Wednesday, July 30, 2014

ကျွန်တော် ၀မ်းနည်း စိတ်ပျက်မိတယ်။

Htay Oung's photo.

လက်ရှိ အီရတ်နိုင်ငံမြောက်ပိုင်းဟာ ဘီစီ(၃၅၀၀)ခန့်က ဆူမားရီယန်း လူမျိုးတို့နေ ထိုင်ရာဒေသပါ။ သူတို့ဟာ လူ့ယဉ်ကျေးမှု့ရဲ့အစ စာအရေးအသားကို စတင်တီထွင် သူများဖြစ်ပါတယ်။ အဆင့်အတန်းမြင့်မားပြီး စိတ်ဝင် စားစရာ သိမ်မွေ့လေးနက်လှတဲ့ ဒဏ္ဍာရီ၊ ပုံပြင်၊ မော်ကွန်း၊ ကဗျာများ၊ အံ့မခန်း ဗိသုကာလက်ရာ အဆောက် အအုံများ အလွန်ပေါများပါတယ်။
သက်တမ်းအားဖြင့် နှစ်ရာထောင်ချီရှိနေပြီး လူ့ယဉ်ကျေးမှု့ရဲ့ သမိုင်းဝင် ရှေး ဟောင်း အထောက်အထားတွေပါ။ ကူဝိတ်ကိုကျူးကျော်သိမ်းပိုက်တဲ့ အီရတ်ကိုဆုံးမရန် ၁၉၉၀-၉၁ ခုနှစ်မှာတစ်ကြိမ်၊ လူအမြောက်အများ အစု လိုက် အပုံလိုက်သေဆုံးစေတဲ့လက်နက်များထုတ် လုပ်/ပိုင် ဆိုင်/သုံးစွဲတယ်လို့စွပ်စွဲပြီး ဆဒမ်ဟူစိန်ကို အ ပြစ်ပေးရန် ၂၀၀၃ -ခုနှစ်မှာတစ်ကြိမ်၊ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာတပ်များ အီရတ် နိုင်ငံအတွင်း ဗုံး-ဒုံးကျည် မိုး ရွာခဲ့တာ ၀င်ရောက်တိုက်ခိုက်ခဲ့တာ နှစ်ကြိမ်တိုင်တိုင်ရှိခဲ့ပါတယ်။ အဲဒီ ပစ်ခတ် ဖျက် ဆီး ခြင်း ကြောင့် အီရတ် ရှေး ဟောင်းအဆောက်အအုံ များ ထိမှန်ပျက်စီးရတာကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အမေရိ ကန်သမ္မတ ယဉ်ကျေး မှု့အကြံပေးများ ရာထူး က နှုတ်ထွက်ဆန္ဒပြခဲ့ပါတယ်၊ ဒီလို ပျက်စီးရတာမျိုး ဆင်ခြင် နိုင်ဖို့ တိုက်ပွဲမှာ ပါဝင် တိုက်ခိုက်ကြတဲ့ နိုင်ငံတ ကာတပ်သားများ အပျင်းပြေကစားတဲ့ ဖဲချပ်များနောက် ကျော မှာ အဲဒီဒေသ ရှေး ဟောင်းအဆောက်အအုံများ ဓါတ်ပုံကို ထည့်သွင်းပေးခဲ့တယ် လို့ဆိုပါတယ်။ မသိလို့ ဖျက် ဆီးမိတာမျိုး အတတ် နိုင်ဆုံး ရှောင်နိုင်ဖို့အတွက် ပါ။
ဒီရှေးဟောင်းအဆောက်အအုံများ၊ အနုပညာ ပစ္စည်း များဟာ လူ့ယဉ်ကျေး မှု့အစ သက်သေအထောက် အထား များဖြစ်လို့ အီရတ် နိုင်ငံသာမက ကျွန်တော်တို့ ကမ္ဘာ့လူ သားအားလုံးက ပိုင်ဆိုင်တယ်လို့ဆိုနိုင်ပါတယ်။
လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း အစ်စစ် ISIS ဆွန်နီစစ်သွေးကြွများ အီရတ် နိုင်ငံမြောက်ဖျားပိုင်းကို တိုက်ခိုက် သိမ်း ပိုက်နိုင်တဲ့အခါ အဲဒီဒေသ က ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံများကို ဒလကြမ်းဖျက်ဆီး ခဲ့ကြောင်း တွေ့ရပါတယ်။ ရှီယာ ဘာသာရေးအဆောက်အအုံများနဲ့ ဆူဖီဒဿနဆိုင်ရာ ရှေးဟောင်း မှတ်တမ်းများ ဖျက် ဆီးခံရကြောင်းသိရလို့ အတော်ပဲ စိတ်ပျက်ဝမ်းနည်းမိပါတယ်။
