Thursday, July 24, 2014

မာယာများတဲ့ အကယ်ဒမီပွဲ ( ရေးသူ- ကျော်သူ )


၁၉၅၂ ခုနှစ်က စတင်၍ အနု ပညာလောကနှင့် အနုပညာသမားများ ကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော် အစိုးရ၊ တစ်နည်းအားဖြင့် ရုပ်ရှင်အနု ပညာရှင်များ၏သရုပ်ဆောင် မှု အတတ် ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆ဝ) ကျော်လွန်ခဲ့ပြီ ဖြစ်သည်။

၁၉၅၂ ခုနှစ်မှ စတင်၍ ၂ဝ၁၃ ခုနှစ်အထိ ထူးချွန်ဆုပေါင်း ၃ဝဝ ကျော် ဆုချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော် သိ ခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ် ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူး ဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့ သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များ အား တလေးတစား အသိအမှတ်ပြုစွာ ဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။
လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့ လောကသို့ မရောက်သေးသော၊ လူမ ဖြစ်သေးသော ကျွန်တော့် အဖို့တော့ အတိတ်ကိုပြန်မတူးဆွလိုပါ။ ကျွန်တော် ကလေးအရွယ် ရုပ်ရှင်ပိုးထသော အ ရွယ်မှစ၍ မှတ်မိသလောက် (ဦး)ကော လိပ်ဂျင်နေဝင်း၊ (ဦး)ညွန့်ဝင်း၊ (ဒေါ်)ကြည်ကြည်ဌေး၊ (ဒေါ်)ဝါဝါဝင်းရွှေ၊ (ဒေါ်) ခင်သန်းနု၊ (ဒေါ်)နွဲ့နွဲ့မူ စသည့် အ နုပညာရှင်များသည် သရုပ်ဆောင်ရာ တွင် အလွန့်အလွန် ထူးချွန်ထက်မြက် သောပရိသတ်၏နှလုံးသားအား ဆွဲကိုင် ဖမ်းဆုပ်နိုင်သော အနုပညာရှင်ကြီး များ ဖြစ် သည်နှင့်အလျောက်အကယ်ဒမီ ရွှေစင်ရုပ်တုကြီးများကို ထိုက်ထိုက်တန် တန် ရရှိခဲ့သည်။ သို့သော် ထို ဝါရင့် သရုပ်ဆောင်ကြီးများထဲတွင် (ဦး)ကျော် ဟိန်း မပါဝင်ခဲ့ချေ။ (ဦး)ကျော်ဟိန်း မည်မျှပင်သရုပ်ကောင်း သော်ငြားလည်း အကယ်ဒမီဆု ဟူသော ထူးချွန်ဆုကို နှစ်ပေါင်းများစွာလက်ဝယ်သို့ မရောက် ရှိခဲ့ချေ။
ဘဘ ဦးသုခ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ”အကာကအချစ် အနှစ် ကမေတ္တာ” ဟူသော ဇာတ်ကားတွင် ခါးတောင်းမြောင်အောင်ကျိုက်သည့် ဇာတ်ရုပ်ဖြင့် ထူးချွန် ဆုကို ရရှိခဲ့သည်မှာ အံသြစရာတစ်ခု ဖြစ်ခဲ့ရသည်။
ဤတွင် ကျွန်တော်၏ အနုပညာ သမားတစ်ယောက်၏ ခံစားချက်များကို တင်ပြပါတော့မည်။
ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့် အောင်၏ ‘ချစ်ကြိုးလေးနှစ်မျှင်’နှစ် ကိုယ်ခွဲဇာတ်ကားဖြင့် ရုပ်ရှင်အနုပညာ လောကထဲသို့ဝင်ရောက် ခဲ့သည်။ ၁၉၇ဝ ခုနှစ် မတိုင်ခင်ကတည်းက ဖခင် ဦး စိန်တင် ဦးစီးလုပ်ကိုင်နေသော ‘အမျိုး သား’ ရုပ်ရှင်ကုမ္ပဏီပိုင် ရုပ်ရှင်ရိုက်ကူး ရေး စတူဒီယိုထဲတွင် ကြီးပြင်းလာ သည် နှင့်အညီ အနုပညာသည်များ စုံလင်စွာ နှင့် ရင်းနှီးခဲ့သူတစ်ယောက်လည်း ဖြစ် သည်။ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင် စတင်ဖြစ်သည့် အချိန်ကာလများတွင် လူငယ် သရုပ်ဆောင်သစ်များ ရှားပါးနေ သည်နှင့်အညီ လူငယ်စရိုက်၊ လူငယ် သဘာဝ၊ လူငယ်တို့၏ ဝတ်စားဆင်ယင် မှုတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရသော လူ ငယ်သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားများ သာ ဖြစ်ခဲ့သည်။
ထို့ကြောင့် ကျွန်တော်တို့ခေတ်ကာ လတွင် ဝတ်စားဆင်ယင်မှု ဒီဇိုင်းများ သည် ခေတ်လူငယ်ကိုယ်စားပြု ဝတ် စားဆင်ယင်မှုများကို အလေးသာခဲ့ရ သည်။ ကျွန်တော်၏ အနုပညာသက် တမ်း ၅ နှစ်တာ ကာလသို့ ရောက်ရှိ သောအခါ သဘာဝဇာတ်ရုပ်များ၊သဘာဝကာရိုက်တာများကို စတင်ခြေ လှမ်းခဲ့တော့သည်။ ထိုကာလများတွင် ရိုက်ကူးခဲ့သော ‘နေသွေး’၊ ‘မာနမင်းသား’၊ ‘မရဲ့မောင်လေး’၊ ‘ရင်ခုန်မိတာ အချစ် လား’၊ ‘ချစ်မ’ စသည့် ရုပ်ရှင်ဇာတ်ကား များသည် အလွန်အောင်မြင်ခဲ့သော ဇာတ်ကား များဖြစ်တော့သည်။ထိုစဉ် အခါက ကျွန်တော်သည် အနုပညာသ မားတစ်ဦး၏ ပြည်သူအပေါ်ပေးဆပ်ရ မည့်၊ ပြည်သူ့ကိုယ်စား သရုပ်ဖော်ပေးရ မည့် ပြည်သူ့အနုပညာ သမားတစ်ဦး၏ တာဝန်တစ်ရပ်ကို သိရှိနားလည်ခဲ့ရသည်။
