Tuesday, November 26, 2013

ခရိုနီ ဆိုတာ ...

“မင့် အမေ စောက်ပတ် ငါ လိုး ဘဲ…
ဒီမှာ ပန်းရံဆရာက မဆလာတွေ အောက်မှာ အပုံကြီး ကျနေတာ မင်းမမြင်ဘူးလား…
မင်း စောက်စိ က ကန်းနေလား..
မင်းတို့ အင်ဂျင်နီယာ တွေ ဖင် ထဲကို ဂျင်းတွေရော ကြက်သွန်ဖြူတွေရော ကြိတ်ထည့်ပြီး လိုး သွားတာ.. မင်းသိလား…


မင်းတို့ ဆရာတွေ လီး လိုဘဲ သင်ထားသလား….
ငါ့ ပိုက်ဆံနဲ့ လာ လက်တည့်စမ်း နေကြတယ်.. စောက်ပတ်ဘဲ…”

....

ရိုင်းတယ်တော့ မထင်နဲ့…
အဲဒါ လွန်ခဲ့တဲ့ ၁၃နှစ် ၁၄ နှစ် က ခရိုနီ တယောက် ကျနော့်ကို ဆဲခဲ့တဲ့ စကားတွေ…။
ချဲ့ကားပြောတယ် ဆိုရင်. မိုးကြိုး အပစ်ခံရပြီး သေပါရစေလို့ ကျိန်ရဲပါတယ်။

အဲဒီတုန်းက ဒေါသဖြစ်လွန်းလို့ အသားတွေ တဆတ်ဆတ် တုန်နေခဲ့တယ်။ အခု အချိန်ထိ ပြန်စဉ်းစားရင် ကို ဒေါသဖြစ်နေတုံး။

....

ကျောင်းက ဆရာတွေကို ကလန်ကဆန် လုပ်ခဲ့ဘူးတဲ့ ကျနော်..
ပိုက်ဆံတပြားမှ မယူဘဲ စေတနာ အပြည့်နဲ့ စာသင်ပေးခဲ့တဲ့ ဆရာတွေကို လူငယ်စိတ်နဲ့ မရိုမသေ ဖြစ်မိခဲ့တာကြောင့် ၂ပဲ ၁ပြားဘဲပေးတဲ့ လုပ်ငန်းရှင်ကို ဒီလောက် သီးခံရကောင်းလားဆိုပြီး စိတ်ထဲ ကိုယ့်ဘာသာ မခံမရပ်နိုင်အောင် ဖြစ်မိတယ်။ ငါ သောက်သုံးမကျတာ ငါ့ ဆရာတွေကိုပါ ထိခိုက်ပါရောလား ဆိုပြီးတော့ပါ မျက်ရည် အကြိမ်ကြိမ် ကျမိတယ်။

ငါ့ ဆရာတွေကို ငါ ကာယကံ ဝဇီကံ မနောကံ နဲ့ စော်ကားခဲ့လို့ ငွေလေး တပဲ ခြောက်ပြားနဲ့ မနေ့ တနေ့ကမှ ငြိမ်းချမ်းရေး တံဆိပ်ကပ် ဝင်လာတဲ့ စာမတတ် ပေမတတ် တရုတ်က ငါ့ကို အဆဲခံရတာ။ စာတတ် ပေတတ် တရုတ်ကသာ ဆဲရင် အဲဒီလောက် ခံစားရမယ် မထင်ဘူး လို့ ခံစားမိတယ်။

ဒါတောင် အဲဒီတုန်းက ကျနော်တို့ လုပ်ခဲ့တာ လခစား မဟုတ်ဘူး၊ ကျနော်နဲ့ ကျနော့ ရှေ့တန်းမှာ ပြီးခဲ့တဲ့ သူငယ်ချင်းတွေ ပေါင်းပြီး ပရောဂျက် supervision ကို ရာခိုင်နှုန်း စား နဲ့ လုပ်ခဲ့တာ။

Gentlemen agreement နှုတ်ဂတိ နဲ့ လုပ်ကြတဲ့ ရာခိုင်နှုန်းက သတ်သတ်မှတ်မှတ် တခု ရှိခဲ့တယ်။ စက်ရုံ အသစ် ဆောက်တာမှာ ကျနော်တို့ design & build လုပ်ခဲ့ကြတယ်။

