Thursday, September 22, 2011

“လက်ခံမှု”


  • [By Sein Lan Myay]

    မောင်လေးတစ်ယောက်က မြန်မာပြည်ကနေ စာအုပ်လှမ်းမှာလို့ မနေ့ကသွားဝယ်ဖြစ်ပါတယ်။ စာအုပ် title လေးက “Happiness in Hard Times” တဲ့ ။ စာအုပ်လေးကိုတွေ့တော့ ကြိုက်လို့ သူ့အတွက်ဝယ်ရင်းနဲ့ ကိုယ့်အတွက်ပါ ဝယ်မလို့ပဲ။ ဒါပေမဲ့ $ 23 နဲ့ ၂အုပ်ဆိုရင်ဒေါ်လာ (၅ဝ) နီးပါး သွားကျမယ် ။ အဲ့ဒီတော့ သူ့အတွက် (၁)အုပ်ပဲ အရင်ဝယ်လာပြီး လူကြုံနဲ့ထည့်မပေးခင် ဖတ်နိုင်သမျှ ဖတ်လိုက်ပါဦးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဖတ်မိတဲ့ ပထမစာမျက်နှာ (Acceptance) “လက်ခံမှု” ဆိုတဲ့စာပိုဒ်လေးဟာ လွန်စွာ အကျိုးရှိလှပါတယ် ။
      နည်းနည်းမျှဝေပါရစေ ။ 

    ကျွန်တော့်မိတ်ဆွေတစ်ယောက်က စက်ဘီးတစ်စီးနဲ့ ကမ္ဘာပတ်နေသူတစ်ယောက်ပေါ့ .. တနေ့တော့ သူ စက်ဘီးနဲ့ဖြတ်သွားတဲ့ မြို့ငယ်လေးတစ်ခုမှာ မုန့်ဆိုင်လေးဖွင့်ဖို့ ဆောက်နေတဲ့ Bakery ဆိုင်ငယ်လေးကို တွေ့တော့ သူ ကူဦးမယ်ဆိုပြီး ခဏနားပါတယ် ။
    အဲ့ဒီဆိုင်လေးကို သူကူဆောက်နေတုံး မြို့လေးမှာနေထိုင်တဲ့ကလေးငယ်လေးတွေကလဲ သူ့ကို လာကူတယ်ပေါ့ ။ အဲ့ဒီထဲမှာ ခြေစွပ်တစ်ဖက်တည်းကိုသာ နေ့တိုင်းဝတ်ဆင်လေ့ရှိတဲ့ ကောင်လေးတစ်ယောက်ကို သူက သတိ ထားမိနေတယ်။
    ဆိုင်လေးလဲ ပြီးခါနီး သူလဲ ကလေးတွေနဲ့ ရင်းနှီးလာချိန်မှာ သူက အဲ့ဒီကလေးလေးကို မေးတယ် ။
    “ခြေစွပ်တစ်ဖက်လေး လာပါဦးကွ .. မင်းက အဲ့ဒီခြေစွပ်လေးကို အမြဲဝတ်တယ်နော်” လို့ သူကမေးတော့ ကောင်လေးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ .. “ဟုတ်တယ် .. ကျွန်တော့်အမေက ညတိုင်းလျှော်ပေးတာ ။ မနက်ဆို ကျွန်တော် ပြန်ဝတ်လာရုံပဲ” လို့ ဖြေတယ် ။
    အဲ့ဒါနဲ့ သူက “ဟုတ်ပါတယ် .. အဲ့ဒါကို ငါသိတယ်လေ ။ ဒါပေမဲ့ မင်းဘာလို့ တစ်ဖက်တည်း အမြဲဝတ်ထားရတာ လဲဆိုတာ သိချင်လို့ပါ” လို့ ပြောတော့ ကောင်လေးက သူ့ကို အတော်ရူးကြောင်ကြောင်နိုင်တဲ့ မေးခွန်းမျိုး မေးတာပဲဆိုတဲ့ အကြည့်မျိုးနဲ့ လှမ်းကြည့်ပြီး ..
    “ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ တစ်ဖက်တည်းရှိလို့ပေါ့ဗျ” လို့ ပြန်ပြောသွားတယ် ။
    သူ ကျွန်တော့်ကို အလွန်လှပတဲ့ အတွေးလေးတစ်ခုကို ပေးသွားပါတယ် စာဖတ်သူ ။
    “ခြေစွပ်ဆိုတာ နှစ်ဖက်ရှိမှဖြစ်မယ် .. နှစ်ဖက်ရှိမှပဲ ပြည့်စုံတယ်လို့ ခေါ်မယ် .. နှစ်ဖက်လုံးစုံမှ ဝတ်ရမယ်” လို့ သူမယူဆဘူး ။ သူ့မှာတစ်ဖက်ပဲရှိတယ် ၊ သူ့ရှိတာနဲ့ သူကြိုက်သလို နှစ်သက်စွာဝတ်ဆင်တယ် ။ ပြီးတော့ သူ့လက်ခံထားမှုနဲ့သူ ပျော်နေတယ် ။
    သင်တစ်ခုခုကို ဆုံးရှုံးမှုကြောင့် စိတ်ပင်ပန်းဆင်းရဲရတဲ့အခါ “ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး” လို့ သင်ပြောလေ့ရှိပါလိမ့်မယ် ။ လုပ်ရမှာတစ်ခုတည်းပါပဲ .. “သင်ရောက်နေတဲ့နေရာမှာ ဖြစ်နေတဲ့အနေအထားကိုပဲ လက်ခံလိုက်ပါ” ။  