ထို့ကြောင့် စာပေဗိမာန်ဆုရ ‘တဒင်္ဂလေးများစွာ’ ဟူသော ဝတ္ထုအား ဒါရိုက်တာ အေဝမ်းသိန်းထွဋ် (စပ်စု)မှ တစ်ဆင့် ဖတ်ရှု မိကာ လူငယ်ပြုပြင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟူသော တိုင်းကျိုးပြည်ကျိုးပြုဇာတ်လမ်းဖြစ်ပါ၍ ဖခင် ဦးစိန်တင်အားကိုယ်ပိုင်အမျိုးသား ရုပ်ရှင်မှ ထုတ်လုပ်ရိုက်ကူးရန် တိုက် တွန်းခဲ့သည်။ ဖခင် ဦးစိန်တင် မှ ဒါရိုက် တာ ကြည်စိုးထွန်းအား ရိုက်ကူးစေခဲ့ သည်။ ထို ‘တဒင်္ဂလေးများစွာ’ ဇာတ် လမ်းအား ကျွန်တော့်အနေဖြင့် ဖတ်ရှု ပြီးသည့်နောက် လူငယ်တို့၏ ရည်ရွယ် ချက်ပန်း တိုင်အားတည့်တည့်မတ်မတ် ထိရောက်အောင် ပစ်နိုင်သော ‘ဒိုး’ ဟူ သော အမည်နာမအား ရုပ်ရှင်ဇာတ်ကား အဖြစ် အသုံးပြုရန် တိုက်တွန်းခဲ့သည်။ ယင်း ‘ဒိုး’ (အဖြူ/အမဲ ) ရုပ်ရှင်ဇာတ် ကားမှာ ကျော်သူ၊ စိုးသူ၊ မေဝင်းမောင်၊ ဒေါ်မြင့်မြင့်ခင် စသည့်အနုပညာသည် များ ပါဝင်ခဲ့ကာ အလွန်အောင်မြင်လူ ကြိုက်များခဲ့သည့် ဇာတ်ကားဖြစ်ခဲ့သည်။ ယင်း ‘ဒိုး’ ဇာတ်ကားအား ကျွန်တော် များစွာ အားထားခဲ့သည်။ အကြောင်း မှာ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ ခုနှစ်များတွင် အကယ်ဒမီထူးချွန်ဆု အခမ်းအနားအား ရုပ်ရှင် ဖလင် ရှားပါးမှုကြောင့် နိုင်ငံတော် အစိုးရမှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ။ ‘ဒိုး’ဇာတ်ကားသည် ၁၉၈၉ ခုနှစ် အကယ် ဒမီထူးချွန်ဆုပွဲနှင့် အကျုံးဝင်နေသော ကြောင့် ကျွန်တော်တို့ မျှော်လင့် ချက် များထားရှိခြင်းဖြစ်သည်။
ထို့ပြင် ကျွန်တော် ရုပ်ရှင်လောက ထဲသို့ ရောက်ခဲ့ချိန်မှစ၍ ရုပ်ရှင်အကယ် ဒမီထူးချွန်ဆုပေးပွဲဖိတ်စာများကို သက် ဆိုင်ရာအနုပညာရှင်များအား ဖိတ်ကြား ရာတွင် ဥပမာအားဖြင့် ဇနီးဖြစ်သူ ရုပ် ရှင်သရုပ်ဆောင် ဖြစ်ခဲ့လျှင်သော်လည်း ကောင်း၊ ယောက်ျားဖြစ်သူသည် ရုပ်ရှင် သရုပ် ဆောင်ဖြစ်ခဲ့သော်လည်းကောင်း၊ ဇနီးမောင်နှံ နှစ်ဦး စလုံးကို ထိုင်ခုံတွဲ လျက် ဖိတ်ကြားခြင်းမပြုခဲ့။ ယောက်ျား ဖြစ်သူနှင့် ဇနီးဖြစ်သူနှစ်ဦးစလုံး ရုပ်ရှင် အနုပညာလောကတွင် လုပ်ကိုင်နေပါမှ ဇနီးမောင်နှံနှစ်ဦးစလုံး ထိုင်ခုံတွဲ လျက်ရ ရှိသည်။ သို့သော် ၁၉၈၉ ခုနှစ်၌ ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် ပွဲတက် ရောက်ရန် ဖိတ်ကြားသောအခါ ကျွန် တော်၏ ဖခင်နှင့် မိခင်တို့သည် နိုင်ငံ ရပ်ခြား သို့ ရောက်ရှိနေသောအချိန်ဖြစ် သည်။ ထို့ကြောင့် အကယ်ဒမီ အကဲ ဖြတ်ဘုတ်အဖွဲ့မှ ဖိတ်စာဖိတ်ကြားရာ တွင် ကျွန်တော့်အား ဇနီးဖြစ်သူနှင့် မတက်မနေရ၊ ထို့အပြင် ‘အမျိုးသားရုပ် ရှင်’ ကုမ္ပဏီကိုယ်စား တက်ရောက်မည့် သူတစ်ဦးပါ မဖြစ်မနေ တက်ရောက်ရန် ပြောကြားခဲ့သည်။
ထို့ကြောင့် ကျွန်တော်တို့ အထူး ခြားဆုံး အကြိုးစားဆုံး သရုပ်ဆောင်ခဲ့ သော ‘ဒိုး’ ဟူသော ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆုနှင့် မလွဲနိုင်တော့ပြီဟု ယုံကြည်မိခဲ့သည်။ ကျွန်တော်၏ စိတ် အစဉ်တို့သည် အကယ်ဒမီပွဲခင်းထဲတွင်လွန်စွာမှစိတ်လှုပ်ရှားနေမိတော့သည်။ သတင်းထောက်များ၊ ရုပ်ရှင်လောက သားများ၏ မျက်လုံးများသည် ကျွန် တော့်ထံ ဝိုင်းဝန်းစူးစိုက် ကြည့်ရှုကြခြင်း ကို ခံနေရသည်။ ကျွန်တော်သည် ရုပ် ရှင်သက်တမ်း ၆ နှစ်ကြာသည်အထိ ထူးချွန်ဆုအကယ်ဒမီဆုကို မရရှိသေး သော အနုပညာအင်အား၊ ခွန်အားများ နည်းပါးနေသော ချို့တဲ့သည့် အနုပညာ ရှင်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ရနိုးရနိုးနှင့် ဤအကယ်ဒမီ ထူးချွန်ဆု ကြီးကို ဤတစ်ကြိမ် တွင် ပစ်မလွဲရတော့ မည်ဟု ယုံကြည်မိသည်။
