Sunday, July 27, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၇)

သစ်ထူးလွင်


Posted: 27 Jul 2014 06:29 AM PDT
 ဒုက္ခသည်များ နေရပ်သို့ ပြန်လည်ပို့ဆောင်ရေး ဆိုတဲ့ အသံကြောင့် လက်ရှိ ကရင်လူမှု အဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေ အကြား မှာ ပိုမိုရိုက်ခတ်မှု ရှိလာတာကို ကြားနေရတယ်။ ကရင်လူမှုအဖွဲ့အစည်းတွေက ဒုက္ခသည်တွေ ပြန်ဖို့ အချိန်မတန်သေးဘူးလို့ ပြောဆိုနေကြသလို စခန်းအတွင်းရှိ ဒုက္ခသည်ထုတွေကလည်း အာဏာပိုင်တွေ အတင်းပြန်ပို့မှာကို စိုးရိမ်ပူပန်နေကြတယ်။ ပြီးခဲ့သော ဇူလိုင်လ ၄ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ်
Posted: 27 Jul 2014 06:19 AM PDT
 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မိုးကြိုးပြင်ရွာနားက ခြံစည်းရိုးခတ် ထားတဲ့ နေရာမှာ မနေ့က ဒေသခံ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဒေသခံ ရွာသားတွေကို အမှုဖွင့် အရေးယူ သွားမယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း နယ်စပ်လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က RFA ကို ပြောပါတယ်။ "ရွာသားတွေက လေးခွနဲ့ ကျောက်ဒိုးနဲ့ ပစ်တဲ့ အခါကျတော့ေ
Posted: 27 Jul 2014 05:28 AM PDT
ရန်ကုန်၊ ဇူလိုင် ၂၇  ၂၆.၇.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်တွင် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း ညောင်တုန်းဘက်မှ ရန်ကုန်ဘက်သို့ ကမာရွတ်မြို့နယ်နေ ယာဉ်မောင်း ထွန်းထွန်းနိုင် မောင်းနှင်လာသော 2D ---- ချယ်ရီဆလွန်း အငှားယာဉ်သည် မိုင်တိုင်အမှတ်(၁၂/၇)အနီးအရောက် မျက်နှာချင်းဆိုင်မှ ထန်းတပင်မြို့နယ် နေ မောင်ဇွဲသူလင်းထိုက်မောင်းနှင်ပြီး နောက်တွင် တွံတေးမြို့နယ်နေ ကိုရှုမောင်တို့ လိုက်ပါလာသော နံပါတ်
Posted: 27 Jul 2014 05:26 AM PDT
ရန်ကုန်၊ ဇူလိုင် ၂၇ ၂၆.၇.၂၀၁၄ ရက်နေ့ ၀၄၀၅ အချိန်တွင် တာမွေမြို့နယ်၊ ဗညားဒလလမ်းအတိုင်း မင်္ဂလာဈေးဘက်မှ တာမွေအ၀ိုင်းဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ အမျိုးအစား(စုံစမ်းဆဲ)ယာဉ်သည် Asahi Hotel ရှေ့အရောက် လမ်းဘေးတွင် လမ်းလျှောက်သွားနေသော အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးအား နောက်မှ ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် တိုက်ခံရသူအမျိုးသားတွင် ဦးခေါင်းနောက်စေ့နှင့်
Posted: 27 Jul 2014 12:26 AM PDT
 ၂၄၊၇၊၂၀၁၄ ရက်နေ့ ညနေ (၅း၀၀) နာရီခန့်က ပြည်-တောင်ကုတ်လမ်းမကြီး အောင်တော်မူ ဘုရား အနီး Rose ဓာတ်ဆီဆိုင်ရှေ့ လမ်းကြား အတွင်းရှိ ငါးပိစက်မှ မိုးမေတ္တာ နာရေး ကူညီမှု အသင်း - ပြည် အသင်းသို့ ဖုန်းဖြင့် အကူအညီ တောင်းခံ မူကြောင့် အသင်းမှ Ambulance ယာဉ်ဖြင့် သွားရောက်  ကူညီရန် ရောက်ရှိ ခဲ့ကြပါသည်။ ငါးပိစက်အတွင်းသို့ရောက်ရှိသောအခါလူနာမှာ ငါးပိစက်ကြိတ်လုံးထဲသို့ လက်တစ်ဖက်ကညပ်ပါသွားပြီးြ
