်သမျှ ထောက်ပံ့ရုံမက တရားဓမ္မဟောကြား၍လည်း ကျေးဇူးဆပ်တော်မူခဲ့၏ ။

မွှေးမိခင်နှင့်ကော့လှာအရှင်

ကော့လှာဆရာတော်ဘုရားသည်လည်း ငယ်ရွယ်စဉ်ဘဝကပင် မိဘကျေးဇူးကိုအမွန်မြတ်ဆုံးသောနည်းဖြင့် ဆပ်တော်မူခဲ့၏။ ဗုဒ္ဓဘာသာဝင်မိဘာများ သားယောကျာ်းလေး မွေးဖွားလာက အရွယ်ရောက်လျှင် ရှင်ပြုပေးရိုးထုံးစံရှိကြ၏။ သို့သော် ဆရာတော်လောင်းလျာ သူငယ်လေးကတော့ မိဘတို့ရှင်ပြုပေးသည်ကိုမစောင့်ပဲ မိခင်ကိုကျေးဇူးဆပ်လိုသောကြောင့်
ကိုယ့်အသိစိတ်နှင့်ကိုယ် ရှင်သာမဏေဘဝကို ခံယူတော်မူခဲ့၏။

ရှင်းပြပါအံ့  -    ဆရာတော်ငယ်ရွယ်စဉ်က (၁၂) သားအရွယ်က အိပ်မက်မက် သည်မှာ “ အိမ်၏ပထမဆုံးထူသည့် နတ်တိုင်မှာ လင်းတနား၏။ သူ့ မိခင်၏ဝမ်းဗိုက်ကိုဖောက်၍ အူအသည်းများကို ကျားသစ်ကစား၏ “ ဟု မက်လေ၏။  ထိုစဉ်က မိခင်ကြီးဒေါ်ပုမှာ ကျန်း
မာရေးမကောင်းသဖြင့် အိပ်ရာထဲလှဲနေရရှာ၏။ အိပ်မက်မကောင်းလှ၍ မိခင်၏ သေမည်ရှင်မည်ကို အတိအကျသိလိုသဖြင့် အိမ်အနောက်တော်ဘက်ရှိ ညောင်ပင်ကြီးကို ဖယောင်းမီးဖြင့် ပူဇော်ကာ အဓိဋ္ဌာန်ကြည့်မိရာ သေမည်ကိုသိရလေ၏။

မိခင်အတွက် စိတ်မကောင်း၊ မိခင်၏ နောက်ဆုံးအချိန်မှာ သားငယ်အားသင်္ကန်းဝတ်ဖြင့် မြင်သွားစေချင်၍ ကလေးကိုယ်တိုင်   ကျောင်းသို့ သွားကာ ဘုန်းတော်ကြီးအား သင်္ကန်းဝတ်ပေးပါရန် ခွင့်တောင်းလေတော့၏။ သင်္ကန်းဝတ်ပြီးနောက် မိခင်၏ အနားမှာထိုင်
ကာ ကလေးသဘာဝ တတ်သိသလောက် ဘုရားစာရွှတ်ပြလျက် မွေးမိခင်ကို အာရုံပြုလေ၏။ မိခင်ဒေါ်ပုကတော့ သားကိုရင်လေး၏ တရားသံကို အာရုံပြုကာ မျက်နှာမှာကြည်လင်ရွှင်ပြလျက် ရှိနေပါသတဲ့။ (  သြော် - ဒီအသက်ဒီအရွယ်၌ ဒီလိုစိတ်ဓာတ်မျိုးဖြင့် မည်သည့်လူသားများ မိဘကျေးဇူးကို ဆပ်ခဲ့ဖူးပါသနည်း။ တောက်မည့်မီးခဲ အရှိန်ရဲရဲ-ဆိုတာလို ထွန်းကားမည့်သူများသည်၊ ထူးချွန်သည့်အရိပ်လက္ခဏာများနှင့် ငယ်စဉ်ကတည်းက ပြည့်စုံခဲ့ကြတာပါလား)။

ကျေးဇူးသိရှာ ဂန္ဓာရုံဆရာ

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ-သည်လည်း မယ်တော်ကြီးအား ပြုစုထောက်ပံ့ကာ ကျေးဇူးဆပ်လိုသောဆန္ဒ ပြင်းပြခဲ့၏။ မယ်တော်ကြီးကျောင်းသို့ ရောက်လာရာပြည့်ပြည့်စုံစုံ မထောက်ပံ့နိုင်သဖြင့် စိတ်မကောင်းဖြစ်နေစဉ် မိခင်ကြီးက ဆေးလိပ်မီးညှိချင်
ကြောင်း ပြောလာသည့်ခဏ မီးခြစ်ကလည်း အနီးမှာမရှိသောကြောင့် မယ်တော်၏ ဆေးလိပ်ကိုယူကာ မီးဖိုထဲသွား၍ မီးညှိပေးလိုက်ရသည်။မယ်တော်ကြီးလိုအပ်နေသည့် အချိန်မှာတစ် ခုခု လုပ်ပေးလိုက်ရသဖြင့် ဝမ်းမြောက်ပီတိဖြစ်သွားကြောင်း ဖတ်ရှုခဲ့ရဖူးပါသည်။