http://rt.com/news/175636-iraq-jonah-tomb-mosul/
https://www.google.com.my/search?q=isis+in+iraq&client=firefox-a&hs=vjF&rls=org.mozilla:en-US:official&channel=sb&tbm=isch&imgil=B5ySnyeQk8EgUM%253A%253Bhttps%253A%252F%252Fencrypted-tbn2.gstatic.com%252Fimages%253Fq%253Dtbn%253AANd9GcSBV1_C7Uvg8JmtoRyjvIXx0229unxGxMLHiVsGr8RBoC7kE3-1Kw%253B720%253B506%253BFjp9_JADhcF_BM%253Bhttp%25253A%25252F%25252Fwww.ibtimes.co.uk%25252Fmosul-seized-by-jihadists-isis-who-are-islamic-state-iraq-levant-worlds-richest-terror-group-1452275&source=iu&usg=__PjwTsE8VqOehI0zChDsX7imqCxY%3D&sa=X&ei=LAPYU5myAs_t8AXDooCgDQ&ved=0CC8Q9QEwBg&biw=1366&bih=598#facrc=_&imgdii=_&imgrc=B5ySnyeQk8EgUM%253A%3BFjp9_JADhcF_BM%3Bhttp%253A%252F%252Fd.ibtimes.co.uk%252Fen%252Ffull%252F1383381%252Fisis.jpg%253Fw%253D720%2526h%253D506%2526l%253D50%2526t%253D40%3Bhttp%253A%252F%252Fwww.ibtimes.co.uk%252Fmosul-seized-by-jihadists-isis-who-are-islamic-state-iraq-levant-worlds-richest-terror-group-1452275%3B720%3B506
http://online.wsj.com/articles/jihadists-in-iraq-erase-cultural-heritage-1406313661


အီရတ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်းနိုင်ငံများ အစ္စလာမ်မစ်နိုင်ငံတော် ( အစ်စစ် ) Islamic State of Iraq and the Levant (ISIS) ဆိုတာ ဆီးရီးယားပြည်တွင်းစစ်မှာ အစိုးရဖက်ရော သူပုန်ဖက်မှာ ကူညီတိုက်ခိုက်ကြဖို့ နိုင်ငံ တကာ စုရုံးရောက်ရှိလာသူ ဆွန်နီဘာသာဝင်များနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီအဖွဲ့အစည်းဟာ အယ်ကိုင်ဒါ အကြမ်း ဖက်အဖွဲ့အ စည်းရဲ့လက်ရုံးတပ်တစ်ခုဖြစ်ပြီး၊ ဘာသာရေး ရှေးရိုးစွဲ သဘောထား တင်းမာသော ဂျီဟဒ်အရေးလှုပ်ရှားသူ စစ်သွေးကြွများဖြစ်ပါတယ်။
