Monday, July 6, 2015

ဟာသစုဗူး (၆-၇)

" မနေ့ညက ငါ့အိမ်ကို သူခိုးဝင်ခိုးတယ် ။ ငါ့မိန်းမက သူခိုးကို ရိုက်လိုက်တာ သူခိုးခမျာ သတိတောင်လစ်သွားတယ် " ဟုကိုဟိန်းက မိတ်ဆွေဖြစ်သူကို ပြောပြနေသည် ။
" ဟော ဒါဆို မင်းမိန်းမက တော်တော် သတ္တိရှိတဲ့ မိန်းမပေါ့ " ဟု မိတ်ဆွေက ဆို၏ ။

" ငါ့မိန်းမက သတ္တိမရှိပါဘူးကွာ ။ အမှောင်ထဲမှာ ဆိုတော့ ငါအိမ်အပြန်နောက်ကျလို့ အိမ်ထဲကို တိတ်တိတ်လေး ၀င်လာတယ်ထင်ပြီး အားရပါးရ ထုနှက်ပစ်လိုက်တာပါကွာ ။ နောက်မှ ငါမဟုတ်ဘဲ သူခိုးဖြစ်နေမှန်း သိသွားတာ " ဟု ကိုဟိန်းက ဆိုလေသည် ။
Credit- Na Saw

အမူးသမား
အရက်မူးနေသည့် ယောင်္ကျားက အိပ်နေသည့် မိန်းမကို နှိုးးလိုက်သည်။
ယောကျာ်း။ “ မိန်းမ ထစမ်းပါအုံး။ ငါတို့အိမ်မှာ သရဲရှိတယ်ကွ။ ”
မိန်းမ။ “ဟုတ်လို့လား။ ရှင်ဘယ်လို သိလဲ။ ”
ယောင်္ကျား။“ဟုတ်တယ်ကွ။ ငါအခုနက အိမ်သာသွားတာ တံခါးဖွင့်ရုံပဲရှိသေးတယ် အိမ်သာတံခါးမီးက သူ့အလိုလို လင်းလာတယ်...။ ပြီးတော့ အထဲကနေ လေအေးတွေ ငါ့ကိုယ်ကို ဖြတ်တိုက်သွားတယ်။

မိန်းမ။ ဟုတ်လို့လား။ ဘယ်မှာလဲ ကျုပ်ကို လိုက်ပြအုံး။
ယောကျာ်းဖြစ်သူလိုက်ပြသည်ကို တွေ့သည့်အခါ မိန်းမက ပြောလိုက်သည်မှာ
“ဟင်..အဲ့ဒါ အိမ်သာမဟုတ်ဘူးရှင့်။ ရေခဲသေတ္တာ...။”
Credit- Min That Gyi
ပြတ်ဘူး
အိမ်ထောင်သည် အမျိုးသမီးနှစ်ယောက်သည် သူတို့၏ ခင်ပွန်းများ အရက်သောက်လွန်းသည့် ကိစ္စအတွက် တိုင်ပင်ဆွေးနွေးနေကြသည် ။
အမျိုးသမီး တစ်ယောက်က.......
"ဆရာဝန်က ငါ့ယောက်ျား အရက်ဖြတ်နိုင်မယ့် ဆေးမှုန့်တွေ ငါ့ကို ပေးတယ်အေ့ ။ အဲဒီ ဆေးမှုန့်ကို သူသောက်တဲ့ လက်ဖက်ရည်ခွက်ထဲမှာ ဖျော်ပြီး တိုက်တယ် "
ဒုတိယ အမျိုးသမီးက.............
" နင့်ယောက်ျား အရက်ပြတ်သွားပြီပေါ့ "
ပထမ အမျိုးသမီးက..............
" မပြတ်ပါဘူးဟယ် ။ ဒါပေမယ့် လက်ဖက်ရည်ကိုတော့ လုံးဝမသောက်တော့ဘူး "
Credit- Na Saw



ကိုကျော်အိမ်ပြန်ရောက်သည့် တစ်နေ့တွင် သူတို့အိမ်မှ အိမ်ဖော်သည် မှန်ရှေ့မှာကြာမြင့်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည် ။ သူ့ဇနီးကလည်း အိမ်မှာမရှိ ။
" ဟဲ့ကောင်မလေး နင်က ဘာဖြစ်လို့ မှန်ကိုပဲ တစ်ချိန်လုံးကြည့်နေရတာလဲ " ဟု ကိုကျော်က အိမ်ဖော်ကောင်မလေးကို မေးသည် ။
ထိုအခါ ကောင်းမလေးက.....
" ဆရာ့ဇနီးက ဆရာအိမ်မှာရှိတဲ့နေ့ဆိုရင် ကျွန်မကိုယ်ကျွန်မ အမြဲစောင့်ကြည့်နေဖို့ မှာထားလို့ပါ " ဟု ပြန်ဖြေလေသည် ။
Credit- Na Saw

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...