လတ်တလော
Cloud Cuckoo Land created a doc.
- မြန်မာစကားဗျ အတော်တော့ နားလည်ရခက်တယ်။ “လတ်တလော” တဲ့ အဓိပ္ပါယ် ဖွင့်ပေးကြည့်။ စာတွေကို အဖြေမပါဘဲ ရေးနေမိတာ အကျင့်တစ်ခု။ ရှုထောင့် အမျိုးမျိုးကနေ ဝေဖန်ကြည့်။ နားလည်ပေးကြည့်မယ်။- အိပ်လို့ မပျော်ဝူး။ အိပ်ဖို့လည်း မကြိုးစားဝူး။ အိပ်မပျော်ခြင်းရဲ့ အကြောင်းက ခိုင်လုံသလို အချိန်တွေကို အိပ်ခြင်းနဲ့ ကုန်ဆုံးရမှာကိုလည်း နှမြောတတ်တယ်။ ညရဲ့ တေးသံ တစ်စ ပျံလွင့်ဖို့ အကြောင်းဖန်လာတယ်..
“အိပ်၍ မပျော်သော ညတစ်ည သံသရာအလယ်.. .. “။ လင်းနစ်ရဲ့ညမဟုတ်.. ဇူလိုင်ရဲ့ည (မောင်ဇူလိုင်ကို ဟြေခြင်း မဟုတ်ပါ)။ လွမ်းမနေဝူး။ ဆွေးမနေဝူး။ သတိတော့ ရဖြစ်သား။ လွမ်းတယ်လို့ ဟြေရအောင် ချစ်သူတွေ မဟုတ်။ ဆွေးတယ်လို့ ဟြေရအောင် ကျန်ရစ်ခဲ့သူမဟုတ်။ စောင့်စားနေသူ ဖြစ်နေမလား။
- ပျင်းရိသူ တစ်ယောက် မဟုတ်ပေမဲ့ လတ်တလော ပျင်းနေ၏။ လုပ်စရာရှိတာတွေကို လျစ်လျူရှုထားဖြစ်တယ်။ အလုပ်တို့လည်း နားလည်စွာနဲ့ စောင့်စားနေတယ်။ အချိန်မီတော့ ပြီးအောင် လုပ်ဖြစ်မှာပါ။ အလုပ်အကြွေးတို့ အတော်များလေပြီ။ ခပ်ပြင်းပြင်း ရိုက်ခတ်သံများနဲ့ ဂစ်တာသံတို့ကို ဖန်တီးဖြစ်တယ်။ အနုအလှ စာတစ်ပုဒ် ရေးဖို့ထက် အပြင်းစား သံစဉ်တို့သာ တောင့်တနေမိ၏။ အော်… ဘာလိုလိုနဲ့ လက်ထိပ်က အရေဟြးတို့တောင် အတော် ပွန်းပဲ့နေပေါ့။
- POTM, DR, WR, CM, & … တို့တောင် လွမ်းနေတယ်ဆိုဘဲ။ သူတို့ကို ပစ်ထားမိတာ အတော်ကြာပြီ။ အရင်လို ဂိမ်းတွေ မဆော့ဖြစ်တော့ဝူး။ ညတွေကို သူတို့နဲ့ မကုန်ဆုံးဖြစ်တာ ရက်ပေါင်း သုံး လေး ငါး ဆယ် ရှိတော့မယ်။ စိတ်ကတော့ ခြောက်သွေ့နေတဲ့ ညနေခင်းနဲ့ အတူ ဘဝကို ခပ်ဖော့ဖော့ ပစ်ထားမိတယ်။ ဒီလိုနဲ့ ပြက္ခဒိန်ကို တစ်ရွက်ပြီး တစ်ရွက် စုတ်ဖြဲခဲ့တယ်။