ကျွန်တော်၏ ဇနီးဖြစ်သူ ရွှေဇီး ကွက်ကလည်း အနားမှ ကျွန်တော်၏လက်အားဆုပ်ကိုင်ကာ ကျွန်တော့်အား အားပေးမှုကိုခံနေရသည်။ အခမ်းအနား စ၍ ယင်းနှစ် အတွင်း ထူးချွန်သော အ ကောင်းဆုံးဇာတ်ကားဆုကို ကြေညာ လိုက်သည့်အခါ ‘ဒိုး’။အကောင်းဆုံး သော အထူးချွန်ဆုံးသော ဒါရိုက်တာ ဆုကို ကြေညာလိုက်သည့်အခါ ‘ဒိုး’ ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးသော ဒါရိုက်တာ ကြည်စိုးထွန်း ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်အပါအဝင် ရုပ် ရှင်လောကသားများမှရုပ်ရှင်သရုပ် ဆောင်အထူးချွန် ဆုံးသောဆုကို တွက် ဆ၍ ရသွားပြီဖြစ်သည်။ အကောင်း ဆုံးရုပ်ရှင်ဇာတ်ကားနှင့် အကောင်းဆုံး ရုပ်ရှင် ဒါရိုက်တာဆု ရရှိသည်ဖြစ်ပါက ထိုဇာတ်ကားထဲတွင် အကောင်း ဆုံး သော သရုပ်ဆောင်ဆုတစ်ဆု အနည်း ဆုံး ရ သင့်သည် မဟုတ်ပါလား။ထိုအ ချိန်တွင် အခမ်းအနား အစီအစဉ်ကို ကြေညာရာတွင် စီစဉ်တင်ဆက်သူ (အ မည်မမှတ် မိ)မှ ကြေညာရာတွင် ၁၉၈၉ ခုနှစ်အတွက် အကောင်းဆုံးသော အထူးချွန်ဆုံးသော ရုပ်ရှင်သရုပ်ဆောင် မင်းသားဆုကိုရရှိသည့် အမျိုးသား သရုပ်ဆောင်မှာ ကိုကျော် . . ကျော် . . ကျော် . . ကျော် ဟူ၍ (အသံ အား ဆွဲငင်မှုပြု၍) ကြေညာလိုက်စဉ် ကျွန်တော်၏ အနီးတွင် ဝိုင်းဝန်း၍ အားပေးချီးမြောက်မည့် အနုပညာသ မားများ၊ မှတ်တမ်း တင် ရိုက်ကူးမည့် ဓာတ်ပုံဆရာများ၊ ဗဟိုသတင်းရိုက်ကူးရေးအဖွဲ့သားများ ဝိုင်းဝန်း၍ နှုတ်ဆက်စကားပြောခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ဓာတ်ပုံရုပ်ရှင်များရိုက်ကူးခြင်းတို့ကို မျက်စိမဖွင့်နိုင်လောက်အောင် ကင် မရာမီးရောင်များဖြင့် ဝေဝါး၍ နေတော့ သည်။ သို့ရာတွင် အစီအစဉ်တင်ဆက် သူ၏ ကိုကျော်ဟူသော ဆွဲငင်မှုအသံ၏ အဆုံးတွင် ‘ဟိန်း’ ဟူ၍ အသံတစ်ခုတည်းသာ ကြားမိလိုက်တော့သည်။ ကျွန်တော်၏ မျက်ဝန်းအစုံတွင် မျက် ရည်စက်များ ခိုတွဲကာ မျက်လုံးပေါင်း တစ်သိန်းခန့် ဝိုင်းဝန်း၍ ကရုဏာ သက် စွာကြည့်ရှုမှုကို မခံနိုင်သည့်အဆုံး ကျွန် တော် အကယ်ဒမီဆုပေးပွဲ (အမျိုးသား ယဉ်ကျေးမှုကဇာတ်ရုံ)ခန်းမမှ ပြေး၍ ထွက်ခွာသွားတော့သည်။ အမျိုးအမည် မသိသော လက်ချက်ဖြင့်၊ အမျိုးအမည် မသိသောဒဏ်ရာကို ရရှိခဲ့သည်။ ကြေ ကွဲမှု၊ ဝမ်းနည်းမှု၊ နာကြည်းမှု၊ ပေါက် ကွဲမှု စသည့် ဒေါသ၊ မောဟများဖြင့် ပြည့်လျှံပေါက်ကွဲ မိသည်။ အနီးအနား တွင် ကျွန်တော့်၏နောက်မှ ထက်ကြပ် မကွာ လိုက်လံအားပေးဖြေသိမ့်နေသော ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့်အတူ ကျွန် တော်တို့ နေအိမ်ရှိရာသို့ ဦးတည်၍ ပြန်ခဲ့တော့သည်။ ထိုနေ့ ညတစ်ညလုံး နီးပါး ကျွန်တော်၏ ‘ဒိုးဟေ့’ ‘ဒိုး’ ဟူ သော ပေါက်ကွဲသံ၊ ကြွေးကြော်သံတို့ သည် ကျောက်တံတားမြို့နယ်ရှိ ရုပ်ရှင် သမား တို့ စုဝေးရာဗဟန်းမြို့နယ်၊ မရမ်း ကုန်းမြို့နယ်တို့တွင် ပဲ့တင်ထပ်နေမည် ဟု ကြားသိသူတိုင်း သိရှိကြမည်ဖြစ် သည်။ ထို့ကြောင့် အခမ်းအနားကြေညာ သူတို့၏ ကြေညာ ချက်ကြောင့် အကယ် ဒမီရွှေစင်ရုပ်အား ရင်နာခဲ့ရသော ပေါက်ကွဲခဲ့ရသော ရုပ်ရှင်သရုပ်ဆောင် များလည်း ရှိခဲ့ဖူးမည်ဖြစ်သည်။ ဤ သည်မှာ ကျွန်တော်အနုပညာသက် တမ်း၏ ပထမဦးဆုံးသော အကယ်ဒမီ ပေါက်ကွဲမှုပင် ဖြစ်တော့သည်။