( အရှေ့အလည်ပိုင်းတွင် ကြောက်စရာအကောင်းဆုံး အဖွဲ့အစည်းများအနက် ဘရားသားဟုဒ်နှင့် ဂျီဟဒ် အရေးလှုပ်ရှားသူများအဖွဲ့မှာ အထင်ပေါ်ဆုံးဖြစ်ပါတယ်။ ဘရားသားဟုဒ်များက ပြောသမျှကို အယ်ကိုင် ဒါက အကောင်အ ထည်ဖော်လေ့ ရှိသည်ဟုပင် ဆိုကြပါတယ်၊ အိုစမာဘင်လာဒင်၏ ပထမလက်ဦး ဆရာ၊ဆိုဗီ ယက်တပ် များအား ဂျီဟဒ်စစ်ဆင်နွှဲရန် စီအိုင်အေ သိမ်းသွင်းခဲ့သော တပ်မှုး(၇)ဦးအနက် တစ်ဦး ဖြစ်သော၊ ရှိတ် အဗ္ဗဒူလာ အာဇမ် ( Sheik Abdulldh Yusuf Azzam ) မှာ ဂျော် ဒန် ဘရားသားဟုဒ်မှဖြစ်ပြီး၊ လက်ရှိ အယ်ကိုင်ဒါးခေါင်းဆောင်ဟာ မိုဟာမက် ရာဘီ အယ်လ် ဇာဝါဟီရီ (Ayman Mohamad Rabie Al Zawahiri ) ဖြစ်ပြီး၊ အီဂျစ် အစ္စလာမ် မစ် ဂျီ ဟဒ်အဖွဲ့ကို တည်ထောင်သူဖြစ်ပါတယ်။
(သူတို့အကြောင်းအသေးစိတ်ကို နောက်ဆက်တွဲ PDF FILE မှာ ဖော်ပြထားပြီး၊ ယခင် ကုလသမဂ္ဂအကြမ်း ဖက်မှု့ တန်ပြန်ဆန့်ကျင်ရေးအဖွဲ့မှတ် တမ်းများ၊ ထင်ရှားသော တက္ကသိုလ်ကြီးများ၏ နိုင်ငံရေးသိပ္ပံပို့ချချက်များ၊ ၀ါရင့် သတင်းဌာ နကြီးများမှသတင်း ရေးသားချက်များ Link များဖြင့် တင်ပြထားပါတယ်)
၂၁၁၁-ခုနှစ်က စတင်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မတအာဆတ်အစိုးရဖက်ကို လက်ဘနွန်မှာ တပ်စွဲ ထားတဲ့ ဟစ်ဘိုလာပြည်သူ့စစ်များပါဝင်ကူညီတိုက်ခိုက်ရာက စစ်ပွဲရဲ့အတိုင်းအတာဟာ ဒေသဆိုင်ရာနိုင် ငံများနဲ့ သူတို့ နောက်ကွယ်က ကမ္ဘာ့အင်အားကြီးနိုင်ငံများ အထင်အရှားပါဝင်လာခဲ့ပါတယ်။ နှစ်ဖက် အပြင်း အထန်တိုက်ခိုက် နေကြတဲ့ နိုင်ငံတကာ ဘာသာရေးစစ်သည်များဟာ အာဆတ်ဖက်မှာ အနည်းဆုံး(၃)ဖွဲ့၊ သူပုန်များဖက်မှာ အနည်းဆုံး (၅)ဖွဲ့တို့ ပါဝင်တိုက်ခိုက်နေကြတာပါ။ သူပုန်များဖက်မှာ နာမည်ကြီး အယ်ကိုင် ဒါအကြမ်းဖက် အဖွဲ့ကြီးလဲ ပါဝင် နေပါတယ်။ ဘာသာရေးစစ်သည်အဖြစ်ရောက်ရှိလာသူများဟာ သူ့အုပ်စုနဲ့သူ တူရာ တူရာ သီးခြား ဖွဲ့စည်း ထားကြပြီး၊ အတူပူးပေါင်းကြတာရှိသလို အချင်းချင်း တိုက်ခိုက်ကြတာ ရှိကြောင်း လဲ တွေ့ရ ပါတယ်။ အဲဒါကြောင့် မူဂျာဟေဒင်များအားလုံးဟာ အတူတူပဲလို့ သတ်မှတ်မရနိုင်ကြောင်း သိသာ ပါတယ်။