Posted: 27 Jul 2014 12:19 AM PDT
 ဘင်္ဂလာတာကာငွေ သန်းချီ တန်းဖိုးရှိသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ရေကန်ထဲတွင် ၀ှက်ထားရာမှ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ယင်း ဗုဒ္ဓရုပ်ပွားတော်မှာ အလေးချိန် ကီလို (၁၀၀) ရှိပြီး အမာစား သံကျောက် တစ်ခုတွင် ကနူတ်ပန်းများနှင့် အတူ ပလ္လင်ခွေထိုင်နေဟန် ထွင်းထုထားသော ရုပ်ပွားတော် ဖြစ်ကြောင်း သိရသည်။ (ပုံ-ရှု့ပါ) ဗုဒ္ဓရုပ်ပွားတော်အား ဘင်္ဂလာဒေခ်ျ့ အမှတ် (၄၃)
Posted: 27 Jul 2014 12:17 AM PDT
 ရှေးဟောင်း ဗုဒ္ဓအမွေအနှစ်များ ပေါကြွယ်ဝသော ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းရှိ တင်းမရွာ စေတီတော်တွင် မွေးနံဘုရားဆင်းတုတော် (၈) ဆူ ထပ်မံ ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ ယင်း မွေးနံဘုရားဆင်းတုတော်များမှာ စေတီတော် မွေးနံထောင့်များရှိ ဥာဏ်တော် (၁) တောင်ခန့်ရှိသော ဆင်းတုတော်များ ဖြစ်ကြပြီး ဖျက်ဆီးထားခြင်းကို ဇူလိုင်င်လ (၂၄)ရက်နေ့က ရွာသားများ တွေ့ရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ကြိမ်
Posted: 26 Jul 2014 08:06 PM PDT
 အစိုးရ ဝန်ကြီး ဌာနတွေ ရဲ့ ငွေကြေး သုံးစွဲမှုတွေ နဲ့ ပက်သက်ပြီး၊ ထောက်ပြ ကန့်ကွက်ထား တဲ့၊ လွှတ်တော်နှစ်ရပ် ကိုယ်စားလှယ် တချို နဲ့ ဖွဲ့စည်းထား တဲ့ ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ရဲ့ အစီရင်ခံစာ ကို၊ လွှတ်တော်ထဲ မှာ လုံလောက်အောင် အချိန်ပေး ဆွေးနွေး နိုင်ခဲ့ခြင်း မရှိဘူး လို့ လွှတ်တော် အမတ်တစ်ဦး က ပြောပါတယ်။ အဲဒီ့ အစီရင် ခံစာထဲ မှာ၊ စာရင်းစစ်ချုပ် ရဲ့ တရားဝင် ကန့်ကွက်ထားတဲ့ အထဲ၊ နိုင်ငံတော်
Posted: 26 Jul 2014 08:04 PM PDT
ရန်ကုန် ဇူလိုင် ၂၆  အင်းစိန်မြို့နယ် ဘုရင့်နောင် လမ်းမကြီးပေါ်တွင် ကတ္တရာလမ်းမ အား ကွန်ကရစ်လမ်းသို့ ပြင်ဆင်လိုက် ရာမှ လမ်းများမြင့်လာသည့်အတွက် ကွန်တိန်နာကားများနှင့် မလွတ်ဘဲ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများ မကြာခဏဖြစ်ပေါ်နေသည့် အတွက် လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများ တစ်ချိန်ချိန်တွင် အန္တရာယ်ရှိလာနိုင်ကြောင်း အင်းစိန် မြို့နယ် မြို့သစ်(က+ခ)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။ ''ကွန်တိန်နာကားတွေ
Posted: 26 Jul 2014 08:14 PM PDT
စဥ့်ကိုင် ဇူလိုင် ၂၆  စဥ့်ကိုင်မြို့ အခြေခံ ပညာ အထက်တန်း ကျောင်းတွင် တက်ရောက် သင်ကြား လျက်ရှိသော ကျောင်းသား ကျောင်း သူများ ကျောင်းသွား ကျောင်း ပြန် အချိန်တွင် မြို့လယ်လမ်း မကြီးကို အဓိကထား သွားလာ လျက် ရှိ သော ကြောင့် ဆိုင်ကယ်၊ ကားစီးနင်း မောင်း နှင်သူများ အနေဖြင့် အန္တရာယ်ကင်း ရှင်းစေ ရန် အတွက် ဖြည်းညင်းစွာ မောင်းနှင်ရန် ကျောင်းသား မိဘများက လိုလား လျက်ရှိကြောင်း သိရသည်။ စဥ့်ကိုင်အထကတွင်ေ
