Sunday, September 25, 2011

အကျိုးပြု ဘက်တီးရီးယားများနှင့် ကျန်းမာရေး


လူ့ခန္ဓာကိုယ်ရဲ့ အစာခြေလမ်းကြောင်းမှာ ဘက်တီးရီးယား အမျိုးပေါင်း ၄၀၀ ကျော်အောင် ရှိပါတယ်။ ဒီဘက်တီးရီးယားတွေထဲက အများစုဟာ အကျိုးပြုဘက်တီးရီးယားတွေဖြစ်ပြီး လူတွေရဲ့ ကျန်းမာရေး အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကူညီနေကြပါတယ်။
အောက်ပါတို့ဟာ အကျိုးပြု ဘက်တီးရီးယားတွေရဲ့ အကျိုးကျေးဇူးပြုတဲ့ လုပ်ဆောင်ချက်တွေနဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို ဖြည့်စွက်သောက်သုံးသင့်တဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။
- အကျိုးပြု ဘက်တီးရီးယားတွေဟာ လူ့ခန္ဓာကိုယ်က ချေဖျက်ဖို့ ခက်ခဲတဲ့ အပင်မှရတဲ့ ကစီဓာတ်နဲ့ တခြားအစာတွေကို ချေဖျက်ရာမှာ ကူညီပေးပါတယ်။ ဒါကြောင့် အစာတွေကို စွမ်းအင်အဖြစ် ပိုမို ပြောင်းလဲနိုင်ဖို့ ခန္ဓာကိုယ်ကို ကူညီပေးပါတယ်။

- လူ့ခန္ဓာကိုယ်ဟာ ဗီတာမင်ကေကို သူ့ဘာသာသူ မထုတ်နိုင်ပါဘူး။ အကျိုးပြု ဘက်တီးရီးယားတွေက သူတို့စားသုံးတဲ့အစာနဲ့ အခြားအစာခြေပစ္စည်းတွေရဲ့ ဘေးထွက်ပစ္စည်းအနေနဲ့ ဗီတာမင်ကေနဲ့ တခြားဗီတာမင်တွေကို ထုတ်လုပ်ပေးပါတယ်။
- Acidophilus နဲ့ Bifidobacterium လိုမျိုး အကျိုးပြု ဘက်တီးရီးယားတွေအတွက် မပေါက်ဖွားနိုင်တဲ့ ပတ်ဝန်းကျင် အနေအထားဖြစ်စေတာကြောင့် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
- အကျိုးပြုဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်က ဆေးဝါးတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေကို ဖြိုခွဲချေဖျက်ရာမှာ ကူညီပေးပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကို ကာကွယ်ရာမှာ ကူညီပေးပါတယ်။ ဒါ့အပြင် အကျိုးပြု ဘက်တီးရီးယားတွေဟာ အစာခြေလမ်းကြောင်းရဲ့ နံရံမှာ ဆဲလ်အသစ်ဖြစ်အောင် ကူညီပေးပါတယ်။ ကင်ဆာရောဂါကို ဦးတည်နေနိုင်တဲ့ ထိခိုက်ပျက်စီးနေတဲ့ ဆဲလ်တွေကို ဖယ်ရှားပေးတာဖြစ်ပါတယ်။
- အကျိုးပြုဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်မှာ အပိုကယ်လိုရီတွေကို အဆီအဖြစ် ပြောင်းလဲဖို့ ကူညီပါတယ်။ ဒါကြောင့် အခုအခါ လူတစ်ယောက် အဝလွန်တာဟာ သူရဲ့ အစာခြေလမ်းကြောင်းမှာရှိတဲ့ ဘက်တီးရီးယား အမျိုးအစားတစ်မျိုးနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်တယ်လို့ ယူဆလာကြပါတယ်။
- အကျိုးပြု ဘက်တီးရီးယားတွေဟာ အစာခြေစနစ်ထဲမှာ သဘာဝအတိုင်းရှိနေပေမယ့် အမြဲတမ်းရှိနေတာ မဟုတ်ပါဘူး။ ရောဂါတွေကို ကုသဖို့အတွက် အသုံးပြုတဲ့ ပဋိဇီဝပိုးသတ်ဆေးတွေဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေသာမက အကျိုးပြုဘက်တီးရီးယားတွေကိုပါ သေစေနိုင်ပါတယ်။ အစာအိမ် ဗိုင်းရပ်စ်တစ်မျိုးကလည်း အကျိုးပြု ဘက်တီးရီးယားတွေရဲ့ ပမာဏကို လျော့နည်းစေပါတယ်။
- ဒီလိုအခါမျိုးမှာ အကျိုးပြုဘက်တီးရီးယား ပါဝင်တဲ့ ဖြည့်စွက်အာဟာရတွေက အကျိုးရှိပါတယ်။ ဒိန်ချဉ်ဟာ အကျိုးပြုဘက်တီးရီးယား ရရှိနိုင်တဲ့ အဓိကအစာပါ။ Lactobacillus လို့ ခေါ်တဲ့ သက်ရှိအကျိုးပြု ဘက်တီးရီးယားအများဆုံး ပါဝင်ပါတယ်။ ဒိန်ချဉ်သောက်လိုက်တဲ့အခါ ဘက်တီးရီးယား တွေဟာ အစာခြေလမ်းကြောင်းကို ရောက်ရှိသွားပါတယ်။
- ဒိန်ချဉ်ကို အေးနေအောင် ထိန်းသိမ်းထားရင် ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေအတွက် အကောင်းဆုံးအနေအထားပါ။ အပူချိန် များလွန်းခြင်း ဒါမှမဟုတ် အစိုဓာတ် နည်းလွန်းခြင်း ဒါမှမဟုတ် အောက်ဆီဂျင်ဟာ အကျိုးပြုဘက်တီးရီးယားတွေကို ပျက်စီးစေနိုင်ပါတယ်။
- သုတေသနတွေအရ အကျိုးပြု ဘက်တီးရီးယားပါတဲ့ အစားအသောက် ဒါမှမဟုတ် ဖြည့်စွက်ဆေးတွေကို မှန်မှန်သောက်သုံးခြင်းဟာ အအေးမိရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေတယ်လို့ သိရှိရပါတယ်။
Ref : Good Health

မေမွန်ကျော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...