Tuesday, March 25, 2014

"Democracy"


- စိတ်အ၀င်စားဆုံးယဉ်ကျေးမှုက ဂရိ အင်ပါယာမို့ ဂရိတွေအကြောင်း ရှာဖွေကြည့်မိတယ်..။ အေသင်ရဲ့ တိုက်ရိုက်ဒီမိုကရေစီနဲ့ စပါတန်တို့ ရဲ့ လူနေမှုဘ၀ အကြောင်းက တော်တော်စိတ်ဝင်စားစရာကောင်းတယ်...။

- အေသင်ရဲ့ ဒီမိုကရေစီမှာ နိုင်ငံသားတိုင်း (full citizen) ဟာ တိုင်းပြည်ရေးရာတွေမှာ ပါဝင် ဆောင်ရွက်ခွင့်အပြည့်ရှိပြီး။ တစ်ဦးတစ်ယောက်တည်းက အာဏာ မောင်ပိုင်စီးသွားမှာ အာဏာရှင်စံနစ်ကို ဦးတည်သွားမှာကို ကာကွယ်ကြသတဲ့..။

ဒါကြောင့် နိုင်ငံရေးသမားတစ်ယောက်ဟာ သိပ်ပြီးလူကြိုက်များ ထင်ရှားလွန်းလာပြီ ဆိုရင် အစိုးရအဖွဲ့ က သူ ပိုင်ပစ္စည်းတွေကို နိုင်ငံတော်ပိုင်အဖြစ်သိမ်းဆည်း၊ သူ့ ကို လည်း ၅ နှစ် ပြည်နှင်ဒဏ်ပေးလေ့ရှိသတဲ့..။ ကဲ ...ဘယ်လောက် ဒီမိုကရေစီကို ချစ်မြတ်နိုးလိုက်သလဲဆိုတာ...။

- ဆက်ပြီးစဉ်းစားမိတာက မြန်မာပြည်မှာလည်း ဒီလိုကျင့်သုံးရင်တော့ လောလောဆယ် ဒီ စံနှုန်းနဲ့ ကိုက်နေတာ ဒေါ်စုနဲ့ ဦးသိန်းစိန်ပဲ...။ ဒီမိုကရေစီ ကို ကာကွယ်ဖို့ သူတို့ ကိုလည်း အေသင်ဒီမိုကရေစီလို အရေးယူဖို့ သင့်တယ်မထင်မိဘူးလား...

- အဲ..အခြားတစ်ဖက်မှာလည်း ပြည်သူတွေနဲ့ ပတ်သက်ရင် စပါတန်တွေရဲ့ ဘ၀ ဟာ အံ့သြစရာ..။ အင်္ဂလိပ်စကားမှာရှိတဲ့ Spartan life ဆိုတာ တင်းကျပ်ကြမ်းတမ်းလွန်းတဲ့ နေထိုင်မှုဘ၀ပုံစံဆိုတဲ့ အဓိပ္ပါယ်ပေါ့...။ အမှန်တကယ်မှာလည်း စပါတန် ပြည်သူတွေရဲ့ ဘ၀က စိတ်ပိုင်းရုပ်ပိုင်း ကြံ့ခိုင်သန်စွမ်းအောင် လေ့ကျင့်နေထိုင်ရတဲ့ ဘ၀ပဲ...။ ကလေးငယ်တစ်ယောက်မွေးဖွားလာတာနဲ့  မွေးသမိခင် ရင်ခွင်ကနေ အစိုးရကယူသွားတော့တာပဲ..။ အစိုးရလူကြီးက..ဒီကလေးဟာ ရောဂါကင်းစင်သန်စွမ်းရဲ့ လားစစ်ဆေးကြည့်မယ်..။ အခြေအနေမကောင်းဘူးထင်ရင် အမှိုက်ပုံမှာ ဒီကလေးကို သွားစွန့် ပစ်လိုက်တာပဲ..။

- သားယောကျာ်းလေးတွေဟာ လူ့ လောကထဲရောက်လာတာနဲ့  တိုက်ရဲ၊ သေရဲဖို့  (to kill & to be killed) စစ်သားစစ်စစ်ကြီးတွေဖြစ်ဖို့ လေ့ကျင့်ပေးတာခံရတော့တာပဲ..။ စပါတန် မိခင်တွေဟာလည်း စိတ်ပိုင်းရုပ်ပိုင်းကြံ့ခိုင်သန်စွမ်းကြတယ်တဲ့..။ဒါကြောင့်ပဲ ကမ္ဘာကျော် သာမိုပီလေး တိုက်ပွဲမှာ အဆပေါင်းများစွာ သာလွန်အင်အားများတဲ့ ပါရှန်းတပ်ကို စပါတန် သူရဲကောင်း ၃၀၀ နဲ့ ခံတိုင်နိုင်ခဲ့တာ..။ ဒီတိုက်ပွဲဟာ ဒီမိုကရေစီကို ကာကွယ်တဲ့ တိုက်ပွဲလို့ တောင် ပညရှင်တွေက ကင်ပွန်းတပ်ကြတယ်....။ သွေးနုနုသားနုနု ဒီမိုကရေစီကို အာဏာရှင်စံနစ် ပါရှန်းတွေဆီက ကာကွယ်လိုက်နိုင်တာကိုး..။

- တဆက်တည်း စဉ်းစားမိတာက...ဒီိလို စပါတန်တွေရဲ့ ဘ၀ လို ရွှေမြန်မာတွေလည်း " မွေးလာကတည်းက နိုင်ငံတော်အတွက်" နေထိုင်တာမျိုး ဘယ်လောက် အတိုင်းအတာထိ နေထိုင်ကြသလဲဆိုတာပဲ....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...