ထို့အပြင် ၁၉၈၉ ခုနှစ် အကယ် ဒမီဆုပေးပွဲတွင် ရွေးချယ်ထားရာ၌ ပါဝင်သော ကျွန်တော် ပထမဦးဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားသော ‘ကောင်းချစ်တဲ့မမ’ ဇာတ်ကားတွင် ကျွန်တော်ဝါသနာပါသော ဓာတ်ပုံပညာ ရပ်များကို အစွမ်းကုန်အသုံးပြုရိုက်ကူး ခဲ့ရာ ဓာတ်ပုံဆုကို မရရှိခဲ့ချေ။ ယင်း ဇာတ်ကားတွင် ကျွန်တော်သည် ဇာတ် ကောင်တို့၏ စရိုက်များအား ပေါ်လွင် ရန် ဓာတ်ပုံပညာရပ်ဖြင့် Filter ချပ်များ အသုံးပြုကာ မွန်းတပ်(ဒ်)အဖြစ် ရိုက် ကူးတင်ပြခဲ့သောကြောင့်ရုပ်ရှင်ကြည့် ပရိတ်သတ် များအထူးနှစ်သက်ခဲ့သော အောင်မြင်သည့် ဇာတ်ကားဖြစ်ခဲ့သည်။ ယင်း ၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှ အော်စကာဆုပေးပွဲတွင် သရုပ်ဆောင် ဒါရိုက် တာ Clint East-wood ရိုက်ကူးသောUntouchable ဟူသော ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကား အတွက် ဓာတ်ပုံဆုကိုFilter ချပ်များ အသုံးပြု၍ အော်စကာဆုကိုထိုက် ထိုက် တန်တန်ကြီး ရရှိသွားခဲ့သည်။ ကျွန် တော်တို့ မြန်မာ့ရုပ်ရှင်လောကတွင်Filter အသုံးပြုပါက ဓာတ်ပုံဆုကို မ ပေးကြောင်း သိရှိခဲ့ရတော့သည်။
နောက်တစ်ဖန် ၁၉၉၂ ခုနှစ်တွင် အကယ်ဒမီမကျေပွဲအတွက် ထပ်မံ တက်ရောက်ခဲ့ပြန်သည်။ ထိုနှစ်တွင် အကယ်ဒမီတစ်ကြို ရွေးချယ်ရာ၌ ဒါ ရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ ရိုက်ကူးသော ‘မူပိုင် ချစ်သူ’ ဇာတ်ကား ပါဝင်နေ၍ဖြစ်သည်။ ထိုနှစ်တွင်’မူပိုင် ချစ်သူ’ ဇာတ်ကားအား သရုပ်ဆောင်ခဲ့ ရာ၌ ကျွန်တော် ကိုယ်စွမ်းဥာဏ်စွမ်းရှိ သမျှ အားတိုက်အင်တိုက် ကြိုးစားသရုပ် ဆောင်ခဲ့ခြင်းကြောင့် ယင်းဇာတ်ကားအ တွက် အကယ်ဒမီဆုကို မျှော်လင့်မိခြင်း ဖြစ်သည်။ ယင်း နှစ်တွင် ‘မူပိုင်ချစ်သူ’ ဇာတ် ကားနှင့်အမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆုအား မေသန်းနုတစ်ဦးသာ ရရှိခဲ့ပြန်သည်။ ‘မူပိုင်ချစ်သူ’ ဇာတ်ကား တွင် ထူးချွန်ဆုရသော သရုပ်ဆောင် မေသန်းနု၏ ဇာတ် လမ်းဇာတ်ကွက်များ အားပြသရာတွင် ကျွန်တော်၏ သရုပ် ဆောင်မှုများ၏ အားသာမှုများကို တက် ရောက်သူအားလုံး သိရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ၁၉၉၂ ခုနှစ်အတွက် အ ကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု တစ်ဆုမျှ ပေးခဲ့ခြင်းမရှိ။ ထို့ကြောင့် ထို နှစ်တွင် အမျိုးသားသရုပ်ဆောင်တစ်ဦး တစ်ယောက်မျှ သရုပ်ဆောင် အတတ် ပညာ မကျွမ်းကျင်ကြောင်း ဖော်ပြလိုက် သလို ဖြစ်နေတော့သည်။ ထို့ကြောင့် ယင်းအခမ်းအနားမှ ကျွန်တော် ဒုတိယ အကြိမ်မြောက် ဣနြေ္ဒမဆည်နိုင်လောက် အောင် ကြေကွဲ၍ ထွက်လာခဲ့ပြန်သည်။ ထိုနှစ်တွင် ကျွန်တော်၏ ဇနီးဖြစ်သူအား လည်း ဖိတ်ကြားခြင်းမရှိ၍ ကျွန်တော်၏ အားငယ်မှု၊ ကြေကွဲမှုတို့ကို ကွယ်လွန်သူ လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့် အောင်၊ ကွယ်လွန်သူအစ်ကိုကြီး ဦးဇော် လင်းနှင့် အနုပညာမောင်နှမများမှ ဝိုင်း ဝန်းဖြေသိမ့်အားပေးမှုကို ခံခဲ့ရသည်။
ဤ ၁၉၉၂ ခုနှစ်မှစ၍ ကျွန်တော် နှင့် အကယ်ဒမီရွှေစင်ရုပ်တုတို့ ကွာရှင်း ပြတ်ဆဲခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့် ဆို ထိုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲကို ကျွန်တော် စိတ်မဝင်စားတော့။ မတက် ရောက်ခဲ့တော့ချေ။ နောင်တစ်ချိန်မှ ကျွန်တော် ထပ်မံ၍ ကြားသိခဲ့ရပြန် သည်။ ‘မူပိုင်ချစ်သူ’ ဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူသည် ဆရာဝန် ဇာတ်ကောင်စရိုက်အား သရုပ်ဆောင် ရာတွင် ရှပ်အင်္ကျီ အပေါ်ကြယ်သီးအား ဖြုတ်ထားခြင်းကြောင့် အကယ်ဒမီဆုကို မပေးခဲ့တာဟူ၍ မြန်မာရုပ်ရှင် အကယ် ဒမီသင်ခန်းစာအား ရရှိခဲ့ပြန်သည်။