ငွေပေး ငွေယူ သဘောမျိုးတောင် မဟုတ်၊ production တရက် နောက်ကျရင် တရက် နစ်နာလိမ့်မယ် ဆိုတဲ့ စာနာစိတ်နဲ့ ၃လ အာမခံထားတဲ့ အချိန်မှီ ပြီးအောင် လုပ်တယ်။ လုပ်တာမှ နေ့မအိပ် ညမအိမ် လုပ်တာ။ နောက်ဆုံး slab လောင်းတဲ့နေ့ က ၃လ တိတိ ပြည့်တဲ့နေ့ဘဲ။


အသက်ကလဲ ငယ်သေးတာကိုး။ အားလုံးက တနှစ်ကြီး တနှစ်ငယ် အသက် အစိတ် ဝန်းကျင်ချည်းဘဲ။ အဲဒီ အချိန်မှာ ရွှေပြည်သာကနေ ည ၁၂ နာရီ ပြန်ရင် ပေးရတဲ့ ကားငှားခ ဆိုတာ အဲဒီ အချိန်နဲ့ စဉ်းစားရင် သာမာန်ထက် အနည်းဆုံး ၂ဆ ဈေးများတာဘဲ။

Foundation တွေ တူးတဲ့ အချိန်ကဆို မိုးတွင်းဖြစ်နေလို့ တူးပြီးပြီးချင်း ကွန်ကရစ် မလောင်းနိုင်ခဲ့တဲ့နေ့တွေမှာ ည အိပ်မပျော်ခဲ့ဘူး။ တညကြီး မိုးတွေ ချိမ်းတာ အိပ်နေတာက လန့်နိုးလာတယ်။ ချက်ချင်း သတိရတာက ညနေကမှ တူးလာတဲ့ foundation ကျင်းတော့ ပြိုပြီ ဆိုပြီးတော့။ ကျင်းပြိုတာနဲ့ အလုပ်သမားခ ၂ဆ ကုန်တဲ့ အပြင် အချိန်မှာ ၁ ရက် ပုပ်ပြီလေ။ ကိုယ် က အလုပ်သမားခ ကွန်ထရက် ယူတာ မဟုတ်ပေမဲ့ သူပေးရမဲ့ အလုပ်သမားခကို တာဝန်ခံပေးဖို့ က ကိုယ့်တာဝန် ဆိုတော့... အပြော မခံနိုင်ဘူးလေ။

သူတို့မှာ အရင် အချိုရည် စက်ရုံ အဟောင်း ရှိတယ်။ အဲဒီ စက်ရုံ အဟောင်း ဆောက်တုန်းက ဦးစီးခဲ့တာက သူတို့ ရဲ့ အဆောက်အဦး အဟောင်းတွေကို ဦးစီးပေးခဲ့ဘူးတဲ့ လဝက အရာရှိ တဦးဗျ။ ကျေးဇူးရှိလို့ ပြန်ကြည့် ပေးထားတာလို့ ပြောတာဘဲ။ တိတိကျကျတော့ မသိပါဘူး။

ပြီးခါနီးမှာ ပြသနာ ကို တမင်တကာ ရှာပြီး ကန်ထုတ်တာ။ ကျနော်တို့ supervision fees လဲ တောင်းရော agreed လုပ်ထားတဲ့ ပမာဏ မပေးနိုင်ဘူး၊ ကြိုက်တဲ့ နေရာ သွားတိုင် ဆိုပြီး လုပ်တော့တာဘဲ။

ရှင်းရှင်းပြောရရင်ဗျာ အဲဒီ အချိန်မှာ ကျနော်က ဝန်ကြီး သားတယောက် နဲ့ ရင်းနှီးပါတယ်။ တကယ်က ဟိုဘက်မျိုး ဒီဘက်မျိုး တင် မကပါဘူး။ သူတို့ကလည်း မှန်မှန်ကန်ကန် နေကြတဲ့သူတွေ ဆိုတော့ ကူတော့ ကူညီပါတယ်။ ဒါပေမဲ့ ဘာမှ မလုပ်ပေးနိုင်ဘူး။ မခံနိုင်လွန်လို့ တိုင်ဖို့ စုံစမ်းတာမှ စုံတာမှ တော်တော် စုံပါတယ်။ ရမဲ့ ငွေ ကြောင့် မဟုတ်.. မခံနိုင်လွန်းလို့ လိုက်စုံစမ်းတာ လူတွေ တော်တော် စုံသွားခဲ့တယ်..