အယ်ကိုင်ဒါဟာ သူပုန်များဖက် ဦးစီးလမ်းညွှန်နေကြောင်း စွပ်စွဲချက် များထွက်ပေါ်ခဲ့သလို ဒေသတွင်း နိုင်ငံ များရဲ့ အစိုးရအဖွဲ့ဝင်များ၊ တော်ဝင် မိသားစုအဖွဲ့ ၀င်များတောင် ပါဝင်တိုက်ခိုက်နေပါတယ်လို့ စွပ်စွဲတာလဲ ရှိနေ ပါတယ်။ အဲဒီ စစ်မြေပြင် မှာ ပါဝင်တိုက်ခိုက်နေသူများဟာ နိုင်ငံတကာက စုရုံးရောက်ရှိလာသူများသာမက အမေရိကန်၊ ကနေဒါနဲ့ ဥရောပနိုင်ငံများမှ ရောက်ရှိလာသူများပင် ပါရှိနေပါတယ်။ တရုပ်၊လစ်ဗျား၊ ဗော့ဇနီး ယား၊တူရကီ၊ရု ရှားကော့ကေးဆပ်၊ ချေချင်း ညာ ပြည်ပနိုင် ငံခြားသားများနဲ့ ဒေသတွင်အာရပ်နိုင်ငံများ မှဖြစ် ပါတယ်။ ဆွန်နီဖက်မှာ ပြည်ပတပ် သား ၅၀၀၀-၁၀၀၀၀ ၊ ရှီယာဖက်မှာ ၁၀၀၀၀ ခန့် ပါဝင်တိုက်ခိုက်နေကြရာ ၂၀၁၃ ခုနှစ်ထိ နှစ်ဖက်ပြည်ပတပ်သား ၆၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ ဒေသတွင်း အရှေ့အ လည်ပိုင်းနိုင်ငံများမှ ဌာနေတိုက်ပွဲဝင်သူများအပါအ၀င် စစ်ပွဲနဲ့ ပတ်သက်နေ သူ နှစ်ဖက်စုစုပေါင်း နှစ်သန်းခန့်ရှိနိုင်ပါသတဲ့။


လွန်ခဲ့တဲ့ ၂၀၁၃-ခုနှစ်မှာ ဖဘမိတ်ဆွေတစ်ဦးနဲ့ ငြင်းခုန်ရာက အယ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့အကြောင်း (၅)ရက် ဆက်တိုက် ကျွန်တော်ရေးသားတင်ပြခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း ဆီးရီးယားစစ်ပွဲ ပြင်းထန်လာတဲ့အခါ အဲဒီ စစ်မီးဟာ ဒီအတိုင်းမနေပဲ ကျယ်ပြန့် လာနိုင်ကြောင်းကိုလဲ ကျွန်တော် လက်လှမ်းမီသရွေ့ ဖတ်ရှု့လေ့ လာသိရသမျှ တင်ပြပေးခဲ့ပါတယ်။
ဒီနေ့ တစ်ကမ္ဘာလုံး စိုးရွံပူပန်နေကြရတဲ့ အကြမ်းဖက်သမား၊ အကြမ်းဖက် အဖွဲ့အစည်းများဟာ နိုင်ငံတကာ အင်အားကြီးနိုင်ငံများရဲ့ စားကျက်ချဲ့ထွင်၊ စားခွက် လုရာက ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ ယခုထိလေ့လာ သိရှိရသမျှ ဂျီဟဒ် အရေးတော်ပုံဟာ ကျမ်းစာသွန်သင်ချက်များအရ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ၂၅ ယောက်မှ ၃၅ အောက် ရှိ လူပုဂ္ဂိုလ်တို့ရဲ့ စိတ်ကူးစိတ်သန်း များမှ ပေါ်ထွက် လာခြင်းဖြစ်ဖို့များပါတယ်။ ၄င်းတို့အနက် ၁၅ ယောက်ခန့်မှာ သေဆုံးပြီးဖြစ်နိုင်ပါတယ်။ ၁၉၈၂-ခုနှစ်မတိုင်မီထိ Islamization ဆိုတဲ့ ဝေါဟာရသုံးစွဲခြင်း မတွေ့ရဘဲ၊ အဲဒီဝေါဟာရဟာလည်း အစ္စလာမ်ဘာသာဝင်တို့ရဲ့၊ ယဉ်ကျေးမှု့၊ဓလေ့ထုံးတမ်း၊ဒဿနများ ကို ဖော်ကျူးတင်ပြခြင်းကိုဆိုလိုရင်းသာဖြစ်နေတာကြောင့် ခုလိုထင်ကြေးပေးရတာပါ။
