Saturday, November 14, 2015

ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ လက်စွဲသုံးမေးခွန်းနဲ့အဖြေ

နည်းစနစ်ကျကျအတွေးအခေါ်

၁ ။ ပထမအရေးကြီးဆုံးက ဘာလဲ......
ပထမအရေးကြီးဆုံးက "ယခုအချိန်......"
ပြီးဆုံးခဲ့တဲ့ အချိန်အတိုင်းအတာတွေထက် ယခုအချိန်လောက်တန်ဖိုးကြီးတာ မရှိ.......

ဒါကြောင့် ယခုအချိန်ကို တန်ဖိုးထားပါ။


၂ ။ ဒုတိယအရေးကြီးဆုံးက ဘာလဲ.......
ဒုတိယအရေးကြီးဆုံးက "မင်း ရှေ့က လူ......"
မင်းဘယ်နေရာကိုပဲရောက်ရောက် မင်းရှေ့က လူကိုပဲ တန်ဖိုးထားပါ.....
အိမ်မှာဆိုရင် မင်းမိသားစု
ဘတ်စ်ကားပေါ်မှာဆိုရင် မင်းအနားက အတူသွားခရီးဖော်
အလုပ်မှာဆိုရင် မင်းနဲ့အတူရှိနေတဲ့ အထက်လူကြီး ၊ လုပ်ဖော်ကိုင်ဖက်
အားလုံးကို တန်ဖိုးထားဆက်ဆံရပါမယ်.......
ကြီးတဲ့သူကို ရိုသေ ၊ ငယ်တဲ့သူကို လေးစားရမယ် ၊အားလုံးအပေါ် ကိုယ်ချင်းစာတရားရှိရမယ်....နားလည်မှုရှိရမယ်.....အတ္တစိတ်ကို ဖယ်ရှားပေးရမယ်.....မင်းရဲ့အပြုံးတစ်ပွင့်ဟာ မင်းနဲ့စတွေ့တဲ့ လူတစ်ယောက်အဖို့ မမေ့နိုင်ဖွယ်ရာ ဖြစ်သွားနိုင်တယ်......

၃။ တတိယအရေးကြီးဆုံးက ဘာလဲ......
တတိယအရေးကြီးဆုံးက "မင်းလုပ်နေတဲ့ အလုပ် ၊ လုပ်ငန်း"
ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ တန်ဖိုးထားရမယ်...
ကြိုးစားလုပ်ဆောင်ရမယ်.......
မိမိကိုယ်တိုင်က မိမိလုပ်တဲ့အလုပ်ကို တန်ဖိုးထားလုပ်ကိုင်မှ အလုပ်က မိမိဘ၀ရဲ့တန်ဖိုးကို ပုံဖော်ပေးနိုင်မယ်..........
မိမိက အလုပ်ကိုချစ်မှ အလုပ်က မိမိကို ချစ်မယ်.......
မိမိလုပ်နေသော အလုပ်ဟာ မိမိဘ၀ရဲ့ တန်ဖိုးတစ်ခုပဲ
ဒါကြောင့် ဘယ်နေရာ ...ဘယ်ဒေသ ....ဘယ်ရေမြေခြားမှာ ... ဘယ်အလုပ်ကိုပဲ လုပ်လုပ်
တန်ဖိုးထားလုပ်ဆောင်နိုင်ရမယ်..........ဒါတွေဟာ မိမိဘ၀ရဲ့အောင်မြင်မှုနည်းလမ်းတွေပါပဲ........။
Richard Michael William
ဒေါက်တာအောင်ထွန်းသက်က ပြန်၍ဟောပြောပို့ချပေးသည်။"
Credit to Dr.Zin Lin Maung
K.K(ကနောင်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...