Wednesday, October 23, 2013

ဖားများ ...

လယ်သမားတစ်ယောက်က မြို့ပေါ်တက်လာတယ် ပြီးတော့စားသောက်ဆိုင်ပိုင်ရှင်ကို မေးတယ် ။ 

“ ကျွန်တော့်ဆီမှာ ဖားခြေထောက်တွေသန်းနဲ့ချီပြီးရနိုင်တယ် ဒီမှာ သွင်းလို့ရမလား ” စားသောက်ဆိုင်ပိုင်ရှင်က အရမ်းကိုအံ့သြသွားတယ် ။ ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့ဖားတွေ ရနိုင်မလဲဆိုတာမေးတယ် ။ 

လယ်သမားကပြန်ဖြေတယ် ။ “ ကျွန်တော့်အိမ်နားမှာ ရေကန်တစ်ကန်ရှိပါတယ် အဲဒီကန်ကြီးဟာ ဖားတွေနဲ့ပြည့်နှက်နေပါတယ် တစ်ညလုံးဖားအော်သံတွေနဲ့ ကျွန်တော့်ကို အရမ်းစိတ်အနှောက်အယှက်ပေးတာပါပဲ ”  ဒီလိုနဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ လယ်သမားဟာ သဘောတူညီမှုတစ်ခုလုပ်လိုက်ကြတယ် ။ 

လယ်သမားဟာ အပတ်စဉ် ဖားတွေကို စားသောက်ဆိုင်ပို့ရမှာဖြစ်ပြီးတစ်ပတ်ကို အကောင် ၅၀၀ ခန့်ပို့ဖို့သဘောတူလိုက်ပါတယ် ။ 

ပထမဆုံးအပတ်မှာ လယ်သမားဟာ စားသောက်ဆိုင်ကို ရှက်ကိုးရှက်ကန်းမလုံမလဲမျက်နှာနဲ့ပြန်ရောက်လာတယ် ။ သူ့လက်ထဲမှာလည်း ပိန်လှီဖျော့တော့တဲ့ဖားကလေး ၂ ကောင်ပဲပါလာတယ် ။ စားသောက်ဆိုင်ပိုင်ရှင်ကမေးတယ် ။ 

“ ခင်ဗျားပြောတဲ့ဖားတွေအများကြီးဆိုတာဘယ်မှာလဲ ” လယ်သမားကပြန်ဖြေတယ် “ ကျွန်တော်အထင်မှားသွားတပါ ရေကန်ထဲမှာ တကယ်တော့ဖား ၂ ကောင်ပဲရှိပါတယ် ဒါပေမယ့်သူတို့က တအားဆူညံပြီး ကျနော့်ကို ဒုက္ခပေးခဲ့တာပါ ” 

==============================

နောက်တစ်ကြိမ် လူတွေက သင့်ကို ဒုက္ခပေးနေပြီ မကောင်းကြောင်းပြောနေပြီဆိုပါစို့ .. ရေကန်ထဲက ဖားအော်သံတွေလို့ပဲသင်မှတ်ယူလိုက်ပါ ။ တကယ်တော့ ပြဿနာတွေဆိုတာ မမြင်ရသေးခင် အမှောင်ထဲမှာ အကြီးကြီးလို့ထင်နေတတ်ကြတယ် သင်ရော ညဖက်အိပ်ရာထဲမှာ နောက်တစ်နေ့အတွက် ( ဖားအော်သံတွေကြားနေရသလိုမျိုး ) ပြဿနာတွေ ပေါင်းစုံတွေးပြီး စိတ်ဖိစီးမှုတွေအရမ်းများခဲ့ဖူးပါသလား ။ 

နောက်တစ်နေ့မနက်ရောက်လာတဲ့အခါ ပြဿနာဆိုတာတွေကို အနီးကပ်ကြည့်ကြည့်ပါ သင့်အတွက်အဖြေဆိုတာရှာတွေ့လာပါလိမ့်မယ် မမြင်ရ ..မရှင်းရတဲ့ သံသယတွေကသာ ရေရေရာရာမသိသေးခင် ကြီးမားတယ်လို့ထင်တတ်ကြပါတယ် ။ 

သက်တန့်ချို
Ref : The Frogs 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...