Thursday, September 22, 2011

ပြည်ရေးပြည်ရာ အလယ်တန်းများအတွက်[ ဦးသန့် ]

by The River Club on Friday, September 23, 2011 at 1:19am


ပြည်ရေးပြည်ရာ မူလတန်းကျောင်းအတွက် ပြဌာန်းချက် (အဆက် )

သတ္တမတန်း (တစ်ဆယ့်နှစ်နှစ် အထက်ကလေးများ) အတွက် ပြည်သူပြည်သားများ၏ တာဝန်ဝတ္တရားများတွင် ပါဝင်သော မိမိနိုင်ငံကို ချစ်ခင်စုံမက်ရခြင်း သင်ခန်းစာ နမူနာတစ်ခုကို ပြဆိုပေအံ့။
ဆရာသည် ကျောင်းသားတစ်ဦးကို ခေါ်၍ ၎င်း၏အိမ်သားများနှင့် သူစိမ်းများကို မည်သူ့အားပို၍ ချစ်ခင်ကြောင်း မေးရမည်။ မိမိ၏မြို့သားနှင့် အခြားမြို့သားများကိုလည်း အထက်ပါ နည်းအတိုင်း မေးရမည်။ ၎င်းနောက် မိမိတို့၏ မြန်မာနိုင်ငံသားများနှင့် အခြားနိုင်ငံသားများကို နှိုင်းယှဉ်၍ မေးရမည်။ ဤတွင် ကမ္ဘာပေါ်၌ ကွဲပြားလျက်ရှိသော “အမျိုးသားရေး” (Nationalism) နှင့် “ကမ္ဘာရေး” (Internationalism) ဟူသော အယူဝါဒနှစ်မျိုးကို အကျိုးအပြစ် ရှင်းလင်းပြောပြရမည်။
ထို့နောက် ဂျာမနီနှင့် ဂျပန်နိုင်ငံတို့တွင် မိမိတို့အမျိုးကို ချစ်သောစိတ် မည်မျှပြင်းထန်ကြောင်း ကျောင်းသားများ နားဝင်အောင် ပြောပြရမည်။
မြန်မာရာဇဝင်ကို ကိုးကား၍ မင်းရဲကျော်စွာ၊ အလောင်းဘုရား၊ ဘုရင့်နောင်၊ ဗန္ဓုလစသော အာဇာနည်မျိုးချစ် ပုဂ္ဂိုလ်ကြီးများသည် မိမိတို့၏ အမျိုးနှင့် နိုင်ငံအတွက် မည်ကဲ့သို့ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့ကြောင်း ပြောပြရမည်။
မိုးလေဝသ ဖြောင့်မှန်၍ မြေသြဇာပြည့်စုံသော မြန်မာနိုင်ငံတော်ကြီး အကြောင်းကို ဖွဲ့နွဲ့၍ ချီးကျူးပြောဆိုပြီးနောက် ထိုကဲ့သို့ အဖိုးတန်သော နိုင်ငံတော်ကြီးကို မိမိတို့၏ အသက်တမျှ ချစ်ခင်စုံမက်ရခြင်းသည် မြတ်သော ဝတ္တရားကြီးဖြစ်ကြောင်း သဘောပေါက်အောင် ရှင်းလင်းပြရမည်။ ထိုတိုင်းပြည်ကြီး လွတ်လပ်ရေးအတွက် အမြဲရှေးရှုရမည့်အကြောင်းကို အဓိကထား၍ သင်ကြားပို့ချရမည်။
အထက်ပါအတိုင်း အခြားသင်ခန်းစာများကိုလည်း စိတ်ပါဝင်စားဖွယ် ဥပမာ ဥပမေယျတို့နှင့် တန်ဆာဆင်၍ သင်ကြားပို့ချင်နိုင်ပေသည်။
အထက်တန်းကျောင်းအတွက် ပြဌာန်းချက်
၁။ ခေါမတိုင်းသားတို့ သဘောကျသော ပြည်သူပြည်သား
၂။ ရှေးမြန်မာမင်းများ လက်ထက်က ပြည်သူပြည်သား
၃။ ယခုခေတ်ပြည်သူပြည်သား
(က) တိုင်းရင်းသား
(ခ) နိုင်ငံခြားသား
၎။ နိုင်ငံတော် (State) ဟူသော စကား၏အဓိပ္ပာယ်
၅။ ပြည်သူပြည်သားတို့၏ တာဝန်ဝတ္တရားများ (အဆက်)
၆။ ပြည်သူပြည်သားတို့၏ အခွင့်အရေးများ (အဆက်)
၇။ နိုင်ငံတော် (State) အမျိုးမျိုး

