သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၁)
သစ်ထူးလွင် |
- အဆင့်မြင့်ပညာရေးသာမကဘဲ ပညာရေးဥပဒေတစ်ခုလုံး ပြင်ဖို့လို
- ရှမ်းစစ်ပြေးဒုက္ခသည်တွေကို ၈၈ အဖွဲ့သွားရောက်ကူညီ
- တူရကီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ ရုရှား ပြင်ဆင်
- IS ကို လေကြောင်းတိုက်ဖို့ ယူကေ ဝန်ကြီးချုပ် အဆိုပြု
- တူနီးရှားက လစ်ဗျားနှင့် ထိစပ်နေသော ၄င်း၏ နယ်စပ်အား ၁၅ ရက်ကြာ ပိတ်ထားမည်
- မြေမြှုပ်မိုင်း ပပျောက်ရေး ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့လို
- လူထုဒေါ်အမာ ရာပြည့်ပွဲမန္တလေးမှာ ကျင်းပ
- ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၏ မြေးဖြစ်သူတို့  တွေ့ ဆုံခဲ့ကြောင်း နှစ်ဘက်စလုံးမှ အတည်ပြု
- IS အကြမ်းဖက် တပ်ဖွဲ့များအား တိုက်ခိုက်ရန် ဂျာမနီ နိုင်ငံက မာလီ နိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်
- ရုရှားစစ်လေယာဉ်ကို သတိပေးခဲ့တဲ့ အသံဖိုင် တူရကီ ထုတ်ပြန်
- ရှေးမူမပျက် အညာဒေသမှ ပေါင်းမိုးလှည်းဘုရားပွဲများ
- ချောင်းဆုံမြို့နယ်တွင် ဆရာမသုံးဦးအား ကြိုတင်မဲမသမာမှုဖြင့် USDP အမှုဖွင့်တိုင်ကြား
- ဧည့်သည်မ၀င်လျှင် ထမင်းမကျွေးဘူးဆိုတဲ့ မြိတ်မြို့က KTV အနှိပ်ခန်း အလုပ်ရှင် အလုပ်သမား အချင်းများ
- ကြည့်မြင်တိုင်မြို့နယ်တွင် ညအချိန် ယာဉ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား
- အငြိမ်းစား ဗိုလ်ချုပ်ကြီး တွေ ခေါ်တွေ့
- ကမ္ဘာ့မီးဖိုချောင်မှာ ပိတ်မိတဲ့ လုပ်သားတွေထဲ မြန်မာပါဝင်
- ကလေးရိုက်နှက်ခံရမှု ဖေ့စ်ဘွတ် တင်သူကို ရဲတပ်ဖွဲ့ ခေါ်ယူမေးမြန်း
- SSPP နဲ့ အစိုးရ တွေ့ခဲ့ကြပေမယ့် သဘောတူမှု ထွက်မလာသေး
- မြန်မာနိုင်ငံမှာ လူ ၃,၇၀၀ ကျော် မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရ
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့ နိုင်ငံတကာဆင်နွှဲ
- NLD ဦးဉာဏ်ဝင်း ဂျပန်ကို တပတ်သွားမယ်
- လစ်ဗျားနိုင်ငံအနောက်ပိုင်းတွင် ကားဗုံးပေါက်ကွဲ၊ လူခုနှစ်ဦးသေဆုံး
- အာဖဂန်ဆေးရုံ မှားယွင်းပစ်ခတ်ခဲ့မှု ကန်တပ်မှူး ၀န်ခံ
- အိန္ဒိယ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆက်စပ်နေသည့် မတော်တဆမှုများကြောင့် လူ ၁၇ဝ ကျော် သေဆုံး
- ၂၀၁၅ က ကမ္ဘာကြီး အပူနွေးဆုံးနှစ် ဖြစ်နိုင်
Posted: 26 Nov 2015 07:12 AM PST
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့က မန္တလေးမြို့မှာ
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပစဉ်။
Photo:Hste paing toe/RFA
အဆင့်မြင့်ပညာရေးဥပဒေတစ်ရပ် ရေးဆွဲရုံသာမကဘဲ အမျိုးသားပညာရေးဥပဒေ