    ရင်းနှီးမြုပ်နှံမှုတစ်ခုခုမှာ ငွေဆုံးရှုံးခဲ့တယ်ဆိုပါစို့ .. “တကယ်လို့များ အဲ့ဒါကို ငါ မလုပ်ခဲ့မိရင်” ဆိုတဲ့ အတွေးကို ထားခဲ့တော့ ..ပယ်လိုက်တော့ ( “တကယ်လို့” ဆိုတဲ့ အတွေးတိုင်းက စိတ်သက်သာစေတာရှားတယ်) ။ အဲ့ဒီအစား ငါ့ဘဝအတွက်တော့ အကြီးမားဆုံး သင်ခန်းစာပါပဲလို့ မှတ်ယူရင်း အဲ့ဒီအခြေအနေကို အဲ့ဒီအတိုင်း လက်ခံလိုက်ပါ (နောက်ကြောင်းပြန်မသွားပါနဲ့) ။
    သင်အရမ်းဝနေလို့ ကျန်းမားရေလိုက်စားမှုတစ်ခုခုလုပ်နေတဲ့အခါ အဲ့ဒါကို (သင်လုပ်ဖို့လိုအပ်တယ်ထင်လို့၊ လုပ်ချင်လို့ လုပ်နေတာလို့) တွေးတောပျော်ရွှင်ပါ .. “ငါ့ညီမတွေကျတော့ ငါ့လိုမဟုတ်ဘူး ၊ တခြားမိန်းကလေး တွေကျ ငါနဲ့ကွာခြားလိုက်တာ၊ အမေသာ ငါ့ကို ကြည့်ကောင်းတဲ့ခန္ဓာကိုယ်လေးဖြစ်အောင် မွေးခဲ့ရင်” စသဖြင့် မလိုအပ်တဲ့ (တကယ်လို့များ ဆိုတဲ့) အတွေးတွေကို ဖျောက်ပါ ။ ကိုယ့်ကိုကိုယ် အရှိအတိုင်း အခြေအနေ အတိုင်း လက်ခံပါ။
    အရှိကိုအရှိအတိုင်း ကြုံလာသမျှအခြေအနေကို လက်ခံတာဟာ အရှုံးပေးခြင်းမဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘဝရဲ့ အတွေ့အကြုံ တပိုင်းတစလို့ လက်ခံလိုက်တာပါပဲ ။

    အားလုံးပဲ ကျန်နေသေးတဲ့ဘဝခရီးကို လက်ခံမှုဆိုတဲ့ သဘောထားလေးနဲ့ (ခြေစွပ်တစ်ဖက်နဲ့ ကောင်လေးလိုပဲ) ပျော်ရွှင်စွာခရီးဆက်နိုင်ကြပါစေ

    ကူးယူဖော်ပြခြင်းပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...