ဘ၀ဆိုတာ
Cloud Cuckoo Land created a doc.
တစ်ခါတုန်းက လူတစ်ယောက်သည် ဂျူးဘုန်းတော်ကြီးထံ သွား၍ မကျေမနပ်နှင့် လျှောက်ထားသည်။“အရှင်ဘုရား၊ ဘ၀ဆိုတာ ဒုက္ခကြီး ပါဘဲလား၊ တပည့်တော်တို့ မိသားစု ၉ယောက်ဟာ အခန်းကလေး တစ်ခန်းထဲမှာ ကျဉ်းကျဉ်း ကျပ်ကျပ်နဲ့ နေနေရပါတယ်၊ ဘယ်လို လုပ်ရမလဲ ဘုရား”
“ဒါဆိုရင် မင်းတို့မွေးထားတဲ့ ဆိတ်ကို အခန်းထဲမှာ အတူတူ ထားလိုက်ပေါ့”
...
မိန့်ကြားချက်ကို မယုံသင်္ကာ ဖြစ်နေသော ထိုသူအား ဘုန်းတော်ကြီးက ထပ်မံ၍ တိုက်တွန်း ပြန်သည်။
“ငါပြောတဲ့ အတိုင်းလုပ်ပြီး တစ်ပတ်ကြာတော့ ပြန်လာခဲ့ပါ”
ရက်သတ္တပတ် ကြာသောအခါ ယခင်ကထက် ပို၍ စိတ်ပျက် လက်ပျက် အမူအယာနှင့် ထိုသူသည် ဘုန်းတော်ကြီးထံ ရောက်လာသည်။
“အရှင်ဘု၇ား၊ ယခုမှ ပိုဒုက္ခရောက်ပါတယ်၊ ဆိတ်ကလဲ ညစ်ပတ်လိုက်တာ လွန်ရော”
“ကဲ မင်းအိမ်ပြန်တော့ ၊ ဆိတ်ကိုလည်းအိမ် အပြင် ပြန်ထုတ်လိုက်၊ ပြီးတော့ တစ်ပတ်ကြာရင် ပြန်လာခဲ့”
တစ်ပတ် ကြာသွားသောအခါ ကြည်လင်ရွှင်ပြစွာနှင့် ထိုသူသည် ဘုန်းတော်ကြီးထံ ပြန်ရောက်လာပြီး လျှောက်ထားလေသည်။
“ဘ၀ဆိုတာ တယ်သာယာတာကိုး ဘုရား၊ ယခုမှ အချိန်တိုင်း ဆိတ်ဆိုတဲ့အကောင်မရှိတော့မှပဲ တပည့်တော်တို့ မိသားစု ၉ယောက်အဖို့ ပျော်စရာကြီးပါ ဘုရား။”
posted by unknown
0 comments:
Post a Comment