တစ်ရပ်လုံးကို ပြင်ဆင်နိုင် မှသာ မြန်မာနိုင်ငံရဲ့ပညာရေးကို
ကုစားနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊
ဆရာမများအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဒေါက်တာသက်နိုင်ဦးက ပြောပါတယ်။
|
Posted: 26 Nov 2015 07:09 AM PST
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ
ခိုလှုံနေသူတွေကို တွေ့ရစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်က ဟိုက်ပါနဲ့ ဝမ့်ဝ ဒုက္ခသည်စခန်းတွေမှာ
ဒုက္ခသည်စုစုပေါင်း ၂ ထောင်ကျော်ရှိပြီး ဝမ်းရောဂါတွေခံစားနေရတာကြောင့်
ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးဖို့အတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့
ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီနေ့ မိုင်းရှူးမြို့ကို ရောက်ရှိနေတယ်လို့
သိရပါတယ်။
|
Posted: 26 Nov 2015 06:56 AM PST
တူရကီက ထုတ်ပြန်တဲ့ အသံမှတ်တမ်းထဲမှာ 'တောင်ဘက်ကို ဦးတည်ချက် ချက်ချင်း
ပြောင်းလိုက်ပါ' ဆိုတဲ့ စကားကို ထပ်ခါထပ်ခါ ပြောနေသံကို ကြားရ။
ရုရှား ဗုံးကြဲလေယာဉ်ကို တူရကီက ဆီးရီးယား နယ်စပ်မှာ ပစ်ချခဲ့မှုအတွက်
ရုရှားက တူရကီအပေါ် ကျယ်ပြန့်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ဖို့
ပြင်ဆင် နေတယ်လို့ သိရပါတယ်။
ပိတ်ဆို့မှုတွေထဲမှာ နှစ်နိုင်ငံ ပူးပေါင်း ရင်းနှီးထားတဲ့ စီမံကိန်းတွေကို
ရပ်တန့်ဖို့ ကိစ္စတွေလည်း ပါဝင်
|
Posted: 26 Nov 2015 06:53 AM PST
IS က ယူကေကို တိုက်ဖို့ ကြိုးစားခဲ့ပြီး ဖြစ်တယ်လို့ ဒေးဗစ်ကင်မရွန်း ပြော။
ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ်
နိုင်ငံအဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဖို့ အဆိုပြုချက်ကို
ပါလီမန်မှာ တင်သွင်း လိုက်ပါတယ်။
IS အဖွဲ့အပေါ် လေကြောင်း တိုက်ခိုက်မှုဟာ ယူကေရဲ့ အမျိုးသား
အကျိုးစီးပွားနဲ့လည်း ကိုက်ညီမယ်လို့ ဒေးဗစ် ကင်မရွန်းက ပါလီမန်
အောက်လွှတ်တော်ကို ပြောပါတယ်။
လြေေ
|
Posted: 26 Nov 2015 06:37 AM PST
တူးနီးစ်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တူနီးရှား သမ္မတရုံးက လစ်ဗျားနှင့် ထိစပ်နေသော ၄င်း၏ နယ်စပ်အား ၁၅
ရက်ကြာ ပိတ်ထားရန် ဆုံးဖြတ် ခဲ့ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က
ပြောကြားခဲ့သည်။
အမျိုးသား လုံခြုံရေး ကောင်စီသည် ပင်လယ်ရေကြောင်း နယ်စပ် နှင့်
လေဆိပ်များတွင် လုံခြုံရေး ပိုမို အားဖြည့်မှု များနှင့် အတူ နယ်စပ် ဒေသအား
သန်းခေါင်ယံမှ စ၍ ပိတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကောင်စီသည် အကြမ်း
|
Posted: 26 Nov 2015 06:37 AM PST
ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်း အသုံးပြုတဲ့ နိုင်ငံအနည်းအကျဉ်းမှာ
မြန်မာနိုင်ငံ ဆက်လက် ပါဝင်နေပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေး
တည်ဆောက်နိုင်မှသာ မိုင်းပပျောက်ရေး အစီအစဉ်တွေ အောင်မြင်နိုင်မယ်လို့
ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီနှစ် ၂၀၁၅ ခုနှစ်ထဲမှာပဲ
လက်နက်ကိုင်၆ဖွဲခန့် ရှိတဲ့ ကရင်ပြည်နယ်ထဲမှာ အစိုးရနဲ့ လက်နက်ကိုင်
တပ်ဖွဲ့တွေက မိုင်းအသုံးပြုမှုတွေ ဆက်ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ မေ
|
Posted: 26 Nov 2015 06:34 AM PST
မြန်မာ စာပေနယ်မှာ လူအများ လေးစားကြည်ညိုတဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး
လူထုဒေါ်အမာ ရဲ့ နှစ်တရာပြည့် အခမ်းအနား။
မြန်မာ စာပေနယ်မှာ လူအများ လေးစားကြည်ညိုတဲ့ သတင်းစာဆရာ၊ စာရေးဆရာမကြီး
လူထုဒေါ်အမာရဲ့ နှစ်တရာပြည့်အခမ်းအနားကို မန္တလေးမြို့မှာ ဒီကနေ့က စတင်
ကျင်းပခဲ့ပြီး ဒီလို ကျင်းပတာဟာ စာပေအကျိုး၊ ပြည်သူ့ အကျိုးကို
လူထုဒေါ်အမာဘယ်လို စွမ်းဆောင်ခဲ့လဲဆိုတာကို နောက်မျိုးဆက်သစ်လူငယ်တွေ
သိရှိစေဖို့ ရည်ရွယ်တယ်
|
Posted: 26 Nov 2015 06:08 AM PST
ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ၏ မြေးဖြစ်သူ နေရွှေသွေးအောင်
(ခေါ်) ဖိုးလပြည့် တို့ တွေ့ဆုံခဲ့သည်မှာ မှန်ကန်ကြောင်း နှစ်ဘက်စလုံး၏
အတည်ပြု ပြောကြားချက်များအရ သိရသည်။
အထွေထွေ ရွေးကောက်ပွဲ ကျင်းပ ပြီးစီးခဲ့သည့် နောက်ပိုင်း နိုဝင်ဘာလ ၁၉ ရက်
ညနေပိုင်းအချိန်တွင် နေပြည်တော်ရှိ ဒေါ်အောင်ဆန်း
|
Posted: 26 Nov 2015 06:05 AM PST
မာလီနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတကာမှ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု
တပ်ဖွဲ့ဝင်များအား တွေ့ရှိရစဉ် (ဆင်ဟွာ)
ဘာလင်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဂျာမနီ နိုင်ငံက IS အကြမ်းဖက်တပ်ဖွဲ့ကို ဆန့်ကျင် တိုက်ခိုက်ရန်
အပါအဝင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ တာဝန်များအား လုပ်ဆောင်ရန်
အတွက် မာလီ သို့ တပ်ဖွဲ့ဝင် ၆၅၀ စေလွှတ် သွားမည် ဖြစ်ကြောင်း ဂျာမနီ
ကာကွယ်ရေး ဝန်ကြီး Ursula von der Leyen က နိုဝင်
|
Posted: 26 Nov 2015 05:38 AM PST
ရုရှား သမ္မတ ဘလာဒီမီယာ ပူတင် (Credit: Reuters)
ရုရှား စစ်လေယာဉ်ကို မပစ်ချခင်မှာ သတိပေးချက်တွေ လုပ်တယ်ဆိုတာကို
သက်သေပြတဲ့အနေနဲ့ တူရကီက သတိပေးချက်တွေ လုပ်ခဲ့တဲ့ အသံဖိုင်တွေကို
ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအသံဖိုင်ထဲမှာ This is Turkish Air Force speaking on guard.