၁၉၉၄ ခုနှစ်တွင် အကယ်ဒမီ ရွှေစင်ဆုနှင့် ကျွန်တော်ပြန်လည်၍ စေ့စပ်ခြင်းကို ခံခဲ့ရသည်။ ထိုနှစ်တွင် အကယ်ဒမီဆုပေးမည့် နေ့ရက်အချိန် တွင် ကျွန်တော်သည် ကျွန်တော့်၏အိမ် တွင် တစ်ဦးတည်း ယမကာမှီဝဲ၍ အ ကယ်ဒမီတည်းဟူသော ရွှေစင်ရုပ်တုအား မေ့ပစ်နိုင်အောင် ကြိုးစားနေ သည်။ အခမ်းအနားသို့ တက်ရောက်ရန် ဖခင်ဖြစ်သူမှ လာရောက်ခေါ်ရာတွင် ကျွန်တော်ငြင်းဆန်ခဲ့၍ ဖခင်ဖြစ်သူ စိတ်မကောင်းစွာဖြင့် ကျွန်တော်၏အိမ် မှ ထွက်ခွာသွားသည်။ ထိုနှစ်သည် အ ကယ်ဒမီဆုပေးပွဲ သမိုင်းကာလတစ် လျှောက် အထူးခြားဆုံးပွဲတစ်ခုလည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော အ များပြည်သူကြည့်ခွင့်၊ အားပေးခွင့်မရ ခဲ့သော အကယ်ဒမီထူးချွန်ဆုပေးပွဲ များကို သုဝဏ္ဏအားကစားကွင်းတွင် ပြည်သူလူထုအား ပထမဦးဆုံးသော လက်မှတ်ရောင်းချ၍ ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ကျွန်တော်နှင့်ကင်း ကွာနေသော အကယ်ဒမီဆုအား အများ ပြည်သူတို့မှ ကျွန်တော့်အား ရရှိစေလို သောဆန္ဒများ ပြည့်ဝနေတော့သည်။ ပွဲခင်းတစ်ခုလုံးတွင် ‘ကျော်သူ .. ရရင် ရ၊ မရရင် ‘ ဟူ၍ ကြွေးကြော် သံများ ကြားနေရသည်ဟု သိရှိရသည်။
ပွဲအစီ အစဉ် စတင်သည့်အချိန်တွင် အစိုးရ ဌာနမှ လူကြီးတစ်ဦးက ပြန်ကြားရေးဝန် ကြီးမှတစ်ဆင့် ရုပ်ရှင်လုပ်ငန်းဌာနရှိ အရာရှိတစ်ဦးနှင့်အတူ ကျွန်တော်၏ဖခင်နှင့် ကျွန်တော့်ကို သွားရောက်ခေါ် ရန် ပြောကြားခဲ့သောကြောင့် ကျွန်တော့် အား နေအိမ်တွင်လာ ရောက်အတင်းအ ကျပ်ခေါ်ဆောင်သွားတော့သည်။ ယမ ကာမှီဝဲနေသော ကျွန်တော်သည် တိုက် ပုံနှင့်တွေ့ရာလုံချည်တို့အား ဝတ်ဆင်၍ ရုပ်ရှင်လုပ်ငန်းမှအသုံးပြုသော မော် တော်ယာဉ်ပေါ်သို့ ကြားညှပ်၍ ခေါ် ဆောင်ခြင်းကို ခံခဲ့ရသည်။ (ရုပ်ရှင် လုပ်ငန်း မော်တော်ကားပေါ်မှ ကျွန် တော်ခုန်ဆင်းမှာကို စိုးရိမ်လို့လားတော့ မသိ) ပွဲခင်းကျင်းပရာ သုဝဏ္ဏအားက စားကွင်းသို့ ရောက်ရှိသော ကားပေါ်မှ ဆင်း ဆင်းခြင်း ရုပ်ရှင်လုပ်ငန်းမှ လူကြီး များက Congratulation ဟူ၍ လက် ဆွဲနှုတ်ဆက်ခဲ့သည်။ ပွဲခင်းထဲတွင် ကျွန် တော် ထိုင်စရာနေရာမရှိ၍ ဖျော်ဖြေရေး တီးဝိုင်းဘေးရှိ ခုံတွင်သာ ထိုင်ခဲ့ရသည်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင် ဆုကို ကြေညာသောအခါ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးသော ‘တ ပြည်သူမရွှေထား’ ဇာတ် ကားမှ သရုပ် ဆောင် ကျော်သူဟူ၍ ကြားမိလိုက် သည်။ ထိုအချိန်တွင် ကျွန်တော်၏ခန္ဓာကိုယ်သည် လေထဲသို့ သုံးလေးကြိမ် ခန့် မြောက်တက်သွားသည်။ ကျွန်တော့် အား ကရုဏာ၊ အကြင်နာ၊ မုဒိတာတို့ ဖြင့်ဝိုင်းဝန်းအားပေးကြသော အနုပညာ ညီအစ်ကိုများမှ ဝိုင်းဝန်း၍ ကျွန်တော့် အား လေထဲသို့ မြှောက်တင်အားပေးကြသည်။
ထိုအချိန်တွင် ကျွန်တော့် အ တွေးထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြားခဲ့သော စကားသံသည် ပဲ့တင်ထပ်မိတော့သည်။ ထိုနှစ်မတိုင်ခင် က ဒေါ်အောင်ဆန်းစု ကြည်၏ နေအိမ်ခြံဝင်းတွင် ပြည်သူ များ၏ ပေးစာများလက်ခံကာအပတ်စဉ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ဖြေကြားသောအချိန်က ကျွန်တော်သည် အနုပညာသက်တမ်း ၉ နှစ်ကြာခဲ့ ပြီဖြစ်သည်။ အနုပညာနှင့်ပတ်သက်၍ ကြိုးစားခဲ့သူလည်းဖြစ်သည်။ သို့သော် ယခုအချိန်ကာလထိ အကယ်ဒမီထူးချွန်ဆုဆိုတာ မရရှိခဲ့ခြင်းမှာ စဉ်းစား၍ မရနိုင်ဟူ၍ ပေးစာပို့ခဲ့ဖူးသည်။ ထိုအ ချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန် လည်ဖြေကြားချက်မှာ ယခုပေးပို့သော စာပါအနုပညာရှင်ကို
ပြောချင်တာက တော့ ‘အများပြည်သူက တစ်ခဲနက်ပေး ထားသော ဆုကိုရရှိနေပြီပဲ’ ဟူ၍ ဖြစ် သည်။ ထို့ကြောင့် ‘တပြည်သူမရွှေထား’ အကယ်ဒမီကျင်းပရာ နှစ်သည် လည်း အများပြည်သူပရိသတ်အား ကြည့်ရှုခွင့် ပေးခဲ့သည့်အတွက် အများပြည်သူဆန္ဒ အတိုင်း ပြည့်ဝခဲ့ရသည်ဟု ကျွန်တော် ယုံကြည်မိတော့သည်။
