ကြောက်မပြဘဲ..ထောက်ပြကြပါစို့..။
by Aung Lat on Thursday, September 22, 2011 at 6:11pm
- September 20, 2011 ရက် ၊ 1:30pm တွင် kyagee13 ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
လက်ရှိကမ္ဘာနိုင်ငံ အသီးသီးမှာ ယေဘုယျ နိုင်ငံ အုပ်ချုပ်ရေး မူဝါဒ စနစ် (၃)မျိုးရှိပါသည်.....။ ၎င်းစနစ်(၃) မျိုးမှာ........
၁။Democracy-(ဒီမိုကရေစီ) ဒီမိုကရေစီစနစ်။
၂။Communist-(ကွန်မြူနစ်) ကွန်မြူနစ်စနစ်။
၃။Socialist- (ဆိုရှယ်လစ်ဝါဒီ) ဆိုရှယ်လစ်စနစ်။
မူဝါဒ တစ်ခုချင်းစီ၏ အကျဉ်းသဘော အဖွင့်မှာ......
၁။ Democracy-(ဒီမိုကရေစီ)
မင်းမဲ့စရိုက်ကို သတိထား.....၊အာဏာရှင် စနစ်ကို ဆန့်ကျင်...၊အလယ်အလတ်သွားသော မူဝါဒ စနစ်...။(ကိုယ်စားလှယ်များနှင့် အုပ်ချုပ်သော စနစ်..) မူဝါဒ...။
၂။ Communist-(ကွန်မြူနစ်)
ဝိုင်းဝန်း လုပ်ဆောင်...၊ သာတူညီမျှ ခံစား...၊(လူတန်းစား ခွဲခြားမှု့ မရှိ.....ညီတူလုပ်....ညီတူစံစား...) မူဝါဒ...။
၃။ Socialist- (ဆိုရှယ်လစ်ဝါဒီ)
အရင်းရှင်...၊ဓနရှင်..ပပျောက်ရေး စနစ်(လိုက်လျော ညီထွေ) တစ်ပါတီ စနစ် အုပ်ချုပ်ရေး မူဝါဒ....။
အထက်ပါ (၃) ခုထဲမှ လက်ရှိ မိမိတို့ မြန်မာနိုင်ငံတွင် ပြောင်းလဲလာသော အစိုးရ၏ အုပ်ချုပ်နေသော မူဝါဒ စနစ်သည်.....
Democracy-(ဒီမိုကရေစီ) စနစ် ဖြစ်ပါသည်....။ဒီမိုကရေစီ ဟူသော စနစ်၏ အခြေခံကြသော မူသည်---ပြည်သူများရွေးကောက် တင်မြှောက်သော ကိုယ်စားလှယ်များဖြင့် အုပ်ချုပ်စီမံ ခန့်ခွဲသော သဘောတရား ဖော်ဆောင်မှု့ ဖြစ်ပါသည်....။
Democratic--ဒီမိုကရက်တစ် မူဝါဒ တိုင်း၏ ဖော်ဆောင်မှု့ ပြယုဂ်များသည် ပြည်သူတို့၏ ဆန္ဒကို အကောင်အထည် ဖော်ရခြင်းပဲ ဖြစ်ပါသည်...။ထို့ကြောင့်လည်း.....ဒီမိုကရေစီ အစိုးရကို ဤသို့ အဓိပ္ပါယ် ဖွင့်ဆိုမှု့ရှိပါသည်....။
1.Government for the people.
2.Government of the people.
3.Government by the people.
