Sunday, January 27, 2013

အိပ်ယာကနိုးရင် ထ... ကျောင်းသွားရအောင် ....


မီးခိုးတွေ မပျောက်သေးပေမဲ့...
အလင်းရောင်တော့ မြင်ရပြီ.....

ကျွန်တော်ထင်ပါတယ်...
လိုင်ဇာမြို့ထဲက ကလေးလေး
ဘာမှန်းမသိတဲ့ တောင်တန်းတွေကို
သူ.... ထွက်ပြီး ငေးရဲပြီလို့....


ဆွေးနွေးလို့ပဲရရ.....
တိုက်လို့ပဲကျကျ
အခုတော့ လိုင်ဇာမှာ
ပစ်ခတ်သံတွေဆိတ်သုဉ်း
မိဘတွေလည်း ပြုံးနိုင်ပြီပေါ့....

ဘယ်သူဘာပြောပြော
ဘယ်သူမှားမှား
ဘယ်သူမှန်မှန်
မဝေဖန်ချင်ပါဘူး....
ဘာမှ ထူးမှာ မဟုတ်လို့ပါ....။

အခုတော့....
စိတ်ပျက်နေသူများ....
ဒုက္ခရောက်နေကြသူများနဲ့
သနားစရာ ကလေးလေးရေ...
တစ်ခါလောက်ပြုံးလိုက်စမ်း
ဇာတ်ကြမ်းကြီး ရပ်တန်းက ရပ်ပြီကွ....

လာခဲ့....
ရေမိုးချိုး....
အတိုးချပြီး စား....
ပြီးရင် အေးအေးဆေးဆေးနားလိုက်...
မှောင်မိုက်နေခဲ့တဲ့ မင်းတို့ရဲ့ ကမ္ဘာ
အခု အလင်းတွေ ဖြာတော့မယ်...

အိပ်ယာကနိုးရင်... ထ
ကျောင်းသွားရအောင်.... နော်။

နောင် မင်းတို့ ကြီးလာရင်
ဒီရာဇ၀င် ဒီပုံပြင်ကို ပြောပြ
မမေ့မလျော့ကြနဲ့.... ကွာ....။
ဒုက္ခတွေ ထပ်ရောက်မလာစေဖို့
သားတို့မှာ တာဝန်ရှိတယ်....။

                                                       (ကွန်ဆူးမား)
                                                      (၂၇-၁-၂၀၁၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...