You are approaching Turkish airspace. Change your heading
south immediately. ဆိုပြီး အင်္ဂလိပ် ဘာသာနဲ့ သတိေ
|
Posted: 26 Nov 2015 05:26 AM PST
ဖွံ့ဖြိုးတိုးတက်ကာ ဆိုင်ကယ်၊ ထော်လာဂျီ၊ ကားများကို
အသုံးပြုနေသည့်ခေတ်ရောက် သည့်တိုင်အောင် ရှေးမူမပျက်ဆင်နွှဲထားသည့်
အညာဒေသပေါင်းမိုးလှည်းဘုရားပွဲ
|
Posted: 26 Nov 2015 05:23 AM PST
အဆိုပါ အမှုဖွင့်တိုင်ကြားသူမှာ ချောင်းဆုံမြို့နယ်၊ပြည်သူ့လွှတ်
|
Posted: 26 Nov 2015 04:54 AM PST
တနင်္သာရီတိုင်း မြိတ်မြို့ ကြံတောရပ်ကွက် ဗန္ဓုလလမ်း၌ ဖွင့်လှစ်ထားသော KTV
နှင့် အနှိပ်ခန်းဆိုင်တွင် ဧည့်သည်မ၀င်က ထမင်းမစားရကြောင်း
ကိုယ်တိုင်လုပ်ကိုင်စားသောက်ခဲ့
|
Posted: 25 Nov 2015 06:44 PM PST
ကြည့်မြင်တိုင် နိုဝင်ဘာ ၂၅
နိုဝင်ဘာ ၂၄ ရက် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်က ကြည့်မြင်တိုင် မြို့နယ်
ကမ်းနားလမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း စိုးမင်းအောင်
မောင်းနှင်လာသော 7G------- ကွန်ကရစ်ဖျော်စက်တင် ယာဉ်က အခြားယာဉ်ကို
တိုက်မိရာမှ ယာဉ်လေးစီးဆင့်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ကွန်ကရစ် ဖျော်ယာဉ်မှာ ပိတောက်ပင်လမ်းထိပ် အနီးအရောက်
ယာဘက်လမ်းစပ်တွင် ရပ်ထားသော နစ်ဆန်းဒီဇယ်ထရ
|
Posted: 25 Nov 2015 06:43 PM PST
ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်
ရွေးကောက်ပွဲ နီးမှ တပ်က အငြိမ်းစား ယူပြီး ကြံ့ခိုင်ရေး ကိုယ်စားလှယ်
အဖြစ် ဝင်ပြိုင်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး
တွေကို ကာကွယ်ရေး ဦးစီးချုပ် က နိုဝင်ဘာ ၂၅ ရက် က နေပြည်တော် မှာ ခေါ်တွေ့
ပါတယ် ။
ဘာတွေ ဆွေးနွေးတယ် ဆိုတာ ကိုတော့ တပ်မတော် က သတင်း မထုတ်ပြန်ပါဘူး ။
တပ် ထိပ်တန်း အရာရှိ ၁ဝဝ ကျော် လက်ရှိရာထူး တွေကို စွန့်လွှတ်ပြီး
အငြိမ်းစား
|
Posted: 25 Nov 2015 06:43 PM PST
ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ဈေးကွက်ဖြစ်တဲ့ ဥရောပကို တင်ပို့မယ့်
ကြက်သားစက်ရုံတွေက ပြည်ပအလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ မတော်မတရားမှုတွေကို
ခံနေကြရတယ်လို့ Swedwatch နှင့် Finnwatch အဖွဲ့ ၂ ဖွဲ့က ဗုဒ္ဓဟူးနေ့
အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
Trapped in the Kitchen of the World ကမ္ဘာ့မီးဖိုချောင်မှာ ပိတ်မိနေခြင်း