၁။ပြည်သူ့အတွက် အစိုးရ..။
၂။ပြည်သူ့၏ အစိုးရ...။
၃။ပြည်သူ့က ရွေးချယ်ပေးသော အစိုးရ ဟူ၍ ဖြစ်ပါသည်...။
ပြည်သူတို့ ရွေးကောက်တင်မြှောက်ပေးလိုက်သော ကိုယ်စားလှယ်အမတ်များစွာ စုပေါင်း၍ တိုင်းဒေသကြီးလွှတ်တော်၊
ပြည်သူ လွှတ်တော်၊ အမျိုးသား လွှတ်တော် ဟူ၍ လွှတ်တော် ကြီး (၃)ရပ်...ဖွဲစည်းကာ ပြည်သူ့ အသံ၊ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ လိုအပ်ချက်များ ကို ညှိနှိုင်းဆွေးနွေး အကောင်အထည် ဖော်ဆောင်ကြရပါသည်....။
ယင်းကဲ့သို့....ဖော်ဆောင်ရာတွင် ဒီမိုကရေစီ မူဝါဒ ၏ ထင်ရှားသော လွှတ်တော် အသီးသီးအတွင်း၌ ပြုပြင်ပြောင်းလဲရေး အသွင်သဏ္ဍန် တစ်ခု သည်....ပဋိပက္ခများ ဖြစ်ပေါ်စေ၍.... အကောင်းဘက်သို့ အပြုသဘောဆောင်သော လုပ်ရပ်များ ဖန်တီးရခြင်း ဖြစ်ပါသည်..။
တင်သွင်းသော အဆို ပဋိပက္ခ များကို ပြည်သူတို့ သဘောကျ တင်မြှောက်ထားသော ကိုယ်စားလှယ် အမတ်လောင်းများက အကောင်း အပြုသဘောဆောင် မဲခွဲ ဆုံးဖြတ်မှု့များနှင့် အတည်ပြုရပါသည်....။
ဒီမိုကရေစီ စနစ်၏ အဓိကကျသော ပြယုဂ်သည်...ပဋိပက္ခ ဖြစ်ခြင်းကို လှုံဆော်ခြင်း ဖြစ်ပါသည်.... ဖြစ်ပေါ်လာသော ပဋိပက္ခ ကိုမှ
ပြန်လည် ကာ ကျေလည်ပြီးဆုံးအောင် ဖြေရှင်းပေးရသော သဘောမျိုး ဖြစ်ပါသည်...။
ထို့ကြောင့်.....မှန်ကန်သော ပြည်သူ့ အဆိုပြု ပြဿနာ များကို လွှတ်တော်တွင်း ပဋိပက္ခသဏ္ဍန် ဖန်ဆင်းပြီးမှ သက်ဆိုင်ရာ အမတ်လောင်း များက ပြန်လည်ဖြေရှင်း ကြရပါသည်....။
ထိုသို့ ပဋိပက္ခမျိုးမှ မရှိသော လွှတ်တော် သည် ဒီမိုကရေစီ မူဝါဒကို ကျင့်သုံးနေသော လွှတ်တော် မဖြစ်နိုင်ပါ...။ Socialist---
(ဆိုရှယ်လစ်ဝါဒီ)...တစ်ပါတီ စနစ် အုပ်ချုပ်ရေး စနစ်ကျင့်သုံးနေသော လွှတ်တော် တစ်ခုသာ ဖြစ်ပါလိမ့်မည်...။
Democracy-(ဒီမိုကရေစီ) ဒီမိုကရေစီစနစ်သည်....(Industrial Revolution)--စက်မှု့တော်လှန်ရေး..ကိုလဲ မကျင့်သုံးပါ....။
ထို့အတူဘဲ...(capitalist)--အရင်းရှင် လူတန်းစား စနစ်၊ (proletariat)--ပစ္စည်းမဲ့ လူတန်းစား စနစ် ဟူ၍လည်း မခွဲခြားပါ...။
(capitalism)--အရင်းရှင် စနစ်-- (Imperialism)---နယ်ချဲ့ စနစ်ကိုလည်း လက်မခံပါ...။အလယ်အလတ်တန်း ကျင့်သုံးနေသော
(human right) အခြေခံ လူ့အခွင့်အရေးဖော်ဆောင်ခြင်း မူဝါဒ စနစ်တစ်ခုသာလျှင် ဖြစ်ပါသည်...။
သို့သော် လွှတ်တော်တွင်း ပေါ်ပေါက်စေသော ပဋိပက္ခအား (Terrorism)--အကြမ်းဖက် ၀ါဒ...အသွင် မပြောင်းလဲရန်အတွက်တော့
လွန်စွာ ဂရုစိုက် လုပ်ဆောင်ရပါသည်...။ ပဋိပက္ခ များစွာ ဖန်တီးပါ သို့သော် ယင်း ပဋိပက္ခများသည် အကောင်းဘက်ပြောင်းလဲသော ပြည်သူ့ခံစားခွင့်များ ဖြစ်ရန် အတွက်သာဘဲ ဖြစ်ပါသည်...။ (Terrorism)--အကြမ်းဖက် ၀ါဒ...အတွက် မဟုတ်ပါ...။
Democracy-(ဒီမိုကရေစီ) ဒီမိုကရေစီစနစ် သည်----(dictatorship)--အာဏာရှင် စနစ် မဟုတ်ပါ.... (human rights)---လူ့
အခွင့်အရေး ဖော်ဆောင်ရေး စနစ် ဖြစ်ပါသည်....။
ထို့ကြောင့်...လက်ရှိမြန်မာနိုင်ငံသားအားလုံးသည်.....Government of the people, by the people, for the people.
