Thursday, November 28, 2013

နှစ်ဦးသဘောတူ


မောင်ကြိုက်တဲ့ သနပ်ခါးလေးကို
ကျွန်မ ပါးပြင်မှာအမြဲ ချယ်သပါ့မရ်....
မောင်လည်း ရောင်စုံချယ်တဲ့အလှတွေကို
မတပ်မက်မိပါစေနဲ့မောင်ရယ်.....



မောင်ဝတ်စေချင်တဲ့ ရိုးရာလုံချည်နဲ့
ကျွန်မ အစဉ်ဝတ်ဆင်လို့ လုံခြုံစေရပါ့မရ်...
မောင်လည်း sexy ဆိုတဲ့ style နောက်ကို
ကောက်ကောက်ပါမသွားပါစေနဲ့မောင်ရယ်....

မောင်ကလွဲ ကောင်လေးတွေဆို ကျွန်မ
အမျိုးသားလို့ မသတ်မှတ်ပဲ နေပေးပါ့မရ်....
မောင်လည်း ကုက္ထိယဆို ကျွန်မတစ်ယောက်သာ
မြင်စေချင်တရ်မောင်ရယ်...

မောင်ဒေါသထွက်ပြီး အော်ဟစ်ပြီးလည်း
ကျွန်မက မိန်းမသားမို့ မျက်ရည်လေးတော့ကျမိမရ်
မောင်ဘက်က ချော့ဖို့ အမြဲအဆင်သင့်ဖြစ်စေနေချင်တရ်မောင်ရယ်
မောင့်ဒေါသတွေကိုလည်း ကျွန်မခွန်းတုန့်် မပြန်ဘဲနေခဲ့တာပဲနော်..

မောင်နှစ်သက်မယ့် အစားအစာဆို
ကျွန်မမှတ်ထားလို့ စိတ်ကြိုက် ချက်ကျွေးပါ့မယ်.....
မောင်လည်း အပြင်စာဆိုတာ တစ်ခါတစ်ရံပဲ
စားစေချင်တရ် မောင်ရယ်...

မောင့်အလုပ်ဆို ကျွန်မတတ်နိုင်သလောက်ကူပေးချင်မိတရ်
မောင့် စက္ကထရီ ထက်တော်အောင် လုပ်ပေးပါ့မရ်
အချက်အပြုတ်လည်း ကျွန်မအလုပ်လို့ မောင်အမြဲမသတ်မှတ်စေချင်ဘူး
မောင်ချက်တာလေးလည်း ကျွန်မစားချင်မိတရ်....

တာဝန်တွေဘယ်လို များပါစေ
မောင်ဘေးမှာ ကျွန်မထာဝရအားပေးကူညီနေပါ့မယ်
ပိတ်ရက်လေးတော့ အများနည်းတူ ဘုရားသွားလို့
လည်ချင်ပတ်ချင်မိတရ်မောင်ရယ်.....ကျွန်မတို့ အမှတ်တရတွေ
အများကြီးနဲ့ ချည်နှောင်ထားမှ...
တစ်သက်တာ ကျွန်မတို့ကြားမှာ ခွဲခြားခြင်းမုန်တိုင်းတွေ ရောက်မလာမှာပေါ့
မောင်ရယ်...

မောင်ဖတ်ဖို့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...