Posted: 26 Jul 2014 07:56 PM PDT
 အာဖရိက အနောက်ဘက်ခြမ်း မှာ ပျက်ကျခဲ့တဲ့၊ အယ်လ်ဂျီးရီးယားပိုင် လေကြောင်းလိုင်း က လေယာဉ်ပေါ် လိုက်ပါသွားခဲ့ကြတဲ့၊ ခရီးသည်နဲ့ ဝန်ထမ်း ၁၁၈ ဦး ရဲ့ ရုပ်အလောင်းတွေ ကို၊ ပြင်သစ်နိုင်ငံဆီ တတ်နိုင်သမျှ အမြန်ဆုံး သယ်ဆောင် ပေးပါမယ် ဆိုပြီး၊ ပြင်သစ် သမ္မတ ဖရောင်ဆွာ အိုလော်န့် က၊ ဂတိပြု လိုက်ပါ တယ်။ သေဆုံး ခဲ့ကြသူတွေထဲ က တစ်ဝက်လောက် ဟာ၊ ပြင်သစ် နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ဒီ အဖြစ်ဆိုးကြောင့်၊ ဝမ်းနည်းခြင်း
Posted: 26 Jul 2014 05:50 PM PDT
 ကြာသပတေးနေ့က မာလီမှာ ပျက်ကျခဲ့တဲ့ အဲယား အယ်လ်ဂျီးရီးယား လေယာဉ်ရဲ့  ဒုတိယ ပျံသန်းမှု မှတ်တမ်း BLACK BOX ကို စုံစမ်း စစ်ဆေးသူ တွေက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ လူပေါင်း ၁၂၀ နီးပါး သေဆုံးခဲ့တဲ့ ဒီလေယာဉ်ပျက်ကျမှု ဘာကြောင့် ဖြစ်ပွါးခဲ့တယ်ဆိုတာကို သူတို့ ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း တိုးလာနေပါတယ်။ လေယာဉ်ပျံသန်းမှုမှတ်တမ်းကို အောင်အောင်မြင်မြင်နဲ့ ရှာတွေခဲ့တဲ့အကြောင်း ကုလသမဂ္ဂ
Posted: 26 Jul 2014 05:46 PM PDT
 အစ္စရေးဘက်က တနင်္ဂနွေနေ့ည သန်းခေါင်ယံထိ ဂါဇာမှာ နောက်ထပ် ၂၄ နာရီ အပစ်ရပ်စဲ လိုက်ပါတယ်။ ၁၂ နာရီကြာ အပစ်ရပ်မှုကို ကုလသမဂ္ဂက အချိန်ထပ်တိုးဖို့ တောင်းဆိုအပြီး ဒါကို ၀န်ကြီးအဖွဲ့က သဘောတူ ခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူ တယောက်က ပြောဆိုခဲ့တာပါ။ ဒီလို အချိန်ထပ်တိုး လိုက်တဲ့ ကာလ အတောအတွင်း ဟားမက်စ်က ဒုံးကျည်နဲ့ တိုက်ခိုက်လာမယ်ဆိုလျင် လက်တုံ့ပြန်လိမ့် မယ်ဆိုပြီး တော့လည်း ပြောပါတယ်။ ဒါ့အပြင် လက်နက်နဲ့
Posted: 26 Jul 2014 05:43 PM PDT
ရန်ကုန် ဇူလိုင် ၂၆  မိုးကောင်းစွာ ရွာသွန်းနေသည့် ကြားမှပင် ဇူလိုင် ၂၆ ရက် ညနေ၅ နာရီ ၁၅ မိနစ်ခန့်က သာကေတမြို့နယ် ဇင်္ဂမလမ်းနှင့် မင်းနန္ဒာလမ်းထောင့်ရှိ အမှတ်(၁)ရပ်ကွက်(၁)ဈေးအတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဈေးအတွင်း (ဃ)ရုံမှ ငါးပေဆိုင်ခန်းပေါင်း ၃၉ ခန်း မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။ ဈေးပိတ်ထားချိန်ဖြစ်၍ မီးလောင်ရခြင်းအကြောင်းအရင်းနှင့် မည်သည့်ဆိုင်ခန်းမှ စတင်လောင်ကျွမ်းရခြင်းကို စုံစမ်းနေဆဲဖြစ်သည်
Posted: 26 Jul 2014 05:41 PM PDT
ဇူလိုင် (၂၆) ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ ၊ ညနေပိုင်း ၇ နာရီခန့် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ မရဲစခန်း ၌ အချုပ်သားများ အချုပ်ခန်း ဖောက်ဖျက်ထွက်ပြေးမှုကြောင့် သေနတ်ပစ်ဖောက်ဖမ်းဆီးခဲ့ရာ တရားခံ ၃ ဦးသေဆုံး ခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကာ စခန်းမှူးအပါအ၀င် ရဲတပ်ဖွဲ့ ဝင် (၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ညနေပိုင်း ၇ နာရီအချိန်တွင် စခန်းမှူး ဒုရဲမှူးကျော်ဦး ဦးဆောင်၍