အစီရင်ခံစာမှာ မြန်မာနဲ့ ကမ္ဘောဒီးယားလို အိမ်နီးချင်းနိုင်ငံတွေက
ရွှေ့ပြောင်းအလုပ်သမားတွေ
|
Posted: 25 Nov 2015 07:05 PM PST
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်ခြံဝင်းမှာ ၈နှစ်အရွယ်
ကလေးငယ်ကို အိမ်ဖော်အမျိုးသမီး ဒေါ်သန်းနွဲက လက်ပြန်ကြိုးတုပ်နေတာကို
တွေ့ရစဉ်။ ဓါတ်ပုံ - ကိုစည်သူ
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်မှာ
မွေးစားကလေးငယ်တစ်ဦး လက်ပြန်ကြိုးတု
|
Posted: 25 Nov 2015 06:43 PM PST
နယ်မြေ စိုးမိုးလိုမှု အပေါ်မှာသာ အခြေခံ ဆွေးနွေး နေရင်တော့ သဘော တူညီမှု
ထွက်ပေါ် လာဖို့ မလွယ်နိုင်။
ရှမ်းပြည်နယ်ထဲ တစ်လကျော် ကြာ တိုက်ပွဲ ဖြစ်နေခဲ့တဲ့ ရှမ်းပြည် တပ်မတော်
မြောက်ပိုင်း SSPP/SSA နဲ့ အစိုးရ တို့ အကြား တွေ့ဆုံ ဆွေးနွေး လာခဲ့ပြီ
ဖြစ်ပေမယ့် စစ်ရပ်စဲ ဖို့ ကတော့ အပြီးသတ် သဘော တူညီမှု ထွက်ပေါ် မလာ
သေးဘူးလို့ SSPP ဘက်က ပြောပါတယ်။
SSPP/SSA နဲ့ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆော
|
Posted: 25 Nov 2015 06:42 PM PST
မြန်မာပြည်ဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု တတိယမြောက်
အများဆုံးနိုင်ငံဖြစ်တယ်လို့ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော
စစ်လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး (LCM) အဖွဲ့က ပြောဆိုလိုက်ပါတယ်။
စစ်တပ်၊ အခြား လက်နက်ကိုင်အဖွဲ့အစည်း အပါအဝင် အစိုးရက ထုတ်ပြန်တဲ့ တိကျတဲ့
စာရင်းသာရှိရင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံး အခုထက်
ပိုများနိုင်တယ်လို့ LCM အဖွဲ့က မြေမြှုပ်မိုင်းေ
|
Posted: 25 Nov 2015 06:42 PM PST
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး
အထိမ်းအမှတ်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေစပြီးတော့ အမျိုးသမီးအပေါ်
ခွဲခြားဆက်ဆံတာတွေ လိင်အင်္ဂါအပေါ် အခြေခံတဲ့ အကြမ်းဖက်ခံရမှုတွေ
အဆုံးသတ်စေဖို့အတွက် ရည်ရွယ်တဲ့ ၁၆ ရက်ကြာ လိမ္မော်ရောင် လှုပ်ရှားမှုတခုကို
ကုလသမဂ္ဂကနေ ဦးဆောင်ပြီး စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီအကြောင်း
အပြည့်အစုံကို ရှားဖောင်က စုစည်း တင်ပြထားပါတယ်။
ယခုနှစ် နိုင်ငံတကာ အမျိုးသမီး
|
Posted: 25 Nov 2015 06:42 PM PST
ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရ
ရွေးကောက်ပွဲ အနိုင်ရ NLD ဗဟို အလုပ် မှုဆောင် အဖွဲ့ဝင် ဦး ဉာဏ်ဝင်း