ထို ၁၉၉၄ ခုနှစ်မှစ၍ အကယ်ဒမီ ဆုပေးပွဲ ကိစ္စရပ်များအား ကျွန်တော် အနေဖြင့် အသားကျသွားပြီ ဖြစ်သည်။ သွေးအေးသွားပြီဖြစ်သည်။
အမေ ဒေါ် အောင်ဆန်းစုကြည်၏ စကားအတိုင်း အများပြည်သူ၏ ထောက်ခံအားပေး မှုကသာ အဓိကဆိုတာကို ကျွန်တော် နားလည်သွားတော့သည်။ ထို့ကြောင့် ကျွန်ေ တာ် ကိုယ့်အလုပ် ‘ကိုယ်လုပ်၊ ကိုယ့်တာဝန်’ ကိုယ်ကျေစွာဖြင့် ကျွန် တော်လုပ်ဆောင်ရမည့် ပေးဆပ်ရမည့် အနုပညာခွန်အားများကို အသုံးချကာ အများပြည်သူတို့အတွက် အဓိကထား၍ ရိုက်ကူးခဲ့တော့သည်။ အကယ်ဒမီဆု ဆိုသော ရူးသွပ်မှု ဝေါဟာရ ကျွန်တော့် ထံတွင် မရှိတော့။ ကျွန်တော် မခံစား ရတော့ချေ။ ၂ဝဝ၃ ခုနှစ်တွင် ကျွန် တော် သည် ဖခင်တစ်ဦး၊ မိခင်တစ်ဦး၏ ခံစားမှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုများကို ဂုဏ်ပြုလိုသောကြောင့် ‘အမေ့နို့ဖိုး’ ဟူ သောရုပ်ရှင်ဇာတ်ကားအား ဖခင်ဖြစ်သူ ၏ အမျိုးသား ရုပ်ရှင် ကုမ္ပဏီမှ ထုတ် လုပ်ရိုက်ကူးပေးခဲ့သည်။
‘အမေ့နို့ဖိုး’ ရိုက်ကူးစဉ် ကျွန်တော့် ၏ ဦးတည်ချက်သည် ကမ္ဘာ ပေါ်ရှိ မိခင်များအားလုံးကို ကိုယ်စားပြု ဂုဏ် ပြုရိုက်ကူးခဲ့ခြင်း၊ ကိုယ်လုပ်ဆောင်ရမည့် လုပ်ငန်းအား တာဝန်ကျေစွာ လုပ်ကိုင် ရိုက်ကူးခဲ့ခြင်းစသည့် ကိုယ့်လိပ်ပြာ ကိုယ်လုံစွာရိုက်ကူးခဲ့ခြင်းတို့ကြောင့် ၂ဝဝ၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် ‘အမေ့နို့ဖိုး’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး သော ဖခင်၏ အမျိုးသားရုပ်ရှင်၊ ဇာတ် ညွှန်းရေးသားသော ဆရာငြိမ်းမင်း၊ ကင်မရာရိုက်ကူးသော ကျောက်ဖြူ၊ အဓိကသရုပ်ဆောင် မင်းသမီး ထွန်းအိန္ဒြာဗို၊ အဓိက ဇာတ်ပို့သရုပ်ဆောင် ချိုပြုံး၊ ဇော်ဦးနှင့် ဒါရိုက်တာဆုအဖြစ် နောက်ဆုံးအကြိမ် ကျွန်တော် ရရှိခဲ့သည်။ ယင်းကဲ့သို့ မြန်မာ့ရုပ်ရှင်သမိုင်း တွင် ဇာတ်ကားတစ်ကားတည်းမှ အကယ်ဒမီ ထူးချွန်ဆု ၇ ဆုကို ဆွတ်ခူးရယူပြီးသည့်နောက် ၂ဝဝ၇ ခုနှစ်၊ စက် တင်ဘာလမှစ၍မြန်မာ့ ရုပ်ရှင်လောက ထဲတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ကို ပိတ် ပင်တားဆီးခံခဲ့ရတော့သည်။ ယခုဆိုလျှင် မြန်မာ့ရုပ်ရှင်လောကနှင့် ကင်းကွာခဲ့သည်မှာ ၄ နှစ်ကျော် ၅ နှစ်နီး ပါးရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူး ချွန်ဆု အကယ်ဒမီပေးပွဲများကိုလည်း ဖိတ်ကြားခြင်းကိုမခံခဲ့ရတော့ချေ။
ထို့အပြင်၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီ လ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အကယ်ဒမီ ထူးချွန်ဆု ပေးပွဲအတွက် ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်ဟူ၍ ထူးခြားအံသြ စွာဖြင့် ဖိတ်ကြားခြင်း ကိုခံခဲ့ရသည်။ ဤတွင် ရုပ်ရှင်အစည်း အရုံးသို့ကျွန်တော်ပြန်လည်၍ မေးကြား ခဲ့သည်။ ‘လေးနှစ်ကျော် ရုပ်ရှင်လောက မှ ဖယ်ထုတ်ခြင်းခံထား ရသော သရုပ် ဆောင် ဒါရိုက်တာတစ်ဦးကို ဘာ ကြောင့် ဖိတ်ကြားရတာလဲ’ ဟူ၍ မေး မြန်းရာ ရုပ်ရှင်အစည်းအရုံး၏ တာဝန် ရှိသူမှ ‘အစိုးရပြောင်းသွားလို့ မူလည်း ပြောင်းသွားပြီ’ဟု ပြောကြားသည်။
ထပ်မံ၍ ကျွန်တော်က ‘အရင် တုန်းက တစ်ယောက်တည်း ဖိတ်တာ အခု ဘာကြောင့် ဇနီးမောင်နှံ နှစ် ယောက်စလုံးကို ဖိတ်တာလဲ’ ဟု ပြန် လည်၍ မေးကြားရာ။ တာဝန်ရှိသူမှ ‘အစိုးရပြောင်းသွားပြီ ဒါကြောင့် မူ လည်းပြောင်းသွားပြီ’ ဟုသာ ထပ်မံ၍ ဖြေကြားခဲ့တော့သည်။ ထပ်မံ၍ ကျွန် တော့်အား ‘ကိုကျော်သူ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေ ရိတ်သွားဦးစင်ပေါ်တက် ပြီး ဆုရမယ့်သူတွေအတွက် ကြေညာ ခိုင်းရင် ခိုင်းလိမ့်မယ်။ ဒုတိယတန်းမှာ နေရာပေးထား တယ်တဲ့’။