၇။ နိုင်ငံတော်၏ တာဝန်ဝတ္တရားများ
(က) ပြည်သူပြည်သားများအား တက်နိုင်သမျှ လွှဲသောစနစ် (Individualistic Theory)
(ခ) နိုင်ငံတော်က တက်နိုင်သမျှ တာဝန်ယူသောစနစ်
ဆိုရှယ်လစ်ဝါဒတွင် သုံးမျိုးကွဲပြားပုံ
(၁) ဆိုရှယ်လစ်ဝါဒ
(၂) ကွန်မြူနစ်ဝါဒ
(၃) မာ့စစ်ဝါဒ (Marxist Socialism)
(ဂ) ပြည်သူပြည်သားများအား အချုပ်အချယ်မရှိ လွှဲသောစနစ်

၈။ အုပ်ချုပ်ရေး ဥပဒေများ (Comstitutions)
(က) အတိအကျ ရေးဆွဲထားသော အုပ်ချုပ်ရေး ဥပဒေ (အမေရိကန်)
အတိအကျ ရေးဆွဲမထားသော အုပ်ချုပ်ရေး ဥပဒေ (အင်္ဂလန်)
(ခ) ပြင်ဆင်ရန်လွယ်သော အုပ်ချုပ်ရေး ဥပဒေ (အင်္ဂလန်)
ပြင်ဆင်ရန် ခက်ခဲသော အုပ်ချုပ်ရေး ဥပဒေ (အမေရိကန်)
(ဂ) တဖြည်းဖြည်း ပြင်ဆင်ပြောင်းလဲလာသော အုပ်ချုပ်ရေးဥပဒေ (အင်္ဂလန်၊ ဂျပန်)
ရုတ်တရက် ပြင်ဆင်ပြောင်းလဲသော အုပ်ချုပ်ရေး ဥပဒေ (ပြင်သစ်၊ ဂျာမနီ)
(ဃ) ပြည်ထောင်စု မခွဲသော အုပ်ချုပ်ရေး ဥပဒေ (အင်္ဂလန်)
ပြည်ထောင်စုခွဲသော အုပ်ချုပ်ရေး ဥပဒေ (အမေရိကန်)

၉။ အစိုးရ
အစိုးရဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်။
အောက်ပါအတိုင်း ‘အစိုးရ’ ကို ခွဲခြားနိုင်ပေသည်။
  • (က) ဒီမိုကရေစီခေါ် အများသဘောကျ အစိုးရနှင့် အာဏာရှင် (သို့မဟုတ်) ခေါင်းဆောင် အစိုးရ။ အများသဘောကျ တင်မြှောက်သော အစိုးရကို တစ်ဖန် နှစ်မျိုးခွဲ နိုင်လေသည်။ ၎င်းတို့မှာ -
  • (၁) ဥပဒေအရ ဘုရင်အုပ်ချုပ်နည်း။
  • (၂) သမ္မတ အုပ်ချုပ်နည်း။

၎င်းနှစ်နည်းကို တစ်ဖန်နှစ်မျိုးစီခွဲခြားနိုင်ပြန်လေသည်။
၎င်းတို့မှာ
(၁) ပြည်ထောင်စုခွဲ၍ အုပ်ချုပ်နည်း။
(၂) ပြည်ထောင်စု မခွဲဘဲ အုပ်ချုပ်နည်း။

၎င်းတို့ကို တစ်ဖန် (၁) ပါလီမန်နည်း (၂) ပါလီမန် မဟုတ်သောနည်းဟူ၍ ခွဲစိတ်နိုင်ပြန်သည်။ ပိုမိုရှင်းလင်းစေရန် ဇယားကွက်ဖြင့် ပြပေအံ့။

အစိုးရ
ဒီမိုကရေစီ           အာဏာရှင်
ဥပဒေအရအုပ်ချုပ်နည်း                              သမ္မတအုပ်ချုပ်နည်း
ကတ်ဘိနက် အစိုးရ
(က) ပြည်ထောင်စုနည်း                  (ခ) ပြည်ထောင်စု မဟုတ်သောနည်း               (က)                   (ခ)
(ဂ) ပါလီမန်နည်း               (ဃ) ပါလီမန် မဟုတ်သောနည်း                    (ဂ)                    (ဃ)       (ဂ)        (ဃ)