၁၉၇၈-၁၉၈၉ ခုနှစ်ထိ အာဖဂန်နစ္စတန်ကို ရှရှားတပ်များကျူးကျော်ဝင်ရောက်ပြီး နဂျစ်ဘူလာရုပ်သေးအစိုးရကို ဖြုတ်ချရာမှာ နိုင်ငံတကာက မူဆလင်များပါဝင်လာနိုင်ဖို့ အမေရိကန်နဲ့အနောက်အုပ်စုဟာ အတော်လေး လက်သွက်ခြေသွက် တာတွေ့ခဲ့ရ ပါတယ်။ အမေရိကန်သာမက တစ်ခြားအင်အားကြီးနိုင်ငံများလဲ တနည်း မဟုတ် တစ်နည်း ပယောဂမကင်းတာအမှန်ပါ။ (တရုပ်အနောက်မြောက်စွန်း စင်ကျန်းပြည်နယ်၊ အူလ်ဂါ မွတ်စလင်များ ဘာသာရေးစစ်သည်အဖြစ်သွားရောက်တိုက်ခိုက်ရာမှာ တရုပ်အာဏာပိုင်များ မသိဟန်ဆောင် အားပေးခဲ့တယ့်လို့ဆိုပါတယ်၊ တာလီဘန်-အယ်ကိုင်ဒါတို့ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ မြောက်ပိုင်းမ ဟာမိတ် တပ်များမှာ အိန္ဒိယနိုင်ငံပါဝင်ပတ်သက်ကြောင်း မှတ်တမ်းမှတ်ရာများတွေ့ကြပါသတဲ့)
အဖိုးတန် အသုံးဝင် ရေနံကို ချုပ်ကိုင်ဖို့ ကိုလိုနီပြုခံရ၊ နယ်မြေပိုင်နက်များ အစိတ်စိတ်အမွှာမွှာ ဖဲ့ထုတ်ခံရလို့ သမိုင်းစဉ်ဆက် နာကျည်းခဲ့ကြတဲ့ ဒေသခံများရဲ့ “ဒေါသ”၊ အင်အားကြီးနိုင်ငံကြီးများရဲ့ မတော် “လောဘ”၊ ဒေသတွင်းနေထိုင်ကြပြီး တစ်ဖက်ဖက်က ခိုင်းလို့ ဘာမှန်းညာမှန်း အသေအချာသိခွင့်မရပဲ ပါဝင်လာကြ သူ မြေဇာပင်များရဲ့ “မောဟ” ။ (၃)မျိုးပေါင်းဆုံရာက ခုလို စစ်ပွဲကြီးများဖြစ်ပေါ် လာရပါတယ်လို့ ကျွန်တော်ယုံတယ်။
ကျွန်တော့်အမြင်မှာတော့ အကြမ်းဖက်သမားနဲ့ အကြမ်းဖက်ဝါဒ ချုပ်ငြိမ်းဖို့ တစ်ဖက်တည်း၊ တစ်စုတည်းကို သာပုံချမနေဘဲ အဲဒီ(၃)မျိုးလုံး အညီအ မျှ လျှော့ချ နိုင်မှသာ ဖြစ်ပါလိမ့်မယ်။ ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့ အစည်းများ ထူထောင်ကြ ရပါလိမ့်မယ်။ သူတို့ကို ဖမ်းဆီးထောင်ချ၊သတ်ဖြတ်နှိပ်ကွပ်ယုံနဲ့ အကြမ်းဖက် ၀ါဒ ပျောက်ကွယ်မသွားနိုင်ပါ။ သူတို့ကို အမှန်အတိုင်းသိမြင်နားလည်နိုင်မှ အကြမ်းဖက် မှု့ အကျိုးဖြစ်စေတဲ့ အကြောင်းတရား များကို ဖယ်ထုတ်ပြီး အကြမ်းဖက်မျိုး ဆက်သစ် များထွက်ပေါ်မလာဖို့ တားဆီးနိုင်ပါ လိမ့် မယ်။လောဘဇောနဲ့ ဘယ်သူသေသေ ငတေမာသမားများရဲ့ ခြေလှမ်းကို သိမြင်ရှောင်ရှားပြီး၊ သူတို့ရဲ့ ထောင် ချောက်ထဲ မ၀င် မိအောင် သတိထားကြရပါမယ်။ ယခု ၀မ်းနည်းစိတ်ပျက် စရာ တိုက်ခိုက် သတ်ဖြတ် နေ ကြ သူများဟာ ယခင် နှစ်ပေါင်းထောင်ချီပြီး၊ ငြိမ်းချမ်းစွာ အတူနေထိုင်ခဲ့ ကြတာ ကိုလဲ ပြန်ပြောင်း နားလည်ကြ ပေးရပါလိမ့်မယ်။
ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာမြေ ငြိမ်းချမ်းပါစေသတည်း ….

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...