ကျနော်တို့ ရမှာက ဆယ်ဂဏန်း၊ သူက နောက် ရမှာတွေပါ တွက်ပြီး ရာဂဏန်း ပေးလိုက်ရင်… ကျနော်တို့ ဘာလုပ်လို့ ရမှာလဲ။

နယ်မြေ ထောက်လှမ်းရေး ဗိုလ်ကြီးက တော်ရုံ ကောင်ကို ပါးရိုက်လို့ ရတဲ့ အချိန်မှာတောင် အဲဒီ ဗိုလ်ကြီးက "ကျနော်တို့ကတော့ ကြားညှပ်မှာ ကြောက်တယ်.. တက်ချင်ရင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်ခင် ထိ တက်မှ ရမဲ့ ကိစ္စ"

လို့ ပြောလို့ နောက်ဆုံး အားမတန်ဘဲ မာန်လျော့ခဲ့ရတယ်။ အဲဒီနောက်တော့ ကျနော်တို့လဲ တဖက်သတ် ကျေအေးလိုက်ရတယ်ပေါ့ဗျာ။ အဲဒီလောက် ပိုက်ဆံနဲ့ သူလဲ မွဲမသွားသလို ကျနော်တို့လည်း အကုန် ရအုံးတော့ ချမ်းသာ မသွားပါဘူး။

သူလဲ မြန်မာပြည်မှာ သူဌေးလုပ် နေလို့ ရသလို ကျနော်လည်း ထမင်း မငတ်ပါဘူး။ ကျနော်လဲ အင်္ဂလန် လို နိုင်ငံမျိုးထိ လာပြီး လူရိုသေ ရှင်ရိုသေ အင်ဂျင်နီယာ အလုပ် လုပ်စားလို့ ရပါတယ်။

ဒါပေမဲ့ ကျနော်တို့ အစိုးရ ရဲ့ တရားမျှတမှု၊ လူငယ်တွေ ကို ကာကွယ်ပေးနိုင်မှု ဆိုတာကတော့ မေးခွန်းထုတ်စရာပေါ့။ ကျနော်ကတော့ တရားမျှတမှု အတွက် ဘယ်သူ့ အဖေ ခေါ်ရမှန်း မသိခဲ့ဘူးပေါ့ဗျာ။
...
...
...

နှစ်တွေ ကြာလို့.. ကျနော်လဲ အတွေ့အကြုံတွေ စုံလာတော့ ခရိုနီ ဆိုတာကတော့ အပြီးသတ် ဖျောက်ပြစ်လို့ ရတဲ့ အမျိုး မဟုတ်ဘူးလို့ မြင်လာမိတယ်။

တကယ်တော့ ဘယ် အစိုးရမျိုး တက်တက် အာဏာရတဲ့သူနဲ့ စီးပွားရေး လက်ဝါးရိုက် လုပ်မဲ့သူတွေ ရှိနေမှာကြောင့် ခရိုနီ ဆိုတာက တော့ ရှိနေမှာဘဲ။

ယူကေလို နေရာမျိုးတောင် ခရိုနီ ဆိုတာ ရှိနေသေးရင် မြန်မာပြည်မှာ ပျောက်ဖို့ဆိုတာ မလွယ်သေးပါဘူး။ ယူကေ အနေအထား လောက်ထိ ဥပဒေ စိုးမိုးမှု ရဖို့ ဆိုတာ နောက်ထပ် ၁၀ နှစ်လောက်ထိတော့ မှန်းဆကြည့်လို့ မရသေးပါဘူး။

ဒါပေမဲ့ ယူကေမှာ ကျနော်တို့ မြန်မာပြည်မှာ ခံခဲ့ရသလိုမျိုး ဖြစ်ရင် ကျနော် တိုင်ချင်ရင် ကူညီပေးမဲ့ အဖွဲ့အစည်းတွေ ရှိတယ်။
တရားစီရင်ရေး က မှန်မှန်ကန်ကန် ဆောင်ရွက်မယ်လို့ ကျနော် ယုံကြည်လို့ရတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။
ဥပဒေကြောင်း အရ အကြံဥာဏ်ပေး ကူညီပေးမဲ့ အဖွဲ့အစည်းတွေ ရှိတယ်။