ထို့ကြောင့် အစိုးရပြောင်းသွားပြီ မူလည်း ပြောင်းသွားပြီဆိုငြားလည်း ကျွန်တော်ကျော်သူအတွက်တော့ ဘာမူ မှမပြောင်းလဲသေးပါ။ ရုပ်ရှင်သရုပ် ဆောင် ဒါရိုက်တာေ ကျာ်သူဘဝမှ သုဘရာဇာ လူမှုရေးသမားကျော်သူဘဝ သို့ တစ်နည်းအားဖြင့် ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြား ရေးဌာနမှ ကျွန်တော့်အား ရုပ်ရှင်ရိုက် ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ ပြောင်းလဲပေးခြင်း (တရား ဝင်) မပြုသေးပါ။ထို့ကြောင့် ကျွန်တော် သည် ထိုနှစ် အကယ်ဒမီဆုပေးပွဲအား မတက်ေ ရာက်ခဲ့ပါ။
ယခုအချိန်၂ဝ၁၄ ခုနှစ်တွင် ကျင်း ပတော့မည်ဖြစ်သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲအတွက် အသံများစွာ ထွက်ပေါ်လာတော့သည်။ ယခုနှစ် အကယ်ဒမီ ဆုပေးပွဲအား နိုင်ငံ တော်အစိုးရမှ မူဝါဒပြောင်းပြီး မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ အကယ်ဒမီ ရွေးချယ် ပေးမှုကိစ္စအား လုံးဝမလုပ်တော့၊ မပါ ဝင်တော့ ဟူ၍ဖြစ်သည်။ မြန်မာ့ ရုပ်ရှင် အကယ်ဒမီဆုကို မြန်မာ့ရုပ်ရှင်သမား များကသာ ရွေးချယ်ရန်အတွက် မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးသို့ တာဝန်လွှဲ ပြောင်းပေးလိုက်ပြီဟူ၍ ဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်မှလည်း အနုပညာရှင်များနှင့် တွေ့ဆုံပွဲတွင် ထိုအကြောင်းအရာအား တရားဝင် ပြောကြားခဲ့သည်။ ဗြုန်းကနဲဆိုအံ့သြ စရာ၊ ဝမ်းသာစရာ၊ ကျေနပ်စရာ၊ လက် ခမောင်း ထခတ်စရာပင် ဖြစ်တော့ သည်။ သို့သော် ထိုအကယ်ဒမီ နောက်ကွယ်တွင်ဝှက်ဖဲများရှိသည်။ လှည့်စားမှု များ ရှိသည်။ သိမ်မွေ့နူးညံ့ ခက်ခဲ သည်။ မာယာများသည့် အကယ်ဒမီပင် ဖြစ် တော့သည်။ ထိုအကယ်ဒမီသည် တည် ကြက်လေလား’ ‘ငါးမျှားချိတ်လား’ ‘ထောင်ချောက်’လေလား ဟူ၍ ကျွန် တော် အပြန်ပြန်အလှန်လှန်တွေးတော မိတော့သည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် ဇွန်လကုန် လောက်တွင် တစ်ကြိမ်၊ ဇူလိုင်လတွင် တစ်ကြိမ် ကျွန်တော့်ထံသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ် ကြီးများ (အကယ် ဒမီဆု ရွေးချယ်ရေး အဖွဲ့)မှ တယ်လီဖုန်းဖြင့် ဆက်သွယ်တိုက်တွန်းမေးမြန်းခဲ့သည်။”ကိုကျော်သူ (မောင်မောင်)ရေ အကယ်ဒမီဆု ရွေး ချယ်ရေးအဖွဲ့မှာ ပါဝင်ပေးပါ။ Final ရွေးပြီးသား ၃ ကား ၅ကားထဲက အထူး ချွန်ဆုံး အနုပညာရှင်တွေကို ရွေးချယ် ပေးပါ” တဲ့။ ကျွန်တော် ငြင်းခဲ့သည်။ လူမှုရေးလုပ်ငန်းကတစ်ဖက်သာသနာ ပြု ဘုရား တည်လုပ်ငန်းက တစ်ဖက် မအားလပ်ကြောင်း အကြောင်းပြခဲ့ သည်။ အမှန်မှာ အချိန်ပိုင်းလေးသာ ပေးရသည့် အကယ်ဒမီ ဆန်ခါတင် ဇာတ်ကားများ ကြည့်ရှုရခြင်း အလုပ်ကို ကျွန်တော် လုပ်ဆောင်ပေးနိုင်သည်။ သို့သော် ကျွန်တော်ကြားသိရသည်။ထိုအကယ်ဒမီ ရွေးချယ်ရေး အဖွဲ့မှာ ပါ ချင်သည့်သူတွေက အများသား။(အ ကြောင်းရှိ သည်)။ ဂုဏ်လိုချင်တဲ့သူ များ၊ ဆရာကြီးလုပ်ချင်တဲ့ သူများ၊ လာဘ်ပေးလာဘ်ယူ လုပ်လိုသူများ၊ မင်းသား/မင်းသမီး ထုတ်လုပ်သူများကို မျက်နှာလို မျက်နှာရလုပ်လိုသူများ၊ ထိုင်ခုံ တစ်နေရာစာ ဝင်တိုးလိုသူများ၊ ခေါက်ဆွဲစားကြမည့်သူများစသည့် မသမာမှု၊ သီလချိုးဖောက်မည့် သူများ ကလည်း အလုအယက် ပါဝင်နိုင်ရန် နည်းပေါင်းစုံတို့ဖြင့် ချဉ်းကပ်၊ ကြိုးစား ကြကြောင်း ကျွန်တော်သိခဲ့ရပြန်သည်။
ထို့ကြောင့် ထိုအကယ်ဒမီပွဲသည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အကုသိုလ်ထုပ်ကြီးအား မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးသို့ လွှဲပြောင်းခဲ့ခြင်းပင် ဖြစ်သည်။ မြန်မာနိုင်ငံရှပ်ရှင် အစည်းအရုံးမှလည်း ထိုအကုသိုလ်ထုပ်ကြီးအား သူ့ထက်ငါ အလုအယက် သယ်ဆောင်ကြရန်အတွက်ပြင်ဆင်ေ နတော့သည်။