နိုဝင်ဘာ ၂၆ ရက် ညနေမှာ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာန ဖိတ်ကြားချက် နဲ့
ဂျပန်ကို တပတ်ကြာ သွားဖို့ ရှိပါတယ် ။
ရွေးကောက်ပွဲ အပြီး ပထမဆုံး အကြိမ် ပြည်ပ ထွက်တဲ့ ဦးဉာဏ်ဝင်းရဲ့
ဂျပန်ခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး ဂျပန်ခရီးလည်း ဖြစ်ပါတယ်။
ဂျပန်နဲ့ လက်ရှိ မြန်မာ အစိုးရကြား ဆက်ဆံရေး ရင်းနှီးသလို NLD
|
Posted: 25 Nov 2015 06:40 PM PST
ထရီပိုလီ နိုဝင်ဘာ ၂၅
နိုဝင်ဘာ ၂၄ ရက်က လစ်ဗျားနိုင်ငံ အနောက်ဘက်ရှိ မယ်ဆယ် လက်တာမြို့တွင်
ကားဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ လူခုနစ်ဦးသေဆုံးခဲ့ပြီး အနည်းဆုံး
ကိုးဦးဒဏ်ရာရရှိခဲ့ ကြောင်း လုံခြုံရေးဆိုင်ရာသတင်းရပ်ကွက်က ဆင်ဟွာ
သတင်းဌာနသို့ပြောသည်။ မြို့တော်ထရီပိုလီမှအရှေ့ဘက် ကီလိုမီတာ ၁၃ဝ ဝေးသော
မယ်ဆယ်လက်တာမြို့၏ လုံခြုံရေးဂိတ်ကိုပစ်လွှတ်ထားသော ကားဗုံးပေါက်ကွဲမှု သည်
ဒေသစံတော်ချိန် ၈ နာရီခွဲတွင် ဖြစ်
|
Posted: 25 Nov 2015 06:28 PM PST
အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်နိုင်ငံ Kundus မြို့က ဆေးရုံတရုံကို
ပစ်မှတ်လို့ အထင်မှားပြီး နာရီဝက်ကြာ တိုက်ခိုက်ခဲ့တဲ့အတွက် ဆရာဝန်
အများအပြားနဲ့ လူနာတွေ အပါအ၀င် လူပေါင်း ၃၀ မက သေဆုံးခဲ့ရတယ်လို့
အမေရိကန်စစ်ဘက် စုံစမ်းစစ်ဆေးမှုတခုက ဖော်ပြလိုက်ပါတယ်။
တာလီဘန်တွေ သိမ်းပိုက်ထားတယ်လို့ ယုံကြည်ရတဲ့ အမျိုးသားလုံခြုံမှု
ညွှန်ကြားရေးဌာန အဆောက်အဦးတခုကို အမေရိကန်လေကြောင်းနဲ့ ကူတိုက်ပေးဖို့
အာဖဂန်တပ်ဖွဲ့ေ
|
Posted: 25 Nov 2015 06:19 PM PST
နယူးဒေလီ နိုဝင်ဘာ ၂၅
အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ် နာဒူးပြည်နယ်တွင် လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင်
|
Posted: 25 Nov 2015 06:18 PM PST
ကမ္ဘာ့အပူချိန်ဟာ ၁၉၆၁-၁၉၉၀ ကာလတွေနဲ့ ဘယ်လောက် ကွာခြားသွားသလဲ ဆိုတာ
ဒီဂရပ်က ဖော်ပြထား။
၂၀၁၅ ခုနှစ်အတွက် ကမ္ဘာကြီးရဲ့ ပျမ်းမျှ အပူချိန်ဟာ စံချိန်တင် အမြင့်ဆုံး
ဖြစ်ဖို့ အလားအလာ ရှိနေတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီး WMO ရဲ့
ထုတ်ပြန်ချက် အရ သိရပါတယ်။
အောက်တိုဘာလ အထိ သိထားသမျှ အချက်အလက်တွေ အရ အခုနှစ်အတွင်း ပျမ်းမျှ
အပူချိန်ဟာ အရင်ကြုံဖူးသမျှ ၁၂ လတာ နှစ်တွေထက် အတော်လေး ပိုများနေတယ်လို့
ဆိုပါတယ်။
တ
|
0 comments:
Post a Comment