Sunday, November 15, 2015

အမေ့စကားကို နားထောင်သင့်လား? ဇနီးမယားရဲ့ စကားကိုနားထောင်သင့်လား?

Myo Win Tun


သင်က သင့်အမေပေါ် ရိုသေတာ သားသမီးရဲ့တာဝန်ကြောင့် ဖြစ်သင့်တယ်... ဒါပေမယ့် သင်က သင့်ဇနီးအပေါ်ပိုချစ်မြတ်နိုးပေးသင့်တယ်... အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေ ကြုံတွေ့ရတဲ့သူတွေ သေချာဖတ်ပြီး စဉ်းစားပြီးမှ ဆုံးဖြတ်ကြနော်...
① သင့်ကို သင့်အမေက ရင်နဲ့လွယ်ပြီးမွေးခဲ့ရတာ သူကသင့်အပေါ်ကောင်းတာက ဖြစ်သင့်ဖြစ်ထိုက်လို့... ဒါပေမယ့်သင့်ဇနီးက သင့်ယောက္ခကမွေးပေးထားတာ... သူသင့်အပေါ်ကောင်းတာက ဖြစ်သင့်ဖြစ်ထိုက်လို့ဆိုတာ မဟုတ်တော့ဘူး...


② သင့်ကိုသင့်အမေမွေးဖွားခဲ့တုန်းက သူ့အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့ရတယ်... ဒါကသင့်အဖေကြောင့်ဖြစ်တာ သင့်အဖေက သူ့အပေါ်ကောင်းသင့်တယ်... သင့်ဇနီးက သင့်ကိုကလေးမွေးပေးရတာ ပင်ပန်းဆင်းရဲပြီး သေမလို ခံစားရတာက သင့်ကြောင့်ဖြစ်ရတာ... ဒါကြောင့် သင်ကသင့်ဇနီးအပေါ် ကောင်းတာကဖြစ်သင့်တယ်...
③ သင်ဘာပဲ လုပ်လုပ် သင့်အမေက သင့်အမေပဲ... ဒါပေမယ့် သင်က သင့်ဇနီးအပေါ် မကောင်းခဲ့ဘူးဆိုရင် သူက သူများဇနီးဖြစ်သွားနိုင်တယ်...
④ တကယ်လို့ သင်က အသက်(၁၀၀)ထိ အသက်ရှည်ခဲ့မယ်ဆိုရင် သင့်အမေက သင့်ကို အသက် ၀~၂၀ ထိ ပဲ သင့်ရဲ့ ဝတ်ဒုက္ခကို ခံခဲ့ရတယ်... ဒါကသင့်သက်တမ်းရဲ့ ၅ပုံ၁ပုံပဲရှိတယ်... တကယ်လို့ သင်က အသက်(၂၅)မှ အိမ်ထောင်ပြုခဲ့ရင် သေတဲ့အထိ သင့်ရဲ့ဝတ်တွေကို သင့်ဘဝရဲ့ ၅ပုံ၎ပုံအထိ လုပ်ကိုင်ပေးရတယ်...
⑤ သင့်အမေက သင့်ကိုတကယ်ချစ်ရင် သင့်ကို သာယာပျော်ရွှင်မှုတွေ ပေးသင့်တယ်... သင်က သင့်ရင်သွေးကို တကယ်ချစ်ရင် သူတို့အတွက် အကြီးမားဆုံးပေးဆပ်မှုက သူ့မိခင်ကို သစ္စာရှိရှိချစ်တာပဲ...
⑥ ဇနီးက သင့်ရဲ့ကျန်တဲ့သက်တမ်းမှာ သင့်ကိုပြုစုရမယ့်သူ... သင့်အမေက သူ့ကိုကျေးဇူးတင်သင့်တယ်... သင့်အမေရဲ့ ကျန်နေတဲ့သက်တမ်းမှာ သူ့ကို သင်ရယ်သင့်ဇနီးက ပြုစုစောင့်ရှောက်ဖို့လိုအပ်တယ်... ဒါကြောင့် သင်ကသင့်ဇနီးကို ကျေးဇူးတင်သင့်တယ်...
⑦ သင့်ဇနီးက သင့်ရဲ့စကားတစ်ခွန်းကြောင့် သူ့မိသားစုကို စွန့်ခွာပြီး သင့်မိသားစုထဲဝင်လာတာ... သင့်မိဘကို ကိုယ်မိဘလိုသဘောထားတယ်... သင့်မိဘက သူ့ကိုဒီအရွယ်ထိရောက်အောင် ကျွေးမွေးပြုစုခဲ့ဖူးလို့လား... စားဝတ်နေရေးအားလုံး သင့်မိဘတွေနဲ့ ဘာမှမသက်ဆိုင်ခဲ့ဘူးထင်တယ်... ဒါပေမယ့် သင့်အတွက်နဲ့ သင့်အိမ်မှာ ကျွန်လိုအလုပ်လုပ်ပေးခဲ့ရတယ်... သင် သင့်ဇနီးကို မချစ်ဘဲနေသင့်သလား???
⑧ ဇနီးက ကိုယ့်အိမ်မှာဆို ကိုယ့်အဖေအမေရဲ့ အလိုလိုက်ခြင်းကိုခံရတယ်... သင့်အိမ်ရောက်ပြီးမှ သင့်မိဘတွေရဲ့ မျက်နှာကြည့်ပြီး နေရထိုင်ရတယ်...
သင် ဘာမှမဆိုင်သလိုနေသင့်သလား???
ကယ် သဘောတူတဲ့ အိမ်ရှင်မတွေ share လိုက်ကြရအောင်... ဒါမှ ယောကျာ်းတွေက သူ့မိန်းမကို ဘယ်လိုချစ်သင့်လည်းဆိုတာ သိလိမ့်မယ်...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...