Wednesday, November 27, 2013

Antibiotics not for running noses နှာစေးနေတာ ပဋိဇီဝဆေး မပေးသင့်


(၁) 19-11-2011 “Taking Antibiotics for Viral infections can do More harm than good (ဗိုင်းရပ်စ်) တမျိုးမျိုး ကူးစက်ခံရတာကို ပဋိဇီဝဆေး သောက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ဖြစ်စေ” အမေရိကန် ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနကနေ သတိပေးထားတာဖြစ်ပါတယ်။


(၂) 18 November 2013 “Antibiotics not for running noses, warn doctors နှာရည်ယိုနေတာအတွက် ပဋိဇီဝဆေး သောက်တာကို ဆရာဝန်တွေက သတိပေး” Practitioners အင်္ဂလန်လူထုကျန်းမာရေးနဲ့ တော်ဝင်ကောလိပ်ကနေ သတိပေးတာဖြစ်ပါတယ်။

ကလေးတွေအများစုဟာ အရေးပေါ်ဌာနတွေကို ဆေးမတည့်လို့ လာကြတာဟာ အများဆုံးဖြစ်တယ်။ ဒီသတင်းဟာ အခုရက်သတ္တပါတ်တွေအတွင်း ကမ္ဘာတဝှမ်းမှာ ပဋိဇီဝဆေးမတိုးတော့တာကို သတိထားစေဘို့ တွန်းအားတရပ်လဲ ဖြစ်ပါတယ်။ (ဗက်တီးရီးယား) တွေကို နိုင်တဲ့ ဆေးမျိုးကနေ ကျန်းမာရေးပြဿနာ ပိုစေပါတယ်။

အမှန်က ဗိုင်းရပ်စပိုးကူးစက်ခံရရင် အနားယူတာ၊ ရေ-အရည် များများသောက်တာ၊ ဆိုင်တွေပေါ်မှာ အလွယ်ဝယ်လို့ရတဲ့ ရောဂါလက္ခဏာ သက်သာဆေးတွေကိုသာ သုံးစွဲတာတွေကို လုပ်ဘို့ သင့်ပါတယ်။

အအေးမိတာ၊ အသက်ရှူလမ်းကြောင်း အထက်ပိုင်းပိုးဝင်တာ၊ နားကိုက်တာ၊ စတာတေါဟာ ဗက်တီးရီးယားကြောင့် ဖြစ်ကြရတာ မဟုတ်ပါ။ ပဋိဇီဝဆေးတွေဟာ (ဗိုင်းရပ်စ်) တွေကို မနိုင်ပါ။ ဒါပေမဲ့ မလုဘဲသုံးနေတြာ များနေဆဲဖြစ်တယ်။

မလိုဘဲသုံးတော့ ဆေးဘိုလဲ အပိုကုန်မယ်၊ နောင်မှာ တကယ်လိုလို့ ဆေးသုံးရရင် ဆေးမတိုးတော့တာဖြစ်စေတယ်။ အဲလိုသာဖြစ်ရင် ဆေးအဆန်းတွေ သုံးရတော့မယ်။ ရက်လဲရှည်မယ်။ ဈေးလဲကြီးတယ်။

အသက်ကိုရန်ရှာနိုင်လောက်တဲ့ (ဗက်တီးရီးယား) ပိုးဝင်တာအတွက် ပဋိဇီဝဆေးတွေက အတော်ကောင်းပါတယ်။ ဒါပေမဲ့ ဆေးမတိုးတာဟာ တကယ့် ကျန်းမာရေး ပြဿနာကြီး ဖြစ်ပါတယ်။

နှာစေ-အအေးမိတာ၊ အများစုလည်ချောင်နာတာ၊ လေပြွန်ရက်တိုရောင်တာ၊ ဆိုင်းနပ်စ် အများစု၊ နာကိုက်တာ အများစုတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြရတာတွေပါ။ ဒီလိုဖြစ်တာတွေကို ပဋိဇီဝဆေးသုံးရင် ရောဂါ မပျောက်စေပါ၊ တချို့မှာ ရောဂါတိုးမယ်၊ မလိုလားအပ်တဲ့ ဘေးထွက်-ဆိုးကျိုးတွေ ရစေမယ်။

ဒေါက်တာတင့်ဆွေ
Liked · 11 hours ago

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...