Friday, September 30, 2011

မြစ်ဆုံစီမံကိန်းရပ်ထားမည်ဟူသော သတင်းအပေါ် တုံ့ပြန်ချက်

by Min Thant Syn on Saturday, October 1, 2011 at 3:45am
ယနေ့ သတင်းကောင်း ကြားကြားချင်း ၀မ်းသာအားရ ရေးလိုက်တာပါ။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်းကို မိမိတို့ အစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်တဲ့သတင်းဟာ အမျိုးသား စည်းလုံး ညီညွတ်ရေး ရှုထောင့်က ကြည့်ရင် အတိုင်းမသိ ၀မ်းမြောက် အားတက်ဖွယ် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုလိုဆုံးဖြတ်လိုက်ခြင်း ဟာ မြစ်ဆုံဆည်စီမံကိန်းကြောင့် မအိပ်နိုင် မစားနိုင်လောက်အောင် သောက ဗျာပါဒတေ...ွ ဖိစီးခံနေရတဲ့ ကချင်ပြည်သူများအပါအ၀င် ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံးက ပြည်သူလူထုအများစုကြီးရဲ့ လိုအင်ဆန္ဒနဲ့ တစ်ထပ်တည်း ကိုက်ညီနေလို့ ဖြစ်ပါတယ်။


ပြည်သူ့သမ္မတဂုဏ်ပုဒ်
သမ္မတကြီးရဲ့ ရဲဝံ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းတွင် သွား တော့မှာ ဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ဆောင်ရွက်ချက်ကို အချိန်မနှောင်းမီ ဖော်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် ဦးသိန်းစိန်ဟာ ပြည်သူ့သမ္မတကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန် သွားပြီလို့ ကျွန်တော်တို့ ရည်ညွှန်းလိုပါတယ်။

အရင်အစိုးရနဲ့မတူ
မြစ်ဆုံဆည်စီမံကိန်းဟာ အရင် အစိုးရရဲ့ ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အရင်အစိုးရနဲ့ လက်ရှိအစိုးရ မတူကွဲပြားတာက လက်ရှိအစိုးရဟာ ရွေးကောက်ပွဲနည်းနဲ့ တက်လာတာ ဖြစ်ပါတယ်။ ပြည်သူကို တာဝန်ခံရပါတယ်။ ပြည်သူတွေ လိုလားတာကို ဆောင်ရွက်ရမှာ ဖြစ်ပြီး ပြည်သူတွေ မလိုလားတာကို ပယ်ဖျက် ရုပ်သိမ်းဖို့ တာဝန်ရှိပါတယ်။

ဥပဒေက အုပ်ချုပ်တဲ့စနစ်သို့
လူမပြောင်းသည့်တိုင်အောင် မူပြောင်းရင် ပြောင်းလဲတဲ့ မူအတိုင်း ဆောင်ရွက်ခြင်းဟာ မူကို အလေးထားသော အကောင်အထည်သူများရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ လူက အုပ်ချုပ်တာ မဟုတ်ဘဲ မူ (တစ်နည်း) ဥပဒေက အုပ်ချုပ်တဲ့ စနစ်ဟာ အလိုလားအပ်ဆုံး ဖြစ်တဲ့အတွက် အများပြည်သူတို့က လှိုက်လှဲစွာ ကြိုဆိုကြမှာ သေချာပါတယ်။


ဆက်လုပ်ဦးမှာလား
လက်ရှိအစိုးရလက်ထက်မှာ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထား မယ်ဆိုတော့ နောင်အခါ မြစ်ဆုံဆည်ကြီးကို မဖြစ်မနေ ဆက်လက် တည်ဆောက်မယ်လို့ သန္နိဋ္ဌာန်ချထားသူများ အစိုးရဖြစ်လာရင် ဆက်လုပ်ကြလေမလားလို့ မေးခွန်းထုတ်စရာတော့ ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအတွက် မပူပါဘူး။ ပြည်သူလူထုရဲ့ အလိုဆန္ဒနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်လိုတဲ့ အင်အားစုများ ခေါင်းထောင်မလာ အောင် ပြည်သူ့စွမ်းအားနဲ့ ပယ်ရှားသွားဖို့ပဲ ရှိပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲများသာ ရှိနေပါစေ၊ ပြည်သူ့အဆုံးအဖြတ်ကသာ ပဓာန ဖြစ်လာတော့မယ်လို့ ယုံကြည်ကြောင်း တင်ပြလိုက်ပါရစေ။

အများမျှော်လင့် စောင့်စားနေကြတဲ့ နိုငှ်ု့ရေးအကျဉ်းသားများ လွတ်ငြိမ်းခွင့်ပါ တစ်ဆက်တည်း လိုက်ပါလာရင်ဖြင့် ပြည်သူ့သမ္မတကြီးလို့ ပြည်သူတွေက ခေါ်ဆိုလာကြတော့မယ်လို့ ကျွန်တော် မြင်ယောင်နေပါတယ်။

ပြည်သူတို့အကျိုးစီးပွားအတွက် ပြည်သူများကိုယ်တိုင်ပါဝင် ဆောင်ရွက်သည့် ပြည်သူ့အစိုးရများ ပေါ်ထွန်းလာသည့်နှင့်အမျှ ပြည်သူ့ဆန့်ကျင်ရေးသမားများအတွက
် နေရာမရှိတော့မှာ ဧကန် ဖြစ်ပါတော့သည်။
မောင်ဝံသ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...