အခန်းတခန်းငှားရန် ရှိသည်
ကျနော်က အိမ်ခန်းရှာနေတဲ့သူ ဆိုပါတော့... ....
ME : Hi
nyi : Hi
ME : မင်း အိမ်ခန်းကြော်ညာကလည်း မပြည့်မစုံနဲ့
nyi : ဟုတ်... သိချင်တာရှိရင်မေးလေ
ME : အိမ်က ဘူတာနဲ့တော်တော်ဝေးလား၊ ဘတ်စ်ကား ဘယ်နှမှတ်တိုင်စီးရလဲ ?
nyi : ၄ မှတ်တိုင်အကို
ME : ဘတ်စ်ကားမှတ်တိုင်ကရော အိမ်နဲ့နီးလား?
nyi : မှတ်တိုင်ကို ကျနော်ဆိုရင် ၅ မိနစ်လောက် ၊ အကို့လို အိုကြီးအိုမ ဆိုရင်တော့ ၁၅ မိနစ်လောက်လျှောက်ရမယ်
ME : အာ...မအေပေးလေး၊ ငါ့ကိုများ အိုကြီးအိုမတဲ့၊ ဒီမှာဟေ့ရောင် အသက်ကြီးပေးမယ့် မပျက်စီးသေးဘူး၊ ခေါင်းဖြူပေမယ့် ကျောင်းသူတစ်ယောက်တော့ ရနိုင်သေးတယ်ကွ....
nyi : ဟုတ်ကဲ့ ရနိုင်လောက်ပါတယ် ကိုလိုနီခေတ်က ကျောင်းသူဆိုရင်ပေါ့...ဟိ
ME : အခန်းခက ဘယ်လောက်လဲ ?
nyi : 700
ME : ၂ ယောက်နေရမှာလား၊ ၃ ယောက်နေရမှာလား?
nyi: အကို့သဘော၊ ၇၀၀ ရရင် တော်ပြီ
ME : ၃ ယောက်နေရလောက်အောင် အခန်းက ကျယ်လို့လား?
nyi: ၃ ယောက် အေးဆေး ဘောလုံးကန်လို့ရတယ်...lapto
ME : Air Con ပါလား?
nyi : Air Con ပါတယ်၊ သုံးလို့တော့မရဘူး
ME : အမ်! ဒါဆို ပူရင် ဘယ်လိုလုပ်မလဲ?
nyi : အိမ်ငှားတွေ အတွက် အဆင်ပြေအောင် စီစဉ်ထားပါတယ်ဗျ၊ မပူပါနဲ့
ME : ဘာလဲ ပန်ကာ ပေးမှာလား?
nyi : ယပ်တောင်ပေးမှာ…
ME : ကောင်းပဗျာ… ရေပူတော့ပါမှာပေါ့
nyi : ရေအေးပဲရှိတယ်အကို၊ ရေပူလိုချင်ရင် ရေနွေးအိုးတည်ပီး ချိုးပေါ့၊ လွယ်ပါတယ် ရေလေးထည့် ခလုပ်လေး နှိပ်လိုက်ရုံပဲ
ME : မင်းတို့ဟာကလည်းကွာ…
nyi : ဟီးဟီး
ME : အိပ်ခန်းမှာ ကုတင်တော့ ရှိမှာပေါ့
nyi : ဂျပန် စတိုင်မျိုး အိပ်ရမယ်အကို
ME : ဘာလဲ ဂျပန်စတိုင်က??
nyi : အော်…ဒီလိုပါ၊ ကြမ်းပြင်ပေါ် မွေ့ယာလေးခင်းပြီး အိပ်ရတာကိုပြောတာပါ
ME : ထွမ်…ငါတို့ရွာက ရွာဦးဘုန်းကြီကျောင်း သွားနေတာကမှ မင်းတို့အိမ်ထက် ပြည့်စုံအုံးမယ်
nyi : သြော် ရွာဦးကျောင်းဆိုတာက မပြည့်စုံတဲ့လူတွေ တည်းတာလေ အကိုက ဘောပဲဟာ…အဲလေ ဘော့စ်ပဲဟာ
ME : Fair Price တို့ , Wet Market တို့နဲ့ နီးလား?
nyi : နည်းနည်းဝေးမယ်…
ME : ကောင်းပါ့ဗျာ… ဒါဆို နီးတာဘာများရှိလဲ ပြောပါအုံး
nyi : ဆေးရုံ၊ ရဲစခန်း၊ တရားရုံး နီးတယ်
ME : အမ်မလေး ဖွဟဲ့၊ အဲဒါတွေက မင်းအမြဲသွားနေရတာလား ?
nyi : မသွားပါဘူး၊ အကိုက ဘာတွေနီးလည်းလို့မေးလို့ နီးတာတွေကို ပြောပြတာပါ.. ဟီးဟီး
ME : Light cooking ဆိုတာ ဘာကိုပြောတာလဲ?
nyi : ပေါ့ပေါ့ပါးပါးလေးတွေ ချက်စားလို့ ရတယ်လို့ပြောတာ၊ ဥပမာ…မုန့်လေပွေတို့၊ ငါးမုန့်ကြော်တို့
ME : Toilet တော့ပါတယ်မို့လား၊ တော်ကြာ ဈေးအိမ်သာကို ပြေးနေရမှာစိုးလို့ မေးတာ
nyi : ပါတယ်၊ အိမ်သာနဲ့မီးဖိုနဲ့က ဝမ်းဆက်လေ၊ အီးအီးပါရင်း ထမင်းချက်လို့ရအောင်လို့ အိမ်သာတခါးပြုတ်ကျနေတာကို ပြန်မပြင်ဘဲ ထားလိုက်တယ်၊ ကောင်းဘူးလား???