အမှန်စင်စစ် မြန်မာနိုင်ငံ၏ နိုင်ငံ ရေးအခြေအနေ၊ ပြည်သူ/သားတို့၏ ဘဝအခြေအနေ၊ အနုပညာရှင်များ၏ ဘဝရပ်တည်မှု အခြေအနေများသည် များစွာ ဆိုးဝါးနေ သည့် အခြေအနေ အချိန်ကာလ တစ်ခုဖြစ်သည်။ လူတို့ သည် ဖောက်ပြန်နေသည်။အတ္တကြီးနေ သည်။ လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းနေသည်။ ဗြဟ္မစိုရ်တရား များ ခေါင်းပါးနေကြသည်။ ထို့ကြောင့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုအား မြန်မာ့ရုပ်ရှင်သမားများမှ မရွေးချယ် သင့်ပေ။ ကိုယ့်ငါးချဉ် ကိုယ်ချဉ်သည် ဟူသော လုပ်ရပ်မျိုးမလုပ်သင့်ပေ။
ယခင် အစိုးရလက်ထက်ကတည်းက ရုပ်ရှင်သမားများ ကြွေးကြော်တောင်းဆို နေသော ‘မြန်မာ့ရုပ်ရှင် ကမ္ဘာလွှမ်းရ မည်’ ‘မြန်မာ့ရုပ်ရှင်ပြည် ပသို့ ထိုး ဖောက်နိုင်ရမည်’ ဟူသော အသံများ သည်လည်း ယခုဆိုလျှင် မှေးမှိန်လာ ပြီဖြစ်သည်။အနုပညာလောက၏ စက်မှုပစ္စည်းများ ချို့တဲ့အားနည်းနေချိန်၊ ရုပ်ရှင်ရုံ များရှားပါးနေချိန်၊ သမ္ဘာ၊ ဝါ များကို လေးစားလိုက်နာမှု ဂါရဝတရား ခေါင်းပါးနေသော အချိန်လူတို့၏ စာ ရိတ္တများ ယိုယွင်းပျက်စီးနေချိန် ကာလ ဆိုးကြီးအချိန်တွင် ထိုကဲ့ သို့သော ထူးချွန်ထက်မြက်သည့် အနုပညာရှင်များ အား မှန်ကန်စွာဖြင့် သီလလုံခြုံစွာဖြင့် သမာဓိရှိစွာဖြင့် ရွေးချယ်ပေးနိုင်လိမ့် မည်ဟု ကျွန်တော်မထင်ပါ။ ထို့ကြောင့် ကျွန်တော်သည် မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးသို့ တယ်လီဖုန်းဖြင့် ဆက် သွယ်ကာ အကြံပြုခဲ့တော့သည်။ ထိုအကြံသည်ကားကျွန်တော်တို့ မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု ရွေးချယ် ရေးကိစ္စရပ်အား မြန်မာရုပ်ရှင်သမား များမှရွေးချယ်ရန်မသင့်ကြောင်း၊ အစိုး ရမှလည်း ရွေးချယ်ရန် မသင့်ကြောင်း၊ ပြည် ပနိုင်ငံ(ဟောလိဝုဒ်၊ ဘောလိ ဝုဒ်) စသည်ဖြင့် ရုပ်ရှင်ဇာတ်ကားကောင်းများ ထုတ်လုပ်ဖြန့်ချိနေသော အနုပညာရှင် များ၊ ပြည်ပအနုပညာသမားများအား ဆန်ကာတင်ရွေးချယ်ထားသော မြန်မာ့ ရုပ်ရှင် ဇာတ်ကား ၃ ကား ၅ ကားအား ပြသပြီးသည့်နောက် ထိုပြည်ပ ပညာရှင် များအား အကောင်းဆုံးဆုများကို ရွေးချယ်ခိုင်းမည်ဆိုပါက အမှန်ကန်ဆုံး အ ထိရောက်ဆုံး ဖြစ် လိမ့်မည်ဟု ယူဆမိ တော့သည်။ ထိုမှသာ ပြည်ပအနုပညာ လောကမှလည်း မြန်မာ့အနုပညာရှင် များ၊ မြန်မာ့ရှုခင်းများ၊ မြန်မာ့ယဉ်ကျေး မှု ထုံးတမ်းစဉ်လာများ ကို မြင်ေ တွ့သိရှိ ကာ မြန်မာရုပ်ရှင်လောကသည်လည်း ပြည်ပနိုင်ငံများသို့ ထိုးဖောက်ခြေလှမ်းနိုင်မည့်အခွင့်အရေး ရရှိပေလိမ့်မည်။
(ထိုအကြံပြုချက်သည် ကျွန်တော် ရုပ်ရှင်အနုပညာလောကတွင်ကျင်လည် ခဲ့စဉ်က အကယ်ဒမီဆုပေးပွဲနှင့် ပတ် သက်သည့် ကောက်ကျစ်မှု၊ လိမ်လည်မှု၊ လာဘ်ယူမှုစ သည့် မသမာမှုများအား ခံစားခဲ့ရသူအနုပညာရှင်ဟောင်းတစ်ယောက်အနေဖြင့် မိမိကဲ့သို့ အနုပညာရှင်များ မခံစားစေလိုသောဆန္ဒအရလည်းကောင်း၊ အကယ်ဒမီ ဆုပေးပွဲပြီးဆုံးသွားချိန်တွင် ပြစ်တင် ဝေဖန်ရှုတ်ချခြင်းများမှ လွတ် ကင်းစေလိုသောဆန္ဒအရလည်းကောင်း၊ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ပြု၍ ရေးသား အကြံပြုခြင်းဖြစ်ပါသည်။)
တစ်ချိန်က ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီနှစ်ထပ်ကွမ်း
(ကျော်သူ) | Kyaw Thu
-Shared from: http://www.popularmyanmar.com/mpaper/2014/07/မာယာမ%E1%80%BAားတဲ့-အကယ်ဒမီပ%E1%80%BCဲ/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...