Saturday, July 19, 2014

"နည်းနည်းလေးတော့ လွဲနေတယ်"

တခါတလေ ကျနော်တို့တတွေ အမှုမဲ့အမှတ်မဲ့ပြောမိတဲ့ စကားလေးတွေဟာ အဆက်အစပ်လွဲသွားရင် အဓိပ္ပယ် တစ်မျိုးထွက်ပြီး ရည်ရွယ်မထားပါဘဲ ရယ်စရာမောစရာ ဖြစ်သွားတတ်ပါတယ်။
ကိုယ်တိုင် ကြုံခဲ့ ကြားခဲ့ရတဲ့ စကားလွဲလေးတွေကို ဖောက်သည်ချပါရစေ။
နည်းနည်းလေးတော့ ပြုံး နိုင်မှာပါ။



=====
တစ်လွဲ
=====
ဈေးဘေးလမ်းကြားလေးထဲ ကားတစ်စီး ဝင်လာတယ်။
ဥတွေအပြည့်ထည့်ထားတဲ့ တောင်းတစ်ခုက လမ်းပေါ်နည်းနည်းရောက်နေတယ်။
ကားမောင်းရင် မလွတ်လောက်ဘူး။
ဒါနဲ့... ...
ကားသမား ခေါင်းထွက်ပြီး အော်မေးလို့ ဘေးအိမ်ထဲက မိန်းမတစ်ယောက်က ပြန်ဖြေနေတာ... ..
"ဒါ ဘယ့်သူဥတွေလဲ"
"ကျမဥတွေ... ကျမဥတွေ"
"ဟုတ်လား... ကျနော်က ကြက်ဥတွေ ထင်နေတာ"
"ငင်..."
====
နှစ်လွဲ
====
မန္တလေးမှာပါ။
ခုခေတ်လို ဆိုင်ကယ်တွေ မပေါခင်၊ စက်ဘီးကို တွင်တွင်ကျယ်ကျယ်သုံးတဲ့ အချိန်ကပေါ့။
လမ်းဘေးစက်ဘီးပြင်ဆိုင်လေးဆီကို ကောင်မလေးတစ်ယောက် ရောက်လာတယ်။
သူ့စက်ဘီးကို လေထိုးဖို့ ကြိုးစားတယ်။
လေထိုးတံက မောင်းသန်လွန်းနေတော့ သူထိုးလို့ မရဘူး ဖြစ်နေတာ။
ဒီတော့ ...
သူက ဆိုင်ရှင် ဦးလေးကြီးကို လှမ်းပြီးပြောလို့ ဆိုင်ရှင်က ပြန်ပြောနေတာ... ...
"ဦးလေး... ကျမဟာလေး ထိုးပေးစမ်းပါ"
"ငါ... နေသိပ်မကောင်းဘူး"... တဲ့။
====
သုံးလွဲ
====
မိန်းမလုပ်သူက ဆောက်လုပ်ရေးအင်ဂျင်နီယာ။
အိမ်ဆောက်ပစ္စည်းတစ်ချို့ကို အကြွေးယူပြီး အဆောက်အဦးဆောက်တယ်။
တစ်ရက်....
အိမ်ဆောက်ပစ္စည်းဆိုင်က အဲဒီ အင်ဂျင်နီယာမအိမ်ကို လိုက်လာပြီး အကြွေးတောင်းတယ်။
အိမ်မှာ အင်ဂျင်နီယာမရဲ့ ယောက်ျားပဲရှိတာ။
သူတို့ချင်း အပြန်အလှန် ပြောနေတာ ကြားနေရတာက... ...
"ခင်ဗျား မိန်းမရော..."
"အပြင်သွားတယ်ခင်ဗျ"
"အုတ်ဖိုးအကြွေး လာတောင်းတာ"
"အဲ... အဆင်မပြေသေးလို့ပါ ပေးပါမယ်"
"ခင်ဗျားတို့ ဒီလိုချည်းပဲ၊ ခု လိုချင်တာဗျာ"
"မပေးနိုင်သေးလို့ပါ၊ ညနေကျ ကျနော့်မိန်းမ ခင်ဗျားဆီ လွှတ်လိုက်ပါမယ်"
"ခင်ဗျား မိန်းမကြီး ဘာလုပ်ဖို့တုန်း၊ ကျုပ်က ပိုက်ဆံပဲ လိုချင်တာ"
"ငင်... ဘာဗျ၊ အကျိုးအကြောင်း ပြောရအောင် လွှတ်လိုက်မယ် ပြောတာဗျ"
"အဲလိုဆိုလည်း ပြီးရော"
"ဟူး.... "
ဒီတော့...
အတတ်နိုင်ဆုံး စကားကို ရှင်းအောင်ပြောတာ ကောင်းတယ်။
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...