ME : ကောင်းတယ် ကောင်းတယ်၊ အဲလေ မကောင်းပါဘူး၊ အီးအီးပါနေတုံး လူဝင်လာရင် ဘယ့်နှယ့်လုပ်မလဲဟ..
nyi : သီချင်းနာနာဆိုပေးရတယ်အကို၊
ME : ငါက ရုပ်သာချောတာ၊ သီချင်းမဆိုတတ်ဘူးကွ
nyi : မပူနဲ့၊ အိမ်မှာနေမယ်ဆိုရင် သီချင်းဆိုတတ်အောင် Training provide လုပ်တယ်၊ ကျနော့်အိမ်ကပြောင်းသွားရင်
ME : အင်း…အိမ်ကဒီလောက်ကောင်းနေမ
nyi : သြော် .. လီကွမ်းယု ကလည်း အဆိုတော်ဖြစ်ချင်လို့လား?
ME : ဟုတ်တယ်
nyi : ပီးတော့ အိမ်မှာ ဆိုဖာဆိုဒ်စုံရှိတယ်အကို၊ ထိုင်ချင်တဲ့ ဆိုဖာထိုင်လို့ရတယ်၊ ကောက်ထားတာလေ၊ block အောက်က၊ chinese new year တုန်းက
ME : ဂျပိုးတွေ ပါလာပါစေဗျာ .. ဒီလောက် နှမြောတာ
nyi : ကျနော့်အိမ်မှာထူးခြားတာက ဘုရားစင်နဲ့ တီဗွီကို တစ်ပြေးတည်း ထားထားတယ်အကို၊ တီဗွီကြည့်ရင်း နဲ့ ဘုရားဖူးလို့ရတာပေါ့..
ME : သာဓု သာဓု
nyi : နောက်တစ်ခုက အိမ်ရှေ့ဧည့်ခန်း ပြူတင်းတံခါးတွေက မှန်တွေမရှိတော့လို့ လေကောင်းလေသန့်ရပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ် အကို....
အိမ်ငှားတွေအပေါ်ထားတဲ့ ကျနော်တို့စေတနာပေါ့ အကိုရယ်
ME : တစ်အိမ်လုံးဖွင့်ထားရင် ပိုမကောင်းဘူးလား ?
nyi : သြော် အဲလိုလည်းမဖြစ်သေးဘူးလေဗျာ၊
ME : အေး… မင်းတို့အိမ်သူကြီးက မည်းမည်းဆိုတော့ သူ့ အရင်ဆွဲကြမှာပဲ
nyi : အိမ်ကမီးဖိုချောင်ပစ္စည်းတွေ
ME : ပန်းကန်တို့ ခွက်တို့ကတော့ သိတယ်၊ ယောက် က ဘာတုံး
nyi : ယောက်မလေ တိဘူးလား ဦးလေးကတော်တော်ပိန်းတာပဲ ...
ME : ရေခဲသေတ္တာရောရှိရဲ့လား? အရွယ်အစားကရော အိမ်မှာရှိတဲ့လူဦးရေနဲ့ လုံလောက်ရဲ့လား?
nyi : Size ကတော့ အလတ်စားပဲအကို၊ ပုံမှန်အားဖြင့်ဆိုရင်တော့ ကျနော့်ပစ္စည်းတွေ သိပ်မထည့်ပါဘူး
ME : မင့် ပိုက်ဆံမှမရှိဘဲ ဘယ်ထည့်နိုင်မှာလဲ
nyi : မဟုတ်ပါဘူး၊ အိမ်ငှားကိုနေရာပေးတဲ့သဘောပ
ME : သြော်…မင်းက ဒီလိုဆိုတော့လည်း မဆိုးရှာပါဘူး
nyi : ဟုတ်တယ်၊ ဗိုက်ဆာလာမှသာ ရေခဲသေတ္တာဖွင့်ပီး စားစရာရှိတာစားလိုက်တာပဲ၊ သူ့ဟာကိုယ့်ဟာခွဲမနေပါဘူး၊ တစ်အိမ်တည်း အတူတူနေကြပီဆိုမှတော့ မိသားစု စိတ်ဓါတ်လေးထားလိုက်တယ်လေ ..
ME : @#$%^!@#
nyi : ဟီး
ME : အ၀တ်လျှော်စက်အခြေအနေကရော ?
nyi : ဟုတ်၊ အ၀တ်လျှော်စက်ကတော့ Manual အကို၊ ရေထည့် ဆပ်ပြာထည့်၊ လှည့် ၊ ညှစ် ၊ ပီးရင်ရေဖောက်ချ ၊ ရေပြန်ထည့် ပြန်လှည့် ပြန်ညှစ်၊ အဲလိုမျိုးလေးခါလောက်ပေါ့ အကို၊ ၂ နာရီခွဲ ၃ နာရီလောက်ဆိုရင်တော့ အကို့အ၀တ်အစားတွေ ယူပစ်သလိုပျောက်သွားပီ ..
ME : ကောင်းပါတယ် ကောင်းပါတယ်
nyi : ဟုတ်... ကောင်းတယ် အကို၊ တချို့တွေလို အားကစားရုံကို တကူးတကသွားစရာမလိုတော့ဘူးလေ
ME : တော်တော်ကို ကောင်းပါတယ်
nyi : ဒါဆို အကို ဘယ်တော့ အိမ်ကိုလာကြည့်မလဲဟင်?
ME : ဘယ်တော့မှလာ မကြည့်ဘူး ... ခြေဦးတောင် မလှည့်ဘူးဟေ့...မှတ်ထား ဘိုင် ဘိုင့်။
အားလုံး နည်းနည်းလေး ဖြစ်ဖြစ် ရယ်မောနိုင်ကြပါစေ…
သန်၎ကို
0 comments:
Post a Comment