Wednesday, September 21, 2011

စပ်စုစိန်များနဲ့ ဆက်ဆံခြင်း

Cloud Cuckoo Land created a doc.
လူတွေဘာကြောင့် စပ်စုသလဲဆိုရင် အကြောင်း သုံးမျိုးကြောင့် စပ်စုတယ်လို့ ယေဘုယျ ကောက်ချက်ချ ရပါလိမ့်မယ်။ မနာလိုလို့၊ စိတ်ဝင်စားလို့၊ လုပ်စရာမရှိပျင်းလို့ ဖြစ်ပါတယ်။  နောက်ပြီး စပ်စုတဲ့သူတွေဟာ သူတို့မေးတဲ့ မေးခွန်းဟာ စပ်စုရာများ ကျနေသလားဆိုတာကို သူတို့ကိုယ်တိုင် မသိရှိကြပါဘူး။ လူတိုင်းမှာ သူတို့ကိုယ်တိုင် ဘောင်ခတ်ထားတဲ့၊ စည်းတားထားတဲ့ Privacy စည်းလေးတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ဒီလိုမတူတဲ့ အနေအထားကို တစ်ဖက်သူအနေနဲ့ မသိရှိဘဲ မေးမြန်းရာမှ တစ်ဖက်သူအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပေါ်လာတာ ဖြစ်ပါတယ်။
တချို့သူတွေ အနေနဲ့ ကိုယ့်လခကိုမေးတာ ကိစ္စမရှိပေမယ့် တချို့ကတော့ ဖြေချင်မှ ဖြေချင်ကြပါလိမ့်မယ်။ ဒီလိုမျိုး ဝိရောဓိ ဝိသေသ ကွဲပါတယ်။ သူတို့ကို ရင်ဆိုင်ဖြေရှင်းတဲ့ အခါမှာ နည်းလမ်းနှစ်သွယ် ရှိပါတယ်။ တစ်နည်းက လွယ်ကူပြီး ကြမ်းတမ်းပါတယ်။

ဥပမာ- “မင်း ဝေးဝေးနေပါကွာ။ ငါအီးအီးပေါက်တဲ့ အချိန်ကျရင် မင်းဆီဖုန်းဆက်ပြီး အနံ့လာ စစ်ခိုင်းပါမယ်” ၊ “မင်းက ငါ့အဖေ၊ အမေထက်တောင် ပိုပြီး မေးခွန်းတွေ မေးနေတယ်နော်။ ငါ့မှာ မိဘရှိတယ်။ နောက်ထပ် အသစ်မလိုတော့ဘူး” စသဖြင့် တစ်ဖက်လူကို ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန့်တာပဲ ဖြစ်ပါတယ်။ ဒုတိယနည်းကတော့ ချိုသာပြီး ယဉ်ကျေးစွာ တုံ့ပြန်ခြင်းပဲ ဖြစ်ပါတယ်။ ဒုတိယနည်းကတော့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်သူရဲ့ စပ်စုလာတဲ့အပေါ် ဒေါသစိတ်ကို မျိုသိပ်ပြီး ယဉ်ကျေးစွာနဲ့ ပြန်လည် တုံ့ပြန့်ရတာမို့ပါ။ ဘယ်လို ဖြေရှင်းရမလဲ ဆိုတော့…