Posted: 26 Jul 2014 05:30 PM PDT
 ဂါဇာဒေသမှာ စနေနေ့ အစောပိုင်းက ၁၂နာရီကြာ အပစ်အခတ် ရပ်စဲမှုတခု လုပ်အပြီး အပျက်အစီးပုံတွေ အောက်ကနေ လူသေအလောင်း ၈၀ကျော်လောက် ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။ အစ္စရေးနဲ့ ဟားမာ့စ် အကြား လတ်တလော တိုက်ပွဲတွေ စဖြစ်ပွားခဲ့ပြီးချိန်ကတည်းက စလို့ အခုအခါ ပါလက်စတိုင်း လူမျိုး သေဆုံးသူပေါင်း ၉၀ဝကျော် ရှိသွားပြီ ဖြစ်ပါတယ်။ အစ္စရေးတို့ဘက်ကလည်း လူ၄၀နီးပါး သေဆုံးခဲ့ပြီး
Posted: 26 Jul 2014 05:20 PM PDT
 အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့မယ်စင်္ကြာ ၀ဠာပြိုင်ပွဲ အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် မသျှားထွဋ်အိန္ဒြာကို ဒီကနေ့ ရွေးချယ်လိုက်ပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုမျိုးဇော်ကိုက မသျှားထဋ်အိန္ဒြာကို ဒီနေ့ တွေ့ဆုံ မေးမြန်းထားပါတယ်။ (ရိုက်ကူး နေမျိုးထွန်း၊ ကျော်ထွန်းနိုင်) RFA Burmese
Posted: 26 Jul 2014 05:15 PM PDT
ထီးချိုင့်၊ ဇူလိုင် ၂၇  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကြက်တကောင်းကျေးရွာနေ ဒေါ်အေးဆိုင်၏ ခြံဝင်းအတွင်းရှိ သန့်စင်ခန်းအတွင်း၌ လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေသည့် အတွက် ကြက်တကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဖြိုး ဆိုသူမှ ထီးချိုင့်မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ် အောင်ထံသို့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၁၀ နာရီအချိန်က ဖုန်းဖြင့်ဆက်သွယ်အကြောင်းခဲ့သည်ဟု သိရ
Posted: 26 Jul 2014 05:13 PM PDT
 ကလေး၊ ဇူလိုင် ၂၇  စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် ဇူလိုင် ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲအ ချိန်က ဖခင်ဖြစ်သူဓာတ်လိုက်နေသည်ကို ၀င်ရောက်ကယ်တင်ခဲ့ရာမှ သမီးဖြစ်သူ ဓာတ်လိုက်သေဆုံးခဲ့ သည့် ဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ဓာတ်လိုက်၍သေဆုံးခဲ့ရသည့် အမျိုးသမီးအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက် နိုင်ရန်အတွက် ကလေးမြို့ ပြည်သူ့ဆေးရုံကြီး မှုခင်းဆေးစာဌာနမှ
Posted: 26 Jul 2014 01:01 PM PDT
 ရန်ကုန် ဇူလိုင် ၂၅  အော်ရီဒူး(မြန်မာ)သည် ၄င်း၏ အရောင်း ကိုယ်စားလှယ်များနှင့် မိုဘိုင်းလ်ဆက်သွယ်ရေး ကွန်ရက် စမ်းသပ် ခေါ်ဆိုမှုများကို ယမန်နေ့ တွင် စတင်ပြုလုပ်လျက်ရှိပြီး သြဂုတ် ၁ ရက်မှစ၍ မြို့ကြီး သုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိ မိုဘိုင်းလ် ဆက်သွယ်ရေးလုပ်ငန်းများ၏ လုပ်ထုံးများအတိုင်း ဝန်ဆောင်မှု များနှင့်
Posted: 26 Jul 2014 12:54 PM PDT