ဟူသော ဒီမိုကရေစီ၏ မူဝါဒ အမှန်ကို နားလည် သဘောပေါက်ထားကြရပါမည်....။ သို့မှသာလျှင်...လွှတ်တော် အရပ်ရပ်က အဆိုများ၊
သဘောထားများ...၊ အတည်ပြုချက် များအား....ဌင်း ကိုယ်စားလှယ်များ ပြောဆိုရာ များသည်...ငါတို့ဆန္ဒ၊ ငါတို့ အကျိုး၊ ငါတို့ လိုအပ်ချက် များ ပါလားဟု ကြည့်ရှု့ဝေဖန် ပိုင်းခြား သုံးသပ်ပေးနိုင်ကြပါလိမ့်မည်...။
မိမိတို့ ယခု မြန်မာနိုင်ငံ သည် အုပ်ချုပ်ရေးစနစ် တစ်ခု သီးသန့် ပေါ်ထွန်းနေပြီ ဖြစ်သည့် အားလျော်စွာ နိုင်ငံသားတိုင်း ဘက်မှလည်း နိုင်ငံရေး အမြင်...နိုင်ငံရေး အခြေခံ အသိရှိကြဖို့ လိုကြပါပြီ....။ ယခင် လို စနစ်မျိုးနှင့် မတူသော မူဝါဒ စနစ်ကို ကျင့်သုံး
လက်ခံနေသော မိမိတို့နိုင်ငံ၏ နိုင်ငံရေးနှင့် လွှတ်တော် အရပ်ရပ်မှ ပြောင်းလဲ တိုးတက်မှု့ ဆုံးဖြတ်ချက်များကို လေ့လာသင့် ကြပါသည်..။
အဘယ့်ကြောင့် ဆိုသော်.......လွှတ်တော် တွင် မဲတူညီ၍ ဆုံးဖြတ်မရသော အဆိုပြုချက်၊ အတည်ပြုချက် များအား မိမိတို့ မှ မဲပေးစနစ်နှင့် ဆုံးဖြတ်ခြင်းအမှု့ ပြုကြရမှာ ဖြစ်ကြသောကြောင့် ဖြစ်ပါသည်.... ယင်း အခါမျိုးတွင်း ပြည်သူမှ ဆုံးဖြတ်ပေးရမည်..
ဖြစ်ပါသည်.....၊ ဘာမှ မသိထားလျှင် ဘာကိုမျှ ဆုံးဖြတ်မရနိုင်ပါ...။
ထို့ကြောင့်....ယခင်လို မိမိနှင့် မဆိုင်သလို လုပ်၍ မိမိနိုင်ငံရေးအား လျစ်လျုရှု့ထားရန် မလိုတော့ပါ...။ ကျွန်ုပ် တို့ သည်..