‘အစိုးရ’ ကို နောက်တစ်နည်း ခွဲခြားပြသနိုင်သေးသည်။
  • (က) ဘုရင်အုပ်စိုးနည်း။
  • (ခ) လူတစ်စု အုပ်စိုးနည်း။
  • (ဂ) အများသဘောကျ အုပ်စိုးနည်း (ဒီမိုကရေစီ)။
  • (က) ဘုရင်အုပ်စိုးနည်း။

၁။ သက်ဦးဆံပိုင် ဘုရင်အုပ်စိုးနည်း (ရှေးမြန်မာဘုရင်များ)
၂။ ကန့်သတ်ထားသော အာဏာနှင့် ဘုရင်အုပ်စိုးနည်း (ယခုခေတ် ဘုရင်များ)
(ခ) လူတစ်စု အုပ်စိုးနည်း။
၁။ ဓနရှင်များစု၍ အုပ်စိုးနည်း
၂။ ပညာရှိများစု၍ အုပ်စိုးနည်း
၃။ ဘုန်းတော်ကြီးများစု၍ အုပ်စိုးနည်း
၎။ စစ်ဗိုလ်များစု၍ အုပ်စိုးနည်း
(ဂ) အများသဘောကျ အုပ်စိုးနည်း။

၁။ လူတိုင်းအုပ်ချုပ်ရေး အာဏာကို တိုက်ရိုက်အသုံးပြု၍ အုပ်ချုပ်နည်း (ရှေးက ခေါမတိုင်းမြို့နယ်များ)

၂။ ကိုယ်စားလှယ်ရွေးကောက်၍ အုပ်ချုပ်နည်း (ယခခေတ်)
အစိုးရဌာနခွဲများ
(က) ဥပဒေပြု ဌာနခွဲ (Legisslative)
(ခ) အုပ်ချုပ်ရေး ဌာနခွဲ (Executive)
(ဂ) တရား ဌာနခွဲ (Judiciary)
(က) ဥပဒေပြု ဌာနခွဲ

၁။ လွှတ်တော်တစ်ခုတည်းထားသောစနစ်

၂။ လွှတ်တော်နှစ်ခုထားသောစနစ်
(ခ) အုပ်ချုပ်ရေး ဌာနခွဲ

၁။ မိရိုးဖလာဘုရင်စနစ် (အင်္ဂလန်၊ ဂျပန်)

၂။ ရွေးကောက်တင်မြှောက်သော သမ္မတစနစ် (အမေရိကန်)

၃။ ဥပဒေပြုလွှတ်တော်က ရွေးကောက်သော အုပ်ချုပ်ရေးမှူးစနစ် (ပြင်သစ်၊ ဆွစ်ဇာလန်)
(ဂ) တရား ဌာနခွဲ

အထက်ပါဌာနခွဲများကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်း လက်ထဲ၌ မထားသင့်ပေ။ ခွဲခြားသီးသန့်၍ ထားသင့်ပေသည်။ ဌာနခွဲများ အချင်းချင်း ဆက်သွယ်ပုံကို သင်ကြားသင့်ကြောင်း။
၁၀။ ဒေသန္တရအစိုးရ
  • (က) ဒေသန္တရအစိုးရနှင့် ဒေသန္တရ ကိုယ်ပိုင်အစိုးရခြားနားပုံ
  • (ခ) ဗဟိုက ဒေသန္တရအဖွဲ့ဝင်များကို ခန့်ထားသောစနစ် (ပြင်သစ်)
  • (ဂ) ပြည်သူပြည်သားများက ဒေသန္တရအဖွဲ့ဝင်များကို ရွေးသောစနစ် (အင်္ဂလန်)
  • (ဃ) တိုက်နယ်အဖွဲ့များ ဖွဲ့စည်းပုံ၊ ၎င်းတို့၏ တန်ခိုးအာဏာများ ခရိုင်အဖွဲ့များ (ဒိစတြိတ်ကောင်စီ) ဖွဲ့စည်းပုံ၊ ၎င်းတို့၏ တန်ခိုးအာဏာများ
  • (စ) မြူနီစိပါယ် ဖွဲ့စည်းပုံ၊ ၎င်းတို့၏ တန်ခိုးအာဏာများ