 မန္တလေး ဇူလိုင် ၂၅  ပြောင်းလဲပြင်ဆင်လိုက်သည့် စည်ပင်သာယာဥပဒေအရမန္တလေး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၂ မြို့နယ်တွင် ယခုလ ၂၄ ရက် မှစ၍ ဆိုင်ကယ်ဦးထုပ်မဆောင်း ပါကဒဏ်ငွေကျပ် ၃ဝဝဝဝ မှတစ် သိန်းအထိ ပေးဆောင်ရတော့မည် ဖြစ်ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေး ကော်မတီတွဲဖက် အတွင်းရေးမှူးဦးသက်နိုင်ထွန်းက ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ရှိမြို့နယ် ၂၈ မြို့နယ်တွင် မန္တလေး စည်ပင်သာယာနယ်နိမိတ်အတွင်း
Posted: 26 Jul 2014 12:39 PM PDT
 ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာရှိတဲ့ Vintage ရေပေါ်ဟိုတယ်က လာရောက်တည်းခိုသူတွေကို ဟိုတယ်ဝန်ထမ်းတွေကနေ ဒူးထောက်အရိုအသေပေးပြီး ကြိုဆိုနေတဲ့ ဓါတ်ပုံအသုံးပြု ကြော်ငြာခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလိုမြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိတဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ဟိုတယ်ပိုင်ရှင်နဲ့ စီမံအုပ်ချုပ်သူကို မနေ့က ပြင်းထန်စွာသတိပေးလိုက်တယ်လို့ သိရပါတယ်။
Posted: 26 Jul 2014 12:38 PM PDT
 မကွေးတိုင်း ပေါက်မြို့က လျှို့ဝှက် ဓာတုလက်နက် စက်ရုံ ဆိုပြီး ခေါင်းစီးတပ် သတင်း ဖော်ပြခဲ့တဲ့ အတွက် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲပြီး၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀)နှစ် ချမှတ် ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းရဲ့ အယူခံဝင်တဲ့ အမှုကို မကွေးတိုင်း ဒေသကြီး တရားလွှတ်တော် က လက်ခံ လိုက်ပါတယ်။ အဲဒီ့ အမှုမှာ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ
Posted: 26 Jul 2014 12:35 PM PDT
ရန်ကုန်၊ ဇူလိုင် ၂၆  ၂၅.၇.၂၀၁၄ ရက်နေ့ ၀၉၅၅ အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဆေးရုံတွင် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးရောက်ရှိ နေကြာင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်ရှိ စားသောက်ဆိုင် ၀န်ထမ်းအဖြစ်လုပ်ကိုင်နေသော မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်နေ မောင်မောင်ချစ်ြ
Posted: 26 Jul 2014 12:35 PM PDT
 တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်တွေနဲ့ မြန်မာ့တပ်မတော်၊ အရှေ့တောင်ပိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရှေ့တန်းအမှတ် ၂၇၅ တို့အကြား နယ်မြေ ဖြတ်ကျော်တာကို အကြောင်းပြုပြီး စစ်ဆေးရာမှာ အပြန်အလှန် ဖမ်းဆီးတာတွေ မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။ မြဝတီမြို့ကနေ ထိုင်းနယ်စပ်ဘက်ကို ဖြတ်ကျော်တဲ့ DKBA တပ်သားတွေနဲ့ တပ်မတော်တပ်ရင်း ၂၇၅ တို့အကြား နယ်မြေဖြတ်ကျော်မှုကို စစ်ဆေးရင်း တပ်သားတွေအချင်းချင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...