မျက်လုံးကိုမှိတ်၊နားကိုပိတ်၍ ကြောက်ပြစရာ မလိုတော့ပါ....။မျက်လုံးကိုဖွင့်၊ နားကို စွင့်၍ လိုအပ်ချက်မျာကို ထောက်ပြကြရပါမည်....။
ကိုယ်တွေသည်...ကိုယ်တွေ နိုင်ငံအား ကိုယ့်ဘာ့သာ ကိုယ် ပြန်အုပ်ချုပ်နေပြီး ဖြစ်ကြောင်း သိထားကြပါ..။
အစိုးရသည် ပြည်သူ ဖြစ်ပါသည်....ပြည်သူသည် အစိုးရ ဖြစ်ပါသည်...။
အစိုးရ သဘောထား သည်...ပြည်သူ့ သဘောထား ဖြစ်ပါသည်.....ပြည်သူ့ သဘောထား သည် အစိုးရ သဘောထား ဖြစ်ပါသည်..။
အစိုးရ ဆုံးဖြတ်မှု့ သည်...ပြည်သူ့ ဆုံးဖြတ်မှု့ ဖြစ်ပါသည်...ပြည်သူ့ ဆုံးဖြတ်မှု့သည်လည်း...အစိုးရ ဆုံးဖြတ်မှု့ သာဘဲ ဖြစ်ပါသည်..။
ထို့ကြောင့်....(democratically) ဒီမိုကရေစီနည်းကျကျ ရှု့မြင်သုံးသပ်တတ်သော...နိုင်ငံသား တစ်ယောက် ဖြစ်ရန် များစွာ
လိုအပ်ပါကြောင်း ဤ ဆောင်းပါးကနေ သတိပေးအပ်ပါသည်....။
(politics) နိုင်ငံရေးသည်...ရှု့မြင်သုံးသပ် သူအတွက်...အန္တရယ် ဖြစ်စေနိုင်သော အကြောင်းတစ်ခု မဟုတ်ပါ....နိုင်ငံတစ်နိုင်ငံ
တိုးတက်ဖို့ ဆိုရာတွင် နိုင်ငံသားတိုင်း နိုင်ငံရေး အသိအမြင် ကြွယ်ဝဖို့ များစွာလိုအပ်လှပါသည်.. ..။
နိုင်ငံရေး ပြောင်းလဲမှု့များကို လေ့လာ စိတ်ဝင်စားသော သူသည်...----မိမိနိုင်ငံအား...(revolution)- တော်လှန်းရေး လုပ်နေခြင်း မဟုတ်ပါ..။ (responsibility of country) နိုင်ငံ၏ တာဝန်ကျေပွန်သော နိုင်ငံ သားကောင်းတစ်ယောက်အဖြစ် မိမိကိုယ်ကို
ခံယူထားခြင်းသာ ဖြစ်ပါသည်....။
ယခု လက်ရှိ မိမိတို့ နိုင်ငံတွင် လက်ခံကျင့်သုံးနေသော အုပ်ချုပ်ရေး စနစ်သည်လည်း...
(၁)သမ္မတ...။ (၂)လွှတ်တော်များ။(၃)ပြည်သူ----သုံးပွင့်ဆိုင် နိုင်ငံ အာဏာယူ အုပ်ချုပ်နေခြင်း ဖြစ်ပါသည်.....။
သည့်အတွက်ကြောင့်.......(politics blind) နိုင်ငံရေး မျက်မမြင်--တွေ ဆက်မလုပ်ကြဘဲနှင့်..(discrimination eye)ခွဲခြားနိုင်
သောမျက်လုံး မျက်လုံး--များကိုဖွင့်၍... (human rights)လူ့အခွင့်အရေးကိုဖော်ဆောင်နေသော... လက်ရှိ မိမိတို့ နိုင်ငံပြောင်းလဲ
တိုးတက်မှု့ ဖော်ဆောင်မှု့များကို မိမိတို့၏...(politics intellect)--နိုင်ငံရေး အသိညဏ်...နှင့် ၀ိုင်းဝန်ကူညီ ဖော်ဆောင်တည်ဆောက်
ကြပါစို့.......................။ ။
0 comments:
Post a Comment