Friday, September 23, 2011

ဘာကြောင့်များ ချစ်လဲ

တစ်နေ့တော့ ချစ်သူနှစ်ဦး စကားပြောနေတုန်းမှာ
ကောင်မလေးက သူ့ချစ်သူကောင်လေးကို မေးတယ်...။

ကောင်မလေး ။ " ဘာကြောင့် ကျွန်မကို ကြိုက်တာလဲ ၊ ဘာကြောင့် ကျွန်မကို
ချစ်တာလဲ "ဟင် ..... ?
ကောင်လေး ။ " ငါ့မှာ ပြောစရာ အကြောင်းပြချက်မရှိဘူး ... ဒါပေမယ့် မင်းကို
ငါ တကယ်ကြိုက်တယ်၊ချစ်တယ် "


ကောင်မလေး ။ " အကြောင်းပြချက်တောင် မပေးနိုင်တာ..ကျွန်မကို ကြိုက်တယ်
လို့ဘယ်လိုပြောနိုင်တာလဲ ၊ ကျွန်မကို ချစ်တယ်လို့ ဘာလိုပြောနိုင်တာလဲ "

ကောင်လေး ။ " အကြောင်းပြချက်ကို ငါ တကယ်မပြောနိုင်ဘူး..."
" ဒါပေမယ့် မင်းကို ချစ်တယ် ဆိုတာ သက်သေပြနိုင်ပါတယ် "

ကောင်မလေး ။ " သက်သေ ?"
" မရဘူး ..... ကျွန်မကို အကြောင်းပြချက်ပဲ ပြောစေချင်တယ် "
" ကျွန်မ သူငယ်ချင်းရဲ့ ကောင်လေးက သူ့ကို ဘာကြောင့်ချစ်တယ် ဆိုတာ ပြောနိုင်တယ်.."
" ရှင့်လို မဟုတ်ဘူး.................."

ကောင်လေး ။ " အိုကေ...အိုကေ.................
............."
" မင်းက ....... ငါ့မျက်စိထဲမှာ လှလို့....."
" မင်းအသံလေးက .....ငါ့နားထဲမှာ ချိုသာလို့....."
" မင်းက ......ငါ့ကို ဂရုစိုက်တတ်လို့..... "
" မင်းက .......ငါ့ကို ချစ်တတ်လို့..... "
" မင်းက .......အတွေးအခေါ်ကောင်းလို့.... ."
" မင်းရဲ့ အပြုံးလေးတွေကြောင့် ......."
" မင်းရဲ့ ချစ်စရာကောင်းတဲ့ ......အမူအရာလေးတွေကြောင့်...."
" ............................................................
.................."
ဒါတွေကြောင့်ပဲကွာ .....................။

ဒီအခါမှာတော့ ကောင်မလေးက သူ့ချစ်သူရဲ့ အဖြေကို အရမ်းသဘောကျသွားတယ်.....။

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ .....
ကောင်မလေးက အာရုံကြောယောင်တဲ့ ဝေဒနာနဲ့ နေမကောင်းဖြစ်ပြီး
အိပ်ယာထဲကိုလဲပါလေရော ......

ကောင်လေးက ကောင်မလေးအိပ်ပျော်နေတုန်း အချိန် လာကြည့်ပြီးတော့
ကောင်မလေးဘေးမှာ စာလေးတစ်စောင်ထားခဲ့တယ်.....။
စာထဲမှာဘာတွေရေးထားလဲ ဆိုတော့........................................။

မေ

မင်းရဲ့ချိုသာတဲ့ အသံလေးကြောင့် မင်းကို ကိုယ်ချစ်ခဲ့တယ်...."
အခု မင်း စကားပြောနိုင်လား ?
မပြောနိုင်တော့ပါဘူး ..................
" ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး "

" မင်းရဲ့ ကိုယ့်အပေါ် ဂရုစိုက်ကြင်နာမှုတွေကြောင့် မင်းကို ကိုယ်ကြိုက်ခဲ့တာ"
" အခု မင်း ကိုယ့်အပေါ် အဲဒါတွေ မပြနိုင်တော့ဘူး "
" ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး "

" မင်းရဲ့ အပြုံးလေးတွေကြောင့်....မင်းရဲ့
အမူအရာလေးတွေကြောင့် မင်းကို
ကိုယ်ချစ်ခဲ့တာ"
အခု မင်းပြုံးနိုင်သေးလား ၊ မင်း အခု လှုပ်ရှားနိုင်သေးလား ?
မင်းမပြုံးနိုင်တော့ဘူး ၊ လှုပ်လှုပ်ရှားရှားလည်း မနေနိုင်တော့ဘူး.........
" ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး "

"မင်းကအခုအချိန်မှာ ဝေဒနာခံစားနေရတဲ့သူ တစ်ယောက်ဖြစ်နေတယ် "
မင်းမှာချစ်စရာကောင်းတဲ့ အမူအယာတွေပြနိုင်သေးလား ?
" မင်း ....... ဘာဆို ဘာမှမစွမ်းနိုင်တော့ဘူး "
ဒါ့ကြောင့် မင်းကို ကိုယ်မချစ်နိုင်တော့ဘူး ..................
" တကယ်လို့ အချစ်က အကြောင်းပြချက်လိုတယ် ဆိုရင်"
" အခုအချိန်မှာ .....မင်းကို ကိုယ်ဆက်ချစ်ဖို့ အကြောင်းမရှိတော့ဘူး "

မောင်

************************************************************
************************
ကောင်လေးရေးခဲ့တဲ့ စာရဲ့အောက်နားမှာ စာကြွင်းလေးတစ်ခုတော့ ကျန်ပါသေးတယ်။့

တကယ်တော့ မေရယ် ..............
မောင်နဲ့မေ တစ်ဦးကိုတစ်ဦးချစ်ခဲ့တဲ့အချစ်
အတွက်
အကြောင်းပြချက်လှလှလေးတွေကို" မေ " ကြားချင်တယ်ဟုတ် !!
" အချစ်မှာ အကြောင်းပြချက်တွေလိုအပ်လို့လား
ကွာ ..."
( မလိုအပ်ဘူးလို့ မောင်ယုံကြည်တယ် .... )
ဟုတ်တယ် မေ ....... !
" မလိုပါဘူး....ဒါကြောင့် မေ့ကို မောင် ချစ်နေဆဲပါ ၊ ချစ်နေဦးမှာပါကွာ "

ချစ်တဲ့ မောင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...