ခေတ်ကြီးပြောင်းခဲ့သော်....
"ဟုတ်ကဲ့ အဖိုး...ကြွပါရှင်။ Retirement Visa နဲ့လာတာလားရှင်။"
Immigration မှအရာရှိမလေးက ရိုရိုသေသေဖြင့်မေးသည်။ အဖိုးကြီးက ဝှီးချဲပေါ်မှနေ၍ ခေါင်းငြိမ့်ပြသည်။
"အင်္ဂလန်မှကြိုဆိုပါတယ်။ အေးချမ်းပျော်ရွှင်စွာဖြင့် အနားယူနိုင်ပါစေ" ဟု ထိုအရာရှိမလေးက ဆုတောင်းပေးလိုက်သည်။ လေဆိပ်တစ်ခုလုံးရှိ အခြားအမျိုးသမီးများကလည်း ထိုအဖိုးအိုကို လူကြားထဲမှာ နတ်သားသဖွယ် အထူးအဆန်းဝိုင်းကြည့်နေကြသည်။ ဝိုင်းကြည့်ကြသည်မှာ အထူးအဆန်းမဟုတ်..။ ထိုကဲ့သို့ ယောက်ျားတစ်ယောက်လာသည်က အထူးအဆန်းဖြစ်သည်။ ပို၍ထူးဆန်းသည်မှာ အပြီးအပိုင်နေမည့်သူ ဖြစ်ခြင်းပင်ဖြစ်သည်။ အင်္ဂလန်တွင် အမြဲတမ်းအခြေစိုက်နေထိုင်သူယော
အင်္ဂလန်သာမက တစ်ကမ္ဘာလုံးတွင် ယောက်ျားများရှားပါးနေချိန်ဖြစ်
သို့သော် သနပ်ခါးထွက်ရှိရာ မြန်မာနိုင်ငံသား ယောက်ျားများမှာမူ ငယ်စဉ်ကတည်းက သနပ်ခါးကိုတိုက်ရိုက်(သို့) သွယ်ဝိုက် ထိတွေ့ဖူးသဖြင့် ထိုရောဂါဆိုးကြီးဒဏ်မှ လွတ်မြောက်သွားကြသည်။ ထိုသို့ ယောက်ျားသားများ ရုတ်ခြည်းပျောက်ဆုံးသွားသဖြင့် နိုင်ငံအတော်အများများသည် ပြောင်းလဲကုန်ကြသည်။ ဥပမာ - အာဖဂန်၊ အီရတ်ဆိုလျှင် နေ့စဉ်တိုက်ပွဲဖြစ်၊ ဗုံးခွဲနေသော ယောက်ျားသားများမရှိတော့သဖြင့် ချက်ခြင်းငြိမ်းချမ်းသွားကြသည်။ အနောက်နိုင်ငံများတွင်မူ မိန်းမသားများက အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ပြီးသားဖြစ်သဖြင့် နိုင်ငံအခြေအနေကို ကောင်းစွာထိန်းချုပ်နိုင်ကြသည်။
သို့သော် နိုင်ငံတစ်ခုတွင် မိန်းမသားများချည်းရပ်တည်နိုင်ေ
နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံယောက်ျားများကို ဆွဲဆောင်နိုင်ရန် မက်လုံးများပေးလာကြသည်။ မြန်မာနှင့် နီးစပ်ပြီး အနေနီးသော နိုင်ငံများကို စိတ်ဝင်စားမှု အများဆုံးရကြသည်။ စင်ကာပူဆိုလျှင် ယောက်ျားမှန်ပါက ဗီဇာမလို၊ စိတ်ကြိုက်နေ၊ နေထိုင်စဉ်ကာလ နေ့စဉ်အသုံးစရိတ် စလုံးဒေါ်လာ ၁၀၀၀ ပေးသည့်အပြင်၊ နိုင်ငံသားခံယူမည်ဆိုပါက ထောက်ပံ့ငွေ ဒေါ်လာ ၅ သန်း၊ ကွန်ဒိုတစ်ခန်း၊ ကားတစ်စီး ပေးမည်ဟု တရားဝင်ကြေငြာထားသည်။ သို့သော် မြန်မာယောက်ျားများက သွားလည်ရုံသာ စိတ်ကူးကြပြီး complain များပြီး ကြီးကျယ်သော စလုံးသူများကို စိတ်ဝင်စားခြင်းမရှိပေ။