- တခါတခါ တွေးတယ်.. တခါတခါ စဉ်းစားတယ်.. တခါတခါ အတွေးတို့ စိတ်ကူးတို့နဲ့ ရေလိုက်ငါးလိုက်နေမိတယ်။ အဆင်ပြေရင် လ ကို သွားပြီး ပေါင်းတင် ပြုပြင် ပေးမယ်။ သူလည်း လှချင်မလားလို့။ အမျိုးသမီး တစ်ဦးထံမှ မိန်းမ ပီသမှုတို့ကို လိုချင်မိတယ်။ ဝေဿန္တရာမင်းနဲ့ ဆုံဖြစ်ရင်တောင် လိုချင်တာ ရဖို့မလွယ်။ သူ့ဆီမှာ မိန်းမ ပီသမှု မရှိဝူး။
... - မနက်ဖြန်မှာ လုပ်ဖို့ မနေ့ စီစဉ်ထားတဲ့ ကိစ္စတစ်ချို့ ဒီနေ့ မမျှော်လင့်ဘဲ ပျက်သုဉ်းသွားတယ်။ သူ့ကိုယ်သူ ကတိပေးတယ် နောက်ဆို မနက်ဖြန်တွေကို မခင်တွယ်တော့ဝူး မမျှော်လင့်တော့ဝူး။ အချိန်က လူကို မစောင့်ဆိုပေမဲ့ လူက အချိန်ကို ပြန်စောင့်နေမိတဲ့ အဖြစ်။ လောကကြီးမှာ တရားတယ်ဆိုတာ မရှိဝူး။ အနီးစပ်ဆုံး ပေးဆပ်ခြင်းသာ ရှိ၏။ ရူပဗေဒ သဘောတရားအရ Outcome က Input ထက် နည်းကို နည်းနေမှာဘဲ။
- တရုတ်စကားပုံ တစ်ခု ကြားဖူး၏။ “တစ်ရက်ပျော်ချင် အရက်သောက်၊ တစ်နှစ်ပျော်ချင် မိန်းမယူ၊ တစ်သက်ပျော်ချင် သစ်ပင်စိုက်”။ ပျော်ချင်လို့တော့ မဟုတ် စိုက်လိုက်တယ် သစ်တစ်ပင် ရင်ဘတ်ထဲမှာ။ ဘာမှတော့ အထွေအထူး မမျှော်လင့်ဖြစ်ပါဝူး။ ရေးရေးပြီး ဖျက်ပစ်လိုက်တဲ့ စာကြောင်းတွေ… ရေးထားပြီး ဥပေက္ခာပြုလိုက်တဲ့ အကြောင်းအရာအချို့ သူတို့ဟာသူတို့ နေတတ်သွားမှာပါလေ။ သူမ သည် သချာင်္ပုစ္ဆာ တစ်ခု မဟုတ်တဲ့အတွက် အဖြေမလို။ ဒါပေမဲ့ ကိန်းသေတစ်ခု သတ်မှတ်ပေးလိုက်တယ်။ သူမ = x ဖြစ်ပါစေ။ (x = variable)။
- မရေးသားဝူး ဒီစာပိုဒ်က ပြီးနှင့်နေတယ်။ ပျားပိတုံးတို့ ပန်းလေးတွေကို ဝတ်ရည်တွေ လိုက်ဖြည့်ပေးနေလေရဲ့။ နေမင်းက လောကရဲ့ အလင်းတို့ကို စားသုံးနေတယ်။ အရှုံးပေးလိုက်တယ်.. အရှုံးတွေ ငါ့မှာ မရှိတော့ဝူး။ စိတ်နဲ့ဘဲ အဆုံးသတ်လိုက်တယ်.. ဒါက အဆုံး ပေါင်းများစွာထဲက အဆုံး တစ်ခု။ စခဲ့တာ မဟုတ်ပေမဲ့ စနှင့်ပြီးနေပြီ။ သန်းခေါင်းထက်တော့ မိုးလင်းတော့မှာပေါ့။
posted by Kaung Lin Htet
0 comments:
Post a Comment