အကောင်မြင်အောင် အရိပ်ပြပါ
တစ်ဖက်က ကိုယ့်ရဲ့အတွင်းရေး ကိစ္စအပေါ် စပ်စုလာတဲ့အခါမှာ မြူးမြူးကြွကြွ အားရပါးရနဲ့ တုန့်ပြန်ပေးပါ။ သူပြောတဲ့ စကားအပေါ် တစ်ချက်ရှောင်၊ နှစ်ချက်ပိတ်ပြီး ပြောပေးပါ။ ဘယ်လိုလဲဆိုတော့.. “နင်တို့ နှစ်ယောက်က အရမ်းလိုက်ဖက်တဲ့ စုံတွဲပဲဟာ.. ဘာလို့ ကွဲသွားကြတာလဲ”“အော်.. လက်တွေ့မှာ မတူညီမှုတွေ အများကြီး ရှိနေတာကိုး”“ဘာတွေလဲ” “ငါပြောပြီးသွားပြီလေ။ လက်တွေ့မှာ မတူညီမှုတွေ အများကြီး ရှိနေတာကိုး” အဲဒီလောက်နဲ့ တစ်ဖက်က မရပ်ရင် အဲဒီစကားကိုပဲ ထပ်ပစ်ပေးပါ။
... ပြန်ပြောင်း
သူပြောတဲ့ စကားကို မကြားလိုက်သလို ဟန်ဆောင်ရင်း စကားဝိုင်းကို ပြောင်းပေးပါ။ စကားဝိုင်းထဲမှာ ကိုယ့်အကြောင်း စပ်စုတဲ့မေးခွန်း ပေါ်လာပြီဆိုရင် တခြားစကားလမ်းကြောင်း ပြောင်းပေးပါ။ ဥပမာ-ဟိုကိုရီးယား ရုပ်ရှင်ထဲက မင်းသားက ဘယ်လို၊ မနေ့က ငါဘာဖြစ်ခဲ့တယ် သိလား စသဖြင့် စကားလမ်းကြောင်း ပြောင်းပေးပါ။
ပြုံးပါ
သွားပေါ်အောင် လှလှလေး ပြုံးပြလိုက်ပါ။ ပြီးမှ ဘာမှမပြောဘဲ ခပ်တည်တည် နေပစ်လိုက်ပါ။ ဒီနည်းကို ဖုန်းနဲ့စပ်စုတဲ့ သူတွေအတွက်လည်း လက်ဆောင် ပေးနိုင်ပါတယ်။ ပြုံးရုံမက ရယ်ပါ ရယ်နိုင်ပါသေးတယ်။ ပြီးနောက် ချက်ခြင်းကြီး တိတ်နေလိုက်ပါ။
ဒဲ့ပြောပါ
ဒါကတော့ ကိုယ်မကြိုက်တာကို မကြိုက်တဲ့အကြောင်း ယဉ်ယဉ်ကျေးကျေး ပြောတာပါ။ “ငါ မဖြေချင်ဘူး။ နင်မသိချင်ပါနဲ့” စသဖြင့် ပြောဆိုတာ ဖြစ်ပါတယ်။ ဒီလို ဒဲ့ပြောတဲ့အခါမှာ တိုတိုတုတ်တုတ်လေး ဖြေပေးပါ။
စပ်စုခြင်း အမျိုးမျိုးနှင့် ဖြေရှင်းနည်းများ
“ခင်ဗျား အသက်ဘယ်လောက် ရှိပြီလဲ” “အသက်ကိစ္စဟာ ကျွန်တော့်အတွက် ဘာအဓိပ္ပါယ်မှ မရှိပါဘူး” (သို့) “လောကကြီးအကြောင်း ကောင်းကောင်းသိတဲ့ အသက်အရွယ်ပါ” “ခင်ဗျားလစာ ဘယ်လောက်ရလဲ” “ကျွန်တော့် စားဝတ်နေရေးအတွက် အဆင်ပြေ လုံလောက်တဲ့ပမာဏ ရှိပါတယ်” (သို့) “ထိုက်သင့်တဲ့ အနေအထား တစ်ခုခုပေါ့” “မင်း ညက ကောင်မလေးနဲ့ ဘယ်တွေ သွားနေတာလဲ” “ဘာလဲ။ ဂျာနယ်ထဲ ထည့်မလို့လား” (သို့) “ဝတ္တရားရှိတဲ့ ကိစ္စမှန်သမျှ ကျေပွန်အောင် ဆောင်ရွက်ခဲ့ပါတယ်” (တစ်ခါတစ်ရံမှာ တစ်ဖက်လူ မေးတဲ့စကားကို တိုက်ရိုက်မဖြေဘဲ ကွေ့ဝိုက်ပြီး ဖြေတာဟာလည်း စပ်စုခြင်းကို ဟန့်တားစေနိုင် ပါတယ်) “ဖိနပ်လေးက လှလိုက်တာနော်၊ ဘယ်လောက်ပေးရလဲ” “မမှတ်မိတော့ဘူး။ သိပ်မများပါဘူး”များသောအားဖြင့် ဒီမေးခွန်းမျိုးက ဖိနပ်အပေါ် ချစ်ခင်နှစ်သက်လို့ မေးတာ ဖြစ်တဲ့အတွက် မေးခွန်းဟာ ရိုးသားမှု ရှိပါတယ်။ ကိုယ် ပိုက်ဆံဘယ်လောက် ဖြုန်းနိုင်သလဲဆိုတဲ့ အပေါ် မူတည်ပြီး မေးတာမဟုတ်လို့ ယဉ်ယဉ်ကျေးကျေး ဖြေသင့်ပါတယ်။ စပ်စုခြင်းမှ ကင်းဝေးကြပါစေလို့ ဆုတောင်းရင်း ဒီတစ်ပတ် ဒီမျှနဲ့သာ……။

posted by နွေဦးအိမ်

  1 comment:

  1. သိပ်ကောင်းတာပဲ..အဲလိုစပ်စုတဲ့မေးခွန်းတွေ မေးလာတဲ့သူတွေကို မုသာဝါဒမကျုးပဲ ဘယ့်နှယ် ဖြေရပါ့ဆိုပြီး တစ်ယောက်ထဲ စိတ်ဆင်းရဲခဲ့ရပေါင်းများပြီ...ကျေးဇူးပါ

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...