မလေးဆိုလျှင် ယခင်က ထောင်ထဲတွင်ကျန်နေသော အိုဗာစတေးသမားများကို နိုင်ငံသားကဒ်ထုတ်ပေး တိုက်တစ်ခန်း၊ ကားတစ်စီး၊ ကုမ္ပဏီတစ်ခုထောင်ပေးကာ နိုင်ငံတွင်းဆက်လက်နေစေသည်။ ထိုင်းနိုင်ငံဆိုလျှင်လည်း တစ်နိုင်ငံလုံးရှိ တရားမဝင်ရောက်နေသော ယောက်ျားများကို ပိုက်စိပ်တိုက်ရှာကာ စာရင်းပြုစုကာ ဘန်ကောက်အနီးတွင် ယောက်ျားမြို့တည်ထားစေသည်။ နေထိုင်စားသောက်ရန် လိုလေသေးမရှိစီစဉ်ထားပြီး ထိုယောက်ျားများကို ပြည်တော်မပြန်စေရန် တားမြစ်ထားသည်။ ထို့နောက်၎င်းတို့အထဲမှ နိုင်ငံအနှံ့ရှိမြို့နယ်များကို လူဦးရေ အချိုးကျ ခွဲဝေချထားပေးသည်။
သင်္ဘောသားများဆိုလျှင်လည်း သင်္ဘောလိုက်စရာမလိုတော့ပေ။ အလုပ်ဟူသည် မိန်းမများအတွက်သာ ဖြစ်သွားခဲ့ပြီး ယောက်ျားများတွင် အိမ်ထောင်ပြုရန် တာဝန်သာရှိတော့သည်။ မြန်မာအပါအဝင် နိုင်ငံအားလုံးတွင် အသက် ၂၀ ပြည့်သော ယောက်ျားမှန်သမျှ အိမ်ထောင်မပြုမနေရ ဥပဒေထုတ်ပြန်ထားကြသည်။
အခြားသော လူမှုပတ်ဝန်းကျင်များတွင်လည်း များစွာပြောင်းလဲမှုရှိသည်။ မန်ယူ၊ ချဲလ်ဆီး၊ အာစင်နယ်၊ မန်စီးတီး တို့သည် မိန်းမကလပ်အသင်းများသာ ဖြစ်လာကြသည်။ ယောက်ျားဘောလုံးကလပ်ဟူ၍ မြန်မာနိုင်ငံတွင်သာရှိပြီး ထိုကလပ်များသည်လည်း တစ်ရာသီလုံးတွင် ၃ ပွဲအောက်သာကစားကြသည်။ တစ်ပွဲကစားတိုင်း ကမ္ဘာတစ်ဝန်းတွင် ရုပ်သံကြည့်ပရိသတ် သန်းရာဂဏန်း အနည်းဆုံးရှိသည်။ ကမ္ဘာ့ဖလားပွဲကို အစဉ်အလာမပျက်ကျင်းပသော်လည်း အခြားနိုင်ငံရှိ ယောက်ျားသားများမှာ ပရိုကစားသမားများ မဟုတ်ခြင်း။ အချို့နိုင်ငံများဆိုလျှင် ဘောလုံးတစ်သင်းစာပြည့်အောင် လုံလောက်သောယောက်ျားဦးရေ မရှိသဖြင့် မြန်မာနိုင်ငံမှ အငှားပေးရခြင်းများပင်ရှိသည်။ ထို့ကြောင့် ပြီးခဲ့သော ကမ္ဘာ့ဖလားသည် မြန်မာ့မြေပေါ်ရောက်ခဲ့သည်။ နောက်နှစ်လဲ ရာနှုန်းပြည့်သေချာနေသေးသည်။
ယောက်ျားလေးများရှားပါးသည်မှာမှ
