Wednesday, March 26, 2014

ဟာသ စုစည်းမှု

#ယောက်ကျားအမျိုးမျိုး

တစ်ခါက အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ရထားပေါ်တွင်
ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား
မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်း ပြောသည်။ အမျိုးသားက
သူ၏စောင်ကို အမျိုးသမီးအား ခြုံစေသည်။ သူမချမ်းနေသေးကြောင်း ပြောပြန်သည်။
"ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ" အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
"ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကို နွေးစေတယ်"


"ဒီလိုဆို ကျွန်တော် ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား..ကျွန်တော်
ရထားပေါ်က ခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာလို့မှ မဖြစ်နိုင်လို.ပါဗျာ။

#ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

"မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား"

"သိပါတယ်၊ ဗိုလ်ချုပ်ကြီး"


#သူမေ့ကိုယ်မေ့

လူတစ်ယောက် အိမ်ပြန်ဖို့ ပါရမီ မီတာတပ် တက္ကစီ ငှားစီးတယ်။
အိမ်ရောက်တဲ့အခါ ကားဆရာကပြောတယ်။
"ဆောရီးပဲကိုယ့်လူရေ ကျုပ်မီတာချိုးဖို့မေ့သွားတယ်"
ဟိုလူကပြန်ပြောတယ်
"ရပါတယ်ဗျာ ကျွန်တော်လည်း ရုံးမှာ ပိုက်ဆံအိတ် မေ့ကျန်ခဲ့တယ်"


#ညစ်ပေ အဖွဲ့ ချုပ်

တစ်နေ့ မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး ကမ္ဘာ့ ညစ်ပေများ အဖွဲ့ချုပ်ကိုထောင်ဖို့စီစဉ်ကြတယ်။
ဒီတော့ အဖွဲ့သားတွေက အတွင်းရေးမှုး အဖြစ် ဘယ်သူ့ကိုခန့်ရမလဲဆိုတာ ၀ိုင်းတိုင်ပင်ကြတယ်။
တစ်ယောက်ကပြောတယ်
"ငါတို့ အဖွဲ့ အတွက် အတွင်းရေးမှူးလုပ်ရမယ့်သူကို သတင်းစာထဲကနေကြော်ငြာလိုက်ရအောင်ကွာ၊ အဲသည့်ထဲကမှ အသင့်တော်ဆုံးလူကိုရွေးခန့်မယ်"
အဲလိုပြောတော့ ကျန်တဲ့လူတွေက ၀ိုင်းထောက်ခံကြပြီးပြောတဲ့အတိုင်းလုပ်လိုက်ကြတယ်။
နောက်နေ့ ကျတော့ သူတို့ဆီကို ပထမဦးဆုံးရောက်လာတဲ့စာက

"လူကြီးမင်းများခင်ဗျာ ကျွန်တော်ဟာ အင်မတန်မှ ညစ်ပတ်တဲ့လူဖြစ်ပြီး ရပ်ကွက်ထဲမှာလဲ အော်ကြော့လန်ပါပဲ
ဘယ်လိုတွေ ညစ်ပတ်လဲအကုန် ပြောလိုက်ရရင် စာတော်တော်ရှည်သွားမယ်
ပြောရမယ်ဆိုလို့ရှိရင် အခုရေးလိုက်တဲ့စာဟာ ကျွန်တော် အီအီးကုန်းတဲ့ စက္ကူနဲ့ရေးထားတာပါ
ကျွန်တော့်ကို အတွင်းရေးမှုးခန့် ပါ" တဲ့

အဖွဲ့ ချုပ်ကနေစာပြန်ပါတယ် ပြန်တဲ့စာက

"မိတ်ဆွေ မှာ ညစ်ပတ်တဲ့ အရည်အချင်းတွေ ထိုက်သင့်သလောက်တော့ရှိပါတယ်
ဒါပေမယ့် အဖွဲ့ဝင်ဖြစ်ဖို့တော့ အရည်အချင်းမပြည့် မှီပါဘူး
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေ တစ်ယောက်မှ
အီးအီး မကုန်းကြလို့ပါပဲ"


#ငါဘယ်သူလဲ သိလား?

င့ါကြောင့် ယောက်ျားရော မိန်းမပါ ပျော်ရွင်စေနိုင်တယ်။
ပုံမှန်အားဖြင့် ငါက ၈ လက်မလောက် ရှည်တယ်။
တဘက်အစွန်းမှာ အမွေးလေးတွေ ရှိတယ်၊ တဘက်အစွန်းမှာတော့ အပေါက်လေး တစ်ပေါက်ပါတယ်။
တနေကုန် င့ါမှာ ဘာအလုပ်မှ မရှိတာများတယ်၊ နားနားနေနေ ပေါ့၊ ဒါပေမယ့် လိုအပ်ရင် သုံးလို့ရအောင် အမြဲအဆင်သင့်ဖြစ်နေတယ်။
င့ါကို အသုံးပြုနေတဲ့အခါ ပူနွေးနွေး စိုစိစိအပေါက်ထဲမှာ ငါဟာ ရှေ့တိုးနောက်ဆုတ် လုပ်ပေးရတယ်။
နောက်ဆုံး လုပ်ပြီးတာနဲ့ အဖြူရောင် စေးကပ်ကပ် အရေတွေကို ငါ ချန်ထားခဲ့တယ်။
ပြီးတာနဲ့ င့ါ မူလနေရာကို ပြန်လာရတယ်..အဲ…မလာခင် သန့်ရှင်းရေးတော့ လုပ်ရသေးတာပေါ့။
ငါ ဘယ်သူလဲ သိလား???
ငါက မင်းရဲ့ ကိုယ်ပိုင်ပစ္စည်းလေးလေ…


‘သွားတိုက်တန်’ ပါကွာ။

မင်းက ဘာထင်လို့လဲ…တော်တော်ညစ်ပတ်တဲ့ကောင်…. ….(ကိုယ်တိုင်ရေး မဟုတ်ပါ တနေရာက ကူးလာတာပါ) ဘ၀အမောတွေ ပြေပျောက်ပါစေ ပျော်ရွှင်ပါစေ..
 
 
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...