 ကျေးဇူးဆပ်ပြ အရှင်ဃောသိတ

တစ်ဘဝသာသနာကျမ်းပြု ဆရာတော်ဦးဃောသိတသည် မယ်တော်ကြီး မကျန်းမမာဖြစ်သောအခါ   တောင်တွင်းကြီးသို့ရောက်အောင်သွားသည်၊ အခြားသားသမီးများ ဝိုင်းဝိုင်းလည်အောင်ပြုစုနေသည်ကိုကြည့်၍ “ ငါကရဟန်းဖြစ်တော့ မယ်တော်ကြီးကို ကိုယ်ဖိရင်ဖိ ပြုစုခွင့်မရှိဘူး၊ မယ်တော်အတွက် တစ်ခုခုလုပ်ပေးချင်လိုက်တာ ” ဟု တွေး၍ ဝမ်းနည်းနေစဉ်၊ မိခင်ကြီးက “ ရေသောက်ချင်သည် ”  ဟုပြောရာ ၊ ဆရာတော်က ရေတစ်ခွက်ခပ်ပြီး မယ်တော်ကြီးအား တိုက်လိုက်ရသည့်အတွက် အတိုင်းမသိပီတိဖြစ်သွားရကြောင်း- အမိန့်ရှိပါသတဲ့။

မိခင်ဒေါ်နန်းသောင်းနှင့် သားကောင်းဦးသန့်

လောကီဘက်ထင်ရှားသည့်    လ်ူများကိုကြည့်လျှင် ကုလသမဂ္ဂအတွင်းရေးမှူး ချူပ် ဦးသန့်  အမေရိကန်မှာရှိနေစဉ်က မိခင်အတွက် ပစ္စ ည်း္စ္စများစွာနှင့် မကြာခဏလှမ်း၍ ကန်တော့၏။ မြန်မာပြည်သို့ ခေတ္တပြန်လာစဉ်မှာလည်း မိခင်ကြီးဒေါ်နန်းသောင်း လေဆိပ်သို့ လာ
ကြိုရာ၊ ဦးသန့်က လေယာဉ်ပေါ်မှအဆင်း “ အမေနေကောင်းပါရဲ့ လား ” ဟု ပြုံး၍မေးလိုက်ပြီး လူတောထဲမှာပင် မိခင်ကြီးကို ထိုင်၍ဝပ်ချကန်တောပါသတဲ့၊ ဝပ်ချကန်တော့အပြီး သားအမိ နှစ်ယောက်ဝမ်းသာအားရ ပွေ့ ဖက်ထားပုံကို ထိုခေတ်က သတင်းစာများအတွင်လည်း ရေးသားဖော်ပြကြကြောင်း သိရ၏။

မိခင်ဆီလှမ်း ဗိုလ်ချူပ်အောင်ဆန်း

ခုခေတ်လူသားတိုင်းသိကြသည့်  လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း သူလည်းပဲ မိဘကျေးဇူးအထူးသိတဲ့ သားကောင်းသားမြတ်ရတနာဖြစ်၏။ သခင်အောင်ဆန်း တစ်ယောက် ဗိုလ်ချူပ်ဖြစ်ပြီးနောက် မြန်မာပြည်အလယ်ပိုင်းသို့ ခရီးထွက်ဖို့ ကိစ္စ ကြုံလာ၏။ ဗိုလ်ချူပ်၏ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှက လေယာဉ်ခရီးနှင့်သွားရန် စီစဉ်ထားကြောင်းပြောရာ၊ ဗိုလ်ချူပ်က “ ဟာ- ဗိုလ်ထွန်းလှ လေယာဉ်ခရီးမစီစဉ်နဲ့ ကွာ ကားနဲ့ သွားကြရအောင်၊ ငါနတ်မောက်ဝင်ပြီး အမေ့ကိုကန်တော့ချင်သေးတယ် ” ဟု စေခိုင်းလေ၏။
ကားနှင့်သွားကာ နတ်မောက်ဝင်၍ မိခင်ကြီးဒေါ်စုအား အားရပါးရ ကန်တော့သည့်အခါ မိခင်ကြီးက သားဖြစ်သူဗိုလ်ချူပ်အား  ကလေးငယ်တစ်ယောက်ပမာ ပွေ့ ဖက်၍ ဆုပေးရှာပါသတဲ့၊ သြော် - အထက်တန်ကျောင်းရောက်သည့်ပုဂ္ဂိုလ်များ ရောက်ထိုက်လို့ ကို
ရောက်တာပါလား၊ မိခင်များကလည်း သားဖြစ်သူက အသက်ဘယ်လောက်ကြီးကြီး ရာထူးကစစ်ဗိုလ်ချူပ်ကြီးပင်ဖြစ်နေပါစေ သူတို့ ၏ စိတ်ထဲ၌ကား ကလေးသူငယ်အရွယ်လေးဟုပင်ထင်နေတတ်ကြသည်မှာ မိခင်တိုင်း၏ မေတ္တတရားပင်မဟုတ်ပါလား။

အမေ့ခန္ဓာကိုယ်ကသာ အိုချင်အိုမည်-အမေ့မေတ္တာတရားကတော့ အမြဲထာဝရနုပျိုလန်းဆန်းနေမည်သာ။  


အားလုံးကို အစဉ်လေးစားလျက်

လူကလေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...