၁၁။ လွတ်လပ်ရေး
(က) လွတ်လပ်ရေးဆိုသော စကား၏ အဓိပ္ပာယ်
(ခ) လွတ်လပ်ရေး အမျိုးမျိုး

၁။ ပြည်သူ့လွတ်လပ်ရေး (Civil Liberty)
ဥပမာ - လွတ်လပ်စွာ စကားပြောနိုင်ခွင့်။ နှစ်သက်ရာဘာသာကို ကိုးကွယ်နိုင်ခွင့်

၂။ နိုင်ငံရေး လွတ်လပ်ရေး (Political Liberty)
ဥပမာ - မဲဆန္ဒ ပေးနိုင်ခွင့်။ ရာထူးထမ်းဆောင်နိုင်ခွင့်

၃။ အမျိုးသား လွတ်လပ်ရေး (National Liberty)
ဥပမာ - အမျိုးသားများ သူတစ်ပါး လက်အောက်မှ လွတ်လပ်မှု

၁၂။ တရားဥပဒေ
  • (က) တရားဥပဒေဆိုသော စကား၏ အဓိပ္ပာယ်
  • (ခ) တရားဥပဒေ ပေါ်ပေါက်လာပုံ
  • (ဂ) တရားဥပဒေနှင့် လွတ်လပ်ရေး ဆက်သွယ်ပုံ
၁၃။ ပြည်သူပြည်သားများ၏ အာဘော်

  • (က) သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်
  • (ခ) တရားဟောပွဲ
  • (ဂ) ရေဒီယိုနှင့် ရုပ်ရှင်
  • (ဃ) နိုင်ငံရေး အသင်းအပင်းများ
၁၄။ ရွေးကောက်ပွဲများ
  • (က) အရွယ်ရောက်သူတိုင်း မဲပေးနိုင်ခွင့်၊ အကျိုးအပြစ်
  • (ခ) မဲပေးနိုင်သူတို့၏ အရည်အချင်းသတ်မှတ်ပုံ အမျိုးမျိုး
  • (ဂ) တိုက်ရိုက်ရွေးချယ်နည်း။ တစ်ဆင့်ရွေးချယ်နည်း
  • (ဃ) မဲဆန္ဒရှင်က ကိုယ်စားလှယ်ပေါ်တွင် ချုပ်ချယ်နိုင်ပုံ
  • (င) တစ်နယ်လျှင် တစ်ယောက်ရွေးသောစနစ်။ တစ်နယ်လျှင် တစ်ယောက်ထက်ပို၍ ရွေးသောစနစ်
  • (စ) လျှို့ဝှက်စွာ မဲပေးခြင်း
  • (ဆ) လူနည်းစုအတွက် ကိုယ်စားလှယ် ရွေးနည်းအမျိုးမျိုး
  • (ဇ) မဲဆန္ဒပေးနည်း အမျိုးမျိုး
၁၅။ အမျိုးသားရေး
  • (က) အမျိုးသားရေးဟူသော စကားအဓိပ္ပာယ်
  • (ခ) နိုင်ငံရေး ကိုယ်တိုင်ပြဌာန်းနိုင်ခွင့်
  • (ဂ) အမျိုးသားရေးနှင့် ကမ္ဘာရေး
  • (ဃ) နိုင်ငံပေါင်းချုပ်အသင်းကြီး ဖွဲ့စည်းပုံ
  • ၎င်းဆောင်ရွက်ခဲ့သော လုပ်ငန်းများ
၎င်း၏ ချို့ယွင်းချက်များ
၎င်းသည် အဘယ်ကြောင့် ပျက်စီးရကြောင်း
၁၆။ ကိုလိုနီနိုင်ငံများ
  • (က) ကရောင်းကိုလိုနီ (သီဟိုဠ်)
  • (ခ) ကာကွယ်စောင့်ရှောက်ခြင်းခံရေသော ကိုလိုနီ (ဇင်ဇီဘာ)
  • (ဂ) ကိုယ်ပိုင်အုပ်ချုပ်ရေးရသော ကိုလိုနီ (သြစတြေးလီယား)
၁၇။ နိုင်ငံချဲ့ထွင်ခြင်း
  • (က) နိုင်ငံချဲ့ထွင်သော ဝါဒပေါ်ပေါက်လာပုံ
  • (ခ) ၎င်းဝါဒ၏ အပြစ်များ
  • (ဂ) မြန်မာပြည်နှင့် ၎င်းဝါဒ
  • (ဃ) ဓနရှင်ဝါဒနှင့် ဆိုရှယ်လစ်ဝါဒ
  • (င) ဒီမိုကရေစီဝါဒနှင့် ခေါင်းဆောင်ဝါဒ
၁၈။ အရှေ့အာရှတိုက်နှင့် အတူတကွ ကြီးပွားတိုးတက်ရေးဝါဒ
  • (က) ၎င်းဝါဒ၏ အဓိပ္ပာယ်
  • (ခ) မြန်မာပြည်နှင့် မည်ကဲ့သို့ သက်ဆိုင်ပုံ
အထက်တန်းများအတွက် သင်ခန်းစာနမူနာ
ဒသမတန်း (တစ်ဆယ့်ငါးနှစ်အထက် ကလေးများ) အတွက် “ဒီမိုကရေစီခေါ် အများသဘောကျ အုပ်ချုပ်နည်း” ၏ အကျိုးအပြစ်များကို ပြသရန် ဖြစ်ပေသည်။
သင်ကြားရန် အချက်အလက်များ