ဒီဘက်မှာ ကျနော် မြန်မာပြည်မှာ ဘယ်သူ့ ကို အားကိုး ရမလဲ မသိတဲ့ အဖြစ်မျိုး မရှိအောင် လုပ်ပေးထားတယ်။

ကျနော်တို့လို့ အနိုင်ကျင့် ခံရတာမျိုး မဟုတ်ဘဲ အပြန်အလှန် ကတိထားကြတဲ့ ခံစားခွင့် ခံစားထိုက်တာတွေ ကို ခံစား ရဖို့ နိုင်ငံသား တင် မက နိုင်ငံခြားသားကိုပါ လူတယောက် ရဲ့ ရပိုင်ခွင့် အခွင့်အရေး အနေနဲ့ ကာကွယ်ပေးထားတယ် လို့ ခံစားရတယ်။

ကျနော့် အနေနဲ့ကတော့ဗျာ.. သာမန် နိုင်ငံသား ၊ တောသား စာမတတ် ပေမတတ် ကောင်တောင် မဟုတ်၊ တော်တော်လေး သိတယ် ဝင်လို့ ထွက်လို့ ရတယ် ဆိုတာတောင် မြန်မာပြည်မှာ ဥပဒေ ဆိုတာ ဘယ်မှာမှန်း မသိဘူး။ ဆိုတော့ဗျာ... ကိုယ့် မြန်မာပြည်မှာ ကိုယ် ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ခံစားခဲ့ရတဲ့ အနိုင်ကျင့် ခံခဲ့ရတာမျိုးကို နောက် လူငယ်မျိုးဆက်တွေ မခံစားရစေချင်ပါဘူး။ ခရိုနီက စေတနာ ရှိဖို့တော့ မမျှော်လင့်နဲ့။ ကျားသနားမှ နွားချမ်းသာမယ် ဆိုတာ ဗိုက်ပြည့်တုံးဘဲ ဖြစ်မယ်။ ဆိုတော့ အဓိက က စနစ် ခိုင်မာလာမယ် ဆိုရင်တော့ (ခရိုနီ ပျောက်မှာတော့ မဟုတ်ဘူး) ခရိုနီ က နင်းတာ၊ စားတာ၊ နှိပ်စက်တာကို ကာကွယ်ပေးမဲ့ ဥပဒေတွေ ရှိလာရင် မခံရတော့ဘူးပေါ့ဗျာ။

နောက်ဆို ခရိုနီ ဆို စီးပွားရေး အရ တရားမျှမျှတတ လက်ဝါးကြီး အုပ်တာအားမရဘဲ ဒါမျိုး အနိုင်ကျင့်တာမျိုး မဖြစ်ပါစေနဲ့ လို့ ဆိုတောင်းမိတယ်။ အစိုးရ ဆိုတာ ဆုတောင်းတိုင် ပြည့်တယ် ဆိုရင်ပေါ့...။ ဆုတောင်းလို့ မရရင် ဘာလုပ်ရမလဲ ... အပြင်ထွက် ရှာစား နိုင်တဲ့ကောင်ကို ဘာအကြံပေးချင်လဲ မေးရင်... အပြင်ထွက်လာဖို့ဘဲ တိုက်တွန်းဖို့ ရှိတာပါဘဲ...။
...
...
...

ps…
အပေါ်က ကျနော်တို့ကို အနိုင်ကျင့်ခဲ့တဲ့၊ေxာက်ပတ်ချင်း xီးချင်း မိုးမွန်အောင် ဆဲခဲ့တဲ့ ခရိုနီ ဆိုတာ ဘယ်သူတုန်း ရော သိချင်နေသေးလား…
ကျနော့် သူငယ်ချင်း ပြောသလိုဘဲ ပြောလိုက်မယ်.. သတ်ချင်သတ်လိုက်… မပြောပြဘူး…

တရုတ် ဆိုတာလဲ မပြောပြဘူး... ဟိုတလောလေးကမှ နံမည်ကြီးခဲ့တဲ့ အလှမယ် ရဲ့ အဖေ ဆိုတာလည်း မပြောပြဘူး..
.....
....
....
အပေါ်မှာ ပြောခဲ့တာတွေ နဲ့ ဆက်စပ် မိအောင် ဒါလေးတော့ ဖတ်လိုက်ပါဦး…
Ko Min Zaw

http://www.standard.co.uk/comment/ian-birrell-which-politician-will-dare-dismantle-crony-capitalism-8961935.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...