အခြားသောနိုင်ငံများက မည်သို့ပင် ဆွဲဆောင်ခေါ်ယူကြသော်လည်း နိုင်ငံပေါ်မူတည်၍ သွားရောက်နေထိုင်သူ နည်းပါးလှသည်။ ဥပမာ - အင်္ဂလန်နိုင်ငံဆိုလျှင် လာရောက်နေထိုင်သူ ယောက်ျားတစ်ဦးလျှင် တစ်လထောက်ပံ့ငွေပေါင် ၁ သိန်း၊ နေထိုင်စားသောက်ရန် အပြည့်အစုံစီစဉ်ပေးမည်ဟု တရားဝင်ကြေငြာထားသော်လည်း ထိုကဲ့သို့ နိုင်ငံကျဉ်းကျဉ်း၊ အဆောက်အဦးဟောင်းဟောင်းများကို စိတ်မဝင်စားကြပေ။ သြစတြေးလျ၊ ကနေဒါ၊ အမေရိကန် စသော နိုင်ငံကျယ်ကျယ်များကိုသာ သွားရောက်နေထိုင်လိုကြသည်။ အာရှသားများပီပီ အာရှသူများသာကို ချောသည်ဟုထင်မှတ်ကြသဖြင့် အများစုကတော့ အချောအလှပေါရာ ကိုရီးယား၊ ဂျပန်တို့ကို သွားရောက်နေထိုင်ကြသည်။
နောက်ပိုင်းတွင် ယောက်ျားမှန်လျှင်အသက်အရွယ်မရွေ
ယခင်ကရောင်းမစွံသော လူပျိုကြီးများပင် ယခုအခါမိန်းမများကို ရှောင်တိမ်းနေရသည်။
"ဟေ့.. မင်းဘာတွေရေးနေတာလဲ"
အပြင်မှ ပြန်လာသောသူငယ်ချင်းက ဘေးမှာဝင်ထိုင်ရင်းမေးသည်။
"အော်.. ဝတ္ထုတိုလေး တစ်ပုဒ်ရေးနေတာပါ။ ဒါနဲ့ မင်းကိုငါရေးပေးလိုက်တဲ့ ရည်းစားစာ မင်းကြိုက်နေတဲ့ ကောင်မလေးကို ပေးပြီးသွားပြီလား။"
"အင်း.. မပြေပါဘူးကွာ။ ငါကသူ့ခြင်းတောင်းထဲ စာထည့်မလို့ကို အဲဒီအထဲမှာ ငါ့အရင်ရောက်နေတဲ့စာက ၅ စောင်လောက်ရှိတယ်။ အော်.. မိန်းမတွေများတယ်ရှားသကိုး။"
"အဲဒီကောင်မလေးထက်စာရင် ဟိုဖက်လမ်းက ကောင်မလေးက ပိုချောသလားလို့။ အဲဒီကောင်မလေးကို လိုက်ပါလား။"
"မင်းက အပြောကောင်း။ ဒီလောက်သိပ်မချောတဲ့ ကောင်မလေးတောင် လိုက်ကြိုက်တာ ဒီလောက်များနေတာ။ ဟိုကောင်မလေးဆို အနားကောင် မကပ်နိုင်ဘူး။ သူ့ကို လိုက်တဲ့ကောင်တွေက တစ်ပတ် ၅ ရက်ကို တစ်နေ့တစ်ယောက် ကိုယ်ပိုင်ကားနဲ့ အကြိုအပို့လုပ်ပေးနေကြတာ။ အခုခေတ်က မလွယ်တော့ဘူး ဟေ့ကောင်ရေ။ စာရိတ္တကောင်း၊ ထောင်ထောင်မောင်းမောင်း၊ ပညာတတ်၊ ရုပ်သန့် ရင်တောင် ပိုက်ဆံလည်းရှိဦးမှ..."
"အင်း မင်းပြောတာလဲ ဟုတ်တာပဲ။ အခုခေတ်က ရည်းစားရဖို့ မလွယ်ပါဘူးကွာ။ ရည်းစားရှိမှသာ နတ်ပြည်ရောက်မယ်ဆိုရင် ငါတို့တော့ လူ့ပြည်မှာ ယောင်ပေပေနဲ့ ကျန်ခဲ့တော့မှာပဲ.... "
No Offense, Just for fun...
Credit to T.H.Aung
--
This is JEKYLL & HYDE
if u want my fwd mails u can join this group >> Click here
If u want to visit my blog >> Click here
0 comments:
Post a Comment