(က) ဒီမိုကရေစီစနစ်၏ အကျိုးများ
  • ၁။ တိုင်းသူပြည်သားများက ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များသည် တိုင်းသူပြည်သား မဲဆန္ဒရှင်များအား ငဲ့ရမည်ဖြစ်သဖြင့် ၎င်းတို့သည် အများအကျိုးအတွက်ကိုသာ ဆောင်ရွက်ပေမည်။
  • ၂။ တိုင်းသူပြည်သားတို့သည် ပြဌာန်းမည့် ဥပဒေအရပ်ရပ်တို့ကို ချယ်လှယ်နိုင်ပေမည်။
  • ၃။ တိုင်းသူပြည်သားတို့သည် မိမိတို့အခွင့်အရေးတို့ကို ကာကွယ်စောင့်ရှောက် ခွင့်ရကြမည်။
  • ၄။ တိုင်းသူပြည်သားတို့သည် နိုင်ငံရေးတွင် ကိုယ်ထိလက်ရောက် ပါဝင်ဆောင်ရွက်နိုင်ကြသဖြင့် နိုင်ငံရေး အသိဉာဏ် ကျယ်ဝန်းလာမည်။ မျိုးချစ်စိတ် ထက်သန်လာမည်။
  • ၅။ တိုင်းသူပြည်သားတိုင်း နိုင်ငံရေးတွင် တန်းတူ အခွင့်အရေးရကြသည်။
  • ၆။ တိုင်းသူပြည်သား မဲဆန္ဒရှင်များနှင့် ဥပဒေပြု ကိုယ်စားလှယ်များ တိုက်ရိုက်ဆက်သွယ်နေရသဖြင့် နိုင်ငံတွင်း ပုန်ကန်မှုများ ပေါ်ပေါက်ရန် ခဲယဉ်းမည်။
  • (ခ) ဒီမိုကရေစီစနစ်၏ အပြစ်များ
  • ၁။ ၎င်းစနစ်သည် တိုင်းသူပြည်သားများအား နိုင်ငံရေး အသိဉာဏ်ညီမျှသည်ဟု ဝန်ခံရာ ရောက်သည်။ သို့ရာတွင် တိုင်းသူပြည်သားများသည် နိုင်ငံရေး အသိဉာဏ်မတူညီကြ။ အများအားဖြင့် နိုင်ငံရေး အသိဉာဏ် ချို့ငဲ့သည်။
  • ၂။ အများသဘောသည် အမှားပေါ၏။ အများသဘောနှင့် ရွေးကောက်တင်မြှောက်သော အစိုးရသည် အသိနားမလည်သောသူများ တင်မြှောက်သော အစိုးရသာ ဖြစ်သည်။
  • ၃။ ၎င်းစနစ်သည် နိုင်ငံရေးပါတီအမျိုးမျိုး ပေါ်ပေါက်စေ၍ တိုင်းသူပြည်သားတို့ စည်းလုံးခြင်း မဖြစ်နိုင်။
  • ၄။ ၎င်းစနစ်အရ အစိုးရသည် ကြာရှည်ခိုင်ခံ့ခြင်း မရှိနိုင်ဖြင့် လူတို့၏ ယဉ်ကျေးမှု ကိစ္စအရပ်ရပ် တိုးတက်ရေးသည် နှောင့်နှေးကြန့်ကြာတက်၏။
  • ၅။ ၎င်းစနစ်သည် လွတ်လပ်ရေးနှင့် မည်သို့မျှ မဆက်သွယ်ပေ။
  • ၆။ ၎င်းစနစ်သည် တိုင်းပြည်စီးပွားရေးကိုများစွာ ထိခိုက်စေ၏။ ရွေးကောက်ပွဲများ၌ ရွေးကောက်ခံသူတို့သည် ငွေကိုရေလို သုံးကြဖြုန်းကြလေသည်။
  • ၇။ ၎င်းစနစ်သည် ယခုခေတ်မစားတော့ပေ။
  • အထက်ပါအချက်များကို သင်ကြားရာ၌ ယခုခေတ် ဒီမိုကရေစီ ထွန်းကားသော တိုင်းပြည်များနှင့် အာဏာရှင်ထွန်းကားသော တိုင်းပြည်များအကြောင်းကို နှိုင်းယှဉ်၍ ပြောပြရမည်။ အာဏာရှင်စနစ်၏ သဘောကိုလည်း ထည့်သွင်းပြောပြသင့်သည်။
နောက်ဆက်တွဲ
ပြည်ရေးပြည်ရာ သင်ကြားရာ၌ ဆရာများအား အထောက်အပံ့ဖြစ်စေမည့်ကျမ်းများ။
မြန်မာဘာသာကျမ်းများ
၁။ မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း၊ ပုဂံဝန်ထောက်ဦးတင်
၂။ ဝံသာနုရက္ခိတကျမ်း၊ ကျောက်မြောင်း ခင်မောင်ကြီး
၃။ နိုင်ငံရေးပညာ၊ ဦးဘဦး
၎။ နိုင်ငံရေးပညာ၊ ပီမိုးနင်း
၅။ သရာဇကျမ်း၊ ဦးတုတ်ကြီး
၆။ ပြည်ရေးပြည်ရာပညာ၊ ဦးဘအေး
၇။ လူမှုရေးရာ၊ သင်ကြားခြင်းအကြောင်း၊ ဒေါ်မမခင်
၈။ တို့တိုင်းပြည်နှင့် တို့တာဝန်၊ ဦးဘေသိန်း
၉။ ခေတ်သစ်မာဃ၊ ဦးဘရှင်
၁၀။ နိုင်ငံပေါင်းချုပ် ကျောင်းသုံးစာအုပ်၊ ဦးသန့်
၁၁။ အမျိုးသား ပညာသင်ကြားရေး ဋီကာ၊ သံတွဲမောင်
၁၂။ ဗြိတိသျှပါလီမန်အကြောင်း၊ ဦးသိန်းမောင်
၁၃။ မြန်မာပြည်ဥပဒေပြု အဖွဲ့အစည်း၏ အကြောင်း၊ ဦးသိန်းမောင်
အင်္ဂလိပ်ဘာသာကျမ်းများ
  1. Civil Government, Marris and Garner.
  2. Extra Curricular Activities, H.C. Mckown.
  3. Citizenship: Its rights and duties, Aston and Jordon.
  4. For Teachers of Today, J. Eades.
  5. Elements of Civics, Patwardhan.
  6. Groundwork of Civics, Bhattacharya.
  7. Citizenship: The responsibilities and privileges of the Indian citizen. J. Willatt.
  8. Education for Citizenship (Issued under the auspices of the association for education in citizenship)
  9. Training for Citizenship, Sir. E. Simon and E. M. Hubback.
10.  Elements of Civics, Arthur Brown.
11.  How We Live, Sir. J. A. R. Marriott.
12.  How We Are Governed, Sir. J. A. R. Marriott.
13.  The Government of Our Country, F. H. Spencer.
14.  Citizens in the Marking, Happold.
15.  Citizenship, Ed. J. S. Lay.
16.  History as a School of Citizenship, Medeley.
17.  How Qe Are Governed, G. Whiskard.
18.  Pupil Self Government, Cronson.
19.  Elementary Civics, C. H. Blackiston.
20.  English Citizenship, F. Swarn.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...